အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ဧရာဝတီတိုင်း စစ်မျက်နှာတွေမှာ ခုခံတန်ပြန်စစ် ဆင်နွှဲနေတယ်လို့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ AA က သတင်းထုတ်ပြန်ပါတယ်။
ရခိုင်တပြည်နယ်လုံးနီးပါး ထိန်းချုပ်ထားတဲ့ AA ဟာ မကွေး၊ ပဲခူးနဲ့ ရခိုင်ပြည်နယ်တွေထဲထိ စစ်ရေးထိုးဖောက် နေတာ ဖြစ်ပြီး လတ်တလော စစ်ဆင်ရေးတွေအတွင်းမှာ အာဏာသိမ်း စစ်တပ်ဘက်က အလံဖြူထောင်၊ လက်နက်ချ၊ ဖမ်းဆီးရမိသူ စုစုပေါင်း ၇၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းတို့ကနေ ဆက်စပ်ထားတဲ့ ဂွ-ငါးသိုင်းချောင်းလမ်း၊ တောင်ကုတ် တောင်ကြားလမ်း၊ အမ်းတောင်ကြားလမ်းတွေဟာ ရခိုင်ပြည်ရဲ့ ဝင်ပေါက် ထွက်ပေါက်တွေဖြစ်လို့ AA အတွက် စစ်ရေးဗျူဟာအရ အရေးကြီးတဲ့ နေရာတွေ ဖြစ်တယ်လို့ စစ်ရေးအခြေအနေသိရှိသူတွေက ဆိုကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













