အာဏာသိမ်းစစ်အုပ်စုက အဓမ္မ ဖမ်းဆီးထားတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးနဲ့ဆိုင်တဲ့ ကျန်းမာရေးဝေဒနာကို ခံစားနေရတယ်လို့ သားဖြစ်သူ ကင်အဲရစ်က စက်တင်ဘာလ ၄ ရက်နေ့မှ လူမှုကွန်ရက်ကတဆင့် ပြောဆိုလာပါတယ်။
၂၀၂၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၈၀ ပြည့်ပြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးနဲ့ဆိုင်တဲ့ ကျန်းမာရေးဆိုးရွာနေတာကြောင့် နှလုံးအထူးကုဆရာဝန်နဲ့တွေ့ဆုံပေးဖို့ စစ်ကော်မရှင်ဘက်ကို တောင်းဆို ထားတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ ထုတ်ပြန်ခြင်း မရှိ၊ ဘယ်မှာ ချုပ်နှောင်ထားတယ်ဆိုတာတောင် သိခွင့်မပေးတာတွေက သူမရဲ့ ရှင်သန်ခွင့်ကို ပိတ်ပင်ဖို့ ကြိုးစားနေသလားလို့တောင် မေးခွန်းထုတ်နေကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













