• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ထန်တလန်က မီး

by ဧရာဝတီ
30 October 2021
in ဆောင်းပါး
A A
အောက်တိုဘာလ ၂၉ ရက်နေ့ စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရပြီးနောက် ထန်တလန်မြို့ မီးလောင်ကျွမ်းနေစဉ်

အောက်တိုဘာလ ၂၉ ရက်နေ့ စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရပြီးနောက် ထန်တလန်မြို့ မီးလောင်ကျွမ်းနေစဉ်

10.5k
VIEWS
Share on FacebookShare on Twitter

တောင်တန်းများနှင့် ဝိုင်းရံနေသော ချင်းပြည်နယ်၏ မြို့လေးများသည် နံနက်ခင်းတိုင်းတွင် မြူခိုးတဝေဝေနှင့် ရှိနေတတ်သည်။

သို့သော် အောက်တိုဘာ ၃၀ ရက် နံနက်အစောပိုင်းတွင်မူ ချင်းပြည်နယ်ရှိ စိမ်းပြာရောင်တောင် အထပ်ထပ်နှင့် ဝန်းရံထားသော ထန်တလန် မြို့လေးသည် မြူနှင်းတွေအစား မီးတောက်မီးလျှံများနှင့် မီးခိုးများဖုံးနေသည့် ပုံများ ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့လာခဲ့သည်။ အစိမ်းရောင် တောင်တန်းများအကြားတွင် ခေါင်မိုးနီရဲရဲနှင့် အိမ်များ ပြည့်နှက်နေသည့် တောင်ပေါ်မြို့ကို မီးတောက်တို့က အလျင်မပြတ် ဝါးမြိုနေသော ဓာတ်ပုံမှာ ကမ္ဘာပျံ့သွားခဲ့သည်။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက ထန်တလန်မြို့သည် Vuichip တောင်နှင့် Marau တောင်ကြားတွင် တည်ရှိပြီး အရှေ့ဘက်မှ Buhva ချောင်းနှင့် အနောက်ဘက်မှ Lahva ချောင်းတို့ စီးဆင်းလျှက်ရှိသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
106
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
388
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.7k

အေးချမ်းလှသော တောင်ပေါ်မြို့ တမြို့ဟု ရောက်ဖူးသူတိုင်း မှတ်ချက်ပြုခဲ့ရသော ချင်းပြည်နယ် ထန်တလန်မြို့သည် ပူပြင်းလှသော မီးတောက်တို့ကြားတွင် မရှူမလှ လောင်ကျွမ်းခံနေရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရပြီးနောက် သာယာလှပသော ထန်တလန်မြို့တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး အောက်တိုဘာလ ၃၀ ရက်နံနက် နံနက် အစောပိုင်းအထိ တနေ့နှင့် တညလုံး လောင်ကျွမ်းခဲ့သည်။

စက်တင်ဘာလကတည်းက ထန်တလန် တမြို့လုံးနီးပါး စစ်ဘေးရှောင်နေရခြင်းကြောင့် မီးငြှိမ်းသတ်မည့်သူ မရှိဘဲ Church on the Rock (COTR) ဘုရားကျောင်းနှင့် Presbyterian စသည့် ဘုရားရှိခိုးကျောင်း ၂ ကျောင်းအပြင် ခရစ်ယာန်နှစ်ခြင်း အသင်းရုံးချုပ် အပါအဝင် အိမ်ခြေ ၁၆၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ထန်တလန်မြို့ပေါ် ရပ်ကွက် ၅ခုရှိ လူနေအိမ် ၁၆၃ ကျော်ကို စစ်ကောင်စီက မီးလောင်တိုက်သွင်းခဲ့ခြင်း ဖြစ်သည်။

“ဒီမနက်ပိုင်း မီးလောင်တာက ငြိမ်နေပြီ၊ အခုကလည်း အငွေ့တွေပဲ ထွက်တော့တယ်။ ပါသွားတာက ဘာသာရေး အဆောက်အအုံ ဘုရားကျောင်းက ၂ ခုပါတယ်။ ထန်တလန် နှစ်ခြင်း အသင်းတော် ဘုရားကျောင်းရုံးချုပ် တခု ပါတယ်။ ဘာသာရေးနှင့် ပတ်သက်ရင် ၃ ခု” ဟု CDF – ထန်တလန်ကပြောသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ ထန်တလန်မြို့ စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရစဉ်

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှ ဆိုလျှင် ယခု မီးလောင်ကျွမ်းခံရသော ထန်တလန်မြို့သို့ ၁ နာရီခန့်သွားရပြီး ၂၅ မိုင်ခန့် ကွာဝေးသည်။

ဟားခါးမြို့ အနောက်ဘက်ခြမ်း ကျေးရွာအုပ်စု ၃၈ ခုကို သီးခြားမြို့နယ်အဖြစ် သတ်မှတ်ကာ ထန်တလန်မြို့နယ်အဖြစ် ၁၉၇၂ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထန်တလန်မြို့နယ်တွင် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၃၆ စု နှင့် ကျေးရွာပေါင်း ၈၅ ရွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ထန်တလန်မြို့၏ မြို့တည်သက်တမ်းသည် နှစ်ပေါင်း ၅၀ ကျော်ခန့်သာ ရှိသေးပြီး အချို့နေအိမ်များသည် ပြီးခဲ့သည့်နှစ်ပိုင်းကမှသာ တည်ဆောက်ထားသည့် အိမ်သစ်များဖြင့် ပြည့်နှက်နေသည့် တောင်ပေါ်မြို့သစ် တခုဖြစ်သည်။

ထန်တလန်မြို့မှ စွန့်ခွာထွက်ပြေးခဲ့ရသည့် စစ်ဘေးရှောင်များစွာသည် ၎င်းတို့နေအိမ်များကို လောင်မြိုက်နေသော မီးတောက်များအား အနီးအပါး တောင်တန်းများမှ ရှုမျှော်ရင်း ဝမ်းနည်း ကြေကွဲနေကြရသည်။

“ထန်တလန်က အိမ်ကို ၂၀၀၂ ခုနှစ်က ဘုရားသခင်က ပေးခဲ့ပြီး ၂၀၂၁ ခုနှစ် မှာ ပြန်ယူသွားခဲ့ပြီ။ နှစ် ၂၀ နီးပါး ငှားရမ်းပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” ဟု Pi Hniar Te အမည်ဖြင့် ထန်တလန်ဒေသခံ တဦးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့သည်။

စစ်အာဏာမသိမ်းမီက ငြိမ်းချမ်းသာယာနေသော ထန်တလန်မြို့

အပြေးအလွှား စစ်ဘေးရှောင်လာရသဖြင့် ရှိသမျှပစ္စည်းအားလုံးကို နေအိမ်တွင် ထားခဲ့ရသည့် ထန်တလန်မြို့သူ မြို့သားတို့မှာ နေအိမ်တွင်သာမက နေအိမ်ရှိပစ္စည်း အားလုံးကို ဆုံးရှုံးရခြင်း ဖြစ်သည်။

“စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အလုပ်လည်းလုပ်မရ၊ ကိုယ့်အိမ်ကိုယ်ရာနဲ့ ပစ္စည်းတွေလည်း အကုန်လုံး ပါသွားတဲ့ အခါကျတော့ ကျနော်တို့လည်း စစ်ဘေးရှောင်ဆိုတော့ ပစ္စည်းက ဘာမှကို မယူလာနိုင်ဘူးလေ။ အိမ်မှာကျန်ခဲ့တာတွေ အကုန်လုံးက မီးထဲပါသွားတော့ လက်ဗလာလို ဖြစ်သွားပြီ” ဟု ဒေသခံ တဦးက ပြောသည်။

စက်တင်ဘာလအတွင်းကပင် အဝတ်တထည် ကိုယ်တခုဖြင့် စပ်တပ်၏ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရသည့် အဆိုပါ ဒေသခံသည် ယခုမီးလောင်မှု ဖြစ်စဉ်တွင်လည်း ကျန်ရှိနေခဲ့သည့် နေအိမ်ကိုပင် ဆုံးရှုံးလိုက်ရကာ စစ်တပ်အာဏာသိမ်းပြီးနောက် လပိုင်းအတွင်း အိမ်ခြေမဲ့ ဘဝသို့ ရောက်ရှိသွားပြီလည်း ဖြစ်သည်။

ထန်တလန်မြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး မီးတင်ရှို့ခဲ့သည်မှာ ယခုအကြိမ်သည် ပထမအကြိမ် မဟုတ်ပေ။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့ ကမူ လက်နက်ကြီးဖြင့် ပစ်ခတ်ရာတွင် လောင်ကျွမ်းနေသော မီးကို ငြှိမ်းသတ်ရန်သွားရောက်ခဲ့သည် သင်းအုပ်ဆရာတဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်ခဲ့ သော ထန်တလန်မြို့သည်လည်း သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ကာ ပြည်သူ့ကာကွယ်ရေးတပ် (ထန်တလန်)နှင့် စစ်ကောင်စီတပ်များ ထိတွေ့ တိုက်ပွဲများ စတင်ခဲ့သည်။

စစ်ကောင်စီက ထန်တလန်မြို့ကို အငြှိုးထားဖိနှိပ်မှုများ ဆက်တိုက်ပြုလုပ်နေခဲ့သည်။ စက်တင်ဘာလ ၉ ရက်နေ့က လက်နက်ကြီးဖြင့် ပစ်ခတ်စဉ်ကလည်း နေအိမ်တလုံး မီးလောင်ကျွမ်းပျက်စီးခဲ့ကာ စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း ဂျွန်ဆင် အောက်မေ့ဖွယ်နှစ်ခြင်း အသင်းတော် ဘုရားကျောင်းသို့ လက်နက်ကြီးကျည် ကျရောက် ပျက်စီးခဲ့ရသေးသည်။

စက်တင်ဘာ ၁၈ ရက်နေ့က မီးလောင်ကျွမ်းမှုတွင် အိမ်ခြေ ၁၈ လုံးခန့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည်။

စက်တင်ဘာလအတွင်းကလည်း စစ်တပ်က မြို့တွင်းသို့ လက်နက်ကြီးများ ပစ်သွင်းခဲ့သည်

အောက်တိုဘာလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ယခုတကြိမ် လောင်ကျွမ်းမှုတွင်မူ အိမ်ခြေများ ရာချီဆုံးရှုံးခဲ့ရပြန်ပြီဖြစ်သည်။

မီးလောင်ကျွမ်းရာတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရုံမျှ မဟုတ်ဘဲ တမင်ရည်ရွယ်မီးရှို့မှုများ ရှိခဲ့ကြောင်း ဒေသခံအချို့ကလည်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထန်တလန်မြို့ရှိ ဒေသခံများ၏ နေအိမ်များနှင့် ဆိုင်များကို ဖောက်ထွင်းဝင်ရောက်ပြီး ပစ္စည်းများ ယူငင်နေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထန်တလန်က စစ်ကောင်စီတပ်သား ၁ ဦးကို ပစ်သတ်ခဲ့ရာမှ စတင်ခဲ့ပြီး လက်နက်ကြီးဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“စစ်ကောင်စီ တပ်သားတွေက မြို့ထဲမှာ ဆိုင်တွေကို ဖောက်ထွင်းကြတာ အဲဒီမှာ ၁ ကောင်က ဆိုင်ကို ဖောက်ထွင်းနေတုန်းမှာ မိပြီး သူ့ကို သတ်ပစ်လိုက်တယ်။ အဲဒီကနေ စတာ။ သက်သက်မီးရှို့တယ်လို့ ကျနော်တို့ ယူဆပါတယ်။ လက်နက်ကြီး ပစ်တဲ့ အချိန်မှာ အိမ်က သိပ်မလောင်လိုက်ဘူး။ အခုကတော့ ထန်တလန်က မီးပြန့်နေပြီ” ဟု CDF – ထန်တလန်က ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မီးလောင်ကျွမ်းခံရသည့် နေအိမ်ပိုင်ရှင်တဦးကလည်း “စစ်သားတွေက တမင်သက်သက်ကို ထန်တလန်မြို့ ပြည်သူလူထုအိမ်တွေကို တမင်ဖျက်ဆီးသလို ဆိုတော့ မီးမလောင်ခင်ကတည်းကိုက လမ်းဘေးက ဆိုင်ခန်းတွေ အကုန်လုံး ဖောက်ထွင်းပြီးတော့မှ ပစ္စည်းတွေ၊ ဆန်တွေ ၊ ဆားတွေ ၊ အဝတ်အထည်တွေ ရှိတာတွေ အကုန်လုံး ခိုးပြီးတော့မှ စစ်ကားနဲ့ လုပ်ပြီးတော့မှ တမင်သက်သက်ကို လက်နက်ကြီးနဲ့ မီးလောင်အောင်ဆိုပြီး လုပ်တာ”ဟု ပြောသည်။

စစ်ကောင်စီသည် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေသူများကို အကြောက်တရားများ ရိုက်သွင်းရန် ရည်ရွယ်ပြီး ယင်းကဲ့သို့ မြို့ကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ယူဆလျက်ရှိသည်။

မြို့တမြို့လုံးတွင် မီးခိုးနံ့များ ဖုံးလွှမ်းပြီး မီးလောင်ငုတ်တိုများ မီးလောင်ပြင်များ ပြန့်ကျဲနေပြီး လူသူကင်းမဲ့သည့် မြို့ပျက်ကြီးသာ ကျန်ရစ်ခဲ့သော ထိုအဖြစ်ဆိုးက ထန်တလန်သားတို့ ရင်ထဲတွင် ကြောက်ရွံ့ အရှုံးပေး အားငယ်မှုများအစား မခံချင်စိတ်နှင့် အားမာန်များသာ မွေးဖွားပေးသည်။

“ကျနော်တို့မြို့ကို ပြန်ယူမယ်၊ ကျနော်တို့ မြို့ကို ပြန်သိမ်းမှာပါ” ဟု ဒေသခံကာကွယ်ရေး တပ်ဖွဲ့ CDF- ထန်တလန် အဖွဲ့ဝင် တဦးက ဆိုသည်။

You may also like these stories:

မြန်မာစစ်တပ် ညှင်းပမ်းနှိပ်စက်မှုများကို စုံစမ်းစစ်ဆေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း

လှိုင်သာယာမှ ကျူးကျော်အိမ်များ စစ်ကောင်စီ အင်အားသုံး ဖြိုဖျက်

ချင်းက မသန်စွမ်း စစ်ရှောင်တွေကို ကူညီပါ

နာကျင်စရာတွေကို ခွန်အားအဖြစ် ပြောင်းပစ်မယ်လို့ မနီလာသိန်း ပြော

Your Thoughts …
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၁၈ နိုဝင်ဘာတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်၌ စစ်တပ်ကိုယ်စားလှယ်များအား မြင်ရစဉ် / ဧရာဝတီ 

PR စနစ်နဲ့ စစ်ကောင်စီ နိုင်ငံရေးအသက်ဆက်ချင်

လက်နက်အားကိုးပြီး ခေတ်အဆက်ဆက် ဗိုလ်ကျနေတဲ့ စံနစ်ဆိုးကြီးကို တိုက်ဖျက်ပစ်ရမယ် (ရုပ်/သံ)

လက်နက်အားကိုးပြီး ခေတ်အဆက်ဆက် ဗိုလ်ကျနေတဲ့ စံနစ်ဆိုးကြီးကို တိုက်ဖျက်ပစ်ရမယ် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved