• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းဘုရင်ကို စော်ကားမှုဖြင့် သက်ဆင် ရှင်နာဝပ်ကို တရားစွဲ

by ဧရာဝတီ
29 May 2024
in သတင်း
A A
ထိုင်းဘုရင်ကို စော်ကားမှုဖြင့် သက်ဆင် ရှင်နာဝပ်ကို တရားစွဲ

ထိုင်းနိုင်ငံ၊ ဘန်ကောက် ဒွန်မောင်း လေဆိပ်သို့ ရောက်လာသော သက်ဆင်က ဘုရင့်ဓာတ်ပုံရှေ့ ဝပ်တွားဦးချစဉ် / AFP

6.3k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံမှ ဆယ်စုနှစ်များစွာ ကြာသော နိုင်ငံရေးခရီးကြမ်းတွင် နောက်ဆုံး အလှည့်အပြောင်းအဖြစ် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်အား ဘုရင်ကို စော်ကားမှုဖြင့် တရားစွဲလိုက်ကြောင်း ထိုင်းအာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

ရဲတပ်ဖွဲ့က စွဲဆိုသည့် ထိုအမှုတွင် သက်ဆင်သည် ၂၀၁၅ ခုနှစ်က တောင်ကိုရီးယား ချိုဆန်အီဘို သတင်းစာနှင့် တွေ့ဆုံမေးမြန်းစဉ် အမည်ဆိုးကျော်ကြားပြီး ပြင်းထန်သည့် ထိုင်းနိုင်ငံ၏ ဘုရင်စနစ်ကို ကာကွယ်သော ဥပဒေအား ချိုးဖောက်ကြောင်း စွပ်စွဲသည်။

“ရှေ့နေချုပ်က သက်ဆက်ကို စွပ်စွဲချက်အားလုံးနဲ့ တရားစွဲဖို့ ဆုံးဖြတ်လိုက်တယ်” ဟု ပြောခွင့်ရသူ ပရာယွတ် ဘီဂျရာဂူနာက သတင်းထောက်များကို ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ သက်ဆင်သည် ဇွန်လ ၁၈ ရက်နေ့တွင် ရှေ့နေချုပ်ရုံးသို့ သွားရောက်ပြီးနောက် ရှေ့နေချုပ်ရုံးက သူ့ကို တရားရုံးသို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။ သူသည် ကိုဗစ်နိုင်တင်း ကူးစက်ခံထားရသောကြောင့် ဗုဒ္ဓဟူးနေ့ ကြားနာမှုသို့ မလာရောက်နိုင်ကြောင်း ထိုပြောခွင့်ရသူက ပြောသည်။

မစ္စတာ သက်ဆင်က ထိုစွဲချက်ကို ငြင်းဆန်ပြီး ဘုရင်စနစ်ကို သစ္စာခံကြောင်း အကြိမ်ကြိမ် ပြောသည်ဟု ထိုပြောခွင့်ရသူက ပြောသည်။

၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းသည်အထိ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သော မစ္စတာ သက်ဆင်သည် ၁၅ နှစ်ကြာ ပြည်ပတွင် သွားရောက်နေထိုင်ပြီး ထိုင်းနိုင်ငံသို့ သြဂုတ်လတွင် ပြန်လာခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရသည်။

မစ္စတာ သက်ဆင်သည် သူ့ကိုချမှတ်ထားသည့် ထောင်ဒဏ်နှင့် စွပ်စွဲချက်များကြောင့် သူထိုင်းသို့ ပြန်လာနိုင်ရေးအတွက် နိုင်ငံမှ သြဇာကြီးမားသော ရှေးရိုးစဉ်လာ ကွန်ဆာဗေးတစ်၊ ဘုရင့်သစ္စာခံ အသိုက်အဝန်းတို့နှင့် သဘောတူညီမှုတခု ရခဲ့နိုင်သည်ဟု ကျွမ်းကျင်သူများက ယူဆသည်။ ထိုသို့သော ပြောဆိုမှုကို သက်ဆင်က ငြင်းဆိုသည်။

အာဏာရစဉ်အတွင်း အကျိုးစီးပွား ပဋိပက္ခ၊ အာဏာအလွဲသုံးစားလုပ်ခြင်းနှင့် ခြစားမှုများအတွက် သူ့ကို ထောင်ရှစ်နှစ် ချသော်လည်း ထောင်ဒဏ်ကို နောင်တွင် တနှစ်အထိ လျှော့ချလိုက်သည်။ ဖေဖော်ဝါရီလတွင် အသက် ၇၄ နှစ်ရှိပြီဖြစ်သော သက်ဆင်ကို ခံဝန်ဖြင့် ပြန်လွှတ်ပေးသောကြောင့် ရဲဆေးရုံတွင် ခြောက်လသာ နေထိုင်ရသည်။

ထိုင်းနိုင်ငံသည် ကမ္ဘာတွင် ဘုရင်စနစ်ကို အတင်းကျပ်ဆုံး ကာကွယ်သည့် ဥပဒေအချို့ရှိပြီး ဘုရင်၊ မိဖုရား သို့မဟုတ် အရိုက်အရာဆက်ခံသူကို ဝေဖန်ခြင်းသည် တမှုလျှင် အများဆုံး ထောင် ၁၅ နှစ်အထိ ကျနိုင်သည်။

ထိုင်းရာဇဝတ်မှုဥပဒေ ပုဒ်မ ၁၁၂ သို့မဟုတ် ဘုရင်စနစ်ကို ကာကွယ်သည့်ဥပဒေဖြင့် ထောင်ချခံရများအတွက် ထောင်ဒဏ်သည် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပြီး မကြာသေးမီနှစ်များအတွင် ထိုဥပဒေဖြင့် ထောင်ချခံရသူ ရာနှင့်ချီရှိသည်။

ဘုရင်စနစ်ကို ကာကွယ်သည့်ဥပဒေဖြင့် စွပ်စွဲခံထားရသည့် ထိုင်းလူငယ် တက်ကြွလှုပ်ရှားသူတဦး တရားခွင်မတိုင်မီ ဖမ်းဆီးခံထားရစဉ် အစာငတ်ခံနေရာက ယခုလအစောပိုင်းတွင် သေဆုံးခြင်းသည် နိုင်ငံမှ လူအများအပြားကို တုန်လှုပ်စေပြီး တရားဥပဒေစနစ်ကို ပြင်ဆင်ရန် ထပ်မံတောင်းဆိုမှုများ ဖြစ်စေသည်။

မန်ချက်စတာစီးတီး ဘောလုံးကလပ်ပိုင်ရှင်ဟောင်း မစ္စတာ သက်ဆင်သည် ထိုင်းနိုင်ငံရေးကို လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း လွှမ်းမိုးထားပြီး ဝန်ကြီးချုပ်ဟောင်း နှစ်ဦးရှိသည့် ကျော်ကြားသော နိုင်ငံရေးမျိုးဆက်၏ အကြီးအကဲ ဖြစ်သည်။

သြဇာကြီးမားသော ရှင်နာဝပ် ဆွေမျိုးစု၏ နောက်ဆုံးပါတီဖြစ်သော ဖွေ့ထိုင်းပါတီသည် ၂၀၂၃ ခုနှစ်၊ မေလ ရွေးကောက်ပွဲနောက်ပိုင်းတွင် စစ်တပ်မှ ယခင်ပြိုင်ဘက်များနှင့် အာဏာရ ညွန့်ပေါင်းတွင် ပါဝင်ပြီး အစိုးရအဖွဲ့၌ ပါဝင်နေသည်။ သက်ဆင်၏ သမီး ပေတောင်တန် ရှင်နာဝပ်သည် ပါတီ၏ ခေါင်းဆောင်ဖြစ်သည်။

အဝေးရောက်ဘဝမှ ပြန်လာခြင်း

RelatedPosts

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
11
ကမ္ဘာကျော် Tomorrowland ဂီတပွဲတော် ထိုင်းမှာ ကျင်းပမယ်

ကမ္ဘာကျော် Tomorrowland ဂီတပွဲတော် ထိုင်းမှာ ကျင်းပမယ်

10 January 2026
22
မဲရုံမှာ ရှုံးသော်လည်း ကြိုတင်မဲဖြင့် အနိုင်ယူသည့် ကြံ့ဖွံ့အမတ် တဒါဇင်ကျော်ရှိ

မဲရုံမှာ ရှုံးသော်လည်း ကြိုတင်မဲဖြင့် အနိုင်ယူသည့် ကြံ့ဖွံ့အမတ် တဒါဇင်ကျော်ရှိ

10 January 2026
86

ထိုင်းနိုင်ငံသို့ သက်ဆင်ပြန်လာခြင်းသည် နိုင်ငံရေးတင်မားမှု ဖြစ်နေချိန်တွင် ထိုင်းအတွက် သြဇာကြီးမားပြီး သဘောထားကွဲစေသည့် ခေါင်းဆောင်တဦးကို ပြန်လည် မိတ်ဆက်ခြင်း ဖြစ်သည်။

ပြန်လည် လွတ်မြောက်လာပြီးနောက် မစ္စတာ သက်ဆင်သည် သူ့ကိုထောက်ခံသည့် အခြေခံဒေသဖြစ်သော ချင်းမိုင် အပါအဝင် နိုင်ငံအနှံ့ခရီးသွားပြီး အများပြည်သူရှေ့ အကြိမ်ကြိမ် ထွက်လာသည်။

သူအာဏာရသည့် ကာလတလျှောက်လုံးတွင် မစ္စတာ သက်ဆင်သည် ကျေးလက်နှင့် အလုပ်သမား လူတန်းစားအကြား လွန်စွာ ရေပန်းစားသော်လည်း သူ၏မူဝါဒများကို ချမ်းသာသော အထက်လွှာနှင့် ကွန်ဆာဗေးတစ်များက မုန်းတီးကြပြီး သူသည် အန္တရာယ်များကာ အကျင့်ပျက်ခြစားသည့် အများကြိုက်သမားဖြစ်သည်ဟု စွပ်စွဲကြသည်။

နိုင်ငံတွင် လူကိုယ်တိုင် မရှိသည့် ကာလအတွင်းတွင် သူသည် ထိုင်းနိုင်ငံရေးတွင် သြဇာ ဆက်လက်ကြီးမားနေပြီး နိုင်ငံ၏ မတည်ငြိမ်ဘဲ တခါတရံ အကြမ်းဖက်သည့် နိုင်ငံရေးအခင်းအကျင်း၏ ဗဟိုချက်တွင် ဆက်လက် ရှိနေသည်။

နောက်ကွယ်မှ ကြိုးဆွဲနေသည်ဆိုသည့် ပြောဆိုချက်များကို ၎င်းကငြင်းဆန်ပြီး အနားယူကာ မိသားစုနှင့်အတူ နေထိုင်လိုသောကြောင့် ထိုင်းသို့ ပြန်လာကြောင်း ပြောသည်။

ထိုင်းအစိုးရကို ဝေဖန်သူများ နှုတ်ပိတ်သွားစေရန် ဘုရင်စနစ်ကို ကာကွယ်သည့်ဥပဒေအား နိုင်ငံရေး အသုံးချခံအဖြစ် အသုံးပြုသည်ဟု လူ့အခွင့်အရေးအဖွဲ့များနှင့် လွတ်လပ်စွာပြောဆိုခွင့် လှုပ်ရှားသူများက ပြောဆိုကြသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

လူငယ်များ ဦးဆောင်သည့် ၂၀၂၀ ပြည့်နှစ် တနိုင်ငံလုံး ဆန္ဒပြပွဲများနောက်ပိုင်းတွင် ထိုင်းနိုင်ငံမှ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် ပိုမိုတိုက်ခိုက်ခံလာရသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

ထိုဆန္ဒပြပွဲများတွင် သန်းနှင့်ချီသော လူငယ်များ လမ်းမများပေါ် ထွက်လာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ပထမဆုံးအကြိမ် တောင်းဆိုကာ ဘုရင်စနစ်ကို ဗြောင်ကျကျ ဝေဖန်ရင်း ဘုရင်စနစ်၏ အာဏာနှင့် ကြွယ်ဝချမ်းသာမှုကို လူသိရှင်ကြား မေးခွန်းထုတ်ကြသည်။

ထိုဆန္ဒပြပွဲများသည် ဘုရင် မဟာဝိဇယလောင်ကွန်းက ဆယ်စုနှစ် ခုနစ်ခုကြာ ထီးနန်းစံခဲ့သည့် ဖခင်ဖြစ်သူ ဘုရင် ဘူမိဘော အဒူယာဒက်ကို ဆက်ခံပြီး လေးနှစ်အကြာတွင် ဖြစ်ပွားသည်။

စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရမှ အရပ်သားခေါင်းဆောင်မှုသို့ လွန်ခဲ့သောနှစ်တွင် ပြောင်းလဲသွားသော်လည်း တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားများကို စောင့်ကြည့်ခြိမ်းခြောက်မှုများ ဆက်လက်ရှိနေသည်ဟု Thai Lawyers for Human Rights အဖွဲ့က ပြောသည်။

အထက်ပါ ဆန္ဒပြပွဲများ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိအတွင် လူအနည်းဆုံး ၁,၉၅၄ ဦးကို နိုင်ငံရေးစုဝေးမှုများတွင် ပါဝင်သောကြောင့်နှင့် ထုတ်ဖော်ပြောဆိုသောကြောင့် တရားစွဲဆို သို့မဟုတ် စီရင်သည်ဟု အထက်ပါ ဥပဒေအဖွဲ့ ပြောသည်။ ထိုအမှုများအနက် ၂၈၆ မှုတွင် ကလေးငယ်များ ပါဝင်နေသည်ဟုလည်း ဆိုသည်။

ဘုရင်စနစ်ကို ကာကွယ်သည့်ဥပဒေကို ပြုပြင်ပြောင်းလဲရန် တွန်းအားပေးမှုများသည် ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ သိသိသာသာ အရှိန်ရလာပြီး တိုးတက်သော ရှေ့သို့ချီ (Move Forward) ပါတီကို မဲအများဆုံး အနိုင်ရစေသည်။

ထိုပါတီသည် ၎င်း၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကြောင့် အစိုးရမဖွဲ့နိုင်စေရန် ပိတ်ဆို့ခံရပြီးနောက်ပိုင်းတွင် ရှေ့သို့ချီပါတီသည် ဘုရင်စနစ်ကို ကာကွယ်သည့်ဥပဒေကို ပြင်ဆင်ရန် လှုပ်ရှားမှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဆုံးဖြတ်ပြီး သက်ဆိုင်ရာ လှုပ်ရှားမှုအားလုံး ရပ်တန့်ရန် အမိန့်ချခံရသည်။

ကိုးကား ။ ။ CNN သတင်း Thailand indicts former leader Thaksin Shinawatra on royal insult charges

You may also like these stories:

သက်ဆင်က ထိုင်းနိုင်ငံရေးအပေါ် အရိပ်မိုးနေဆဲ

သက်ဆင် ခုမှ ဘာကြောင့် ထိုင်းပြန်လာသလဲ

ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ဆုတံဆိပ်များ ရုပ်သိမ်းခံရ

မြန်မာ့အရေး သက်ဆင် ကြားဝင်ရန် ကြိုးစားမှု ကျရှုံး

ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာပြည်ကို သွားရောက်ခဲ့

Your Thoughts …
Tags: Move Forward ပါတီထိုင်းပုဒ်မ ၁၁၂ပေတောင်တန် ရှင်နာဝပ်ဖွေထိုင်းပါတီဖွဲ့စည်းပုံအခြေခံဥပဒေဘုရင်စနစ်ရွေးကောက်ပွဲလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းသက်ဆင် ရှင်နာဝပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

Next Post
ဘင်္ဂလားဒေ့ရှ် ဆေးဝါးကုမ္ပဏီများ မြန်မာဈေးကွက် ထိုးဖောက်ရန် သံအမတ် တိုက်တွန်း

ဘင်္ဂလားဒေ့ရှ် ဆေးဝါးကုမ္ပဏီများ မြန်မာဈေးကွက် ထိုးဖောက်ရန် သံအမတ် တိုက်တွန်း

ဗန်းမော်မြို့ကို KIA ဝိုင်းထားပြီ (ရုပ်/သံ)

ဗန်းမော်မြို့ကို KIA ဝိုင်းထားပြီ (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved