• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ထိုင်းရွေးကောက်ပွဲအလွန် စိတ်ဝင်စားဖွယ်ရာများ

by Termsak Chalermpalanupap
19 April 2023
in ဆောင်းပါး
A A
လူထုစစ်တမ်းများတွင် ဝန်ကြီးချုပ်လောင်းအဖြစ် ရေပန်းစားနေသည့် မစ္စ ပေတောင်တန် ရှင်နာဝပ် / AFP

လူထုစစ်တမ်းများတွင် ဝန်ကြီးချုပ်လောင်းအဖြစ် ရေပန်းစားနေသည့် မစ္စ ပေတောင်တန် ရှင်နာဝပ် / AFP

11.1k
VIEWS
Share on FacebookShare on Twitter

နိဒါန်း

မေလ ၁၄ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် အဓိက အတိုက်အခံ ဖွေထိုင်းပါတီသည် အောက်လွှတ်တော် နေရာအများစုကို နိုင်ရန်သေချာသည်။ သို့သော် ထိုပါတီသည် လာမည့် ဝန်ကြီးချုပ်ရာထူးတွင် ၎င်းတို့ ကိုယ်စားလှယ် သေချာပေါက်ဖြစ်လာမည်ဟု ယူဆနိုင်ခြင်းမရှိပေ။

နောက်ထပ် မရေမရာဖြစ်နေသည့်အချက်တခုမှာ ဖွေထိုင်းသည် တောင်ပြိုကမ်းပြိုနိုင်ပြီး အောက်လွှတ်တော် နေရာ ၅၀၀ အနက် ၂၅၀ ကို ထိန်းချုပ်နိုင်မည်ဆိုသည့် အချက်ဖြစ်သည်။ တောင်ပြိုကမ်းပြိုမနိုင်လျှင် ဖွေထိုင်းသည် ၎င်း၏ ဝန်ကြီးချုပ်လောင်းကို ခန့်အပ်ရေး အခြားပါတီများမှ ထောက်ခံမှုရရန် ခက်ခဲမည်ဖြစ်သည်။ ဝန်ကြီးချုပ်ဖြစ်ရေးအတွက် ဝန်ကြီးချုပ်လောင်းတဦးသည် အောက်လွှတ်တော်ကိုယ်စားလှယ် ၅၀၀ နှင့် အထက်လွှတ်တော်ကိုယ်စားလှယ် ၂၅၀ စုစုပေါင်းအနက် အနည်းဆုံး ထောက်ခံမဲ ၃၇၆ မဲလိုသည်။ ဖွေထိုင်းမှ မည်သူ့ကိုမဆို (ရွေးကောက်ခံ မဟုတ်သော ဗျူရိုကရက်များ၏ ကိုယ်စားလှယ်) အထက်လွှတ်တော်အမတ် အများအပြားက မဲပေးမည်မဟုတ်ပေ။

ဝန်ကြီးချုပ်ဖြစ်ရေးအတွက် ဝန်ကြီးချုပ်လောင်းတဦးသည် အောက်လွှတ်တော်ကိုယ်စားလှယ် ၅၀၀ နှင့် အထက်လွှတ်တော်ကိုယ်စားလှယ် ၂၅၀ စုစုပေါင်းအနက် အနည်းဆုံး ထောက်ခံမဲ ၃၇၆ မဲလိုသည်။

အနိုင်ရသည့် ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်လိုပါက ဖွေထိုင်းအတွက် လက်တွေ့ကျသည့် အပေးအယူမှာ ဝန်ကြီးချုပ် ရာထူးအတွက် ပြိုင်ဆိုင်မှုကို စွန့်လွှတ်ပြီး အထက်လွှတ်တော် အမတ်အများစုက လက်ခံနိုင်ဖွယ်ရှိသော အခြားပါတီတခုမှာ ဝန်ကြီးချုပ်လောင်းကို ထောက်ခံရန်ဖြစ်သည်။ လက်ရှိ ညွန့်ပေါင်းအစိုးရတွင် အကြီးမားဆုံးပါတီဖြစ်သည့် ပန်လန် ပရာချာရတ်ပါတီ (PPRP) ခေါင်းဆောင် ဒုတိယ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝတ် ဝေါင်ဆူဝန်သည် ထိုသို့သော ဝန်ကြီးချုပ်လောင်းဖြစ်သည်။

လက်ရှိ ညွန့်ပေါင်းအစိုးရတွင် အကြီးမားဆုံးပါတီဖြစ်သည့် ပန်လန် ပရာချာရတ်ပါတီ (PPRP) ခေါင်းဆောင် ဒုတိယ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝတ် ဝေါင်ဆူဝန် (အလယ်) / AFP

အခြားတဖက်တွင်လည်း ဗိုလ်ချုပ်ကြီး ပရာယွတ် ဝန်ကြီးချုပ်သက်တမ်း (၂၀၁၉ ခုနှစ်၊ ဇွန်လမှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ) ကို ထောက်ခံခဲ့သော PPRP နှင့် အစိုးရညွန့်ပေါင်းအတွင်းမှ မဟာမိတ် လေးပါတီတို့သည် ပြိုင်ဘက် လူနည်းစု ညွန့်ပေါင်းအဖွဲ့ ဖွဲ့နိုင်သည်။ ထိုအုပ်စုသည် အထက်လွှတ်တော် ကိုယ်စားလှယ်များ၏ ခိုင်မာသော ထောက်ခံမှုဖြင့် အလားအလာရှိသည့် ၎င်းတို့ ကိုယ်စားလှယ်လောင်း ဗိုလ်ချုပ်ကြီး ပရာဝတ် ဝန်ကြီးချုပ်ရာထူးရအောင် လုပ်ပေးနိုင်သည်။

သို့သော် ထိုသို့သော လူနည်းစု အစိုးရသည် ဖွေထိုင်း ဦးဆောင်သည့် အတိုက်အခံအများစုက ထိန်းချုပ်ထားသော အောက်လွှတ်တော်တွင် မည်သည့် ထူးခြားသောဥပဒေမှ ပြဋ္ဌာန်းနိုင်မည် မဟုတ်ဘဲ အုပ်ချုပ်ရေး ကျဆုံးမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အတိုက်အခံ ပါလီမန်အမတ်များ အစိုးရပါတီသို့ ဘက်ပြောင်းလာရန် ဆွဲဆောင်ခြင်း သို့မဟုတ် ပါတီသဘောထားကို ဆန့်ကျင်ပြီး အစိုးရကို ထောက်ခံမဲပေးရန် လာဘ်ထိုးနိုင်သည်။ သို့သော် ထိုသေနင်္ဂဗျူဟာ နှစ်ခုလုံးသည် ငွေကုန်ကြေးကျများပြီး ရေရှည်ထိန်းသိမ်းနိုင်မည် မဟုတ်ပေ။

အခြေအနေကို အလျင်အမြန် ပြောင်းလဲသွားစေရန်မှာ ဖွေထိုင်းအပါအဝင် ပါတီတခု သို့မဟုတ် နှစ်ခုကို ရွေးကောက်ပွဲဥပဒေ ချိုးဖောက်သည်ဟု စွပ်စွဲကာ ဖျက်သိမ်းရန်ဖြစ်သည်။

ထိုအခြေအနေကို အလျင်အမြန် ပြောင်းလဲသွားစေရန်မှာ ဖွေထိုင်းအပါအဝင် ပါတီတခု သို့မဟုတ် နှစ်ခုကို ရွေးကောက်ပွဲဥပဒေ ချိုးဖောက်သည်ဟု စွပ်စွဲကာ ဖျက်သိမ်းရန်ဖြစ်သည်။ ဖျက်သိမ်းခံရသည့် ပါတီတခုမှ ကိုယ်စားလှယ်များသည် PPRP ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့မှ အခြားပါတီများသို့ ရက်ပေါင်း ၆၀ အတွင်း ပူးပေါင်းနိုင်ပြီး ထိုညွန့်ပေါင်းအဖွဲ့ကို အလုပ်ဖြစ်သည့် အာဏာရညွန့်ပေါင်းအစိုးရအဖြစ် ကူညီ အသွင်ကူးပြောင်းပေးနိုင်သည်။

ထိုင်းနိုင်ငံရေးမှ ထိုထူးခြားသော အချက်များသည် လာမည့် အထွေထွေရွေးကောက်ပွဲနောက်ပိုင်း အခြေအနေကို ရွေးကောက်ပွဲထက် စိတ်ဝင်စားစရာကောင်းစေရန်နှင့် ပိုမိုပဟေဠိဆန်စေရန် လုပ်ဆောင်နေသည်။

ထို့အပြင် အထွေထွေရွေးကောက်ပွဲပြီးလျှင် ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ထိုင်းနိုင်ငံသို့ ပြန်လာပါက တင်းမာမှု ပိုမိုမြင့်မားစေပြီး ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းရေး နိုင်ငံရေး အပေးအယူများသည် ပိုမိုရှုပ်ထွေးမည် ဖြစ်သည်။

ဖွေထိုင်းက အကြီးအကျယ် ထပ်မံအနိုင်ရမည်

မတ်လအစောပိုင်းတွင် ကောက်ယူပြီး မတ်လ ၁၉ ရက်နေ့က ထုတ်ပြန်သည့် NIDA လူထုသဘောထား စစ်တမ်းအရ ဖွေထိုင်းသည် ၄၉ ဒသမ ၈၅ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင် ရောက်နေသည်။ ဒုတိယနှင့် တတိယ အသီးသီး ရသောပါတီများမှာ ၁၇ ဒသမ ၁၅ ရာခိုင်နှုန်းရသော ဒုတိယအကြီးဆုံး အတိုက်အခံ Move Forward ပါတီနှင့် ၁၂ ဒသမ ၁၅ ရာခိုင်နှုန်းရသော လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ၏ United Thai Nation (UTN) ပါတီတို့ ဖြစ်သည်။

မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည့် Suan Dusit လူထုသဘောထား စစ်တမ်းတွင်လည်း ဖွေထိုင်းကို လူထုထောက်ခံမှု အများဆုံးဖြစ်ပြီး ၄၆ ဒသမ ၁၆ ရာခိုင်နှုန်းရသည်။ ဒုတိယနေရာကို Move Forward ပါတီက ၁၅ ဒသမ ၄၃ ရာခိုင်နှုန်းဖြင့်ရသည်။ သို့သော် တတိယနေရာတွင် ရှိသောပါတီမှာ Bhumjaithai (BJT) ပါတီဖြစ်ပြီး ၁၁ ဒသမ ၁၂ ရာခိုင်နှုန်းရသည်။ UTN သည် စတုတ္ထနေရာသို့ ရောက်သွားပြီး ၈ ဒသမ ၇၃ ရာခိုင်နှုန်းသာ ရတော့သည်။

ဖွေထိုင်း အောက်လွှတ်တော်တွင် နေရာအများဆုံး ရမည်ဆိုသည့် ခန့်မှန်းချက်ကို အံ့သြမည့် ထိုင်းနိုင်ငံသား မရှိသလောက်ပင် ဖြစ်သည်။

ဖွေထိုင်း အောက်လွှတ်တော်တွင် နေရာအများဆုံး ရမည်ဆိုသည့် ခန့်မှန်းချက်ကို အံ့သြမည့် ထိုင်းနိုင်ငံသား မရှိသလောက်ပင် ဖြစ်သည်။ မည်သို့ဆိုစေ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၄ ရက်က ကျင်းပသည့် ယခင်အထွေထွေ ရွေးကောက်ပွဲတွင် ဖွေထိုင်းသည် မဲဆန္ဒနယ် ၃၅၀ အနက် ၂၅၀ တွင် ယှဉ်ပြိုင်ပြီး အများဆုံးအဖြစ် အောက်လွှတ်တော်နေရာ ၁၃၆ နေရာ အနိုင်ရသည်။ သို့သော် ဖွေထိုင်းသည် ရသင့်သည့် အောက်လွှတ်တော်နေရာထက် ကျော်လွန်ရနေသောကြောင့် ထိုင်းရွေးကောက်ပွဲစနစ်တွင် ပါတီစာရင်းအရ ခွဲဝေရသည့် အောက်လွှတ်တော်နေရာဝေစုကို လုံးဝမရခဲ့ပေ။

လက်ရှိဝန်ကြီးချုပ် ပရာရွတ်ကို ထောက်ခံသူများ/ AFP

သို့သော် လာမည့် အထွေထွေရွေးကောက်ပွဲကို စနစ်သစ်အရ ကျင်းပမည်ဖြစ်ပြီး မဲနှစ်မျိုးအသုံးပြုသလို ပါတီတခုအတွက် ပါလီမန်အမတ် မည်မျှ ထိုက်တန်သည်ဟု သတ်မှတ်သည့် စည်းမျဉ်းဟောင်းကို မကျင့်သုံးတော့ပေ။ ထို့ကြောင့် ရွေးကောက်ပွဲမဲဆန္ဒနယ် (တဦးတည်းသာ နိုင်သော မဲဆန္ဒနယ်) အရေအတွက်သည် ၃၅၀ မှ ၄၀၀ သို့ တိုးလာသည်။ ထို့ကြောင့် လူထုထောက်ခံမှုရှိပြီး ငွေကြေးတတ်နိုင်ကာ မဲဆန္ဒနယ် ၄၀၀ လုံးတွင် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းများ စေလွှတ်နိုင်သည့် ပါတီကြီးများ ပိုမိုအကျိုးခံစားရမည် ဖြစ်သည်။

တချိန်တည်းတွင် ပါတီစာရင်းအရ ခွဲဝေသည့် ပါလီမန်နေရာ အရေအတွက်ကို ၁၅၀ မှ ၁၀၀ သို့ လျှော့ချလိုက်သည်။ ထိုအချက်သည်လည်း ပါတီငယ်များကို နစ်နာစေသည်။

ယခုတကြိမ်ရွေးကောက်ပွဲတွင် အကြီးမားဆုံး အနိုင်ရသည့်ပါတီသည် တဦးတည်သာ အနိုင်ရသော မဲဆန္ဒနယ် မည်မျှတွင် အနိုင်ရသည်ဖြစ်စေ ပါတီစာရင်းအရ ခွဲဝေရမည့် ပါလီမန်နေရာ ၁၀၀ အနက် အများစုကို ရမည်ဖြစ်သောကြောင့် ဖွေထိုင်းသည် ယခုတကြိမ်တွင် ပိုမိုအောင်မြင်မည်ဟု မျှော်လင့်နေသည်။ ထို့ကြောင့် ဖွေထိုင်း ခေါင်းဆောင်ပိုင်းသည် ယခင်ကနေရာပေါင်း ၂၅၀ သာမဟုတ်တော့ဘဲ အောက်လွှတ်တော်နေရာ အနည်းဆုံး ၃၁၀ အပြတ်အသတ်ရရန် ကြိုးစားနေသည်။ ဖွေထိုင်း၏ ရည်မှန်းချက်မှာ တဦးတည်းသာ အနိုင်ရသော မဲဆန္ဒနယ် ၄၀၀ အနက် ၂၆၀ နှင့် ပါတီစာရင်းအရခွဲဝေသည့် နေရာ ၁၀၀ အနက် ၅၀ ရရှိရေး ဖြစ်လာသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
124
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
35

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
55

အောက်လွှတ်တော်နေရာ ၃၁၀ ရသောကြောင့် ဖွေထိုင်းခေါင်းဆောင်ပိုင်းသည် ထောက်ခံမဲ ၃၇၆ မဲရရန် သို့မဟုတ် ထိုထက်ကျော်လွန်ရန် အခြားပါတီအများအပြားမှ ထောက်ခံမှု ဆွဲဆောင်နိုင်မည်ဖြစ်ပြီး အထက်လွှတ်တော်က မထောက်ခံသည့်တိုင် ဝန်ကြီးချုပ်ရာထူး ရမည်ဖြစ်သည်။

အောက်လွှတ်တော်နေရာ ၃၁၀ ရသောကြောင့် ဖွေထိုင်းခေါင်းဆောင်ပိုင်းသည် ထောက်ခံမဲ ၃၇၆ မဲရရန် သို့မဟုတ် ထိုထက်ကျော်လွန်ရန် အခြားပါတီအများအပြားမှ ထောက်ခံမှု ဆွဲဆောင်နိုင်မည်ဖြစ်ပြီး အထက်လွှတ်တော်က မထောက်ခံသည့်တိုင် ဝန်ကြီးချုပ်ရာထူး ရမည်ဖြစ်သည်။ ထိုမျှအောင်မြင်မှုဖြင့် ဆိုပါက မျှတသော စိတ်ထားရှိသည့် အထက်လွှတ်တော်အမတ်များသည် ဖွေထိုင်း၏ ဝန်ကြီးချုပ်လောင်းကို ထောက်ခံစေနိုင်သည်။ လာမည့်အစိုးရသစ်ကို ဦးဆောင်ရန် ဖွေထိုင်းကို မဲဆန္ဒရှင်များက ပြတ်ပြတ်သားသား ပေးလိုက်သည့် လုပ်ပိုင်ခွင့်အား မထေမဲ့မြင် ပြုလိုကြမည် မဟုတ်ပေ။

ဖြစ်နိုင်ခြေရှိသော ပြိုင်ဘက်ညွန့်ပေါင်းအဖွဲ့

ဖွေထိုင်း၏ “တောင်ပြိုကမ်းပြို” အောင်ပွဲသည် မည်မျှကြီးမားမည်ကို ငြင်းခုန်နေကြဆဲဖြစ်သည်။ အောက်လွှတ်တော်နေရာ ၂၅၀ ရရန်မှာ လွန်စွာခက်ခဲပြီး ၃၁၀ နေရာအထိ ရရန်မှာ လွန်စွာမဖြစ်နိုင်ပေ။

၂၀၂၃ ခုနှစ်၊ မတ်လအစောပိုင်းက ကောက်ယူထားသည့် စစ်တမ်းများအရ ဖွေထိုင်းပါတီသည် အောက်လွှတ်တော်နေရာ ၂၄၀ မှ ၂၆၀ အထိရမည်ဟု NIDA လူထုသဘောထားစစ်တမ်း ဒါရိုက်တာ ဒေါက်တာ ဆူဗီချာ ပိုအာရီးက ခန့်မှန်းသည်။ လုံခြုံရေး အာဏာပိုင်များ (ပြည်တွင်းလုံခြုံရေး စစ်ဆင်ရေးဌာနချုပ်-ISOC ဟု ယူဆရ) က “လျှို့ဝှက်ကောက်ယူသည့် စစ်တမ်း” အရ ဖွေထိုင်းသည် (ဒုတိယ မဲ ၁၀ သန်းမှ ရသည့် ပါတီအရ ခွဲဝေပေးသော အောက်လွှတ်တော်နေရာ ၂၅ နေရာအပါအဝင်) အောက်လွှတ်တော်နေရာစုစုပေါင်း ၁၇၀ ခန့် ရမည်ဟု ခန့်မှန်းထားသည်။

ဖွေထိုင်းပါတီသည် ငွေကြေးတောင့်တင်းသော အစိုးရပါတီများ အထူးသဖြင့် UTN, PPRP နှင့် BJT တို့၏ အပြင်းအထန် ယှဉ်ပြိုင်မှုကို ရင်ဆိုင်နေရသည်။ ထိုပါတီခေါင်းဆောင်များသည် လက်ရှိအစိုးရဆိုသည့် အကျိုးကျေးဇူးကို ခံစားနေပြီး မဲဆွယ်ပွဲတွင် ကြီးမားသော အစိုးရသြဇာကို အသုံးပြုနိုင်ကြသည်။

ထို့ပြင် ဖွေထိုင်းသည် ဘဝတူ အတိုက်အခံပါတီများ၊ အထူးသဖြင် Move Forward, Thai Liberal နှင့်လည်း ယှဉ်ပြိုင်နေရပြီး ထိုပါတီများအပေါ် လူထုထောက်ခံမှုသည် တည်ငြိမ်ခိုင်မာသည်။ ဖွေထိုင်းသည် လူထုထောက်ခံမှုရှိသည့် ဖွေထိုင်း ဝါရင့်ခေါင်းဆောင်ဟောင်း ခွန်ယင်း ဆူဒါရတ် ကီယူရာပန် ဦးဆောင်သည့် Thai Sarng Thai ပါတီကြောင့်လည်း ဒုက္ခရောက်နေသည်။ သူသည် ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဖွေထိုင်း၏ ဝန်ကြီးချုပ်လောင်း ဖြစ်ခဲ့ဖူးသည်။

နှစ်ပေါင်းများစွာကြာအောင် နိုင်ငံရေးအမြင်များ ကွဲပြားခဲ့ပြီးနောက် ထိုင်းမဲဆန္ဒရှင်များသည် လက်ရှိအခြေအနေ လိုလားသူများ (အစိုးရလိုလား၊ စစ်တပ်လိုလား၊ ဘုရင်စနစ်လိုလားနှင့် သက်ဆင်ဆန့်ကျင်ရေးပါတီများ) နှင့် ဗိုလ်ချုပ်ကြီး ပရာယွတ် အာဏာပြန်မရစေရန် ဟန့်တားရေး အပြောင်းအလဲနှင့် အစိုးရသစ်လိုလားသူများအဖြစ် ကွဲပြားနေသည်။

နှစ်ပေါင်းများစွာကြာအောင် နိုင်ငံရေးအမြင်များ ကွဲပြားခဲ့ပြီးနောက် ထိုင်းမဲဆန္ဒရှင်များသည် လက်ရှိအခြေအနေ လိုလားသူများ (အစိုးရလိုလား၊ စစ်တပ်လိုလား၊ ဘုရင်စနစ်လိုလားနှင့် သက်ဆင်ဆန့်ကျင်ရေးပါတီများ) နှင့် ဗိုလ်ချုပ်ကြီး ပရာယွတ် အာဏာပြန်မရစေရန် ဟန့်တားရေးအတွက် အပြောင်းအလဲနှင့် အစိုးရသစ်လိုလားသူများအဖြစ် ကွဲပြားနေသည်။

ထိုသို့သော သဘောထားကွဲပြားမှုကို NIDA လူထုသဘောထားစစ်တမ်းတွင် “မဆုံးဖြတ်ရသေးသူ” အရေအတွက် ကျဆင်းလာခြင်းက ပြသနေသည်။ မဆုံးဖြတ်ရသေးသူ အရေအတွက်သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ၂၈ ဒသမ ၆၆ ရာခိုင်နှုန်းရှိရာမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ၈ ဒသမ ၃၀ ရာခိုင်နှုန်းသို့ ကျဆင်းပြီး ၂၀၂၃ ခုနှစ်၊ မတ်လတွင် ၂ ဒသမ ၃၅ ရာခိုင်နှုန်းသာ ရှိတော့သည်။

မဲရရှိရေးအတွက် ရုန်းကန်ရမည့် တိုက်ပွဲသည် ထိုဆန့်ကျင်ဘက် အုပ်စု နှစ်ခုအတွင်းတွင်လည်း ဖြစ်ပွားနေသည်။ ထို့ကြောင့် ဖွေထိုင်းက အကြီးအကျယ် အနိုင်ရခြင်းသည် ၎င်း၏ မဟာမိတ် Move Forward နှင့် Thai Liberal ပါတီတို့အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်။

အလားတူစွာပင် အခြေအနေကောင်းရေးအတွက် ဗိုလ်ချုပ်ကြီး ပရာယွတ်၏ UTN သည်လည်း “အိမ်နီးချင်း၏ ကန်မှ ငါးမျှားရမည်” ဖြစ်ပြီး PPRP နှင့် အခြားအစိုးရပါတီများမှ ဝါရင့်နိုင်ငံရေးသမားများကို စည်းရုံး သို့မဟုတ် သူတို့ထောက်ခံသူများ ဘက်ပြောင်းပြီး UTN ကိုယ်စားလှယ်လောင်းများကို မဲပေးရန် ဖျောင်းဖျစည်းရုံးရမည်ဖြစ်သည်။

ထိုသို့သော အခြေအနေကို တုံ့ပြန်သည့် အနေဖြင့် PPRP သည် ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး မစ္စတာ အနုတင် ချန်ဗီရာကူ၏ (အစိုးရအတွင်း ဒုတိယ အကြီးမားဆုံးပါတီ) BJT နှင့် မဟာမိတ် သဘောတူညီချက်ကို ခိုင်မာအောင် ပြုလုပ်ထားပုံရသည်။ မစ္စတာ အနုတင်နှင့် သူ၏ ထိပ်တန်း ဝါရင့်ခေါင်းဆောင် နှစ်ဦးတို့သည် ဗိုလ်ချုပ်ကြီး ပရာဝတ်နှင့် မတ်လအတွင်း နေ့လယ်စာ နှစ်ကြိမ်စားပြီး မဟာမိတ်ကိစ္စ ဆွေးနွေးမှုအပြီးသတ်ရန် တွေ့ဆုံခြင်းဖြစ်နိုင်သည်။

(ဘယ်ဘက်အပေါ်မှ လက်ယာရစ်) အဓိက ကိုယ်စားလှယ်လောင်း ပရာယွတ်ချန်အိုချာ၊ ပေတုန်ထန် သက်ဆင်ရှင်နာဝပ်၊ ဆရတ်ထ ထာဝီဆင်၊ ပီတ လင်မ်ဂျရွန်ရက်၊ အနုထင် ကျန်းဝီရာကူးလ်နှင့် ပရာဝတ် ဝေါင်ဆူဝန်။

၂၀၁၉ ခုနှစ်က အထွေထွေရွေးကောက်ပွဲတွင် PPRP သည် (ပါတီစာရင်းအရ ခွဲဝေသည့် ၁၉ နေရာ အပါအဝင်) အောက်လွှတ်တော်နေရာ ၁၁၆ နေရာ အနိုင်ရပြီး BJT က (ပါတီစာရင်းအရ ခွဲဝေသည့် နေရာ ၁၂ နေရာ အပါအဝင်) အောက်လွှတ်တော်နေရာ ၅၁ နေရာ အနိုင်ရသည်။ လွန်ခဲ့သော လေးနှစ်အတွင်း BJT အင်အားမှာ အခြားပါတီများမှ ဘက်ပြောင်းလာသူများကြောင့် အောက်လွှတ်တော်နေရာ ၆၅ နေရာအထိ တိုးလာသည်။

PPRP နှင့် BJT တို့က ၎င်းတို့၏ မဟာမိတ်သည် အခြားအစိုးရပါတီများ၊ အထူးသဖြင့် Democrat, Chartthaipattana နှင့် Chartpattanakla တို့မှ ထောက်ခံသူများကို ဆွဲဆောင်နိုင်မည်ဟု ယုံကြည်ကြသည်။ ဖွေထိုင်းဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့နှင့် ယှဉ်ရန် ၎င်းတို့အားလုံး မဟာမိတ်ဖွဲ့ပြီး အောက်လွှတ်တော်နေရာ အများစုရရန် လုံလောက်သော ကိုယ်စားလှယ် အရေအတွက်ကို ရမည်ဟု မျှော်လင့်နေကြသည်။

ထာဝရရန်သူ ထာဝရမိတ်ဆွေ မရှိ

အောက်လွှတ်တော်နေရာ အများစုကို PPRP နှင့် BJT မရလျှင် မည်သို့ဖြစ်မည်နည်း။ PPRP ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာဝတ်နှင့် BJT ခေါင်းဆောင် မစ္စတာ အနုတင်တို့သည် လူနည်းစုအစိုးရဖွဲ့ကာ အောက်လွှတ်တော်တွင် ရှောင်လွှဲမရဘဲ ချေမှုန်းခံရမည်ကို လိုလားမည် မဟုတ်ပေ။

ဗိုလ်ချုပ်ကြီး ပရာဝတ်နှင့် မစ္စတာ အနုတင်တို့သည် နိုင်ငံရေး သဘောထား ကွဲလွဲမှုကို အဆုံးသတ်ပြီး ဖွေထိုင်းနှင့် ပူးပေါင်းကာ အစိုးရသစ် မဖွဲ့ဟု မယူဆနိုင်ပေ။

ထိုသို့သော အခက်အခဲကို ရှောင်ရှားရန် ဗိုလ်ချုပ်ကြီး ပရာဝတ်နှင့် မစ္စတာ အနုတင်တို့သည် နိုင်ငံရေး သဘောထား ကွဲလွဲမှုကို အဆုံးသတ်ပြီး ဖွေထိုင်းနှင့် ပူးပေါင်းကာ အစိုးရသစ် မဖွဲ့ဟု မယူဆနိုင်ပေ။

သို့သော် ထိုသို့ပြိုင်ဘက်နှစ်ဖက် ညွန့်ပေါင်းဖွဲ့ခြင်းသည် ဗိုလ်ချုပ်ကြီး ပရာယွတ်၏ UTN နှင့် Move Forward ပါတီကို ဖယ်ထုတ်ထားနိုင်ခြေ များနေသည်။ ဗိုလ်ချုပ်ကြီး ပရာယွတ်သည် မစ္စတာ သက်ဆင်နှင့် အဆင်မပြေသည်မှာ ကာလကြာမြင့်ပြီဖြစ်ပြီး မစ္စတာ သက်ဆင်၏ အငယ်ဆုံးသမီးသည် ဖွေထိုင်း၏ ဝန်ကြီးချုပ်လောင်းဖြစ်သည်။ အခြားတဖက်တွင်လည်း Move Forward ပါတီက ဗိုလ်ချုပ်ကြီး ပရာဝတ်နှင့် PPRP သည် စစ်အာဏာရှင်စနစ်၏ အကြွင်းအကျန်များဟု သတ်မှတ်သောကြောင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်မည် မဟုတ်ပေ။

ဗိုလ်ချုပ်ကြီး ပရာယွတ်သည် သူ့ကိုဘေးဖယ်ထုတ်ပြီး သူ၏ UTN ပါတီကို အထီးကျန်စေမည့် ဗျူဟာအား သိမြင်သည်မှာ သေချာသည်။ UTN သည် အောက်လွှတ်တော်နေရာ အနည်းဆုံး ၂၅ နေရာကို မရပါက သူ၏ ပါတီသစ်သည် အထွေထွေရွေးကောက်ပွဲအပြီး လွှတ်တော်တွင်း ဝန်ကြီးချုပ်ရွေးပွဲတွင် သူ့အမည်ကို တင်သွင်းနိုင်တော့မည်မဟုတ်ပေ။

ဗိုလ်ချုပ်ကြီး ပရာယွတ်အနေဖြင့် သူ၏ အခြေအနေကို တိုးတက်အောင်လုပ်ရန် များများစားစား မရှိတော့ပေ။ သူ့တွင် ထိုင်းမဲဆန္ဒရှင်များကိုပေးစရာ မည်သည့်အသစ်အဆန်းမှ မရှိတော့ပေ။ လက်တွေ့တွင်လည်း သူ၏ မဲဆွယ်ပွဲ ကြွေးကြော်သံမှာ “လုပ်ဆောင်ခဲ့ပြီးပြီ၊ လုပ်ဆောင်နေသည်၊ ဆက်လက် လုပ်ဆောင်ဦးမည်” ဟု ဖြစ်သည်။ သူသည် နိုင်ငံရေးစဉ်ဆက်မပြတ်ခြင်းကို ပေးနိုင်သော်လည်း မဲဆန္ဒရှင်များက အပြောင်းအလဲ လိုလားကြသည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ဝန်ကြီးချုပ်ရာထူးသက်တမ်း ကန့်သတ်ချက်ကြောင့် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရန် လက်ကျန် အချိန်အတွက်လည်း အကျပ်အတည်း ဖြစ်နေသည်။ ဝန်ကြီးချုပ်တဦး၏ ရာထူးသက်တမ်းကို ဖွဲ့စည်းပုံအရ ရှစ်နှစ်သာ ခွင့်ပြုထားပြီး ၂၀၂၅ ခုနှစ် နှစ်လယ်တွင် ကုန်ဆုံးမည်ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ဝန်ကြီးချုပ်ရာထူးသက်တမ်း ကန့်သတ်ချက်ကြောင့် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရန် လက်ကျန် အချိန်အတွက်လည်း အကျပ်အတည်း ဖြစ်နေသည်။ ဝန်ကြီးချုပ်တဦး၏ ရာထူးသက်တမ်းကို ဖွဲ့စည်းပုံအရ ရှစ်နှစ်သာ ခွင့်ပြုထားပြီး ၂၀၂၅ ခုနှစ် နှစ်လယ်တွင် ကုန်ဆုံးမည်ဖြစ်သည်။ တနည်းအားဖြင့် ဆိုရပါက သူအာဏာပြန်ရလျှင်ပင် ထိုရာထူးသက်တမ်းကုန်လျှင် နုတ်ထွက်ရမည်ဖြစ်သည်။ ထိုအခြေအနေကြောင့် နောက်ထပ်ဖြစ်လာနိုင်သည့် ပြဿနာမှာ သူ၏ပါတီတွင် ဝန်ကြီးချုပ်ရာထူးကို ဆက်ခံမည့် ကျော်ကြားသော နိုင်ငံရေးသမားဟူ၍ ပါတီခေါင်းဆောင် ပီရာပန် ဆလီရက်သာဗီဘာဂ မှအပ အခြားသူ မရှိခြင်းပင် ဖြစ်သည်။

UTN မှ လာမည့် အထွေထွေရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ၄၀၀ ကို မိတ်ဆက်ပေးသည့် မတ်လ ၂၅ ရက်နေ့ မီဒီယာတွေ့ဆုံပွဲတွင် ဗိုလ်ချုပ်ကြီး ပရာယွတ်က ပါတီ၏ နံပါတ် ၁ ဝန်ကြီးလောင်းအဖြစ် ခန့်အပ်ခြင်းကို လက်ခံသည်။ မစ္စတာ ပီရာပန်ကို နံပါတ် ၂ ဝန်ကြီးချုပ်လောင်းအဖြစ် ခန့်အပ်သည်။

အသက် ၆၄ နှစ်ရှိပြီဖြစ်သော မစ္စတာ ပီရာပန်သည် ဒီမိုကရက်တစ်ပါတီ ဒုခေါင်းဆောင်များအနက် တဦးဖြစ်ခဲ့ဖူးပြီး ယခုအခါ ဝန်ကြီးချုပ်၏ အတွင်းဝန်ချုပ် လုပ်နေသည်။ ထိပ်တန်းအစိုးရ ဝန်ထမ်းများနှင့် ဆက်ဆံရာတွင် ပိုမိုအဆင်ပြေပြီး ခပ်လျှိုလျှိုနေတတ်သောကြောင့် မစ္စတာ သက်ဆင်၊ ဗိုလ်ချုပ်ကြီး ပရာယွတ်နှင့် မစ္စတာ အနုတင်ကဲ့သို့ နိုင်ငံရေးသမားကြီးများလောက် သြဇာမရှိပေ။

ဖြစ်နိုင်ခြေရှိသော်လည်း အလွန်ထူးခြားသည့် အခြေအနေ

အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ပူးတွဲအစည်းအဝေးတွင် ဖွေထိုင်း ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့သည် ၃၇၆ မဲ မရဘဲ PPRP နှင့် BJT ဦးဆောင်သည့် လူနည်းစု ညွန့်ပေါင်းအဖွဲ့က အထက်လွှတ်တော် အမတ်အများစုနှင့်အတူ ဖွေထိုင်း၏ ဝန်ကြီးချုပ်လောင်း သုံးဦးစလုံးကို ဆက်လက် ပိတ်ပင်နေပါက ဝန်ကြီးချုပ်သစ်တဦးရွေးချယ်ရေး အကျပ်အတည်း ဖြစ်ပေါ်လာမည် ဖြစ်သည်။

ထိုအကျပ်အတည်းသည် အခြေအနေ အနည်းငယ်တွင် အဆုံးသတ်သွားမည် ဖြစ်သည်။ PPRP ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာဝတ် သို့မဟုတ် BJT ခေါင်းဆောင် မစ္စတာ အနုတင်သည် အထက်လွှတ်တော်အမတ် အများစု၏ ထောက်ခံမဲဖြင့် ဝန်ကြီးချုပ်ဖြစ်လာပြီး လူနည်းစုအစိုးရကို ဖွဲ့စည်းမည်။ ထို့နောက် လက်ရှိဝန်ကြီးချုပ်က အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး အထွေထွေရွေးကောက်ပွဲသစ် ခေါ်ယူမည်ဖြစ်သည်။

အခြားတနည်းမှာ နောက်အထွေထွေရွေးကောက်ပွဲကို မကြာမီ ကျင်းပပြီး အချိန်နှင့် ရင်းမြစ်များ ဖြုန်းတီးခြင်းကို ရှောင်ရှားရန် ဖွေထိုင်းက အလျှော့ပေးကာ လူနည်းစုတပ်ပေါင်းစုသို့ ပူးပေါင်းပြီး ဗိုလ်ချုပ်ကြီး ပရာဝတ် သို့မဟုတ် မစ္စတာ အနုတင်ကို ဝန်ကြီးချုပ်ဖြစ်လာစေရေး ဖြစ်သည်။ ထိုအခါ ဖွေထိုင်းသည် အစိုးရတွင် ပါဝင်နေမည်ဖြစ်သည်။ ပိုမိုအရေးကြီးသောအချက်မှာ ဗိုလ်ချုပ်ကြီး ပရာယွတ်ကို တသက်လုံး ဘေးရောက်သွားစေမည် ဆိုသည့်အချက်ဖြစ်သည်။

ပရာယွတ်အနေဖြင့် သူ၏ အခြေအနေကိုတိုးတက်အောင်လုပ်ရန် များများစားစားမရှိတော့ပေ။ သူ့တွင် ထိုင်းမဲဆန္ဒရှင်များကိုပေးစရာ အသစ်အဆန်းမည်သည်မျှ မရှိတော့ပေ။ သူသည် နိုင်ငံရေးစဉ်ဆက်မပြတ်ခြင်းကိုပေးနိုင်သော်လည်း မဲဆန္ဒရှင်များက အပြောင်းအလဲ လိုလားကြသည်။

ပရာယွတ်အနေဖြင့် သူ၏ အခြေအနေကိုတိုးတက်အောင်လုပ်ရန် များများစားစားမရှိတော့ပေ။ သူ့တွင် ထိုင်းမဲဆန္ဒရှင်များကိုပေးစရာ အသစ်အဆန်းမည်သည်မျှ မရှိတော့ပေ။ သူသည် နိုင်ငံရေးစဉ်ဆက်မပြတ်ခြင်းကိုပေးနိုင်သော်လည်း မဲဆန္ဒရှင်များက အပြောင်းအလဲ လိုလားကြသည်။

ဖွေထိုင်းနှင့် PPRP, JBT အဖွဲ့တို့ ပူးပေါင်းကြံစည်မှုမရှိပါက ပါလီမန်ကိုယ်စားလှယ်များအနေဖြင့် ပါတီငယ်များ (ပါလီမန်ကိုယ်စားလှယ် ၂၅ နေရာအောက်သာရသော ပါတီများ) မှ ဝန်ကြီးချုပ်လောင်းများ သို့မဟုတ် မည်သည့်ပါတီကမှ အမည်စာရင်း တင်သွင်းထားခြင်း မရှိသည့် အခြားသူများကို စဉ်းစားနိုင်သည်။ ဝန်ကြီးချုပ်ရွေးပွဲသည် ပါလီမန်တွင် တုံ့ဆိုင်းနေစဉ် ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ကြားဖြတ်အစိုးရကို ဆက်လက် ဦးဆောင်နေမည်ဖြစ်သည်။

ထိုအချိန်တွင် ရွေးကောက်ပွဲကော်မရှင်သည် ဖွေထိုင်း၊ PPRP, BJT နှင့် Move Forward ပါတီအပါအဝင် အဓိက ပါတီများအပေါ် စွပ်စွဲချက်တိုင်စာများကို တိတ်ဆိတ်စွာ ဆက်လက် လေ့လာနေမည်ဖြစ်သည်။ လက်ရှိအချိန်တွင် အမှု ၁၉ မှု ကျန်နေဆဲဖြစ်ပြီး ဆက်လက်စစ်ဆေးရန် လိုနေသည်။ ထိုပါတီအနက် အချို့ ဖျက်သိမ်းခံရပါက ဖျက်သိမ်းခံပါတီများမှ ပါလီမန်ကိုယ်စားလှယ်များသည် ပါတီသစ်ရှာရမည် ဖြစ်သည်။ ဗိုလ်ချုပ်ကြီး ပရာယွတ်၏ UTN ပါတီသည် ထိုပါတီမဲ့ ပါလီမန်အမတ်များ ပြေးဝင်ခိုလှုံရန် လုံခြုံသောနေရာဖြစ်သည်။ ထိုသို့ ဖြစ်ပါက ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ပါလီမန် ဝန်ကြီးချုပ်ရွေးပွဲအတွက် ပိုမိုဖြစ်နိုင်သည့် ဝန်ကြီးချုပ်လောင်း ဖြစ်လာမည်ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ၂ ဦးဖြစ်သော သက်ဆင်ရှင်နဝပ်နှင့် သူ့ညီမ ယင်လပ်ရှင်နဝပ်/AFP

ထို့ထက် ပိုမိုကြောက်စရာကောင်းသည့် အခြေအနေမှာ ဖွေထိုင်း ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့ အာဏာရပြီး ဖွေထိုင်း ကိုယ်စားလှယ်လောင်း ဝန်ကြီးချုပ်ဖြစ်လာခြင်းပင် ဖြစ်သည်။ မကြာမီ ထိုသို့သော အစိုးရသစ်သည် အသက် ၇၃ နှစ်ရှိပြီဖြစ်သော မစ္စတာ သက်ဆင် ဘဝ၏နောက်ဆုံးအချိန်တွင် ထိုင်း၌ မိသားစုနှင့်အတူနေရန် ပြန်လာနိုင်ရေးအတွက် ကူညီနိုင်သည်။ မစ္စတာ သက်ဆင်သည် ပြည်ပတွင်၊ အများအားဖြင့် ဒူဘိုင်းတွင် သွားရောက်နေထိုင်နေသည်မှာ ၁၆ နှစ် ရှိပြီဖြစ်သည်။ သူ့ကို ရာဇဝတ် စီရင်ချက် သုံးခုဖြင့် ထောင် ၁၀ နှစ် ချထားသည်။

မစ္စတာ သက်ဆင်သည် ပြစ်ဒဏ်ကင်းလွတ်ခွင့် တစုံတရာရပြီး ပြန်လာပါက ထိုင်းလူ့အဖွဲ့အစည်းမှ ရှေးရိုစဉ်လာ ရန်သူဟောင်းများက အကြမ်းဖက်ဆန္ဒပြပွဲသစ်များကို လှုံ့ဆော်နိုင်သည်။ ထိုအခါ မလွှဲရှောင်သာသည့် သွေးထွက်သံယို ပဋိပက္ခများနှင့် ဖရိုဖရဲအခြေအနေများ ပေါ်ပေါက်လာမည်။ မကြာမီ ဗိုလ်ချုပ်အချို့က ကြားဝင်ပြီး ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားရေး ထပ်မံအကြောင်းပြကာ အာဏာသိမ်းနိုင်သည်။

မစ္စတာ သက်ဆင်သည် ပြစ်ဒဏ်ကင်းလွတ်ခွင့် တစုံတရာရပြီး ပြန်လာပါက ထိုင်းလူ့အဖွဲ့အစည်းမှ ရှေးရိုစဉ်လာ ရန်သူဟောင်းများက အကြမ်းဖက်ဆန္ဒပြပွဲသစ်များကို လှုံ့ဆော်နိုင်သည်။ ထိုအခါ မလွှဲရှောင်သာသည့် သွေးထွက်သံယို ပဋိပက္ခများနှင့် ဖရိုဖရဲအခြေအနေများ ပေါ်ပေါက်လာမည်။ မကြာမီ ဗိုလ်ချုပ်အချို့က ကြားဝင်ပြီး ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားရေး ထပ်မံအကြောင်းပြကာ အာဏာသိမ်းနိုင်သည်။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ပြီး ယင်လတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဘန်ကောက်တွင် ၇ လကြာ ဖြစ်ပွားပြီးနောက် ဗိုလ်ချုပ်ကြီး ပရာယွတ်က ၂၀၁၄ ခုနှစ်၊ မေလတွင် ထိုအတိုင်း စစ်အာဏာသိမ်းခဲ့သည်။ ထိုသို့ဖြစ်လျှင် ထိုင်းနိုင်ငံသည် မူလလမ်းကြောင်း ပြန်ရောက်သွားပြီး မစ္စတာ သက်ဆင်နှင့် ဗိုလ်ချုပ်ကြီး ပရာယွတ်တို့ မပြီးဆုံးနိုင်သော ပဋိပက္ခတွင် ဆယ်စုနှစ်တခုလုံး အချိန်ဖြုန်းလိုက်ခြင်းသာ ဖြစ်လာမည်ဖြစ်သည်။

နိဂုံး

ထိုင်းနိုင်ငံ၏ အနာဂတ်သည် ထိုင်းမဲဆန္ဒရှင်များ မေလ ၁၄ ရက်နေ့တွင် မဲပေးသောအအခါ ၎င်းတို့လက်တွင် ရှိနေမည်ဖြစ်သည်။

မဲဆန္ဒရှင်အများစုသည် ဆုံးဖြတ်ချက်များ ချထားပြီးဖြစ်သည်။

မည်သို့ဆိုစေ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထောက်ခံသော ကိုယ်စားလှယ်လောင်းများနှင့် ပါတီများအား မဲပေးခြင်းကို ရွေးချယ်စရာတခုအဖြစ် မြင်သင့်သည်။

ထိုင်းနိုင်ငံသည် ရှေ့သို့မျှော်သည့် ထိုင်းမဲဆန္ဒရှင်များထံမှ ရနိုင်သမျှ အကူအညီအားလုံးကို လိုအပ်နေသည်။

ထိုင်းနိုင်ငံအနေဖြင့် လက်ဟောင်းနိုင်ငံရေးသမားများ၏ စွန့်လွှတ်အနစ်နာခံမှုကို မမျှော်ကိုးနိုင်ပေ။ ၎င်းတို့သည် ထာဝရ မိတ်ဆွေများ မဟုတ်သလို ထာဝရ ရန်သူများလည်း မဟုတ်ကြပေ။ ၎င်းတို့တွင် အမြဲတမ်းရှိနေသည့် အရာမှာ ကိုယ်ကျိုးစီးပွားသာဖြစ်သည်။

ထိုင်းနိုင်ငံအနေဖြင့် လက်ဟောင်းနိုင်ငံရေးသမားများ၏ စွန့်လွှတ်အနစ်နာခံမှုကို မမျှော်ကိုးနိုင်ပေ။ ၎င်းတို့သည် ထာဝရ မိတ်ဆွေများ မဟုတ်သလို ထာဝရ ရန်သူများလည်း မဟုတ်ကြပေ။ ၎င်းတို့တွင် အမြဲတမ်းရှိနေသည့် အရာမှာ ကိုယ်ကျိုးစီးပွားသာဖြစ်သည်။

(Fulcrum ပါ Termsak Chalermpalanupap ၏ What’s Interesting about the Thai General Election is not Who Wins but What Comes After ကို ဘာသာပြန်သည်။ ယခုဆောင်းပါးသည် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ထုတ် ISEAS Perspective 2023/24 ကို မှီငြမ်းသည်။ တမ်ဆက် ချာလမ်ပလာနုပက်သည် ISEAS – Yusof Ishak Institute မှ ဧည့်သုတေသီနှင့် ထိုင်းနိုင်ငံလေ့လာရေးအစီအစဉ် ခေတ္တ ညှိနှိုင်းရေးမှူး ဖြစ်သည်။)

You may also like these stories:

မျိုးဆက်ကွာဟမှုက ထိုင်းရွေးကောက် ပွဲအပေါ် ဩဇာကြီးနိုင်

ကမ္ဘောဒီးယားနှင့် ထိုင်းတို့၏ ရွေးကောက်ပွဲတွေ ဘာကွာလဲ

ရွေးကောက်ပွဲပြီးလျှင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းပြန်ပြီး အဖမ်းခံမည်

ထိုင်းရွေးကောက်ပွဲက မြန်မာ့ဒီမိုကရေစီတိုက်ပွဲအပေါ် ရိုက်ခတ်နိုင်

ထိုင်းဝန်ကြီးချုပ်ရာထူး သက်ဆင်သမီး အပြတ်အသတ် ရေပမ်းစားနေ

ထိုင်း ရွေးကောက်ပွဲမှာ ဆေးခြောက်က ပြဿနာဖြစ်လာ

Your Thoughts …
Tags: BJTMove Forward ပါတီPPRPထိုင်းရွေးကောက်ပွဲပရာယွတ် ချန်အိုချာပရာဝတ် ဝေါင်ဆူဝန်ဖွေထိုင်းပါတီမဲဆန္ဒရှင်လူထုသဘောထားသက်ဆင်ရှင်နာဝပ်
Termsak Chalermpalanupap

Termsak Chalermpalanupap

Similar Picks:

သက်ဆင် ခုမှ ဘာကြောင့် ထိုင်းပြန်လာသလဲ

သက်ဆင် ခုမှ ဘာကြောင့် ထိုင်းပြန်လာသလဲ

by ဧရာဝတီ
24 August 2023
6.6k

ပြည်ပတွင် ၁၅ နှစ် နေပြီးနောက် ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်သည် ထိုင်းနိုင်ငံသို့ ဩဂုတ်လ ၂၂ ရက်နေ့တွင် ပြန်လာသည်။

ထိုင်းဘုရင်ကို စော်ကားမှုဖြင့် သက်ဆင် ရှင်နာဝပ်ကို တရားစွဲ

ထိုင်းဘုရင်ကို စော်ကားမှုဖြင့် သက်ဆင် ရှင်နာဝပ်ကို တရားစွဲ

by ဧရာဝတီ
29 May 2024
6.3k

မစ္စတာ သက်ဆင်က ထိုစွဲချက်ကို ငြင်းဆန်ပြီး ဘုရင်စနစ်ကို သစ္စာခံကြောင်း အကြိမ်ကြိမ် ပြောသည်။

ထိုင်းအစိုးရသစ် ရင်ဆိုင်ရမည့် ပြဿနာများ

ထိုင်းအစိုးရသစ် ရင်ဆိုင်ရမည့် ပြဿနာများ

by ဧရာဝတီ
26 August 2023
5.3k

ဖွေ့ထိုင်းနှင့် စစ်တပ်အကြား ပျားရည်ဆမ်းခရီးသည် မကြာမီ ကုန်ဆုံးသွားမည်ဖြစ်ကြောင်း လေ့လာသူများက ယူဆကြသည်။

လမ်းဆုံးရောက်နေသည့် ရှင်နာဝပ်မိသားစု အနာဂတ်

လမ်းဆုံးရောက်နေသည့် ရှင်နာဝပ်မိသားစု အနာဂတ်

by Chairith Yonpiam
30 August 2025
5.3k

ရှင်နာဝပ်မိသားစုများ၏ အလားအလာနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူများက အဆိုးမြင်ကြသည်။

NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

by Surachanee Sriyai
11 September 2023
5.1k

ထိုင်းနိုင်ငံသည် ၎င်း၏ အကျိုးစီးပွားများ မြှင့်တင်ရာတွင် မြန်မာ၏ ရှုပ်ထွေး ထိခိုက်လွယ်သော လူမှုနိုင်ငံရေး ရှုခင်းတွင် လမ်းကြောင်းရှာရန် ပိုမို ခက်ခဲသည်။

ဖွေထိုင်းပါတီ ဘာလုပ်မလဲ

ဖွေထိုင်းပါတီ ဘာလုပ်မလဲ

by Aekarach Sattaburuth
24 July 2023
5.1k

နှစ်လတာမျှ စောင့်ဆိုင်းနေပြီးနောက် ဖွေထိုင်းပါတီသည် ညွန့်ပေါင်းအစိုးရဖွဲ့ခွင့်ရပြီ ဖြစ်သည်။

Next Post
၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရမှုကို ရန်ကုန်တွင် အောင်ပွဲခံနေသည့် NLD ထေက်ခံသူများ / ဧရာဝတီ

ရွေးကောက်ပွဲဖြင့် ကမ္ဘာသို့ လိမ်မည့် စစ်ကောင်စီအကြံ ကျဆုံးခန်း

တပ်မတော်(လေ)ဖွဲ့စည်းတည်ထောင်မှု ၇၅နှစ်မြောက် စိန်ရတုနှစ်ပတ်လည်တွင် တွေ့ရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(CINCDS)

အရပ်သားများကို ပို၍ပစ်မှတ်ထားလာသည့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved