ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို အာဏာသိမ်း စစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ရာမှာ တရုတ်နိုင်ငံသား ၂ ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ လိုင်ဇာမြို့ခံတွေက ဧရာဝတီကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အသေခံဒရုန်းဟာ အောက်တိုဘာ ၁၆ ရက်နေ့ည ၁၂ နာရီခန့်မှာ အရပ်သား ပြည်သူတွေ နေထိုင်တဲ့ စျေးထဲကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး လိုင်ဇာမှာ စျေးလာရောင်းတဲ့ တရုတ်နိုင်ငံသား ဇနီးမောင်နှံ ထိခိုက်ခဲ့တာဖြစ်တယ်လို့ KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ တရုတ် ဇနီးမောင်နှံဟာ တရုတ်ပြည်ကနေ လိုင်ဇာမြို့ကို ကုန်စိမ်းလာရောင်းတဲ့ တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။ အာဏာသိမ်း စစ်တပ် ပစ်ခတ်လိုက်တဲ့ ဒရုန်းကြောင့် အမျိုးသားဟာ ခြေထောက်တဖက်ကျိုးသွားပြီး အမျိုးသမီးဖြစ်သူကတော့ ညာဘက်နားမှာ ဗုံးစ ထိမှန်ခဲ့တာလို့ သိရပါတယ်။
#မြန်မာ #ဧရာဝတီ #လိုင်ဇာ #တရုတ်နိုင်ငံသား #အသေခံဒရုန်း #KIO #KIA #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy












