ဆောင်းပါး

မြန်မာကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ထိုင်းက နယ်စပ်ဖြတ်ကျော်ခွင့်ပေးပါ

လွန်ခဲ့သောနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ကိုဗစ်နိုင်တင်း တိုက်ဖျက်ရေးလုပ်ငန်းသည် ဖရိုဖရဲ ဖြစ်နေသည်။

ကျန်းမာရေးဝန်ထမ်း ထောင်ပေါင်းများစွာသည် လူထုအာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်သောကြောင့် ပုန်းအောင်းနေထိုင်ရ၊ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသောကြောင့် ကျန်းမာရေးစနစ်သည် ပြိုလဲလုနီးပါး ဖြစ်နေသည်။

မြန်မာမှ ရရှိသော သတင်းအချက်အလက်များ မလုံလောက်မှုဖြစ်နေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သောကြောင့် ဒေသတွင်း ကျန်းမာရေး ပြဿနာများနှင့် ပတ်သက်ပြီး နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော ကူးစက်ရောဂါ ပညာရှင် ဒေါက်တာ ဗစ် ဆုဝန်ဗန်နစ်ကစ်က လွန်စွာ စိုးရိမ်ပူပန်နေသည်။

ကိုဗစ်နိုင်တင်း ဗိုင်းရပ်စ်နဲ့ သူ့ရဲ့မျိုးကွဲတွေနဲ့ပတ်သက်ပြီး မြန်မာဘက်က ဘာသတင်းမှ မရသလောက် ဖြစ်နေတယ်။ မြန်မာ့ကျန်းမာရေး စနစ်ပြိုလဲလုနီးဖြစ်နေပြီး စမ်းသပ်စစ်ဆေးမှုနဲ့ မျိုးဗီဇ စောင့်ကြည့်လေ့လာနိုင်တဲ့ စွမ်းရည် မရှိတာကြောင့် မြန်မာမှာ ဘာဖြစ်နေတယ်ဆိုတာ ကျနော်တို့မသိသလို ဘယ်သူမှလည်း မသိကြဘူး

“ကိုဗစ်နိုင်တင်း ဗိုင်းရပ်စ်နဲ့ သူ့ရဲ့မျိုးကွဲတွေနဲ့ပတ်သက်ပြီး မြန်မာဘက်က ဘာသတင်းမှ မရသလောက် ဖြစ်နေတယ်။ မြန်မာ့ကျန်းမာရေး စနစ်ပြိုလဲလုနီးဖြစ်နေပြီး စမ်းသပ်စစ်ဆေးမှုနဲ့ မျိုးဗီဇ စောင့်ကြည့်လေ့လာနိုင်တဲ့ စွမ်းရည် မရှိတာကြောင့် မြန်မာမှာ ဘာဖြစ်နေတယ်ဆိုတာ ကျနော်တို့မသိသလို ဘယ်သူမှလည်း မသိကြဘူး” ဟု သူက ပြောသည်။

ပြင်ပမှလေ့လာသူများ သိရှိရသည်မှာ မြန်မာနိုင်ငံအတွင်း ကိုဗစ်နိုင်တင်း ထိန်းချုပ်မှုမဲ့ ပျံ့နှံ့နေခြင်းသည် စစ်ဘေးရှောင်စခန်းများတွင် စုပြုံတိုးဝှေ့ နေထိုင်ရသူများအတွက် ပိုမိုဆိုးရွားသော အခြေအနေကို ဖြစ်စေသည် ဆိုသည့်အချက်သာ ဖြစ်သည်။

စစ်အာဏာသိမ်းမှုဖြစ်ပွားချိန်မှ စတင်ပြီး ကယားပြည်နယ် ထက်ဝက်သည် စစ်ဘေးရှောင်နေရပြီး မည်သည့် တရားဝင်ကျန်းမာရေး စောင့်ရှောက်မှုမျှ မရှိတော့ပေ။ တနိုင်ငံလုံးတွင် စစ်ဘေးရှောင် ၈ သိန်းခန့် ရှိနေသည်။

စစ်ဘေးရှောင်များ ရင်ဆိုင်နေရသည့် အခြေအနေများသည် ဗိုင်းရပ်စ်မျိုးဗီဇ ကူးပြောင်းမှု ကြီးမားသော အတိုင်းအတာဖြင့် ဖြစ်ပွားမည့် ပြင်းထန်သော အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ဗိုင်းရပ်စ်မျိုးဗီဇ အဆင့်မြင့်တက်မှု ဖြစ်ပွားမည့် အဓိပ္ပာယ် သက်ရောက်နေကြောင်း ဒေါက်တာ ဗစ်က ပြောသည်။ မြန်မာနိုင်ငံသည် ဗိုင်းရပ်စ်ပိုး အကြီအကျယ်ပျံ့နှံ့စေမည့် နိုင်ငံဖြစ်လာမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်းလည်း သူကပြောသည်။

နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခြင်း

စစ်အုပ်စုက အာဏာကို ချုပ်ကိုင်ထားသည့် ကာလတလျှောက်လုံးတွင် အင်အားချိနဲ့နေသော နိုင်ငံပိုင် ကျန်းမာရေးကဏ္ဍသည် စွမ်းရည်ကင်းမဲ့နေမည်ဖြစ်ပြီး ထိရောက်သော ကာကွယ်ဆေးနှင့် ကိုဗစ်နိုင်တင်း စောင့်ကြည့်ခြင်းကို ဆောင်ရွက်နိုင်သည့် သမာသမတ်ရှိမှုလည်း ကင်းမဲ့နေမည် ဖြစ်သည်။ ယခုအခါ အစိုးရ၏ ကျန်းမာရေးကဏ္ဍတွင် စစ်ဘက်မှ ဝန်ထမ်းများကို ပိုမိုသုံးစွဲနေရသည်။

သို့သော် အနောက်တိုင်း အကူအညီနှင့် ကိုဗစ်ကာကွယ်ဆေး အများစုကို ရန်ကုန်သို့သာ ပို့ဆောင်ပေးနေပြီး ကာကွယ်ဆေးဖြန့်ချိမှုကို စစ်အာဏာပိုင်များက စိတ်ထင်သလိုလုပ်နေကာ ဖြန့်ချိခွင့် ပါမစ်များ ပေးနေသည်။

နိုင်ငံတကာ အကူအညီပေးရေး အသိုက်အဝန်းအတွက် လိုအပ်ချက်မှာ လက်တွေ့နှင့် နိုင်ငံရေးအရ မည်သည့် အကျပ်အတည်းမဆို ရှိနေစေကာမူ ထိုင်းနှင့် အိန္ဒိယနိုင်ငံများမှ အခြားလမ်းကြောင်းများဖြင့် လူသားချင်းစာနာမှု အကူအညီပေးရေးစင်္ကြံများ ဖြန့်ကျက်ရေး လေးနက်သော အားထုတ်မှုများ ပြုလုပ်ရန် ဖြစ်သည်

နိုင်ငံတကာ အကူအညီပေးရေး အသိုက်အဝန်းအတွက် လိုအပ်ချက်မှာ လက်တွေ့နှင့် နိုင်ငံရေးအရ မည်သည့် အကျပ်အတည်းမဆို ရှိနေစေကာမူ ထိုင်းနှင့် အိန္ဒိယနိုင်ငံများမှ အခြားလမ်းကြောင်းများဖြင့် လူသားချင်းစာနာမှု အကူအညီပေးရေးစင်္ကြံများ ဖြန့်ကျက်ရေး လေးနက်သော အားထုတ်မှုများ ပြုလုပ်ရန် ဖြစ်သည်ဆိုသည့်အချက်ကို အငြင်းပွားရန် မလိုပေ။

မြန်မာမှ စစ်ပွဲအပေါ် ထိုင်းစစ်ဘက် အာဏာပိုင်များ၏ အဓိကတုံ့ပြန်မှုမှာ နယ်စပ်ထိန်းချုပ်မှု တင်းကျပ်ခြင်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ ဒုက္ခသည်များထံ သွားရောက်နိုင်ခြင်း မရှိအောင် လုပ်ဆောင်ခြင်းသာ ဖြစ်သည်။

နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး ထိုင်းနိုင်ငံက တရားဝင်ခွင့်ပြုထားခြင်း မရှိဘဲ ထွက်ပြေးလာသူ ထောင်ပေါင်းများစွာကိုလည်း မြစ်ကမ်းတဘက်သို့ ပြန်လည် မောင်းထုတ်နေသည်။

နယ်စပ်လုံခြုံရေးကို ကိုင်တွယ်ရာတွင် ထိုင်းအစိုးရသည် လွန်စွာရှေးရိုးဆန်သည့် အစီအမံများကိုသာ စိတ်ဝင်စားနေသောကြောင့် မည်သည့် သမားရိုးကျ လုံခြုံရေး အစီအမံကမျှ နိုင်ငံတကာနယ်နိမိတ်သို့ ဗိုင်းရပ်စ် ပျံ့နှံ့မှုကို တားဆီးနိုင်မည် မဟုတ်ကြောင်း နားမလည်နိုင်တော့ပေ။

“ကိုဗစ်က ဘယ်နိုင်ငံပိုင်နက်၊ နယ်နိမိတ်၊ အတွေးအခေါ်၊ နိုင်ငံရေးပါတီကိုမှ အလေးမထားဘူး။ ကိုဗစ်က အားလုံးကို တန်းတူထား သတ်ဖြတ်သူဖြစ်တယ်” ဟု ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စတာ တွမ် အင်ဒရူးက ပြောသည်။

ကုလသမဂ္ဂက ထောက်ခံအတည်ပြုသည့် အရေးပါသော လူသားချင်းစာနာမှု နယ်စပ်ဖြတ်ကျော် ကြားဝင်ဆောင်ရွက်ပေးမှု မရှိပါက ထိုင်း၊ တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် ဗိုင်းရပ်စ်ပိုး အကြီးအကျယ် ဖြန့်ချိနေသည့် နိုင်ငံနှင့်ထိတွေ့ရပြီး အကာအကွယ် ကင်းမဲ့နေမည် ဖြစ်သည်။

ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်း တက္ကသိုလ်၊ ဆေးပညာ မဟာဌာနမှ ကူးစက်ရောဂါ ပညာရှင် ဒေါက်တာ သီရာ ဝိုရာ ဝိုရက်တန်နာရက်က “မြန်မာနိုင်ငံထဲမှာ ကာကွယ်ဆေးထိုးခြင်း ကင်းမဲ့မှုနဲ့ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေက ဂရုမစိုက်ကြဘူး” ဟု ပြောသည်။

လက်ရှိအချိန်အထိ ထိုင်းနိုင်ငံသည် မြန်မာမှ ထွက်ပြေးလာသူများအတွက် ကြိုတင်ပြင်ဆင်မှု တစုံတရာ လုပ်ဆောင်ခြင်း မရှိသေးပေ။ ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်း တက္ကသိုလ်၊ ဆေးပညာ မဟာဌာနမှ ကူးစက်ရောဂါ ပညာရှင် ဒေါက်တာ သီရာ ဝိုရာ ဝိုရက်တန်နာရက်က “မြန်မာနိုင်ငံထဲမှာ ကာကွယ်ဆေးထိုးခြင်း ကင်းမဲ့မှုနဲ့ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေက ဂရုမစိုက်ကြဘူး” ဟု ပြောသည်။

“အဲဒီဒေသတွေမှာ ဒီရောဂါကို ထိန်းချုပ်မရနိုင်တော့ကြောင်း ထင်ရှားရင် နယ်စပ်ဖြတ်ကျော် ဆေးဘက်ဆိုင်ရာ အကူအညီက အရေးကြီးတယ်။ ကပ်ရောဂါ ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံလုံး အကျိုးရှိစေဖို့ ဒီလမ်းကြောင်းကို အသုံးပြုမယ်ဆိုရင် ထိုင်းအစိုးရတွက် အခွင့်အလမ်းကောင်းတခု ဖြစ်တယ်။ ပညာပေးခြင်း၊ ကျန်းမာရေး ဝန်ဆောင်မှုနဲ့ ဆေးဝါးအကူအညီတွေကလည်း ကောင်းမွန်တဲ့ ကြားဝင်ဆောင်ရွက်ပေးမှု ဖြစ်နိုင်တယ်” ဟု သူက ပြောသည်။

မြန်မာနှင့် နယ်နိမိတ် ၂,၀၀၀ ကီလိုမီတာ ထိစပ်နေသည့် တရုတ်နိုင်ငံသည် ကြိုတင်ပြင်ဆင်မှုရှိပြီး ကာကွယ်ဆေးထိုးရန် တရုတ် ကြက်ခြေနီအသင်းများကို ကချင်နှင့် ရှမ်းပြည်နယ်များသို့ စေလွှတ်နေခဲ့သည်။

လွန်ခဲ့သောနှစ်က လိုင်ဇာဌာနချုပ်တွင် လူပေါင်း ၁၀,၀၀၀ ကို ကာကွယ်ဆေးထိုးခဲ့ကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ချုပ် (KIO) က ပြောသည်။ တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သို့ ကာကွယ်ဆေး သန်းတဝက်ပေးရန် ကတိပြုထားသည်။

နယ်စပ်ဖြတ်ကျော်ရေး ထိုင်းက ကူမလား

အစိုးရမဟုတ်သော အဖွဲ့အစည်းများက လူသားချင်းစာနာမှု အကူအညီများပေးရေးနှင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးခြင်းကို ခွင့်ပြုရန် ထိုင်းနိုင်ငံက ငြင်းဆန်နေခြင်းသည် တစိတ်တပိုင်းအားဖြင့် အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြုံရေး စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်နေသည်။

သို့သော် ပုံမှန်အားဖြင့် နယ်စပ်ဖြတ်ကျော် အကူအညီများအတွက် နိုင်ငံတနိုင်ငံ၏ သဘောတူညီချက်ယူရန် လိုအပ်သည့် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေသည် အရေးပေါ် လူသားချင်းစာနာမှု အခြေအနေများနှင့် သက်ဆိုင်ခြင်း မရှိကြောင်း အမေရိကန် အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်သည့် Relief International က ပြောသည်။

အကူအညီလိုအပ်နေပြီး အကူအညီပေးရန် အားထုတ်မှုများသည် လူသားချင်းစာနာမှု သဘောသဘာဝ ဖြစ်ကြောင်း ထင်ရှားပါက နိုင်ငံများအနေဖြင့် သဘောတူညီခြင်းကို ဆိုင်းငံ့မထားနိုင်ကြောင်း ထိုအစိုးရမဟုတ်သည့် အဖွဲ့အစည်းက ပြောသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံက စစ်ကောင်စီကို မြန်မာ၏ တရားဝင်အစိုးရဟု အသိအမှတ်ပြုခြင်း မရှိပေ။ ထို့ကြောင့် ထိုင်းအာဏာပိုင်များသည် မြန်မာစစ်ကောင်စီထံမှ သဘောတူညီချက် တောင်းခံရန် ဥပဒေအရ တာဝန်မရှိပေ။

ကုလသမဂ္ဂ အထွေထွေညီလာခံက စစ်ကောင်စီကို မြန်မာ၏ တရားဝင်အစိုးရဟု အသိအမှတ်ပြုခြင်း မရှိပေ။ ထို့ကြောင့် ထိုင်းအာဏာပိုင်များသည် မြန်မာစစ်ကောင်စီထံမှ သဘောတူညီချက် တောင်းခံရန် ဥပဒေအရ တာဝန်မရှိပေ။

ထို့ကြောင့် အဓိက အခက်အခဲများနှင့် အတားအဆီးများသည် ထိုင်းနိုင်ငံဘက်မှသာ လာနေပြီး ဥပဒေကို အခြေမခံဘဲ သံတမန်ရေးနှင့် နိုင်ငံရေးကိစ္စများနှင့်သာ သက်ဆိုင်နေကြောင်း ပြသနေသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် ထိတွေ့ဆက်ဆံရန် ဆိုးဆိုးရွားရွား ပျက်ကွက်နေခြင်းနှင့် နောက်ထပ် ဒုက္ခသည်လှိုင်းများ ဝင်ရောက်လာမည်ကို ထိုင်းနိုင်ငံက စိုးရိမ်ခြင်းတို့သည် လက်ရှိ နယ်စပ်စီမံအုပ်ချုပ်ရေးကို လွှမ်းမိုးချုပ်ကိုင်သည့် အဓိက အချက်များ ဖြစ်နေသည်။

၁၉၉၀ ပြည့်နှစ်များက ဒုက္ခသည် အလုံးအရင်း စီးဝင်မှုအတွင်း ရှိပြီးဖြစ်သော စနစ်များကို အသုံးပြုပြီး နယ်စပ် ဖြတ်ကျော် အကူအညီပေးရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း မြန်မာတွင် အာဏာသိမ်းမှု ဖြစ်ပွားချိန်မှ စတင်ပြီး အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများက အကြိမ်များစွာ အလေးအနက် ပြောကြားပြီး ဖြစ်သည်။

ကရင်ပြည်နယ်အတွင်းတွင် ယုံကြည်အားထားလောက်သည့် အကူအညီပေးရေး မိတ်ဘက်များလည်း ရှိသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် NUG ၏ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် ဖွဲ့စည်းခဲ့သော လုပ်ငန်းအဖွဲ့သည် အရပ်သား ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း၏ ကျန်းမာရေးဌာနအကြား ပူးပေါင်းအားထုတ်မှု ဖြစ်သည်။

KNU ပြောခွင့်ရသူတဦးဖြစ်သည့် ဖဒိုမန်းမန်းက “နယ်စပ်ဖြတ်ကျော် ကာကွယ်ဆေး အစီအစဉ်တွေအတွက် ကျနော်တို့က ထိုင်းအာဏာပိုင်တွေကို ခွင့်တောင်းပြီးပြီ။ ဒါပေမယ့် ကျနော်တို့အနေနဲ့ စိန်ခေါ်မှု အများအပြားကို ဖြတ်ကျော်ဖို့ လိုနေသေးတယ်” ဟု ပြောသည်။

NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးသည် ဖြုတ်ချခံရသော အစိုးရခေတ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးကို ဦးဆောင်ခဲ့ပြီး ယခုလည်း ထိုလုပ်ငန်းများကို မြေအောက်မှတဆင့် လုပ်ဆောင်နေသူ ဖြစ်သည်။

လုပ်ဆောင်ရန် လိုအပ်သည်များ

ကပ်ရောဂါ ဖြစ်ပွားနေသည့်ကြားတွင် နှစ်နိုင်ငံအကျိုးနှင့် နှစ်ဘက် ကျန်းမားရေး အကျိုးကျေးဇူးအတွက် ကျန်းမာရေးလုံခြုံမှုကို ပုံမှန်နယ်စပ် ထိန်းချုပ်ရေး လုပ်ထုံးလုပ်နည်းများနှင့် အချုပ်အခြာဆိုင်ရာ စိုးရိမ်မှုများထက် ဦးစားပေးသင့်ကြောင်း နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး လိုလားသူများက ပြောသည်။

တရုတ်က ရှမ်းပြည်နယ်အတွက် ကာကွယ်ဆေး အလုံအလောက် အလွယ်တကူပေးနိုင်ရင် ထိုင်းက အဲဒီလို နယ်စပ်ဖြတ်ကျော် ကာကွယ်ဆေးထိုးလှုပ်ရှားမှုကို ကာကွယ်ဆေးချို့တဲ့နေတဲ့ ကရင်ပြည်နယ်ထဲကို ဘာကြောင့်လုပ်မပေးနိုင်တာလဲ

Metta (မေတ္တာ) ပရဟိတ လုပ်ငန်းမှ လူသားချင်းစာနာမှု အကူအညီပေးရေး ဝန်ထမ်း ဂျော်နီ အဒီကာရီက “တရုတ်က ရှမ်းပြည်နယ်အတွက် ကာကွယ်ဆေး အလုံအလောက် အလွယ်တကူပေးနိုင်ရင် ထိုင်းက အဲဒီလို နယ်စပ်ဖြတ်ကျော် ကာကွယ်ဆေးထိုးလှုပ်ရှားမှုကို ကာကွယ်ဆေးချို့တဲ့နေတဲ့ ကရင်ပြည်နယ်ထဲကို ဘာကြောင့်လုပ်မပေးနိုင်တာလဲ” ဟု မေးခွန်းထုတ်သည်။ သူ၏ ပရဟိတ လုပ်ငန်းသည် ရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များအတွက် အကူအညီများ ဖြန့်ချိသည့် အဓိက အဖွဲ့အစည်းတခု ဖြစ်သည်။

“ဒီနှစ် မတ်လမှာ ကရင်ပြည်နယ် ဖာပွန်ခရိုင်က လူ ၁ သိန်းအတွက် ကာကွယ်ဆေး ၁,၅၀၀ ထိုးပေးတဲ့ အစီအစဉ်တခုကို ကျနော်တို့ လုပ်တယ်။ ကာကွယ်ဆေး လှူဒါန်းမှုတွေ ကျနော်တို့ အများကြီး လိုတယ်။ ဒါပေမယ့် Gavi ကာကွယ်ဆေး မဟာမိတ်လို အဖွဲ့တွေက NUG ရဲ့ အကူအညီတောင်းမှုတွေကို ပယ်ချတယ်” ဟု ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

Covax နှင့် Gavi ကာကွယ်ဆေးအဖွဲ့များသည် ဆင်းရဲသောနိုင်ငံများတွင် ကာကွယ်ဆေး ရရှိရေးအတွက် ကူညီရန် ရည်ရွယ်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အစီအစဉ်များနှင့် ချိတ်ဆက်မှုရှိပြီး ကိုဗစ်နိုင်တင်းကာကွယ်ဆေး တန်းတူရရှိရေး ဆောင်ရွက်ရာတွင် မအောင်မြင်ခဲ့ပေ။ အကြောင်းမှာ အနောက်နိုင်ငံအစိုးရများသည် ၂၀၂၁ ခုနှစ်အတွင်း အမေရိကန် ပြည်ထောင်စုနှင့် ဥရောပတွင် ထုတ်လုပ်သည့် ကာကွယ်ဆေးများကို အကြီးအကျယ် ဝယ်ယူသိုလှောင်ခဲ့ကြ၍ ဖြစ်သည်။

အာရှ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ ဖီးလ် ရောဘတ်ဆန်က အလှူရှင်များ၏ ထိုသို့သော စိတ်အား ထက်သန်မှု မရှိခြင်းနှင့် ပတ်သက်ပြီး မအံ့သြကြောင်း ပြောသည်။

“နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး မူဝါဒကို ထိုင်းဘက်က ပြောင်းလဲဖို့ စိတ်အားထက်သန်မှု မရှိရင် အလှူရှင် အစိုးရတွေရော နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကပါ အဲဒီလို အကူအညီပေးရေးတွေကို အဆိုးမြင်ကြတာ အံ့သြစရာမဟုတ်ဘူး” ဟု သူက ပြောသည်။

မြန်မာမှ ပိုမိုနက်ရှိုင်းလာသော အကျပ်အတည်းနှင့် ၂၀၂၂ ခုနှစ် အစောပိုင်းက ဒုက္ခသည် အလုံးအရင်းဖြင့် ဝင်ရောက်မှုများနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် UNHCR အကြား သီးခြား ဆွေးနွေးမှုများရှိကြောင်း သိရသော်လည်း မည်သည့် သတင်းအချက်အလက်ကိုမျှ နယ်စပ်မှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများသို့ ထုတ်ပြန်ပေးခြင်း မရှိပေ။

ထိုင်းမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဆေးဝန်ထမ်းများနှင့် ကုလသမဂ္ဂအေဂျင်စီများ အနေဖြင့် ထိုင်းအာဏာပိုင်များနှင့် ထိုသို့သော အခြေအနေကို ချိုးဖျက်ရန် နည်းလမ်းမှာ နယ်စပ်ဆိုင်ရာမူဝါဒ ပြောင်းလဲခြင်းသည် ထိုင်းလူ့အဖွဲ့အစည်း၏ အကျိုးအတွက်ဖြစ်ပြီး မြန်မာမှ လူသားချင်းစာနာမှု အကျပ်အတည်း သက်သာစေရန် နည်းလမ်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များ ယုံကြည်အောင် လုပ်ဆောင်ရေးသာ ဖြစ်သည်။

ထိုင်းအစိုးရအနေနဲ့ ကိုဗစ်နိုင်တင်း ခြိမ်းခြောက်မှုနဲ့ ရွှေ့ပြောင်းအခြေချ ပြဿနာကို ကူညီဖြေရှင်းဖို့ နယ်စပ်မှာ ဝန်ဆောင်မှုအားလုံးပေးတဲ့ ရုံးတွေကို တနေရာတည်းမှာ ဖွင့်ထားပေးလို့ရတယ်။ အဲဒီ ဘက်စုံရုံးတွေဟာ ကျန်းမာရေးစစ်ဆေးမှု၊ ကိုဗစ်နိုင်တင်း ကာကွယ်ဆေးထိုးနှံရေးနဲ့ ရွှေ့ပြောင်းလုပ်သား ဗီဇာသက်တမ်းတိုးရေးတို့ကို လုပ်ပေးနိုင်ပြီး လူကုန်ကူးမှုနဲ့ ပွဲစားတွေကို တိုက်ဖျက်နိုင်တယ်။ အဲဒီလို လုပ်တာက နှစ်ဘက်လုံးကို အကျိုးရှိစေသလို ထိုင်းစီးပွားရေးကိုလည်း အထောက်အကူပြုတယ်

အဒီကာရီက “ထိုင်းအစိုးရအနေနဲ့ ကိုဗစ်နိုင်တင်း ခြိမ်းခြောက်မှုနဲ့ ရွှေ့ပြောင်းအခြေချ ပြဿနာကို ကူညီဖြေရှင်းဖို့ နယ်စပ်မှာ ဝန်ဆောင်မှုအားလုံးပေးတဲ့ ရုံးတွေကို တနေရာတည်းမှာ ဖွင့်ထားပေးလို့ရတယ်။ အဲဒီ ဘက်စုံရုံးတွေဟာ ကျန်းမာရေးစစ်ဆေးမှု၊ ကိုဗစ်နိုင်တင်း ကာကွယ်ဆေးထိုးနှံရေးနဲ့ ရွှေ့ပြောင်းလုပ်သား ဗီဇာသက်တမ်းတိုးရေးတို့ကို လုပ်ပေးနိုင်ပြီး လူကုန်ကူးမှုနဲ့ ပွဲစားတွေကို တိုက်ဖျက်နိုင်တယ်။ အဲဒီလို လုပ်တာက နှစ်ဘက်လုံးကို အကျိုးရှိစေသလို ထိုင်းစီးပွားရေးကိုလည်း အထောက်အကူပြုတယ်” ဟု ပြောသည်။

ထိုအဆိုပြုချက်သည် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအကျိုးရှိသော လူသားချင်းစာနာမှု အဖြေကို ပေးနိုင်သည်။ သို့သော် ထိုနယ်စပ်ဒေသကို နိုင်ငံတကာ ကိုဗစ်နိုင်တင်းကာကွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဇုန်တခုအဖြစ် ပြောင်းလဲရေး ကြီးမားသော တိုက်တွန်းလှုပ်ရှားမှုများလည်း လိုသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Tom Fawthrop ၏ Myanmar’s Covid Crisis Needs Thai Cooperation for Cross-Border Vaccine Aid ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

ဦးကိုကိုလှိုင် ဘယ်သူလဲ

စစ်တပ်ကတဆင့် ထောက်ပံ့မယ်ဆိုတာကို ယောင်လို့တောင် မစဉ်းစားပါနဲ့

ကိုဗစ်ကာကွယ်ရေးထက် အာဏာတည်မြဲရေးကိုသာ စစ်ကောင်စီ အာရုံစိုက်နေ

ရွာလုံးကျွတ်မီးတိုက်သည့် စစ်တပ်ကြောင့် ပြာပုံဘ၀ရောက်ကြရသူများ

စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သေဆုံးသူ ၁၈၄ ဦးရှိကြောင်း NUG ထုတ်ပြန်

Loading