အာဏာသိမ်းစစ်တပ်ရဲ့ လက်ဝေခံအဖြစ် ပြည်ထောင်စုဝန်ကြီးတာဝန်တွေကို ထမ်းဆောင်ခဲ့ဖူးတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က မကြိုက်တော့လို့ ဥပဒေကို လိုရာသုံးပြီး ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်လိုက်တာလို့ ထောက်ပြ ဝေဖန်မှုတွေ ရှိနေပါတယ်။
ဒေါ်သက်သက်ခိုင်ဟာ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းတာကြောင့်ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဘက်က ဖြေကြားထားပြီး ရွေးကောက်ပွဲဥပဒအရ ဝင်ရောက်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းဟာ နိုင်ငံတော်နဲ့ ပုဂ္ဂလိကို ပေးဖို့ အကြွေး မရှိသူ၊ မသင့်တော်တဲ့ ပေးရန် တာဝန်တွေ ကင်းရှင်းသူ ဖြစ်ရမယ်လို့ ဥပဒေက ဖော်ပြပါတယ်။
ဒါပေမယ့်လည်း ဥပဒေပညာရှင်တွေကတော့ ဒီဥပဒေဟာ တိကျရှင်းလင်းတဲ့ ပြဋ္ဌာန်းချက်၊ ရှင်းလင်းချက်တွေ မပါဝင်ဘဲ လက်တလုံခြား ပြဋ္ဌာန်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













