• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ ချစ်ခြင်းကို ဒူတာတေး ခွဲလိုက်ပြီ

by Karim Raslan
26 February 2020
in ဆောင်းပါး
A A
ဒူတာတေး၏ သမ္မတသက်တမ်းက ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးမည် / Reuters

ဒူတာတေး၏ သမ္မတသက်တမ်းက ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးမည် / Reuters

11.1k
VIEWS
Share on FacebookShare on Twitter

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ တနင်္လာနေ့တွင် ဖိလစ်ပိုင်ရှေ့နေချုပ် ဂျို့စ်ကာလီဒါ Jose Calida က ဖိလစ်ပိုင်နိုင်ငံတွင် လူကြိုက်အများဆုံး (ကြည့်ရှုသူ ၇၂.၃ သန်းနှင့် တနိုင်ငံလုံး အတိုင်းအတာအရ ကြည့်ရှုမှု ၄၇ ရာခိုင်နှုန်းရှိသည့်) ရုပ်သံဌာန တခုဖြစ်ပြီး သမ္မတ ဒူတာတေးကို ဝေဖန်သည့် သတင်းဌာနတခုလည်း ဖြစ်သည့် ABS-CBN အပေါ် ထုတ်ပြန်သည့် စာချွန်တော်အမိန့် (Quo Warranto) တခုကို အသုံးပြု၍ ရုပ်/သံ ထုတ်လွှင့်ခြင်းကို ရပ်ဆိုင်းရန် အားထုတ်ခဲ့သည်။

ထို့နောက် နောက်တနေ့တွင် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး တီယိုဒိုရို လော့ဆင် ဂျူနီယာ Teodoro Locsin Jr က ဖိလစ်ပိုင်နှင့် အမေရိကန်ပြည်ထောင်စုကြားမှ ဧည့်သည် လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ သဘောတူညီချက် (VFA) ကို အဆုံးသတ်ရေး အကြောင်းကြားစာတစောင်ကို လက်မှတ်ရေးထိုးခဲ့သည်။

အများစုက ဖိလစ်ပိုင်နိုင်ငံ၏ ခက်ထန်သော ခေါင်းဆောင် ဒူတာတေးကို ခန့်မှန်းရခက်သူတဦး၊ ထရမ့်နှင့် တူသူ တဦးဟု မြင်ကြသည်။

မဟုတ်ပါ။ သူက ရည်ရွယ်ချက်ဖြင့် လုပ်သည်၊ ဆုံးဖြတ်ချက်ရှိသည်၊ အန္တရာယ်ကြီးသည်။

သို့သော် ဒူတာတေးအတွက် အချိန်က နည်းနေပြီ ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၌  ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် မကြာမီ အရှိန်မြင့်တက်လာတော့မည်။ ၁၉၈၆ ခုနှစ် မားကို့စ် ပြုတ်ကျခဲ့ပြီးနောက်ပိုင်းတွင် ဖိလစ်ပိုင်သမ္မတများသည် ၆ နှစ် သက်တမ်းတခုသာ တာဝန်ထမ်းဆောင်နိုင်ကြပါသည်။

မမေးမဖြစ် မေးရမည့် မေးခွန်းမှာ သမ္မတ ဒူတာတေးက သူ၏ နိုင်ငံကိုပြောင်းလဲရန် အခွင့်အရေးကို ဖြုန်းတီးခဲ့ပါသလား။ စီးပွားရေးက ဖြေးဖြေးမှန်မှန် ဖြင့် ကောင်းမွန်စွာ စီးဆင်းနေချိန်တွင် (ကမာ္ဘ့ဘဏ်၏အဆိုအရ ၂၀၁၉ ခုနှစ်တွင် GDP တိုးတက်မှု ၅.၉ ရာခိုင်နှုန်းရှိသည်) သူ၏ အရေးအပါဆုံးဖြစ်သော ‘ဆောက်၊ ဆောက်၊ ဆောက် Build, Build, Build’ အခြေခံအဆောက်အဦ တည်ဆောက်ရေး အစီအစဉ်က အလွန်တရာ နှေးကွေးစွာ ရွေ့လျားနေသည်။

ဒူတာတေးက ၂၀၁၆ ရွေးကောက်ပွဲမှ ရရှိခဲ့သည့် ကြီးမားသော လုပ်ပိုင်ခွင့်နှင့် ပုဂ္ဂိုလ်ရေးကျော်ကြားမှု (Pulsters Asia ၏ စစ်တမ်းကောက်ယူချက်အရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ၈၇ ရာခိုင်နှုန်း ရှိနေသည်) ကို အလဟဿ ဖြစ်စေခဲ့ပါသလား။ ABS-CBN ကဲ့သို့သော ပုဂ္ဂိုလ်ရေး ရန်သူများကို လိုက်လံရှာဖွေခြင်း၊ အမေရိကန်များကို မောင်းထုတ်ခြင်းနှင့် တရုတ်နိုင်ငံဘက်သို့ ယိမ်းယိုင်ခြင်းက Malacanang (ဖိလစ်ပိုင် သမ္မတရုံး) ကို အာရုံပျံ့လွင့်စေခဲ့ပါသလား။

သတင်းမီဒီယာ လွတ်လပ်ခွင့်ကို တောင်းဆို ဆန္ဒပြကြသော ဖိလစ်ပိုင်နိုင်ငံသားများ/Reuters

တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများက အလွန်နည်းပါးခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် သူ ကတိပေးခဲ့သော အမေရိကန်ဒေါ်လာ ၉ ဘီလီယံနှင့် ဘယ်လိုမှ မကိုက်ညီခဲ့ပါ။ အမှန်တကယ်တွင်လည်း ဖိလစ်ပိုင်နိုင်ငံ၌ မရိုးသားသည့် တရုတ်အွန်လိုင်းဂိမ်း လုပ် ငန်းများ တိုးပွားလာခြင်းကို သာမန်ဖိလစ်ပိုင် ပြည်သူများကြား အများစုက ဆန့်ကျင်ကြသည့် အခြေအနေသို့သာ ဦးတည်စေခဲ့သည်။

သေချာပါသည်။ ဒူတာတေးက သူ၏ စိတ်ကို မည်သည့်အချိန်တွင်မျှ ကွယ်ဝှက်မထားခဲ့ပါ။ သူက ABS-CBN နှင့် အများပိုင်ကုမ္ပဏီအဖြစ် စာရင်းသွင်းထားသော ထိုရုပ်သံလွှင့်ဌာနကို ထိန်းချုပ်ထားသည်ဟု အများက ကောင်းကောင်းသိကြသော အလွန်ထင်ရှားသည့် လိုပက်ဇ် Lopez မိသားစုကို မနှစ်သက်ခဲ့ပါ။ အမေရိကန်နှင့် ပတ်သက်၍လည်း အတူတူပင် ဖြစ်သည်။ ကိစ္စ ၂ ခုလုံးတွင် သူ၏ မလိုမုန်းထားမှုက နက်ရှိုင်းစွာ ရှိနေသည်။

ပြောရမည်ဆိုလျှင် ကျနော်၏ “Ceritalah” ကော်လံကို ABS-CBN တွင် ဖော်ပြနေပါသည်။ သတင်းတင်ဆက်သူ ခေါင်းဆောင် ကယ်ရင်ဒါဗီလာ Karen Davila က သူ၏ ဧည့်သည်များ အားလုံးကို ခြောက်ခြားအောင် လုပ်သည့် မနက်ခင်း အစောပိုင်း ရုပ်သံ သတင်းအစီအစဉ်တွင် ကျနော်က အကြိမ်တော်တော်များများ ပါဝင်ခဲ့ရပြီး ဖြစ်သည်။

သို့သော်လည်း (CNN မှ သတင်းတင်ဆက်သူဟောင်း Maria Ressa က ဦးစီး လုပ်ကိုင် နေသည်) အွန်လိုင်းသတင်း ဝက်ဘ်ဆိုဒ် rappler.com အပေါ် ဖိလစ်ပိုင်အစိုးရက တိုက်ခိုက်နေမှု၊ Philippine Daily Inquirer က မီဒီယာလွတ်လပ်ခွင့်နှင့် အုပ်ချုပ်ရေးအာဏာအပေါ် စောင့်ကြည့်ထိန်းကျောင်းခြင်း၏ အရေးပါမှုကို အလေးမထားကြောင်း ဖော်ပြခဲ့မှုတို့သည် ဒူတာတေး၏ ဂမူးရှူးထိုး တဇွတ်ထိုးနိုင်မှုကို ထင်ဟပ်နေသည်။

ရှေ့နေချုပ်က ABS-CBN သည် နိုင်ငံခြားပိုင်ဆိုင်မှု ကန့်သတ်ချက်ကို ဖောက်ဖျက်ခြင်း အပါအဝင် “အလွန်ကြီးလေးသော စည်းကမ်းချိုးဖောက်မှုများ” တွင် ပါဝင်ခဲ့သည်ဟု ဆိုသည်။ ဖိလစ်ပိုင်နိုင်ငံမှ မီဒီယာကုမ္ပဏီများသည် ပြည်တွင်းပိုင်ဆိုင်မှု ၁၀၀ ရာခိုင်နှုန်း ရှိရမည် ဖြစ်သည်။

အမေရိကန် နိုင်ငံအပေါ် ပြုလုပ်ခဲ့သည့် လုပ်ရပ်က ပို၍ ပင်အံ့သြဖွယ်ကောင်းပြီး နှစ်ပေါင်း ၁၂၀ ကြာ မဟာမိတ်အဖြစ် အတူရှိခဲ့သည့် သမိုင်းကြောင်း အဆုံးသတ်တော့မည့် သင်္ကေတဖြစ်သည်။

ဖိလစ်ပိုင်နှင့် အမေရိကန်ပြည်ထောင်စုကြားမှ ဧည့်သည် လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ သဘောတူညီချက် VFA က အမေရိကန် တပ်ဖွဲ့များကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် စစ်ရေးလေ့ကျင့်မှုများအတွက် ဖိလစ်ပိုင်နိုင်ငံအတွင်းသို့ ပုံမှန်ဝင်ရောက်ခွင့် ပြုထားသည်။ ၂ နိုင်ငံကြားတွင် ၁၉၅၁ ခုနှစ် အပြန်အလှန်ကာကွယ်ရေးစာချုပ်နှင့် ၂၀၁၄ ခုနှစ် တိုးမြှင့်ထားသော ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် အပါအဝင် အခြား သဘောတူစာချုပ်များ ချုပ်ဆိုထားသော်လည်း VFA မရှိခဲ့လျှင် ၂ ခုလုံးက မရေရာတော့ပါ။

သေချာအောင်ပြောရလျှင် ဒူတာတေးက အမေရိကန်ဆန့်ကျင်သူ အမြဲတမ်း ဖြစ်ခဲ့သည်။ ဒါဗောင်းမြို့တော်ဝန်အဖြစ် ရှိနေစဉ်က ဟိုတယ်တခုတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းတခုကို ဖောက်ခွဲခဲ့သည်ဟု သံသယရှိသည့် အမေရိကန် နိုင်ငံသားတဦးကို မြို့ အာဏာပိုင်များက စုံစမ်းစစ်ဆေးခြင်း မပြုလုပ်နိုင်မီတွင် အမေရိကန်အေးဂျင့်များက အငြင်းပွားဖွယ်ရာ လွှတ်ပေးခဲ့သည့် ၂၀၀၂ ခုနှစ်က ဖြစ်ရပ်တခုနှင့် ပတ်သက်၍ သူက ဒေါသထွက်နေခဲ့သည်ဟု သိရသည်။

RelatedPosts

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
10
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
108
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
394
အမေရိကန်-ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်မှုတခု/Twitte

သမ္မတ ဖြစ်လာသောအခါ ဒူတာတေးက ဖိလစ်ပိုင်နိုင်ငံ၏ ကိုလိုနီ သခင်ဟောင်း ဖြစ်ခဲ့သော အမေရိကန်နိုင်ငံအပေါ် မှီခိုနေရခြင်းအား ဖယ်ခွာပြီး တရုတ်၊ ရုရှားတို့နှင့် နီးကပ်သော ဆက်ဆံရေးရှိရန် ကြိုးစားနေသည်ဟု လူသိရှင်ကြား ပြောကြားခဲ့သည်။ သို့သော် VFA မှ ပံ့ပိုးပေးသော အမေရိကန်များနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ပြုလုပ်ခဲ့သည်။

ထို့ပြင် ဒူတာတေး၏ မဟာမိတ်ဖြစ်သည့် ရဲတပ်ဖွဲ့ဝင်ဟောင်း အထက်လွှတ်တော်အမတ် ရော်နယ်ဘာတိုဒီလာရိုစာ Ronald “Bato” Dela Rosa  ၏ အမေရိကန်ဗီဇာ ငြင်းပယ်ခြင်းနှင့်လည်း သက်ဆိုင်သည်ဟု ယူဆရပါသည်။ သမ္မတ၏ သွေးစွန်းသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲတွင် ရော်နယ်ဘာတိုဒီလာရိုစာ၏ ပါဝင်ပတ်သက်မှုကြောင့် ဗီဇာ ငြင်းပယ်ခံရခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါးဆန့်ကျင်ရေးစစ်ပွဲနှင့် အခြားပြဿနာများနှင့် ပတ်သက်၍ အမေရိကန်၏ ဝေဖန်မှုကြောင့် ဒေါသထွက်နေခဲ့သည့် ဒူတာတေးက ရက်ပေါင်း ၁၈၀ အတွင်း သက်တမ်းကုန်ဆုံးမည့် VFA ဖျက်သိမ်းမှုကို ကတိပြုထားသည့်အတိုင်း  ရှေ့ဆက်လုပ်ဆောင်ခဲ့သည်။

VFA က တောင်တရုတ်ပင်လယ်အတွင်း တရုတ်ကျူးကျော်မှုကို အဟန့်အတားဖြစ်စေသောကြောင့် အရေးပါသည်သာမက အမေရိကန်က ဖိလစ်ပိုင် စစ်တပ်ကို လေ့ကျင့်မှုနှင့် နည်းပညာအကူအညီများ ပေးခဲ့သည်။ ၂၀၁၇ ခုနှစ်က  မာရာဝီ Marawi  သိမ်းပိုက်မှု အပါအဝင် ဖြစ်သည်။

VFA ကိုပယ်ဖျက်ခြင်းက ဖိလစ်ပိုင်၏ အချုပ်အခြာအာဏာနှင့် အမှီအခို ကင်းမှုကို ပိုမိုခိုင်မာစေသည်ဟု ဒူတာတေးက ပြောသည်။ သို့သော် သူက တောင်တရုတ်ပင်လယ်အတွင်းမှ အနောက်ဖိလစ်ပိုင်ပင်လယ်တွင် သူ့နိုင်ငံ၏ ပိုင်နက်ကို တရုတ်နိုင်ငံက ကြိမ်ဖန်များစွာ ကျူးကျော်ခြင်းများနှင့် ပတ်သက်၍ မည်သို့မျှ တုန့်ပြန်မှု မလုပ်ဘဲ အသံတိတ်နေခဲ့သည်။

အမှန်တကယ်တွင် တရုတ်နိုင်ငံအပေါ် လောင်းကြေး ၂ ဆတိုး၍ တင်ရန် သူက အလေးအနက် ပြောဆိုနေခြင်းသည် အခြားအာဆီယံနိုင်ငံ အများစုက တရုတ်နိုင်ငံ အပေါ် သူတို့၏ နိုင်ငံရေးနှင့် စီးပွားရေး အရ မှီခိုရခြင်းများကို လျှော့ချရန် ကြိုးပမ်းနေခြင်းများအရ (အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ပြဿနာပေါ်ပေါက်လာချိန်မှ စ၍) ဆိုလျှင် နားမလည်နိုင်စရာ ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး တီယိုဒိုရို လော့ဆင် ဂျူနီယာက အထက်လွှတ်တော်၌ ဝန်ခံခဲ့သည့် အတိုင်းဆိုလျှင် “VFA ကို ရပ်ဆိုင်းခြင်းက ဖိလစ်ပိုင်နိုင်ငံ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အစီအမံများအပေါ် ဆိုးကျိုးသက်ရောက်စေလိမ့်မည်” ဖြစ်သည်။ အမေရိကန်သည် ဖိလစ်ပိုင်နိုင်ငံ၏ (အမေရိကန်ဒေါ်လာ ၈.၇ ဘီလီယံ တန်ဖိုး ရှိသည့်) တတိယအကြီးဆုံး ကုန်သွယ်ဖက်၊ ဖိလစ်ပိုင်နိုင်ငံ၏ အကြီးဆုံးပို့ကုန်ဈေးကွက်၊ ပဉ္စမမြောက်အများဆုံး ရင်းနှီးမြှုပ်နှံမှုရင်းမြစ် (ဖိလစ်ပိုင် ပီဆို ၁၂.၉ ဘီလီယံ) နှင့် ခရီးသွားလုပ်ငန်းအတွက် တတိယအကြီးဆုံး အရင်းအမြစ် (၂၀၁၈ ခုနှစ်တွင် ဧည့်သည် ၁ သန်း လာရောက်) ဖြစ်သည် ဟုလည်း သူက မှတ်ချက်ပြုခဲ့သည်။

ထို့အပြင် ဒူတာတေး၏ လုပ်ရပ်များက တိုင်းပြည်၏ အများဆုံး ဝင်ငွေ အရင်းအမြစ်ဖြစ်သည့် နိုင်ငံခြားမှ ပြန်ပို့သောငွေတွင် ၃၆.၈ ရာခိုင်နှုန်း ပါဝင် ပေးနေသော အမေရိကန်ရောက် ဖိလစ်ပိုင်နိုင်ငံသား  ၃.၃ သန်း ၏ အကျိုးစီးပွားကို ထိခိုက်စေသည်။ နိုင်ငံပြင်ပတွင် အရင်းအမြစ်ပြုသည့် စီးပွားရေးလုပ်ငန်း (BPO) များတွင် အလုပ်လုပ်သော ဖိလစ်ပိုင်နိုင်ငံသား ၁.၂ သန်းနှင့် ပတ်သက်၍ မည်သို့ ရှိမည်နည်း။ သူတို့ အများစုမှာ အမေရိကန်ကုမ္ပဏီများက အလုပ်ခန့်ထားသူများ ဖြစ်ကြသည်။

ဖိလစ်ပိုင်သမ္မတများတွင် အခွင့်အရေးက တကြိမ်သာ ရှိပါသည်။ ဒူတာတေးက သူ၏ အခွင့်အရေးကို ကောင်းကောင်းကြီး လွဲချော်ခဲ့ပြီး ဖြစ်ပါလိမ့်မည်။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

You may also like these stories:

ဒီမိုကရေစီ ကျဆုံးခန်းကို ဘယ်လိုရှောင်ကြမလဲ

ဆိုရှယ်မီဒီယာထဲက ဗိုင်းရပ်က တကယ့်ဗိုင်းရပ်ထက် ပိုဆိုးသည်

တောင်တရုတ်ပင်လယ်တွင် ရှီကျင့်ဖျင် အနိုင်ကျင့်နေသည်

သားဆုံး မိခင်တယောက်၏ ခရစ်စမတ်

Your Thoughts …
Tags: ဒူတာတေးဖိလစ်ပိုင်သတင်းလွတ်လပ်ခွင့်အမေရိကန်
Karim Raslan

Karim Raslan

Contributor

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19.1k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
14.5k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

မြန်မာကို ဟန့်တားရန် Gripen ဂျက်တိုက်လေယာဉ်များ ထိုင်းဝယ်ယူမည်

မြန်မာကို ဟန့်တားရန် Gripen ဂျက်တိုက်လေယာဉ်များ ထိုင်းဝယ်ယူမည်

by Gabriel Honrada
4 September 2024
10.7k

ထိုင်းနိုင်ငံသည် ကြားဖြတ်ဟန့်တားနိုင်သည့် စွမ်းရည် မရှိသောကြောင့် မဟုတ်ဘဲ နိုင်ငံရေးသုံးသပ်ချက်ဖြင့် ၎င်း၏ လေပိုင်နက်သို့ မြန်မာက ယခင် ကျူးကျော်မှုများကို ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်ခဲ့သည်။

Next Post
ဝင်ရိုးစွန်းဝက်ဝံတွေဟာ သူတို့ရဲ့ ဘဝသက်တမ်း တလျှောက်လုံး ရေခဲမြစ်တွေပေါ်မှာ ကျက်စားနေထိုင်ကြတာပါ။

အပူချိန်မြင့်မားမှုကြောင့် ကျက်စားရာနယ်မြေ နည်းသွားပြီး ပိန်လှီလာကြတဲ့ ဝင်ရိုးစွန်းဝက်ဝံများ

သူလာလာ မလာလာ

သူလာလာ မလာလာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved