စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာက အသက် ၁၁ နှစ် အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်ကို သေဒဏ်ပေးဖို့ ဒေသခံတွေက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံတောင်းဆိုနေပါတယ်။
ရွာသာကြီးကျေးရွာက လင်းမြွေကြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (Local PDF) အဖွဲ့ဝင် တဦးဖြစ်သူ ကိုမျိုးကိုဟာ အသက် ၁၁ နှစ်အရွယ် ဒေသခံ မိန်းကလေးကို စက်တင်ဘာလ ၅ ရက်နေ့က မုဒိမ်းကျင့်ခဲ့တာလို့ ရွာခံအမျိုးသားတဦးက ဧရာဝတီကို ပြောပါတယ်။
လက်ရှိမှာတော့ ကျူးလွန်သူကို ဝက်လက် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဖမ်းဆီးခေါ်ဆောင်ထားပြီး NUG ရဲ့ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ NUG ရဲ့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #ဝက်လက် #PDF #သက်ငယ်မုဒိန်း #လင်းမြွေကြီးဒေသကာကွယ်ရေးတပ်ဖွဲ့ #ပလဖ #NUG #WhathappensInMyanmar













