KK Park မြို့သစ်စီမံကိန်းထဲက ကျားဖြန့်လုပ်သား ၄၀၀ ဝန်းကျင်ကို မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်ထဲက အားကစားရုံမှာ ထိန်းသိမ်းထားတယ်လို့ စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ တာဝန်ရှိသူတချို့နဲ့ မြို့ခံတွေက ဧရာဝတီကို ပြောပါတယ်။
ထိုင်းကတော့ သူ့နိုင်ငံဘက် ကူးလာတဲ့ KK Park က နိုင်ငံခြားသားတွေကို စိစစ်ပြီး လိမ်ညာခေါ်ဆောင်ခံရပြီး ခိုင်းစေခံရသူတွေကို သက်ဆိုင်ရာနိုင်ငံနဲ့ ချိတ်ဆက် ပြန်လွှတ်ပေးမှာဖြစ်ပေမယ့် ကိုယ့်သဘောနဲ့ကို လာရောက် လုပ်ဆောင်သူတွေကိုတော့ ဥပဒေအရ အရေးယူမယ်လို့ ပြောပါတယ်။
မြန်မာကတော့ သီးခြားအရေးယူဖို့ရှိမှာမဟုတ်ဘဲ သံတမန်နည်းအရ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး ပြန်ပို့ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #ကျားဖြန့် #မြဝတီ #ထိုင်း #Scammer #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













