ထိုင်းနိုင်ငံမှာ မီးဖွားခွင့်ကို ရက် ၉၀ သတ်မှတ်ထားရာကနေ ရက်ပေါင်း ၁၂၀ အထိ တိုးမြှင့်ပေးဖို့ အထက်လွှတ်တော်က စက်တင်ဘာ ၁၅ ရက်နေ့မှာ အတည်ပြုလိုက်တယ်လို့ ထိုင်း The Nation သတင်းက ဖော်ပြပါတယ်။
အလုပ်သမား ကာကွယ်ရေး အက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အတည်ပြုလိုက်တာဖြစ်ပြီး မီးဖွားခွင့်ကို ရက်ပေါင်း ၁၂၀ အထိ တိုးမြှင့်သတ်မှတ်လိုက်ပေမယ့် ရက်ပေါင်း ၆၀ အတွက်သာ လစာအပြည့် ခံစားခွင့်ရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
မွေးဖွားလာတဲ့ ကလေးက မသန်စွမ်းဖြစ်စေ၊ ကျန်းမာရေး ချို့ယွင်းတာဖြစ်စေ တခုခုဖြစ်ခဲ့ရင် မီးဖွားခွင့်ကို နောက်ထပ် ၁၅ ရက် ခွင့် ထပ်မံ ရယူနိုင်ပြီး ဒီအတွက် လစာရဲ့ ၅၀ ရာခိုင်နှုန်း အကျိုးခံစားခွင့် ရှိတယ်လို့လည်း ဖော်ပြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













