ဒီလအစောပိုင်းမှာ KNA နဲ့ DKBA ထဲက ပုဂ္ဂိုလ်တွေဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ကရင်ပြည်နယ်မှာ စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လုံခြုံရေးကူညီပေးဖို့ အသင့်ရှိကြောင်း အချက်ပြခဲ့ကြပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ မြဝတီအနီးက အာရှအဝေးပြေးလမ်းမကြီး အမှတ် ၁ နဲ့ သံဃန်းညီနောင်ပတ်ဝန်းကျင်က နေရာတွေကို KNA ရဲ့ အထောက်အပံ့နဲ့ မြန်မာစစ်တပ်က တပ်မတွေက ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
ဒီနေရာတွေဟာ KNU နဲ့ PDF တပ်ဖွဲ့တွေက လပေါင်းများစွာ သိမ်းပိုက်ထားခဲ့တဲ့ နေရာတွေ ဖြစ်ပါတယ်။ ပထမအဆင့် ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အချိန်ဇယားမှာ ဖာပွန်၊ မြဝတီနဲ့ သံတောင်ကြီးတို့ ပါဝင်ပြီး ဒါဟာ မဲမပေးခင်မှာ ကုန်သွယ်မှုနဲ့ သွားလာရေးအတွက် အရေးပါတဲ့ စင်္ကြံလမ်းတွေကို တည်ငြိမ်အောင် လုပ်ဆောင်ဖို့ ဦးစားပေးနေတာကို ဖော်ပြနေပါတယ်။
ဒေသခံပြည်သူ့စစ်တွေအတွက်တော့ ရွေးကောက်ပွဲကာလတွင်း စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုက အနာဂတ်မှာ သူတို့ရဲ့ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နိုင်မယ့် နေရာ (နယ်ပယ်) အတွက် ယုံကြည်စိတ်ချရတဲ့ မျှော်လင့်ချက်တွေကို အချက်ပြနေပါတယ်။ ဆိုလိုတာက သူတို့ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ တရားမဝင်လုပ်ငန်းတွေကို ဆက်လက် ခွင့်ပြုသွားမယ်ဆိုတာပါပဲ။
ဒီရွေးကောက်ပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ စစ်တပ်အာဏာကို ခိုင်မာအောင်လုပ်ဖို့ဖြစ်ပြီး ဖြစ်နိုင်တဲ့နေရာမှာ ဗဟိုချုပ်ကိုင်မှုကို တင်းကျပ်ဖို့နဲ့ လိုအပ်တဲ့နေရာမှာ ဒေသခံပြည်သူ့စစ်တွေနဲ့ အပေးအယူတွေကို တရားဝင်ဖြစ်စေဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်လာခဲ့ရင် ဒေသခံ စစ်ဘုရင်တွေ၊ အထူးသဖြင့် ကရင်ပြည်နယ်မှာ အမြစ်တွယ်နေသူတွေဟာ ပိုမိုကြီးမားတဲ့ သြဇာလွှမ်းမိုးမှုကို ရရှိလာဖို့ နေရာယူထားပြီးသား ဖြစ်ပါတယ်။
လက်တွေ့ကျကျပြောရရင် ဒါဟာ လိမ်လည်မှုစင်တာတွေအတွက် ပိုမိုလွတ်လပ်တဲ့ ပတ်ဝန်းကျင်တခု၊ လုံခြုံရေးအာမံချက် ပိုမိုရှိလာစေမှာ ဖြစ်ပြီး တရားမဝင် ဝင်ငွေတွေ မြန်မာ့စီးပွားရေးထဲမှာ ပိုမိုနက်ရှိုင်းစွာ ရောယှက်လာမှု၊ ကျားဖြန့်သားကောင်တွေကို ကယ်ဆယ်ရေးနဲ့ နယ်စပ်ဖြတ်ကျော် ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပိုမိုကြီးမားတဲ့ အတားအဆီးတွေ ရှိလာမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။
#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #Election #DKBA #BGF #KNA #KNU #ကျားဖြန့် #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













