ရခိုင့်ဦးဆောင်ပါတီ (AFP) ရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ပြစ်ဒဏ်တွေကနေ လွတ်ငြိမ်းခွင့်ပြုတယ်လို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဒေါက်တာအေးမောင်ဟာ ရခိုင်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးခြင်း ၂၃၃ နှစ်မြောက် ဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲရဲ့ ဟောပြောချက်တွေနဲ့ ပတ်သက်လို့ ၂၀၁၉ ခုနှစ်မှာ နိုင်ငံတော် ပုန်ကန်မှု ဥပဒေ ပုဒ်မ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ဥပဒေ ပုဒ်မတွေနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ် ခံခဲ့ရတာပါ။
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ပေမယ့် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈၈ အရ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်မရှိတာကြောင့် ပြစ်ဒဏ်အားလုံးကနေ လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံ ပေးလိုက်တာဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













