ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားခြင်းမှ အကာအကွယ်ပေးရေး ဥပဒေနဲ့ စက်တင်ဘာ ၁၄ ရက် နေ့ကနေ ၁၆ ရက်နေ့အထိ ၃ ရက် အတွင်းမှာပဲ ပြည်သူ ၉ ဦးကို ဖမ်းဆီးအရေးယူထား တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။
ဖမ်းဆီးခံထားရသူတွေဟာ ကရင်နီပြည်၊ လွိုင်ကော်က ဒေသခံ ၅ ဦး၊ ရန်ကုန်တိုင်း၊ ရွှေပြည်သာက ဒေသခံ ၄ ဦး ပါဝင်ပြီး ဒီထဲမှာ အသက်မပြည့်သေးတဲ့ ၁၄ နှစ်၊ ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ်တွေလည်း ပါဝင်နေပါတယ်။
သူတို့တွေဟာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ သဘောထားအမြင်တွေကို ရေးသားတာ မြေပြင်မှာ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ စာသားပါ စတေကာတွေ လိုက်လံ ကပ်မှုကြောင့် ဖမ်းဆီးအရေးယူခဲ့တာလို့ စစ်ကော်မရှင်ရဲ့ သတင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #ဥပဒေ #ဆန့်ကျင် #ထောင်ဒါဏ် #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













