• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

NLD ရဲ့ ပထမဆုံး ကြုံခဲ့ရတဲ့ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ

by ဧရာဝတီ
23 October 2015
in ဆောင်းပါး
A A
NLD, အောင်ဆန်းစုကြည်

၁၉၉၀ ရွေးကောက်ပွဲတွင် မဲပေးကြသူများ

2k
VIEWS
Share on FacebookShare on Twitter

အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ ၁၈ ရက်သာလိုတော့ရာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ သာမက ပါတီတော်တော်များများရဲ့ မဲဆွယ်မှု အရှိန်အဟုန် မြင့်မားနေပါတယ်။ မြန်မာပြည်သူများအတွက် ၂၀၁၅ ရွေးကောက်ပွဲဟာ အပြောင်းအလဲလို့ ယူဆနေတာကြောင့် စိတ်လှုပ်ရှား ဖွယ်ဖြစ်နေမယ်လို့ ထင်ပါတယ်။

ရန်ကုန်မြို့၊ မန္တလေးအပါအဝင် မြို့ကြီးတွေနဲ့ နေရာအနှံ့က မဲဆွယ်ဆိုင်းဘုတ်တွေ၊ မိမိလိုလားတဲ့ ပါတီတွေရဲ့ အလံတွေကို တပ်ဆင်ကာ မောင်းနှင်နေတဲ့ကားတွေ၊ အထူးသဖြင့် အလံနီတွေကို တလူလူလွှင့်ကာ သွားလာနေတဲ့ အနှေးယာဉ်တွေကို မြင်ရတဲ့အခါ မြန်မာပြည်ရဲ့ ရွေးကောက်ပွဲတွေအထဲက တခုဖြစ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲကို သတိရမိပါတယ်။

မြန်မာပြည်မှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေထဲမှာ ၁၉၈၈ စစ်တပ် အာဏာသိမ်းပြီး တနှစ်ကျော်အကြာ ၁၉၉၀ ခုနှစ် မေလ  ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေအတွက် အမှတ်တရအဖြစ်ဆုံး ရွေးကောက်ပွဲတခု ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
422
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
186
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
592

အဲဒီတုန်းက တတ်သိပညာရှင်တွေ၊ မျိုးချစ်ရဲဘော်ဟောင်းတွေ၊ နိုင်ငံရေး သမားဟောင်းကြီးတွေ ပေါင်းစပ်ထားပြီး လူထုထောက်ခံမှုကို အမြင်ဆုံး ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ စစ်တပ်ကျော ထောက်နောက်ခံ ပြုထားတဲ့ မြန်မာဆိုရှယ်လစ်လမ်းစဉ် တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ကျောင်းသားပါတီလို့ နာမည်ကြီးတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) တို့ဟာ အင်အားအကြီးဆုံး ပါတီတွေလို့ ဆိုရမှာပေါ့။

လူတိုင်းရဲ့ မျှော်လင့်ချက်ဟာ ၂၆ နှစ်တာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် တပါတီစနစ် လက်အောက်ကနေ ရုန်းထွက်ပြီး ပထမဆုံးပြုလုပ်တဲ့ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲဖြစ်လို့ ထွက်ပေါ်လာမယ့် အစိုးရသစ်တရပ်နဲ့အတူ အနာဂတ် နိုင်ငံရေး စီးပွားရေးတွေ မျှော်လင့်ချက်အသစ်တွေ အပြည့်ပေါ့။

လူထုရွံရှာတဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင့်တဲ့ ဒီရေဟာ မြင့်တက်နေတဲ့ ကာလဖြစ်တာကြောင့် NLD ကို ပြည်သူများက ထောက်ခံ ဝန်းရံကြသလို ဒုတိယ အင်အားအကြီးဆုံး ပါတီလို့ ဆိုရမယ့် DPNS ပါတီဟာ ပါတီမှတ်ပုံတင်ခဲ့ပေမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ခြင်းမရှိဘဲ NLD ပါတီကို ဝန်းရံခဲ့ပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲမတိုင်မီ ကြားကာလမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ နေအိမ်အကျယ်ချုပ် ကျခံနေရသလို၊ သတင်းစာဆရာကြီး ဦးဝင်းတင်လည်း စစ်အစိုးရရဲ့ လက်ချက်နဲ့ ထောင်နန်းစံနေခဲ့ရပါတယ်။
ဒါကြောင့်လည်း ခေါင်းဆောင်းပိုင်း အားနည်နေတဲ့ NLD ပါတီကို ဗိုလ်မှူးကြီးဟောင်း ဦးကြည်မောင်ကပဲ ဦးဆောင်ကာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင် အမှတ်ရစရာ အဖြစ်ဆုံးတခုကတော့ အာဏာသိမ်း စစ်ခေါင်းဆောင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့ တိုင်းသိပြည်သိ ပြောခဲ့တဲ့ စကားတခွန်းပါ။

စစ်တပ်အနေနဲ့ “ပြည်သူက ရွေးချယ်ပေးခဲ့တဲ့ အစိုးရတရပ် ပေါ်ပေါက်လာရင် စစ်တပ်က စစ်တန်းလျားကို ပြန်မယ်၊ တိုင်းပြည်ရဲ့ ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ကြရမယ်၊ တိုင်းပြည်အုပ်ချုပ်ရေး ကိစ္စတွေဟာ ရွေးချယ်ခံခဲ့ရလို့ ပေါ်ပေါက်လာမယ့် အစိုးရတာဝန်သာ ဖြစ်တယ်” ဆိုတဲ့ ကတိစကားဟာ ပြည်သူအတွက်တော့ ယုံကြည်စရာ ဖြစ်ခဲ့ကြပါတယ်။

ဒါကြောင့် လူထုဟာ အသည်းကြားက မဲတပြားကို ခမောက် အမှတ်အသားကိုင်စွဲတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ပုံအော မဲပေးခဲ့ကြပါတယ်။

လူတိုင်းဟာ အဲဒီနေ့က မဲရေတွက်ကာ မြန်မာ့ရုပ်မြင်သံကြားနဲ့ နိုင်ငံပိုင် ရေဒီယိုက ကြေညာမယ့် အနိုင်အရှုံး စာရင်းကို စောင့်မျှော်နားဆင်ကာ NLD ပါတီရဲ့ အောင်နိုင်မှုကို စောင့်ဆိုင်းခဲ့ကြပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ အနိုင်ရခဲ့တဲ့ NLD ပါတီရဲ့ အောင်မြင်မှုဟာ တောင်ပြိုကမ်းပြို အနိုင်ရမှုတခုလို့ ဆိုရမှာပါ။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အနိုင်ရမယ်လို့ လူတိုင်းယုံကြည်ကြပြီး စစ်တပ် အမာခံနယ်မြေတွေလို့ ယူဆတဲ့ မှော်ဘီတပ်နယ်၊ မင်္ဂလာဒုံ တပ်နယ်တွေမှာကအစ NLD ပါတီဟာ အနိုင်ရခဲ့ကြတယ်။

ဒါပေမယ့် အားလုံးသိကြတဲ့ အတိုင်းပါပဲ၊ စစ်အစိုးရအနေနဲ့ မဲရလဒ်ကို ကြေညာခဲ့သော်လည်း အနိုင်အရှုံးကို လက်ခံချင်ပုံ မရပါဘူး။ ထီပေါက်ပြီး လက်မှတ်ပျောက်သလို NLD ပါတီဟာ အစိုးရ ဖွဲ့ခွင့်မရဘဲ တောက်လျှောက် ဖိနိုပ်မှုတွေကိုသာ ကြုံခဲ့ရပါတော့တယ်။

နောင် နှစ် ၂၀ အကြာမှာ ပြုလုပ်တဲ့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲမှာတော့ NLD ပါတီဟာ ရွေးကောက်ပွဲ မဝင်ခဲ့ပါဘူး။

အခုအချိန်မှာတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပါတီ အောင်နိုင်ရေး ဦးဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီးဟောင်း ဦးကြည်မောင်လည်း ကွယ်လွန်ခဲ့ပါပြီ။

ရှေ့လမှာပြုလုပ်မယ် အထွေထွေ ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးတင်ဦးတို့က ဦးစီးနေပါတယ်။

ဒါကြောင့်လည်း ၂၀၁၅ ရွေးကောက်ပွဲဟာ NLD ပါတီအတွက်တော့ ဒုတိယအကြိမ် တပြည်လုံးအတိုင်းအတာနဲ့ ဝင်ရောက် ယှဉ်ပြိုင်ရမယ့် ရွေးကောက်ပွဲလို့ ဆိုရမှာ ဖြစ်ပါတယ်။

Your Thoughts …
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
တရုတ်, ကုန်သွယ်မှု, ရင်းနှီးမြှုပ်နှံမှု

မြန်မာနိုင်ငံ၌ တရုတ်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလီယံ ၂၀ နီးပါးရှိနေ

စိတ်ကြွဆေးပြား, ရဲတပ်ဖွဲ့, မူးယစ်ဆေး

စံချိန်တင် စိတ်ကြွဆေးပြားအမှု သံသယ တရားခံ ၁၃ ဦးကို တရားစွဲရန် ပြင်ဆင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved