ဆေးကုသဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ နိုင်ငံကနေ ထွက်ခွာသွားပြီး ဒူဘိုင်းကိုရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ဒီသတင်းပတ်အတွင်းရင်ဆိုင်ရမယ့် တရားရုံးချိန်းအမှီ ထိုင်းကိုပြန်ခဲ့မယ်လို့ စက်တင်ဘာ ၅ ရက်နေ့ မနက်အစောပိုင်းမှာ သူ့ရဲ့ X လူမှုကွန်ရက်ကတဆင့် အသိပေးလာပါတယ်။
လာမယ့် စက်တင်ဘာ ၈ ရက်နေ့ထက်နောက်မကျဘဲ ထိုင်းနိုင်ငံကို ပြန်လာဖို့ စီစဉ်ထားပြီးစက်တင်ဘာ ၉ ရက်နေ့ တရားရုံးချိန်းကို လူကိုယ်တိုင်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
သက်ဆင်ဟာ ဆေးကုသမှုခံယူဖို့လို့ဆိုပြီး ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ စင်္ကာပူနိုင်ငံကို သွားဖို့ စက်တင်ဘာ ၄ ရက်နေ့ ညနေပိုင်းကဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ကို ရောက်ရှိလာခဲ့ပါတယ်။
သက်ဆင်ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ဟာ ကနဦးပိုင်းမှာ စီစဉ်ထားတဲ့အတိုင်း စင်ကာပူနိုင်ငံ Seletar လေဆိပ်ကို မောင်းနှင်သွားခဲ့ပေမယ့်လေဆိပ်ကိုရောက်တဲ့အချိန်မှာတော့ ဆင်းသက်ခြင်းမရှိဘဲ ခတ္တဝဲပျံကာ ဒူဘိုင်းဘက် ဆက်လက်ထွက်ခွာသွားတာကို လေကြောင်းပျံသန်းမှုတွေကို စောင့်ကြည့်နိုင်တဲ့ Flightrader24 ရဲ့လမ်းကြောင်းတွေက ဖော်ပြခဲ့ပါတယ်။
သူရင်ဆိုင်နေရတဲ့ ၁၄ လွှာအမှုအတွက် လာမယ့် စက်တင်ဘာ ၉ ရက်နေ့မှာကြားနာမှုခံယူဖို့ရှိနေချိန် ဒီလို နိုင်ငံက ထွက်ခွာဖို့ ပြင်ဆင်တဲ့အပေါ် သံသယဖြစ်ဖွယ်ရှိကြောင်းလည်း ထိုင်းသတင်းတွေက ကနဦး သတင်းဖော်ပြခဲ့ကြပါတယ်။
#ဧရာဝတီ #ဝန်ကြီးချုပ်ဟောင်း #သက်ဆင်ရှင်နာဝပ် #ဒွန်မောင်းလေဆိပ် #စင်္ကာပူ #ဒူဘိုင်း #၁၄လွှာအမှု
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













