• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Women & Gender

ဒီငွေနဲ့ ကိုယ့်အသက်ကိုလည်း မလဲနိုင်ဘူး

by ချစ်မင်းထွန်း
18 October 2018
in Women & Gender
A A
နန်းမိုဟွမ် နေအိမ်သို့ ပြန်ရောက်ပြီး သားသမီးများနှင့်အတူ တွေ့ရစဉ် / စိုင်းသိန်းရွှေ

နန်းမိုဟွမ် နေအိမ်သို့ ပြန်ရောက်ပြီး သားသမီးများနှင့်အတူ တွေ့ရစဉ် / စိုင်းသိန်းရွှေ

30.5k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ဟိုနောင်ရပ်ကွက်တွင် နေထိုင်သော နန်းမိုဟွမ်အား ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၇ ရက်တွင် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားသည်။

နန်းမိုဟွမ်မှာ TNLA အကောက်ခွန် ဝန်ထမ်း ၂ ဦး လုပ်ငန်းတာဝန် ထမ်းဆောင်ပြီးအပြန် အစိုးရတပ်ဘက်ကို သတင်းပေးလိုက်ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရပြီး ထိခိုက် ဒဏ်ရာရ သေဆုံးခဲ့ရသည့်အတွက် တာဝန်ဝတ္တရား နှောင့်ယှက်သည်ဆိုကာ ဖမ်းဆီးခြင်း ဖြစ်သည်။

သူမ ဖမ်းဆီးခံရမှုအပေါ် မိသားစုဝင်များ အပါအဝင် နမ့်ခမ်းဒေသခံ လူထုနှင့် အဖွဲ့အစည်းများ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူထားသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)နှင့် ရှမ်းပါတီများ (SNLD နှင့် SNDP) တို့က ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

သို့သော် TNLA ဘက်ကမူ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၅ ရက်တွင် နန်းမိုဟွမ်ကို ပြစ်မှု ထင်ရှားသည်ဆိုကာ ထောင်ဒဏ် (၃) နှစ် ချမှတ်လိုက်ပြီး TNLA ၏ မဟာမိတ်များဖြစ်သည့် FPNCC အဖွဲ့ဝင်များ၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) ၏ တောင်းဆိုချက်အရ အောက်တိုဘာ ၁၅ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

ဖမ်းဆီးစစ်ဆေးခံရစဉ်အတွင်း ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့် ပတ်သက်၍ နေအိမ်သို့ ပြန်လည်ရောက်ရှိပြီဖြစ်သည့် နန်းမိုဟွမ်ကို ဧရာဝတီသတင်းဌာန အကြီးတန်းသတင်းထောက် ချစ်မင်းထွန်းက ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ပထမဆုံး သိချင်တာ TNLA က လာဖမ်းတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်လေးကို ပြောပြပါဦး။

ဖြေ ။ ။ အိမ်မှာ လာဖမ်းတာ၊ ခဏ လူကြီးက စကားပြောချင်တယ်ပေါ့။ အဲဒီလိုပြောပြီးတော့ ကျမကို ကားနဲ့ ခေါ်သွားတယ်။ ဘယ်သွားလို့ သွားမှန်းလည်း ကျမ မမှတ်မိတော့ဘူး။

မေး ။ ။ ဖမ်းဆီးခေါ်သွားတာ ဘယ်လို ပုံစံမျိုး ခေါ်သွားတာလဲ၊ လက်နက်ပြပြီး လာဖမ်းတာလား။

ဖြေ ။ ။ ဟုတ်ကဲ့၊ လက်နက်ပြပြီး ခေါ်သွားပါတယ်။

မေး ။ ။ ဘယ်နေရာကို ခေါ်သွားတာလဲ။

ဖြေ ။ ။ ကျမ မမှတ်မိဘူး ဖြစ်နေတယ်၊ ကျမ တောတောင်ထဲ မသွားဖူးတဲ့အခါကျတော့။ အိမ်မှာ မိုးလင်းကနေ မိုးချုပ်အထိ အိမ်ထဲမှာဘဲ ဆိုတော့လေ။ ကျမ တောအကြောင်း နားမလည်ဘူး။ သူတို့ တောဘက်ခေါ်သွားတာဘဲ။ ဘယ်တွေသွားလည်း ကျမ မမှတ်မိဘူးရှင့်။

မေး ။ ။ သူတို့ ခေါ်သွားပြီးတော့ အစ်မကို ဘယ်လို ပုံစံထားလဲ၊ ဘာတွေ လုပ်သေးလဲ။

ဖြေ ။ ။ နှိပ်စက်တာတို့တော့ မရှိပါဘူးရှင့်။ ကောင်းကောင်းမွန်မွန် ထားပါတယ်။ ကျန်းမာရေးကိုလည်း ဂရုစိုက်ပေါ့။ သူတို့ ဘာမှ မလုပ်ဘူးပေါ့။ ကျန်းမာရေးကိုဘဲ အထူးဂရုစိုက်၊ အဲဒီလိုမျိုး ပြောတယ်။ ကျမလည်း ကျမဘာသာ ဂရုစိုက်ပြီး ကောင်းကောင်းမွန်မွန် နေခဲ့တယ်။ ဘယ်နေရာမှာ ခေါ်သွားလဲဆိုတာတော့ မမှတ်မိဘူး။ တောတော့ တောထဲမှာဘဲ။

မေး ။ ။ ဘယ်လို ဖမ်းထားတာလဲ၊ အချုပ်ခန်းနဲ့ ဖမ်းထားတာလား။

ဖြေ ။ ။ မဟုတ်ဘူး အကျယ်ချုပ်ရှင့်၊ အကျယ်ချုပ်ပုံစံနဲ့ ရှင့်။

မေး ။ ။ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုလုပ်ပေးထားလဲ။

ဖြေ ။ ။ ကျမကလည်း နေကောင်းအောင် နေတာပေါ့နော်။ ကျမ တရက် ပြန်ရမယ်ဆိုပြီးတော့ ကျမ ကျန်းမာအောင် နေတာပေါ့။ တောထဲဆိုတော့ သူတို့ကလည်း အတတ်နိုင်ဆုံး၊ အဆင်ပြေဆုံး ကြည့်ပေးပါတယ်။

မေး ။ ။ TNLA ဘက်က ပြောတာပေ့ါနော်။ အစ်မက သူတို့ အခွန်ကောက် ဝန်ထမ်း ၂ ဦးလာပြီးတော့ အခွန်ကောက်တဲ့အချိန် တပ်မတော်ကို သတင်းပေးလိုက်တယ်ပေါ့။ အဲဒါကြောင့် တပ်မတော်ကပစ်လို့ သူတို့ အခွန်ကောက် ဝန်ထမ်း ၂ ဦး ထိခိုက် ဒဏ်ရာရပြီး သေသွားတာကြောင့် တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ ဖမ်းတာလို့ ပြောတယ်။ အဲဒီလို ဟုတ်ပါသလား၊ အစ်မတကယ်ပဲ သတင်းပေးလိုက်မိသလား။

ဖြေ ။ ။ သူတို့လည်း အဲဒီလို မေးပါတယ်ရှင့်။ ကျမလည်း သတင်းမပေးပါဘူးပေါ့နော်။ ကျမ ဒီငွေနဲ့ ကိုယ့်အသက်ကိုလည်း မလဲနိုင်ဘူးပေါ့။ ကျမ တကယ်လည်း အဲဒီလို မပေးပို့ (သတင်းမပေးခဲ့ဘူး) ခဲ့ပါဘူး။ သူတို့ဘာသာ သူတို့ ဘယ်လိုလဲတော့ မသိတော့ဘူး။ ကျမက သူတို့ တောင်းတဲ့ ၁၁ သိန်းကို ကျမ ပေးပြီးတော့ သူတို့ကလည်း ဖြတ်ပိုင်း (ငွေလက်ခံရရှိကြောင်း) လေးကို ပေးပြီးပြီရှင်။ ကျမ သူတို့ကိုလည်း အဲဒီလိုပဲ ဖြေပါတယ်ရှင့်။ သူတို့လည်း မေးပါတယ်။

မေး ။ ။ ဖမ်းဆီးခံထားရတဲ့ အချိန်မှာ ပြန်မှ ပြန်လွတ်မယ်လို့ ကိုယ့်ကိုယ်ကိုယ်ရော ယုံကြည်မှု ရှိလား။ ဘယ်လိုမျိုး စိတ်ပူပန်မှုတွေ ဖြစ်ခဲ့ပါသလဲ။

ဖြေ ။ ။ ကျမကိုယ် ကျမ ပြန်လွတ်မယ်လို့ ယုံကြည်ထားတယ်။ ဘာလို့ဆို သူတို့ ပိုက်ဆံ လာကောက်တယ်၊ ကျမ ပေးပြီးပြီဆိုတော့ သူတို့ကလည်း ပြန်လေ့လာမှာပေါ့နော်။ သူတို့ လေ့လာလို့ တကယ် မဟုတ်ဆိုရင် ပြန်လွှတ်မှာပါ။ သူတို့ကလည်း အဲဒီလိုပြောတယ်။ အစ်မ တကယ် မဟုတ်ဘူးဆိုရင် ပြန်လွှတ်မှာပါဆိုပြီးတော့ပေါ့။ ခဏပဲ ထိန်းထားတဲ့ သဘောပဲလို့ အဲဒီလိုပြောတဲ့အခါကျတော့ ကျမလည်း ယုံကြည်တာပေါ့နော်။

မေး ။ ။ အခု အစ်မ လွတ်မြောက်လာအောင် လက်နက်ကိုင် အဖွဲ့အစည်းတချို့က ဆောင်ရွက်ပေးတာ၊ လူထုက ဆန္ဒပြတောင်းဆိုတာတွေ ရှိခဲ့တယ်။ ဒီအပေါ် ဘာများ ပြောလိုပါသလဲ။

ဖြေ ။ ။ ကျမကို အဘက်ဘက်က ဝိုင်းဝန်းပြီးတော့မှ၊ ကလေးအမေ တယောက်လည်း ဖြစ်တယ်ဆိုပြီးတော့ သူတို့ တောင်းဆိုတဲ့အတွက် လူကြီးတွေရော၊ ရပ်မိရပ်ဖတွေရော၊ ပြည်သူ/သားတွေရော အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ရှင့်။ ကျမ အခုမှ သိတာပေါ့နော်။

မေး ။ ။ လက်နက်ကိုင်အဖွဲ့တခုက တောကြီးမျက်မည်းထဲမှာ ဖမ်းဆီးထားတဲ့အခါ အစ်မအနေနဲ့ ဘယ်လိုမျိုး စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလဲ၊ ဘယ်လိုမျိုး နေထိုင်ခဲ့ရလဲ။

ဖြေ ။ ။ ကိုယ် တခါမှ မကြုံဖူးဘူး၊ အိမ်မက် မမက်ဖူးဘူး။ အိမ်မက်ထဲတောင် မမက်ဖူးဘူးဆိုတော့ ကြောက်စိတ်တော့ ရှိတာပေါ့နော် တကယ်တမ်း။ သူတို့ကလည်း အစ်မကို ဘာမှ မလုပ်ပါဘူး၊ လွတ်လွတ်လပ်လပ်ဘဲ။ ခဏပဲ ထိန်းချုပ်ထားတာပါ ဆိုတော့ ကိုယ်ကလည်း စိတ်အေးအေးချမ်းချမ်းနဲ့ ဒီလိုဘဲ နေခဲ့ရပါတယ်။

မေး ။ ။ အစ်မလိုမျိုး မဖြစ်အောင် ပဋိပက္ခနယ်မြေအတွင်းမှာ နေထိုင်နေကြရတဲ့ ပြည်သူတွေအနေနဲ့ ဘယ်လို ဆင်ဆင်ခြင်ခြင်နဲ့ နေထိုင်ဖို့ လိုအပ်မယ်လို့ အကြံပြုလိုသလဲ။

ဖြေ ။ ။ ကျမကလည်း တကယ်တမ်းတော့ သူတို့က ကောက်တယ် ကျမတို့က ပေးတယ် ပြီးပြီပေါ့နော်။ ကျမကလည်း အဲဒီလိုမျိုး ဖြစ်လာမယ်လို့လည်း မထင်ပါဘူး။ အဲဒီလိုမျိုးတော့ မဖြစ်စေချင်ဘူးပေါ့နော်။ ဘယ်သူဖြစ်ဖြစ် မကောင်းဘူးပေါ့ ရှင့်။ သူတို့ ကောက်တယ်၊ ကျမက ပေးပြီးပြီဆိုရင် ပြီးသွားပြီပေါ့နော်၊ အဲဒီလို ဖြစ်ပြီးတော့မှ ကျမတို့ဆီက အထွက်လေးမှာ ဖြစ်သွားတယ်ဆိုတော့ သူတို့က ကျမအပေါ် အထင်အမြင်မှားတာမျိုး ဖြစ်သွားပြီးတော့ ဒီလိုတွေ ဖြစ်သွားတာ နေမှာပါ။

မေး ။ ။ အစ်မ ဖမ်းဆီးခံထားရတဲ့ အခြေအနေမှာ အစ်မဆီမှာလည်း သားသမီး ရှိတယ်ပေါ့နော်။ အငယ်ဆုံးဆိုရင် အသက် ၆ နှစ်ပဲ ရှိသေးတော့ ဘယ်လို စိုးရိမ်မှုတွေ ဖြစ်နေမလဲ။

ဖြေ ။ ။ ကျမ သားအငယ်ဆုံးကလည်း ကျမနဲ့ တခါမှ မခွဲဖူးဘူး၊ စိုးရိမ်တာကတော့ ပြောမပြတတ်လောက် အောင်ပါဘဲ။ ကျမ သားငယ်က အခုဆိုရင် (၁) တန်းပဲ ရှိသေးတယ်။ ကျမ သားအကြီးဆိုရင် (၁၀) တန်း။ အရေးကြီးတဲ့ အချိန်ဖြစ်နေတဲ့အခါကျတော့ အရမ်းကို စိုးရိမ်မိပါတယ်။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
116
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
64
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
170

မေး ။ ။ ဘာများ ဖြည့်စွက် ပြောလိုပါသေးလဲ။

ဖြေ ။ ။ ကျမကို ဒီလို အဘက်ဘက်မှ ကူညီပေးသော၊ ကျမကို အိမ်ပြန်ရောက်တဲ့ အထိပေါ့နော်။ တောင်းဆိုပေးခဲ့ကြတဲ့ အဖွဲ့တိုင်းက လူကြီးတွေရော၊ အကုန်လုံး အကုန်လုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ရှင့်။

Your Thoughts …
Tags: TNLAနန်းမိုဟွမ်နမ့်ခမ်း
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.6k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ပြန်လည် ရောက်ရှိလာသော ဘင်္ဂါလီ ရွာသားများအား ငခူရ ပြန်လည် လက်ခံရေး စခန်းတွင် စိစစ်နေစဉ်  / မင်းအောင်ခိုင် / ဧရာဝတီ

ဘင်္ဂါလီ ဒုက္ခသည် ၁၇၀ ကျော် ပြန်လည် နေရာချထားပေး

၂၀၁၇ ခုနှစ် မတ်လက ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ လာရောက် လည်ပတ်စဉ် / Reuters

မြစ်ကြီးနား မူးယစ် ပြန်လည်ထူထောင်ရေးဌာန ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved