• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Election 2020

NLD ဘာကြောင့် သောင်ပြို ကမ်းပြို နိုင်ခဲ့သလဲ

by ထွန်းထွန်း
12 November 2020
in Election 2020
A A
NLD ပါတီ ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် မန္တလေးမြို့ပေါ်တွင် အောင်ပွဲခံမှုများ / ဇော်ဇော် / ဧရာဝတီ

NLD ပါတီ ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် မန္တလေးမြို့ပေါ်တွင် အောင်ပွဲခံမှုများ / ဇော်ဇော် / ဧရာဝတီ

33k
VIEWS
Share on FacebookShare on Twitter

လူအများ အံ့ဩမှင်သက်စေခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရလဒ် ပြတ်သားမှုဟာ အမျိုးမျိုးသော ကြိုတင်ခန့်မှန်းမှုတွေကို တိတ်ဆိတ်သွားစေခဲ့ပါတယ်။

ရလဒ်တွေနဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က အလုံးစုံ အတည်ပြုထုတ်ပြန်တာ မရှိ သေးပေမယ့် ၂၀၁၅ ကထက်သာလွန်ကာ အစိုးရဖွဲ့နိုင်ဖို့ လိုအပ်တဲ့ အရေအတွက်ကို ကျော်လွန်အနိုင်ရနေပြီလို့ NLD တာဝန်ရှိသူအချို့က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အစောပိုင်းမှာတော့ NLD အစိုးရရဲ့ ပထမ ၅ နှစ်တာ ကာလအတွင်း ပြည်တွင်ငြိမ်းချမ်းရေး သိသာထင်ရှားတဲ့ အောင်မြင်မရခဲ့တာ၊ စီးပွားရေးနဲ့ ပတ်သက်ရင် လူထုက ထူးထူးခြားခြား တိုးတက်လာတယ်လို့ မခံစားရတာ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး မအောင်မြင်တာတွေက ရွေးကောက်ပွဲရလဒ်ကို ခန့်မှန်ဖို့ အခြေခံအချက်တွေ အနေနဲ့ စဉ်း စားခဲ့ကြပါတယ်။

ဒါ့အပြင် ပြည်နယ်တချို့မှာဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုတွေကိစ္စ၊ တံတားအမည်ပေးတဲ့ကိစ္စတွေနဲ့ ကိုဗစ်-၁၉ ကာလအတွင်း စိုးရိမ်စိတ်နဲ့ လူထုမဲပေးတာ လျော့ကျစေမယ်လို့ မှန်းဆချက်တွေဟာလည်း အပါအဝင် ပဲဖြစ်ပါတယ်။

NLD ပါတီ ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် မန္တလေးမြို့ပေါ်တွင် အောင်ပွဲခံမှုများ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

လွှတ် တော်ကိုယ်စားလှယ်ဟောင်း တဦးဖြစ်တဲ့ ဦးရဲထွန်း (သီပေါ) က “နားကြီးမျက်စိကြီးလို့ ပြောရမယ့် နိုင်ငံရေးနားလည်တဲ့သူတွေက ဒါတွေက NLD ရဲ့ အားနည်းချက်တွေ၊ ဒါတွေကို ပြည်သူလူထုက မကြိုက်လောက်ဘူးလို့ အထင်သေးတဲ့အခါကျတော့ သူ့ကို ထောက်ခံတဲ့ မဲလျော့သွားလိမ့်မယ်၊ ပါတီသစ်တွေကလည်း တော်တဲ့၊ အရည်အချင်းရှိတဲ့ နိုင်ငံရေးသမားတွေ ပါတယ်ဆိုပြီးတော့ မီဒီယာတွေမှာ လည်း ရေပန်းစားတယ်ပေါ့ဗျာ။ အဲ့လိုအနေအထားတွေကြောင့် လျော့သွားလိမ့်မယ်လို့ ခန့်မှန်းတာပေါ့” လို့ ဆိုပါတယ်။

ဒီမှန်းဆချက်တွေနဲ့ ပတ်သက်လို့တော့ ရွေးကောက်ပွဲနေ့ မဲရုံမဖွင့်မီမှာပဲ အဖြေကိုတွေ့ခဲ့ကြမှာပါ။ ကူးစက်မှု မြန်တဲ့ ကိုဗစ်-၁၉ ရောဂါရဲ့ ကန့်သတ်မှုတွေ၊ ဝေဖန်မှုတွေ၊ ရွေးကောက်ပွဲနီးကပ်လာချိန် ရွေးကောက်ပွဲ ကော်မရှင်ရုံး အပါအဝင် နေရာအချို့မှာ လက်ပစ်ဗုံးတွေ့ရှိခဲ့ဖြစ်စဉ်မျိုးတွေက လူထုကို တပ်လှန့်ခဲ့သလို ဖြစ်စေခဲ့ပါတယ်။

ဥပမာဆိုချင်တဲ့ ရလဒ်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကော့မှူးမဲဆန္ဒနယ်ကနေ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းကို ၃၉၄၅၅ မဲသာ အသာရခဲ့ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တော့ ၅၃၁၉၅ မဲအထိ အသာရခဲ့ပါတယ်။

အခုလို လူထုက အင်တိုက်အားတိုက်နဲ့ မဲပေးဖို့ ဘယ်လိုအကြောင်းအရာတွေက တွန်းပို့ခဲသလဲ၊ သုံး သပ်ခန့်မှန်း ချက်တွေက အမျိုးမျိုးရှိနေကြပေမယ့် လူထုရဲ့ အကြောက်တရား ကင်းလာတဲ့ အသိအမြင်ဟာ အရေးပါခဲ့တယ်လို့ အများစုက လက်ခံထားကြပါတယ်။

“ပြည်သူတွေရဲ့ အသိအမြင် ပွင့်လင်းလာမှုနဲ့ အကြောက်တရားနည်းလာတာက NLD အတွက် ဒီလိုရလဒ်တွေ ဖြစ် လာတယ်ပဲ မြင်ပါတယ်။ ငါတို့ရဲ့ အခြေအနေက ဘယ်လိုဆိုတာ သုံးသပ်မိသွားလို့ တကယ်လုပ်နိုင်မယ့် ပါတီကိုပဲ ဝိုင်းဝန်းထောက်ခံကြတယ်လို့ မြင်မိပါတယ်”လို့ မကွေးတိုင်းဒေသကြီး NLD အောင်နိုင်ရေးအဖွဲ့ဝင် ဦးကျော်ဌေး က ပြောပါတယ်။

ဒုတိယအချက်အနေနဲ့ NLD အစိုးရလက်ထက်မှာ စီးပွားဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်လို့ အခိုင်အမာပြစရာမရှိဘူး လို့ ဆိုကြပေမယ့် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဒေသအတွင်း လမ်းတွေ ကောင်းမွန်လာတာ၊ လျှပ်စစ်မီး တိုးတက် သုံးစွဲလာနိုင်တာ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ထောက်ပံ့မှုပေးတာတွေက အခြေခံလူထုအမြင် မှာ ရွေးကောက်ပွဲရလဒ်ကို အစုံတရာသက်ရောက်စေခဲ့ပါတယ်။

NLD ပါတီ ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် မန္တလေးမြို့ပေါ်တွင် အောင်ပွဲခံမှုများ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

ရွေးကောက်ပွဲအကြိုကာလအတွင်း ဧရာဝတီက တွေ့ဆုံမေးမြန်ခဲ့တဲ့ အခြေခံ လူထုနဲ့ ပြည်ပရောက်နေသူတွေ ကလည်း အစိုးရရဲ့ အခြေခံလိုအပ်ချက် ဖြည့်ဆည်းနိုင်မှုနဲ့ ဘယ်တုန်းကမှ မရဖူးတဲ့ ထောက်ပံ့မှုတွေကို ထုတ်ပြောခဲ့ ကြပါတယ်။

ဒီအပြင် အစိုးရဆက်ဆက် လက်အောက်မှာနေခဲ့တာ လူထုအနေနဲ့ ကိုဗစ်-၁၉ လို တကယ့်ကပ်ရောဂါဘေး ကြုံ လာရတဲ့အခါမှာ လူသိန်းချီ သေဆုံးခဲ့တဲ့ နာဂစ်မုန်တိုင်းဖြစ်ရပ် အမှတ်ရခဲ့ကြသလို NLD အစိုးရရဲ့ ကြင်နာ၊ စာနာ နားလည်းပေးမှုက အရာရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးကို “မည်သူမှ မကျန်ခဲ့စေရ” ဆိုတဲ့ မူကိုကိုင်စွဲပြီး အမျိုးသားလှုပ်ရှားမှုအနေနဲ့ စွမ်းဆောင်နိုင်ခဲ့တာကလည်း ရွေးကောက်ပွဲကို အကျိုးသက်ရောက် စေခဲ့တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။

“ဒီနေရာမှာ ကိုဗစ် နဲ့ နာဂစ်ကို ယှဉ်ကြည့်လိုရတယ်။ နာဂစ် မုန်တိုင်းလွန်ကာလမှာ အဲဒီအချိန် က တပ်မတော်အ စိုးရ အကြီးအကဲတွေအနေနဲ့ ရုပ်သံကနေတဆင့် လူထုကို တိုက်ရိုက်ထိတွေ့ ပြီး သေဆုံးမှုတွေအတွက် ဝမ်းနည်း စကားပြောကြားတာ၊ အစိုးရက ဆောင်ရွက် ပေးမယ့်အခြေအနေ တွေကို ရှင်းပြတာတွေမရှိဘူး။ တနိုင်ငံလုံး ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်ကာလ သတ်မှတ် တာမျိုးကိုလုပ်သင့်ပေမယ့် မလုပ်ခဲ့ဘူး။ အခြေခံဥပဒေ အတွက် ပြည်သူ့ဆန္ဒခံယူပွဲကိုတောင် အတင်းလုပ်ခဲ့လို့ အခြေခံဥပဒေကလည်း နာဂစ် ဥပဒေဆိုပြီး အခုထိ နာမည် ပျက်ခဲ့ရတယ်”လ ို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က Mizzima သတင်းဌာနနဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ သုံးသပ် ခဲ့တာ တွေ့ရပါတယ်။

NLD အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးကို နာစာမှုနဲ့ စွမ်းဆောင်ပြနိုင်ခဲ့သလို တဖက်က အတိုက်အခံဖြစ်တဲ့ နိုင်ငံ ရေးပါတီတွေဘက်ကလည်း ပြီးခဲ့တာ ၅ နှစ်အတွင်းမှာ အစိုးရအပေါ် အင်တိုက်အားတိုက် အတိုက်အခံလုပ်နိုင်တဲ့ အနေအထားမရှိခြင်းကလည်း အချက်တခုဖြစ်တယ်လို့လည်း လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။

“ရွေးကောက်ပွဲဟာ နိုင်ငံရေးပြဿနာတွေ၊ ဖွံ့ဖြိုးရေးတို့၊ ငြိမ်းချမ်းရေးတို့ စတဲ့ပြဿနာတွေဟာ ကိုဗစ်-၁၉ နဲ့အ တူ အမျိုးသားစည်းလုံးမှုကို တည်ဆောက်ရတဲ့ ကာလကြီးဖြစ်သွားတဲ့အတွက် NLD အနေနဲ့ ထူးခြားတဲ့အခွင့်အရေး ရသွားပြီး ထူးခြားတဲ့အောင်ပွဲကို ရသွားတယ်လို့ ကောက်ချက်ချပါတယ်” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

NLD ရဲ့ အနိုင်ရလဒ် ပြတ်သားမှုနဲ့ ပတ်သက်လို့ နိုင်ငံလေ့လားသူတွေ တူညီစွာပြောဆိုတဲ့ အချက်တခုဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲအနီးကပ်ကာလမှာ ထွက်ပြောခဲ့တဲ့ အချက်တွေနဲ့လည်း သက်ဆိုင်မှု ရှိနိုင်တဲ့လို့ သုံးသပ်ကြပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောဆိုချက်တွေဟာ လူထုအပေါ် စိုးရိမ်စိတ်မြှင့်တက်စေခဲ့သို့ မဲရုံသွားဖို့ စိတ်မဝင် စားတဲ့သူတွေတောင် မဲရုံကို သွားတဲ့အထိ ဖြစ်စေခဲ့တယ်လို့ Myanmar Institute for Peace and Security ရဲ့ အလုပ်အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက သုံးသပ်ပါတယ်။

ရွေးကောက်ပွဲကာလ မန္တလေးမြို့ နယ်တွင် အတွင်း မဲဆွယ်မှု မဲဆွယ်လှုပ်ရှားမှု (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

“ပြည်သူလူထုအမြင်မှာက တပ်မတော်အစိုးရနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိတယ်။ တပ်မတော်အစိုးရ လုပ်ခဲ့တဲ့ခေတ်ကို ပြန်တမ်းတတဲ့ သူက မရှိဘူးဗျ၊ အများစုက။ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းရှိနေတာရယ်၊ တပ်မတော်ရယ်၊ တပ် မတော်အစိုးရရယ်ကို ဆက်စပ်ပြီးတော့ လူထုက မြင်လိုက်တဲ့အခါမှာ ဒါက အာဏာရှင်စနစ်ရဲ့ ဆန့်ကျင်ဘက်က ဒီ NLD ပဲ ဖြစ်တယ်ဆိုတဲ့အမြင်နဲ့ မဲပေးတဲ့သဘောလည်း ပါပါတယ်။ အဲ့ဒါကြောင့်မလို့ NLD ရဲ့ စွမ်းဆောင်ရည်အ ပေါ်မှာ မေးခွန်းမထုတ်ဘဲ မဲပေးသွားတဲ့ ပုံစံမျိုးကို ကျနော်တို့ တွေ့ရပါတယ်” လို့ ဒေါက်တာမင်းဇော်ဦးက ဆိုပါ တယ်။

“မဲဆန္ဒရှင်အများစုက တပ်မတော်က အာဏာပြန်ယူတဲ့ အခြေအနေကို တားဖို့အတွက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် မှ တပါး အခြားမရှိလို့လက်ခံလိုက်တယ်။ တိုင်းရင်းသားတွေ ကိုယ်တိုင်ကလည်း တိုင်းရင်းသားပါတီတွေလည်း လုပ်နိုင် မှာမဟုတ်ဘူးလို့ ထင်သွားကြတယ်”

အာဏာရ NLD ပါတီအနေနဲ့ “အောင်လံ ခိုင်ဖို့ မဲပေးစို့” ဆောင်ပုဒ်နဲ့ ဒီမိုကရေစီအခြေမခိုင်သေးဘူးလို့ လူထုကို တပ်လှန့်နေတုန်းမှာ တပ်မတော်နဲ့ နိုင်ငံရေးပါတီတချို့ရဲ့ ဆောင်ရွက်ချက်တွေက ဖိအားတွေဖြစ်စေခဲ့တာဟာ တိုက်ဆိုင်ခဲ့တာဟာ လူထုကို ပိုမိုဆုံးဖြတ်ချက် ခိုင်မာစေခဲ့တယ်လို့လည်း လေ့လာသုံးသပ်သူ တချို့က ပြောပါ တယ်။

“မဲဆန္ဒရှင်အများစုက တပ်မတော်က အာဏာပြန်ယူတဲ့ အခြေအနေကို တားဖို့အတွက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် မှ တပါး အခြားမရှိလို့လက်ခံလိုက်တယ်။ တိုင်းရင်းသားတွေ ကိုယ်တိုင်ကလည်း တိုင်းရင်းသားပါတီတွေလည်း လုပ်နိုင် မှာမဟုတ်ဘူးလို့ ထင်သွားကြတယ်” လို့ ဦးရဲထွဋ်က သုံးသပ်ထားပါတယ်။

ဒီလိုသုံးသပ်ချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံရေး လေ့လာသုံးသပ် ဦးသန်းစိုးနိုင်ကလည်း “အားလုံးပေါင်းလိုက်ရင် NLD ပါတီဟာ ပြောရလို့ရှိရင် ပါတီနဲ့ အစိုးရအဖွဲ့ရဲ့ အားကောင်းမှုကြောင့် ဒီနေ့လို သောင်ပြိုကမ်းပြို ထပ်ပြီး တော့ အနိုင်ရတာမဟုတ်ဘဲနဲ့ NLD ပါတီအပေါ်မှာ မမျှတတဲ့ ဖိအားတွေ၊ ဝေဖန်တိုက်ခိုက်မှုတွေကြောင့် ကိုဗစ်-၁၉ လှုပ်ရှားမှုကြီးကို ဦးစီးနေတဲ့ NLD ပါတီခေါင်းဆောင်နဲ့ ပါတီအပေါ်မှာ လူထုက ပိုပြီးတော့ စေတနာ၊ ဂရုဏာ သက်ခဲ့ပါတယ်” လို့ ပြောပါတယ်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
556
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128

NLD ပါတီဘက်ကတော့ ပြတ်သားတဲ့ အနိုင်ရလဒ်ဟာ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထု ယုံကြည်အားထားမှုအပြင် ပါတီရဲ့ စွမ်းဆောင်မှုတွေကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

“ပြည်သူလူထုရဲ့ တက်ကြွမှုနဲ့ အမျှော်အမြင်ရှိမှုပါပဲ။ အဲ့လိုပဲ ပြောချင်ပါတယ်။ လူထုနဲ့အတူ အနစ်ခံပြီးတော့ ရပ် တည်တယ်။ ပါတီထဲမှာ ပါတဲ့သူတွေကလည်း ဘာပဲဖြစ်ဖြစ် စစ်အာဏာရှင်တွေကို ခုခံတွန်းလှန်ရဲတဲ့ ပါတီဝင်တွေ ဖြစ်တယ်ဆိုတာတွေကို ကြည့်ပြီးတော့ မဲပေးခဲ့ကြတယ်လို ယူဆပါတယ်” လို့ NLD ပါတီ ဗဟိုပြန်ကြာရေး တာ ဝန်ခံ မုံရွာအောင်ရှင်က ဆိုပါတယ်။

ရွေးကောက်ပွဲကာလ မန္တလေးမြို့ နယ်တွင် အတွင်း မဲဆွယ်မှု မဲဆွယ်လှုပ်ရှားမှု (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

NLD အနေနဲ့ အမျိုးသားနိုင်ငံရေး အားကောင်းတဲ့ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့လို့ နေရာ တွေကလွဲလို့ တိုင်းဒေသကြီးအာလုံးနဲ့ အခြားသော ပြည်နယ်တွေမှာပါ အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

ဒါဟာ NLD ပါတီကိုယ်စားပြုထားတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်လောင်းတွေရဲ့ စွမ်းဆောင်မှုကြောင့်လို့ ယူဆ နိုင်သလို သက်ဆိုင်ရာ ဒေသတွေက လူထုရဲ့ ပြည်နယ်အခြေစိုက် ပါတီတွေအပေါ် ယုံကြည်မှုနဲ့ သက်ဆိုင်နေတာ ဖြစ်ပါတယ်။

ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်ကတော့ “အနာဂတ်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နဲ့ NLD ပါတီကပဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြန်လည်သင့်မြတ်ရေး၊ ဖွံ့ဖြိုးတိုးတက် ရေးဆိုတာတွေကို လုပ်ဆောင်နိုင်မယ်လို့ အားကိုးမှုက ချင်းပြည်နယ်မှာ အပြည့်အဝရှိတယ်။ အဲ့ဒါကြောင့်လည်း ကျနော်တို့ နိုင်တာလို့ ပြောချင်ပါတယ်”လို့ သုံးသပ်ပါတယ်။

မည်သို့ပင်ဆိုကြစေ ဒေါ်အောင်ဆန်းစုကြည်ခေတ်အလွန် နိုင်ငံရေးအလားအလားအတွက် ပါတီသစ်တွေကလည်း ခြေစမ်းခဲ့ ကြတာကို တွေ့မြင်ခဲ့ရပြီဖြစ်သလို အာဏာရ NLD ပါတီရဲ့ အစိုးရသစ်အပေါ် ပြည်သူလူထုရဲ့ မျှော်လင့် ချက်တွေ ပိုမိုမြှင့်မားလာမှာလည်း ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့တော့ “တလုံးတည်း ချုံ့ပြောရရင် ဒီရွေး‌ကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုးသားမှုနဲ့ မေတ္တာ၊ စေတနာအပေါ်မှာ လူထုကနေ တုံ့ပြန်ထောက်ခံလိုက်တာလို့ ပြောချင်ပါတယ်” လို့ ဦးသန်းစိုးနိုင်က သုံးသပ်ထားပါတယ်။

You may also like these stories:

ကန်ကြီးထောင့်မြို့နယ်တွင် NLD ပါတီဝင်တဦး အသတ်ခံရ

မန္တလေးတိုင်းတွင် ရွေးကောက်ပွဲ ရှုံးခဲ့သည့် နေရာအားလုံး NLD ပြန်အနိုင်ရ

တောင်ကုတ်မှာ NLD ပါတီ ဘာကြောင့် ရွေးကောက်ပွဲရှုံးသလဲ

Your Thoughts …
Tags: NLDဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

Next Post
ကျန်းမာရေးဝန်ထမ်းတွေကို သနားပါ (ရုပ်/သံ)

ကျန်းမာရေးဝန်ထမ်းတွေကို သနားပါ (ရုပ်/သံ)

အဖမ်းခံရတဲ့ တောင်ကုတ် NLD လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲ ရှုံးတာ ဘာကြောင့်လဲ (ရုပ်/သံ)

အဖမ်းခံရတဲ့ တောင်ကုတ် NLD လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲ ရှုံးတာ ဘာကြောင့်လဲ (ရုပ်/သံ)

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved