• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ခေတ်ပေါ် အစားအစာတွေ ကျန်းမာရေးအတွက် ကောင်းသလား

by Marie Starr
4 September 2018
in ဆောင်းပါး
A A
မြန်မာပြည်တွင် ရနိုင်သော အစားအစာများထဲ ကျန်းမာရေးနှင့် ညီညွတ်သလို ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများလည်း ရှိနေသည် / အောင်ကျော်ထက်  / ဧရာဝတီ

မြန်မာပြည်တွင် ရနိုင်သော အစားအစာများထဲ ကျန်းမာရေးနှင့် ညီညွတ်သလို ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများလည်း ရှိနေသည် / အောင်ကျော်ထက် / ဧရာဝတီ

17.9k
VIEWS
Share on FacebookShare on Twitter

အမေရိကန် အမြန်စား(fast food) အစားအသောက် ကုမ္ပဏီကြီး ဖြစ်သည့် KFC မြန်မာနိုင်ငံသို့ ၂၀၁၅ ခုနှစ်က ရောက်ရှိ လာချိန်တွင် စိတ်လှုပ်ရှားမှုများ အလွန်ပြင်းထန်ခဲ့သည်။

ထိုနှစ်အတွင်းမှာပင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို အာဏာရရှိစေခဲ့သည့် မြန်မာနိုင်ငံ၏ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးသော လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။

KFC ဖွင့်လှစ်သည့်နေ့တွင် ကြက်သားကြော်တုံးများ ဝယ်ယူရန် ပြည်သူများ လမ်းတလျှောက် တန်းစီ၍ စောင့်ဆိုင်းခဲ့ကြသည်။ ထိုအဖြစ်က မြန်မာနိုင်ငံ တံခါးဖွင့်နေပြီ ဖြစ်ကြောင်း အတည်ပြုလိုက်ခြင်း ဖြစ်သည်။ ခေတ်သစ် ကမ္ဘာ၏ စားသောက်မှု ပုံစံက တံခါးဝသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတလွှားတွင် KFC ဆိုင်ခွဲပေါင်း ၂၃ ခု ရှိနေပြီ ဖြစ်သည်။

ထိုအချိန်မှ စ၍ Pizza Hut နှင့် Burger King အပါအဝင် နိုင်ငံတကာ အမြန်စား အစားအစာလုပ်ငန်း အများ အပြားက မြန်မာနိုင်ငံ တွင် လုပ်ငန်းများတည်ထောင်ခဲ့ကြသည်။ သို့သော်လည်း ခေတ်သစ် အမြန်စား ပုံစံက ကျမတို့၏ ကျန်းမာရေး အပေါ်တွင် မည်သည့် သက်ရောက်မှုများ ရှိခဲ့ပါသနည်း။ ထမင်းဖြူနေရာတွင် အာလူးချောင်းကြော်ကို အစားထိုးလိုက်ခြင်း က ကျမတို့၏ ခါးအရွယ်အစားကို ကြီးမားလာစေပြီး ဆေးခန်းများတွင် လူစည်လာမည်ဟု အဓိပ္ပါယ်သက်ရောက်နိုင်ပါ သလား။ ကျမတို့၏ ကျန်းမာရေးအတွက် ရိုးရာ အစားအစာများကို ဆက်လက်ကိုင်စွဲထားသင့်ပါသလား။

သတင်းကောင်းမှာ ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရ ညီညွှတ်မျှတသော အစားအစာတခုကို စားသောက်ရန် အရင်ကထက် များစွာ လွယ်ကူလာပြီ ဖြစ်ပါသည်။ ထို့ပြင် လူကြိုက်များသည့် စားသောက်မှုပုံစံကို သပိတ်မှောက်ရမည်ဟု မဆိုလိုပါ။

အခြေခံသို့ ပြန်သွားခြင်း

ရန်ကုန်သို့ ၂၀၁၇ ခု နှစ်ကထဲက ရောက်ရှိလုပ်ကိုင်နေခဲ့သူ အာဟာရဆိုင်ရာ အကြံပေး Breanna Baildon

Breanna Baildon သည် အာဟာရသိပ္ပံ ပညာရပ်တွင် ဘွဲ့ရရှိထားပြီး ဆီးချိုရောဂါနှင့် ပတ်သက်၍ ပညာပေးရေးတွင်လည်း အသိအမှတ်ပြု လက်မှတ်ရရှိထားသည့် အာဟာရဆိုင်ရာ အကြံပေးတယောက် ဖြစ်ပါသည်။ ရန်ကုန်သို့ ၂၀၁၇ ခု နှစ်ကထဲက ရောက်ရှိလုပ်ကိုင်နေခဲ့သူလည်း ဖြစ်သည်။ မြန်မာ အစားအစာများသည် ကျန်းမာရေးနှင့် အလွန်ညီညွတ်ကြောင်း အဘယ်ကြောင့်ဆိုသော် လတ်ဆတ်၍ ပြည်တွင်းတွင် ထုတ်လုပ်သော ပစ္စည်းများနှင့် ကျမတို့၏ ကျန်းမာရေးအတွက် အလွန်ပင်ကောင်းမွန်သည့် ဆေးဘက်ဝင် အပင်များနှင့် ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုး တို့ကို အသုံးပြုသည့် နည်းလမ်းများအတိုင်း ချက်ပြုတ်ထား၍ ဖြစ်ကြောင်း သူက ပြောသည်။

အစားအစာမှ ကျန်းမာရေးနှင့် မလျှော်ညီသည့် အပိုင်းများကို ရှောင်ရှားရန် လွယ်ကူပြီး ရွေးချယ်စရာ စုံလင်များပြား၍ အရသာရှိသော မြန်မာ ဟင်းချက်နည်းများကို နှစ်သက်နေကြဆဲ ဖြစ်သည်ဟုလည်း သူက ဆိုသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
177
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
571
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
133

“ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် မြန်မာအစားအစာတွေကို ရိုးရာအတိုင်း ဘယ်လိုပြင်ဆင်သလဲဆိုတာကို တဆင့်ချင်း ကြည့် မယ်ဆိုရင် ကျန်းမာရေးနဲ့ အလွန်ညီညွတ်ပါတယ်။ ဒါပေမယ့် ကျန်မာရေးနဲ့ ညီညွတ်ခြင်းနဲ့ မညီညွတ်ခြင်းကြား စည်းကိုတော့ သတိပြုမိဖို့ လိုအပ်ပါတယ်” ဟု Breanna Baildon ကပြောသည်။

မနက်စာအဖြစ် နှစ်ချိုက်စွာ စားသုံးကြသော မုန့်ဟင်းခါးကို ဥပမာပြရလျှင် ဟင်းရည်သည် ငါးအရိုးမှ ရရှိသည့် ဗီတာမင် နှင့် သတ္တုဓာတ်များ အမြောက်အများပါဝင်နေသော ငါးပြုတ်ရည်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ Breanna Baildon က ၎င်းကို ကျန်းမာရေးနှင့် ညီညွတ်အောင် ထိန်းသိမ်းနိုင်သည့် သော့ချက်မှာ မုန့်ဖတ် ပမာဏကို လျှော့ထည့်ခြင်းနှင့် ပဲကြော် သို့မဟုတ် ဘူးသီးကြော် ကဲ့သို့ အပေါ်ကဖြူးသည့် အကြော်အလှော်များအစား ကြက်ဥ/ဘဲဥ ပြုတ်ကို ရွေးချယ်ခြင်း ဖြစ်သည်ဟု ပြောသည်။

မုန့်ဟင်းခါးတွင် ဆီနဲ့ကျော်ထားသော အကြော်များအစား ကြက်ဥ ဘဲဥ ထည့်စားပါက ကျန်းမာရေးအတွက် ကောင်းသည်/ အောင်ကျော်ထက် / ဧရာဝတီ

နေ့လည်စာအဖြစ် စားကြသည့် ထမင်းနှင့် ဟင်းကလည်း ကျန်းမာရေးအတွက် အလွန်ကောင်းမွန်စေနိုင်ပါသည်။ ဆီများစွာ ပါဝင်ခြင်းမရှိသည့် ဟင်းများသည် အာဟာရဓာတ် အပြည့်အဝပါပြီး ကျန်းမာရေးအတွက် အကျိုးဖြစ်စေပါသည်။ Breanna Baildon က အသား၊ အသီးအရွက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ရေနှင့် ဆီ အနည်းငယ် သင့်တင့်မျှတစွာ ရောစပ် ချက်ပြုတ်ထားသော ဟင်းများသည် နေ့လည်စာအတွက် အလွန်ကောင်းမွန်သော ရွေးချယ်စရာတခု ဖြစ်သည်ဟု ပြောသည်။

ဟင်းသီးဟင်းရွက်များပါဝင်သည့် မြန်မာ့ရိုးရာ အသုတ်များတွင် အမျှင်ဓာတ်နှင့် antioxidants များ ပါဝင်နေသည်။ ဆေးဖက်ဝင် အသီးအရွက်များတွင် ရောဂါကို တိုက်ဖျက်သည့် ဒြပ်ပေါင်းများပါဝင်ပြီး အသုတ်မှ ဟင်းခတ် အမွှေးအကြိုင်များနှင့် နှမ်း၊ မြေပဲ စသည်တို့တွင် ကျန်းမာရေးအတွက် ကောင်းမွန်သည့် အဆီများနှင့် အမျှင်ဓာတ် ရှိနေသည်။

သို့သော်လည်း ကြက်သားကြော်ကို စွန့်လွှတ်ရမည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ဟင်းလျာ သို့မဟုတ် အစားအစာ တခုခုကို လုံးဝ ဖြတ်တောက်လိုက်ခြင်း အစား ကျန်းမာရေးအတွက် ကောင်းမွန်သည့် အစာကို မကြာခန စားသုံးသည့် အလေ့အထကို ပြုလုပ်ခြင်းနှင့် ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအစာ စားသုံးခြင်းကို လျှော့ချခြင်းက ပိုမိုကောင်းမွန်သည်ဟု Breanna Baildon က ပြောသည်။ KFC နှင့် Pizza Hut တို့ကို စားသုံးခြင်းက ပုံမှန် အကျင့်တခု ဖြစ်မလာသရွေ့ ကျန်းမာရေးအတွက် ဆိုးကျိုး ဖြစ်လာနိုင်မည် မဟုတ်ပါ။

“အမြန်စား အစားအစာတွေက ကယ်လိုရီတွေ မပါဘူး။ အဓိပ္ပါယ်က သူတို့က ကျမတို့ကို ခွန်အား အနည်းငယ် ပေးတယ်။ ဒါပေမယ့် ကျမတို့ ကိုယ်ခန္ဓာရှင်သန်ရပ်တည်ရေး အတွက် လိုအပ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ သို့မဟုတ် အမျှင် ဓာတ်တွေ မပါဘူး။ သူတို့က ပြင်ဆင်ထားတဲ့ carbohydrates တွေ မြင့်မားလေ့ရှိတယ်။ ကျန်းမာရေးနဲ့ မညီတဲ့ အဆီတွေ ပါတတ်တယ်။ အဲဒါတွေက ကိုယ်အလေးချိန် တိုးခြင်းနဲ့ နာတာရှည်ရောဂါတွေ ဖြစ်စေနိုင်တဲ့ အန္တရာယ် တိုးလာနိုင်ပါတယ်” Breanna Baildon က ပြောသည်။

အမြန်စား အစားအစာတွေက ကယ်လိုရီတွေ မပါ၊ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ သို့မဟုတ် အမျှင်ဓာတ်တွေ မပါ/ အောင်ကျော်ထက် / ဧရာဝတီ

သို့သော်လည်း လူငယ် အစားအစာ ဓာတ်ပုံဆရာတယောက်ဖြစ်သည့် ကိုအောင်မြင်သူက အမြန်စား အစားအသောက် များသည် ယခုအခါ လူအများအပြား နေထိုင်နေရသည့် အလျှင်စလို သွားလာလှုပ်ရှားနေရသော ဘဝနှင့် အဆင်ပြေသည်ဟု ပြောသည်။

“တကယ်လို့ ကျနော်က ပင်ပန်းပြီး အိမ်ပြန်လာတဲ့ လမ်းမှာဆိုရင် အမြန်စား ဆိုင်တခုခုကို ဝင်မိလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က နေရာတိုင်းမှာ ရှိတော့ ကျနော့် အတွက် အချိန်နဲ့ စွမ်းအင် အကုန်သက်သာတယ်။”

သို့သော်လည်း လူငယ်အများအပြားကဲ့သို့ပင် ကျန်းမာရေးနှင့် မညီညွတ်သည့် အကြော် မီနူးများ လှိုင်းလုံး၏ ကျန်းမာရေး အန္တရာယ်ကို သူကလည်း သတိပြုမိသည်။

“အမြန်စားဆိုင်တွေမှာ တလကို ၃ ကြိမ်လောက်ပဲ ကျနော်စား ဖြစ်တယ်။ အမြန်စား အစားအစာတွေက ဆီများလေ့ ရှိတယ်။ နှလုံးရောဂါနဲ့ လေဖြတ်နိုင်တဲ့ အန္တရာယ်ကို ပိုများစေတဲ့ ပြောင်းလဲဆီတွေပါတယ်။ အဲဒါတွေကြောင့် ကျနော်က ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဟာကို ရွေးချယ်လေ့ရှိပါတယ်” ဟု ကိုအောင်မြင်သူက ပြောသည်။

ဘာဘီကျူးက အဆင်ပြေသည်

ဘာဘီကျူးစားရင် အသားထက် အသီးအရွက်နဲ့ ငါးကို ရွေးပါ/ အောင်ကျော်ထက် / ဧရာဝတီ

သတင်းကောင်းမှာ ဘာဘီကျူး ယဉ်ကျေးမှုက ကျန်းမာရေးနှင့် ညီညွတ်စေနိုင်ပါသည်။ ဘာဘီကျူး ဆိုင်များတွင် ကင်စား ရန် လတ်ဆတ်သော ဟင်းသီးဟင်းရွက် အမျိုးမျိုးကို ရွေးချယ်နိုင်ခြင်းက သင့်အတွက်လိုအပ်သော ဗီတာမင်များ ရရှိရန် အထူးကောင်းမွန်ပါသည်။

အကယ်၍ ဘာဘီကျူး နှင့်တွဲဖက်ရန် ငါးကင် သို့မဟုတ် ငါးပေါင်းကို မှာယူမည်ဆိုလျှင် ကျန်း မာရေးနှင့် ညီညွတ်၍ ဟန်ချက်ညီမျှသော ဟင်းလျာ ဖြစ်ပါသည်။ အသားနှင့် ဟင်းသီးဟင်းရွက်များက အမွှေးအကြိုင် များ ခတ်ထားသည၊် အချဉ်ရည်တွင် နှစ်ထားသည် မှန်ပါသည်။ အချိုမှုန့်လည်း ပါကောင်းပါနိုင်သည်။ သို့သော်လည်း အချိုမှုန့်ကို သင့်တင့်မျှတသော ပမာဏ အသုံးပြုခဲ့လျှင် ကျန်းမာရေးနှင့် မညီပါဟု သက်သေမပြနိုင်ကြောင်း Breanna Baildon က ပြောသည်။

“အချိုမှုန့်က မကောင်းဘူးလို့ သက်သေမပြရသေးပါဘူး။ တချို့လူတွေနဲ့ သိပ်မတည့်ပေမယ့် အဲဒါနဲ့ ပတ်သက်လို့ ဆိုးရွားတာ မရှိပါဘူး။ ဒါက တကယ်တော့ ပရိုတိန်း အစားအစာတိုင်းမှာ သဘာဝအတိုင်း တွေ့ရလေ့ရှိတဲ့ ဒြပ်ပေါင်း တမျိုး ဖြစ်ပါတယ်။ အဲဒါ တခုတည်း သုံးမယ်၊ အလွန်အကျွံထည့်မယ် ဆိုရင်တော့ တချို့လူတွေနဲ့ မတည့်ပါဘူး။ ခေါင်းကိုက်တာ သို့မဟုတ် ရောင်ယမ်းတာတွေ ဖြစ်တတ်ပါတယ်။”

သို့သော်လည်း တံစို့ထိုးသီ၍ ပြသထားသော အသားများကို ရွေးချယ်ခြင်းက အစားအစာကြောင့် ဖြစ်တတ်သည့် ရောဂါများ ရရှိရန် အခွင့်အလမ်း မြင့်မားပါသည်။

ပြင်ဆင်ထားသော အသားက အန္တရယ်များသည်

ပြုပြင်ပြီးသား အသားက စွဲလမ်းစေတတ်သော ဓာတ်တွေ ပါဝင်တတ်ပြီး ကျန်းမာရေးနဲ့ မညီညွတ်/ အောင်ကျော်ထက် / ဧရာဝတီ

ဖွံ့ဖြိုးလာနေသော စားသောက်မှုပုံစံ တခုက လူများ(အထူးသဖြင့် ကလေးငယ်များ) ကို အနာဂတ်တွင် နှလုံးရောဂါနှင့် အခြားကျန်းမာရေး ပြဿနာများ ဖြစ်စေနိုင်မည့် အန္တရာယ်ကို မြင့်မားစေနိုင်ပါသည်။

သီတံဖြင့် ထိုးထားသော၊ ကြွပ်အောင် ကြော်ထားလေ့ရှိသော ပြင်ဆင်ထားသည့် အသားများကို မြို့ပြဧရိယာများနှင့် ကျောင်းများအနီးတွင် ရောင်းချသည့် ဆိုင်များ၏ အရေအတွက်က တိုးလာနေသည်။ ဈေးနှုန်းချိုသာ၍ အရသာရှိသည့် အသွင်ရှိသည့် အကြော်မုန့်များတွင် မသိနိုင်သည့် ထပ်ဖြည့်ပစ္စည်းများနှင့် ရေရှည်ခံအောင် ထည့်သွင်းထားသည့် ပစ္စည်းများစာရင်းက ရှည်လျားစွာ ပါဝင်နေနိုင်ပါသည်။

ဆားပါဝင်မှုများ၍ အရည်အသွေးနိမ့်ကျသည့် အသားက အမြောက်အမြား စားမိလျှင် ကျန်းမာရေးကို ထိခိုက်စေနိုင် ပါသည် အထူးသဖြင့် ကလေးငယ်များ ဖြစ်သည်။

မြန်မာနိုင်ငံက အစားအသောက်နှင့် ပတ်သက်သည့် စည်းကမ်း ဥပ ဒေ များနှင့် အမှတ်တံဆိပ်သတ်မှတ်ခြင်းတို့တွင် အခြားနိုင်ငံများကို အမှီလိုက်ရန် ကြိုးစားနေရဆဲ ဖြစ်သည့် အတွက် ကျမတို့ အနေဖြင့် အဆိုပါ အစားအစာများတွင် ပါဝင်နေသည့် ထပ်ဖြည့်ပစ္စည်းများ၊ အနံ့အတွက် အသုံးပြုသည့် ပစ္စည်းများ နှင့် တာရှည်ခံအောင် ထည့်သွင်းသည့် ပစ္စည်းများ၏ အရည်အသွေးနှင့် ပမာဏကို မသိနိုင်ဘဲ ဖြစ်နေတတ်ပါသည်။

အပေါင်းလက္ခဏာဆောင်သည့် စားသုံးမှုများ

အပေါင်းလက္ခဏာဆောင်သည့် အစားအသောက်ပုံစံများလည်း ရှိပါသည်။ ယခုအခါတွင် စူပါမားကက်များတွင် အော်ဂဲနစ် နည်းဖြင့် ထုတ်လုပ်သည့် အစားအစာများအတွက် နေရာတခု ရှိနေပြီ ဖြစ်ပြီး လတ်တလောတွင် “ရွှေတောင်ညိုကြီး” ကဲ့ သို့သော ကြက်မွေးမြူရေးခြံ အနည်းငယ်က ဈေးကွက်အတွင်းသို့ အော်ဂဲနစ် ဥများနှင့် ကြက်သားများ ထောက်ပံ့ပေးနေ သည်။ ထို့ပြင် ပုံမှန်ပြုလုက်နေသည့် Yangon Farmers’ Market က ပြည်တွင်းတွင် ထုတ်လုပ်သည့် ကျန်းမာရေးနှင့် ညီ ညွတ်သော သဘာဝအစားအစာများကို အဓိက အလေးပေးသည့် ရောင်းသူများနှင့် ဝယ်ယူသူများ၏ အသိုင်းအဝိုင်းတခုကို ဖွံ့ဖြိုးလာစေပါသည်။

“အဲဒါက ကောင်းတဲ့ လက္ခဏာလို့ ကျမထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူတွေက သူတို့စားတဲ့ အစားအစာရဲ့ အရင်းအမြစ်ကို ပိုပြီးတော့ မေးလာကြတယ်” ဟု Breanna Baildon က ပြောသည်။

Hotpot ဟင်းလျာများကို ပြည်တွင်းတွင် လူကြိုက်များလာခြင်းက နောက်ထပ် ကောင်းသော လမ်းကြောင်းတခု ဖြစ်ပါ သည်။ လတ်ဆတ်သော အသီးအရွက်နှင့် အသားများကို အိုးတွင်းတွင် နှစ်၍ စားသုံးခြင်း နှင့် အာဟာရဓာတ်နှင့် ဗီတာ မင်များ ပါဝင်သော စွတ်ပြုတ်ရည်ကို သောက်သုံးခြင်း တို့ဖြစ်သည်။ Hotpot ကို ကျန်းမာရေးနှင့် ညီညွတ်စေရန် အာဟာရပါဝင်မှုနည်းသည့် ငါးအသားလုံး၊ အဆီများသည့် အသား တို့ကဲ့သို့ ပါဝင် ပစ္စည်းများကို ရှောင်ရှား၍ ရိုးရှင်းသော ဟင်းခတ်အမွှေးအကြိုင်များကို အသုံးပြုသင့်ပါသည်။

ထိုသို့ပြုလုပ်ခြင်းအားဖြင့် ယနေ့ ခေတ်သစ်စားသောက်မှု ပုံစံမှ ကျန်းမာရေးနှင့် ညီညွတ်မှုကို ကောင်းစွာ ရယူနိုင်ပါသည်။ ကျမတို့၏ ဟင်းလျှာ ရွေးချယ်မှုနှင့် ပတ်သက်၍ အနည်းငယ်မျှပို၍ စဉ်းစားခြင်း နှင့် ကျမတို့ အကြိုက်ဆုံး အမြန်စား အ စားအသောက်များ စားသုံးသည့် အကြိမ်ရေကို ကန့်သတ်ခြင်းများ အားဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့် ကောင်းမွန် သော အာဟာရကို ရရှိနိုင်ပါသည်။ သက်ရှည်ကျန်းမာစွာ နေနိုင်မည့် အခွင့်အလမ်းများကို တိုးပွားစေနိုင်ပါသည်။

( Marie Starr ၏ Do Modern Food Trends Pose Risks to our Health?  ကို ဘာသာပြန်သည်။)

Your Thoughts …
Tags: ကျန်းမာရေးခေတ်ပေါ် အစားအစာစားသောက်မှုပုံစံ
Marie Starr

Marie Starr

ဧရာဝတီ

Similar Picks:

စစ်ကောင်စီ ၆ လ သက်တမ်းတိုး ဦးမြင့်ဆွေ ဖတ်မပြနိုင်တော့ပြီ

by အောင်သူရ
22 July 2024
18.5k

ယာယီ သမ္မတ ဦးမြင့်ဆွေ အာရုံကြောအားနည်းရောဂါမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသဖြင့် အနီးကပ်စောင့်ကြည့်နေရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ဖိအားတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စစ်ကောင်စီ နေရာရွှေ့သလား

ဖိအားတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စစ်ကောင်စီ နေရာရွှေ့သလား

by ဧရာဝတီ
17 April 2024
9.4k

၎င်းတို့နှစ်ဦးအား အကျဉ်းထောင်ထဲမှ ပြောင်းရွှေ့လိုက်သည်ဆိုသော်လည်း မည်သည့်နေရာတွင် မည်ကဲ့သို့ ဆက်လက်ချုပ်နှောင်ထားသည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

by ယုဇန
24 August 2024
7.6k

ဒေါ်ရတီအုန်း၏ တော်လှန်ရေးမျှော်မှန်းချက်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဖြစ်ပြီး တော်လှန်ရေး အောင်မြင်ပါက စာသင်ခန်းဆီသို့သာ ပြန်သွားမည်ဟုဆိုသည်။

အပိုလိုဆေးရုံ ကျောက်ကပ်ရောင်းဝယ်မှု စုံစမ်းစစ်ဆေးရာတွင် ဟာကွက်များတွေ့

အပိုလိုဆေးရုံ ကျောက်ကပ်ရောင်းဝယ်မှု စုံစမ်းစစ်ဆေးရာတွင် ဟာကွက်များတွေ့

by ဧရာဝတီ
4 January 2024
6.6k

မြန်မာနိုင်ငံသားများ ပါဝင်သည့် ကျောက်ကပ် ရောင်းဝယ်မှု စွပ်စွဲချက်နှင့် အပိုလိုဆေးရုံများ ပတ်သက်နေသည်ဆိုသော သတင်းများကို စုံစမ်းစစ်ဆေးနေသည့် ဒေလီအစိုးရ ကော်မတီသည် စာရွက်စာတမ်း ကိစ္စများတွင် ဟာကွက်များ တွေ့ရှိခဲ့သည်။

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

by အီဂေါဗလာဇီဗစ်
12 December 2023
5.1k

အားလုံး နားလည်ထားတာကတော့ သူပြောတဲ့ စုံစမ်းလိုက်ဦးမယ်ဆိုတာဟာ ဒေါ်ရင်ရင်နွယ်ကို မေးကြည့်လိုက်ဦးမယ် ဆိုတာပါပဲ။

အားလုံး ပြီးမြောက်အောင်မြင်ချိန်ထိ ဘုန်းကြီးရှိနေမယ် (ရုပ်/သံ)

အားလုံး ပြီးမြောက်အောင်မြင်ချိန်ထိ ဘုန်းကြီးရှိနေမယ် (ရုပ်/သံ)

by ယဉ်မွန်
2 September 2024
4.5k

ရွှေညဝါ ဆရာတော်လို့ လူသိများတဲ့ ဆရာတော် အရှင်ပညာသီဟဟာ ဩဂုတ်လတွင်းမှာပဲ လူကြီးရောဂါနဲ့ ဆေးရုံမှာ တက်ရောက်နေရပြီး ဆေးဝါးကုသမှု ခံယူနေပေမယ့်၊ ကျန်းမာရေးကတော့ ကောင်းမွန်စပြုလာပြီလို့ ဆရာတော်က ဧရာဝတီကို မိန့်ကြားပါတယ်။

Next Post
အဆုံးအဖြတ်

အဆုံးအဖြတ်

ဒေါက်တာ သက်သက်ခိုင် / ဧရာဝတီ

တာဝန် ရပ်ဆိုင်းခံရသည့် အပေါ် အယူခံဝင်ရန် မရှိဟု ဒေါက်တာ သက်သက်ခိုင်ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved