ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲနဲ့ နမ့်ဆန်မြို့တွေကို အာဏသိမ်း စစ်တပ်က အောက်တိုဘာ ၁၈ ရက်နေ့တရက်ထဲမှာပဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး၊ သံဃာ ၂ ပါးထိခိုက်ဒါဏ်ရာရခဲ့ပါတယ်။
ကျောက်မဲမြို့က ၁၁ မိုင်ကျေးရွာကို လေကြောင်းတိုက်ခိုက် ခဲ့တာဖြစ်ပြီး သံဃာတော် ၂ ပါးထိခိုက် ဒဏ်ရာရခဲ့သလို ဘုန်းကြီးကျောင်းတကျောင်းနဲ့ ကျောင်းဆောင် ပျက်စီး သွားခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကထုတ်ပြန်ပါတယ်။
ကျောက်မဲမြို့ ဗုံးကြဲခံရချိန်နဲ့ တဆက်တည်းထဲမှာပဲ နမ့်ဆန်မြို့ ကွမ်ဟယ်ကျေးရွာကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတာကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် ဒေသခံ ၆ ဦးသေဆုံးကာ လေးဦး ဒါဏ်ရာရရှိခဲ့တယ်လို့လည်း TNLA က ဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













