• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

အပူချိန်မြင့်မားမှုကြောင့် ကျက်စားရာနယ်မြေ နည်းသွားပြီး ပိန်လှီလာကြတဲ့ ဝင်ရိုးစွန်းဝက်ဝံများ

by Aurora
26 February 2020
in Trend
A A
ဝင်ရိုးစွန်းဝက်ဝံတွေဟာ သူတို့ရဲ့ ဘဝသက်တမ်း တလျှောက်လုံး ရေခဲမြစ်တွေပေါ်မှာ ကျက်စားနေထိုင်ကြတာပါ။

ဝင်ရိုးစွန်းဝက်ဝံတွေဟာ သူတို့ရဲ့ ဘဝသက်တမ်း တလျှောက်လုံး ရေခဲမြစ်တွေပေါ်မှာ ကျက်စားနေထိုင်ကြတာပါ။

8.8k
VIEWS
Share on FacebookShare on Twitter

ရာသီဥတုဖောက်ပြန်မှု အကျိုးဆက်ကြောင့် ကမ္ဘာပေါ်မှာ နေထိုင်တဲ့ သက်ရှိလူသားတွေအပြင် တိရစ္ဆာန်တွေရဲ့ ဇီဝနေထိုင်မှုတွေ ထိခိုက်လာရပါတယ်။ အားလုံးထဲက မျိုးတုန်းပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဝင်ရိုးစွန်းဝက်ဝံတွေကတော့ အပူချိန်မြင့်တက်လာခြင်းရဲ့ အကျိုးဆက်ကို ခံစားနေရပါပြီ။

ဝင်ရိုးစွန်းဝက်ဝံတွေဟာ သူတို့ရဲ့ ဘဝသက်တမ်း တလျှောက်လုံးကို ရေခဲမြစ်တွေပေါ်မှာ ကျက်စားနေထိုင်ကြတာပါ။ ပင်လယ်ဖျံတွေကို ဖမ်းဆီးစားသောက်ကြပြီး ရေခဲမြစ်ပေါ်မှာ ခရီးဆန့်ရင်း ရှင်သန်မျိုးပွားလေ့ရှိပါတယ်။

ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် ပုံမှန်ထက် အပူချိန် မြင့်တက်လာပြီး ဝင်ရိုးစွန်းရေခဲမြစ်တွေ အရည်ပျော်လာတာနဲ့အမျှ ဝက်ဝံတွေမှာ အစားရေစာ ရှားပါးလာကြတယ်လို့ သဘာဝသိပ္ပံဆိုင်ရာ အချက်အလက်စာတမ်းမှာ ဖော်ပြထားပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
152
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
318


သုတေသီတွေရဲ့ လေ့လာချက်အရ ဝင်ရိုးစွန်းဝက်ဝံတွေဟာ အစာရေစာရှားပါးလာခြင်းကြောင့် ခန္ဓာကိုယ် ပိန်လှီလာကြပြီး မျိုးပွားမှုနှုန်း နည်းလာတယ်လို့ ဆိုပါတယ်။ “အာတိတ်ဒေသမှာ ရာသီဥတုပြောင်းလဲလာမှုဖြစ်စဉ်ရဲ့ အကျိုးဆက်ကို ပထမဆုံးခံရတာကတော့ ဝင်ရိုးစွန်းဝက်ဝံကြီးတွေပါ” လို့ ဝပ်ရှင်တန်တက္ကသိုလ်က ပါမောက္ခ Kristin Laidre က ဆိုပါတယ်။


“သူတို့တွေက ရာသီဥတုပြောင်းလဲလာမှုရဲ့ အမှတ်သင်္ကေတတွေလိုပါပဲ။ ရေခဲမြစ်တွေပေါ်မှာ ရှင်သန်ပေါက်ဖွားကြလို့ အပူချိန်မြင့်တက်လာခြင်းကို အစောဆုံး ညွှန်ပြနိုင်သူတွေပါ” လို့ Kristin က ဆိုပါတယ်။


Laidre နဲ့အဖွဲ့ဟာ ၁၉၉၀ ကနေ ၂၀၁၀ ခုနှစ်ထိ ဆယ်စုနှစ် နှစ်ခုကြာ ဝင်ရိုးစွန်းဝက်ဝံတွေကို လေ့လာခဲ့ကြပါတယ်။ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၅ ကြားမှာတော့ ဝက်ဝံတွေဟာ ၁၉၉၁ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်ကြားကာလကထက် ရက် ၃၀ လောက် ကုန်းမြေပေါ်မှာ ပိုမိုနေထိုင်ရတာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။

ကုန်းမြေပေါ်မှာ နေထိုင်စဉ်တလျှောက် အစားအသောက် ငတ်ပြတ်တာကြောင့် ပုံမှန်ထက် ကိုယ်အလေးချိန် လျော့ကျကုန်တယ်လို့ ဆိုပါတယ်။ ဝက်ဝံကောင်ရေ ၃၅၂ ကောင်ကို လေ့လာဆန်းစစ်ကြည့်တဲ့အခါ ပုံမှန်အ တိုင်း ကိုယ်ခန္ဓာဝဖြိုးနေဆဲ ကောင်ရေ ၅၀ အောက်သာ ရှိပါတော့တယ်။

နောက်ဆုံးအကြိမ် အာတိတ်ဒေသ၊ Baffin Bay မှာ ရှင်သန်နေထိုင်ကြတဲ့ ဝင်ရိုးစွန်းဝက်ဝံတွေကို စာရင်း ကောက်ယူခဲ့ရာ ကောင်ရေ ၂,၈၀၀ ကျော် ကျန်ရှိနေပါတယ်။ ဒါပေမယ့်လည်း ဒီအရင်က ဝက်ဝံကောင်ရေ စစ်တမ်း မယူခဲ့တာကြောင့် ကောင်ရေ တိုးပွားလာသလား၊ လျော့နည်းသွားသလား ဆိုတာကိုတော့ တပ်အပ် မပြောနိုင်ပါဘူး။

ဝင်ရိုးစွန်းဝက်ဝံတွေရဲ့ အနာဂတ်ဟာ လက်ရှိအတိုင်း ဆက်သွားနေမယ်ဆိုရင်တော့ ဝက်ဝံကောင်ရေလျော့နည်းသွားနိုင်တာကြောင့် ရာသီဥတုဖောက်ပြန်မှုရဲ့ဆိုးကျိုးကို ခံစားနေရတဲ့ သူတို့ကို ကာကွယ်ပေးနိုင်ဖို့ လိုအပ်နေပြီ လို့ သုတေသီတွေက လေ့လာချက်မှာ ဖော်ပြထားပါတယ်။

Ref: edition.cnn

You may also like these stories:
ဝက်တွေကို ပုံမှန်ထက် ပိန်အောင် မွေးနိုင်တော့မယ်
Your Thoughts …
Tags: ရာသီဥတုဝင်ရိုးစွန်းဝက်ဝံအပူချိန် မြင့်မားမှု
Aurora

Aurora

Contributor

Similar Picks:

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
15k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

ရခိုင် “ပုံမှန်အခြေအနေသစ်”

ရခိုင် “ပုံမှန်အခြေအနေသစ်”

by ဇေယျ (အညာ)
14 May 2024
6.9k

"အေးအခုတော့ မြောက်ဦးကို ငါတို့ ရခိုင်တွေကိုယ်တိုင် အုပ်ချုပ်နေပြီကွ"

မုတ်သုန်စစ်တွင် AA က စစ်ကောင်စီတပ်ကို ချေမှုန်းနေ

မုတ်သုန်စစ်တွင် AA က စစ်ကောင်စီတပ်ကို ချေမှုန်းနေ

by Marawaan Macan-Markar
2 August 2024
6.4k

အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်များကို ထိုးစစ်အရှိန်မြှင့်တင်ရန် ရွာသွန်းနေသည့် မုတ်သုန်မိုးကို အခွင့်ကောင်းယူနေသည်။

လေကြောင်းတိုက်ခိုက်မှုကြားက ပွင့်လင်းရာသီ အညာစစ်ဆင်ရေး

လေကြောင်းတိုက်ခိုက်မှုကြားက ပွင့်လင်းရာသီ အညာစစ်ဆင်ရေး

by ဧရာဝတီ
15 November 2024
3.4k

မေးစရာ မေးခွန်းမှာ မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ဆင်ရေးများကို အကောင်အထည် မည်သို့ဖော်မည်နည်း။ အရင်အတိုင်း ပြောက်ကျားပစ်ပြီး ပြန်ဆုတ်ခွာမည်လား၊ စစ်တပ်ကို ချေမှုန်းပြီး လွတ်မြောက်ဒေသ ထူထောင်နိုင်မည်လား။

ပွင့်လင်းရာသီနှင့် စစ်ကောင်စီ စစ်ဆင်မှု ဖြစ်နိုင်ခြေ

ပွင့်လင်းရာသီနှင့် စစ်ကောင်စီ စစ်ဆင်မှု ဖြစ်နိုင်ခြေ

by စွယ်တော်
13 December 2024
2.9k

ခြုံငုံ၍ ကြည့်မည်ဆိုပါက စစ်ရှုံးနေသည့် စစ်ကောင်စီသည် လေကြောင်းပစ်ကူ ပစ်အားဖြင့် တော်လှန်ရေးအင်အားစုများ၏ တိုက်စစ်ကို ခုခံနေမည့်သဘောကို တွေ့ရသည်။

သက်တမ်းရင့် အပင်ကြီးများကို ခုတ်ရောင်းပြီး ရန်ကုန် စည်ပင် ငွေရှာနေသလား

သက်တမ်းရင့် အပင်ကြီးများကို ခုတ်ရောင်းပြီး ရန်ကုန် စည်ပင် ငွေရှာနေသလား

by ဇုန်းရိန်
26 July 2025
2.3k

ပို၍ဆိုးရွားသည်မှာ ထိုခုတ်လှဲခဲ့သည့် သစ်ပင်များနေရာတွင် အစားထိုးသစ်ပင်များ ပြန်စိုက်ပျိုးမှု လုံးဝမရှိခြင်းဖြစ်သည်။

Next Post
သူလာလာ မလာလာ

သူလာလာ မလာလာ

မူလတန်း ကလေးငယ်အကုန်လုံး ခေါင်းတိုက်လေ့ကျင့်ခန်း မလုပ်ရတော့သလို နောက်ပိုင်းမှာလည်း အသက် ၁၂ နှစ် အောက်ကနေ ၁၆ နှစ်အောက်ထိပါ တိုးမြင့်သွားဖို့ စီစဉ်ထားပါတယ်။

မူလတန်းကျောင်းသားတွေကို ဘောလုံးလေ့ကျင့်ချိန်မှာ ခေါင်းတိုက် လေ့ကျင့်ခွင့် တားမြစ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved