ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ပေါ်ကို အာဏာသိမ်းတပ်တွေ ပြန်ဝင်နေပြီး မြို့ပြင်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်က အတည်ပြုပါတယ်။
TNLA ထိန်းချုပ်ထားတဲ့မြို့တွေထဲက နောင်ချို၊ ကျောက်မဲ တို့ကို ပြန် လက်လွှတ်ခဲ့ရပြီးတဲ့နောက် မန္တလေး-မူဆယ် လမ်းမကြီးပေါ်မှာ စီးပွားရေး၊ စစ်ရေး အရ အရေးပါတဲ့ သီပေါမြို့ကို ထပ်မံလက်လွှတ်လိုက်ရတာဖြစ်ပါတယ်။
စစ်ရေးအကဲခတ်နဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် တချို့ကတော့ TNLA ဟာ သီပေါကို နောင်ချိုနဲ့ ကျောက်မဲ တုန်းကလို ပြင်းထန်တဲ့ ခုခံစစ်တွေမသုံးဘဲ အလွယ်တကူ ဝင်ခွင့်ပြုလိုက်တာ စိတ်ဝင်စားစရာကောင်းတယ်လို့ ထောက်ပြကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy












