ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်တပ်က အောက်တိုဘာလ ၁ ရက်နေ့မှာ ပြန်ရသွားပြီလို့ TNLA ဘက်က အတည်ပြုပါတယ်။
တရုတ်ရဲ့ ဖိအားပေးဖြတ်တောက်မှုတွေကြောင့် TNLA ဘက်မှာ လက်နက်ခဲယမ်း၊ တပ်သားအင်အား အကန့်အသတ် ရှိလာနေချိန် စစ်တပ်က လက်နက်ခဲယမ်းအပြင် ပြည်သူ့စစ်မှုထမ်းတွေကို အလွန်အကျွံသုံးနိုင်တာကြောင့် အခုလို လက်လွှတ်ရတာလို့ TNLA ဘက်က ပြောပါတယ်။
ကျောက်မဲမြို့မ ရဲစခန်းအပါအဝင် ရပ်ကွက် ၉ ခုလုံးကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ပေမယ့် ကျောက်မဲ-နမ့်ဆန်အထွက် ခြေမြန်တပ်ရင်း ခမရ-၅၀၆၊ ၅၀၇ နဲ့ အမှတ် ၁ စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ် စကခ-၁ ကိုတော့ TNLA က ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ကျောက်မဲ #စစ်တပ် #TNLA
#WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













