တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အတိုင်း ဆက်လက် ရပ်တည်နေတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) တို့ အပေါ် စစ်တပ်က အနိုင်ကျင့်ဆက်ဆံမှုတွေရှိနေတယ်လို့ ဆိုပါတယ်။
NCA စာချုပ်အရ တဖက်ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်မယ်ဆိုရင် ကြိုတင်အကြောင်းကြားဖို့၊ လက်နက်တွေကိုင်ဆောင်ခွင့် စတဲ့ အချက်တွေကို မလိုက်နာဘဲ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက် အပြည့်အစုံနဲ့ စစ်ကြောင်းတွေအလိုက် ဝင်ရောက်တာတွေကိုပါ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အောက်ခြေတပ်ဖွဲ့ဝင်တွေဘက်က မကျေနပ်မှုတွေ ရှိနေပေမယ့် ခေါင်းဆောင်ပိုင်း တွေကတော့ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရေးကိုသာ အလေးထားနေကြတယ်ဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy












