စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ စစ်ကော်မရှင်အဖွဲ့ရဲ့အတွင်းရေးမှူးဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ သား ထက်ရဲနောင် နဲ့ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဒေါက်တာကံဇော်ရဲ့သား စောကံဇော်တို့ဟာ ပြည်သူ့စစ်မှုထမ်း၊ အမှတ်စဉ် (၁၃) ကို တက်ရောက်ခဲ့တယ်ဆိုတဲ့သတင်းဟာ စစ်ကော်မရှင်ဝါဒဖြန့်မီဒီယာတွေ ၊လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံခဲ့ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်းမှာလူစိတ်ဝင်စား စရာသတင်းတပုဒ်ဖြစ်ခဲ့ပါသေးတယ်၊။
အဲဒီတုန်းက စစ်ဗိုလ်ချုပ်တွေ၊ စစ်ကော်မရှင် ဝန်ကြီးတွေရဲ့ သားသမီးတွေဟာ ဟန်ပြစစ်မှုထမ်း၊ အခွင့်ထူးခံတွေသာဖြစ်လိမ့်မယ်ဆိုပြီး လူမှုကွန်ရက်ပေါ်မှာ ဝေဖန်းမှုတွေမြင့်တက်ခဲ့ကြပါသေးတယ်။
ဝေဖန်မှုတွေ မစဲသေးခင် ဩဂုတ်လနဲ့ စက်တင်ဘာလတွေထဲမှာ ထက်ရဲနောင်နဲ့စောကံဇော်တို့ ၂ ဦးကို ရန်ကုန်မြို့က နိုက်ကလပ်နဲ့ ဘားတချို့မှာ တွေ့ခဲ့ရတယ်လို့သူတို့နဲ့ နီးစပ်တဲ့ လူငယ်တချို့က ပြန်ပြောပြပါတယ်။
အခြေခံစစ်သင်တန်းဆင်း လူငယ်အအများစုဟာ သင်တန်းတွေ ပြီးတဲ့နောက် ရှေ့တန်းစစ်မျက်နှာပြင်ကို အဓမ္မအပို့ခံနေရချိန်မှာ ထက်ရဲနောင်နဲ့ စောကံဇော်တို့ဟာ နိုက်ကလပ်နဲ့ ဘားတွေမှာ ပျော်ပါးခွင့် ရနေတာဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













