• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

လေတပ်ကို မှီ၍ ပိုချမ်းသာလာကြသည့် စစ်ဗိုလ်ချုပ် အနွယ်တော်များ

by ဧရာဝတီ
1 May 2023
in ဆောင်းပါး
A A
၂၀၂၂ ခုနှစ် ဒီဇင်လာက ကျရောက်သည့် တပ်မတော်(လေ) စိန်ရတုအခမ်းအနားတွင် တွေ့ရသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်

၂၀၂၂ ခုနှစ် ဒီဇင်လာက ကျရောက်သည့် တပ်မတော်(လေ) စိန်ရတုအခမ်းအနားတွင် တွေ့ရသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်

13.6k
VIEWS
Share on FacebookShare on Twitter

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသည့်အချိန်မှစ၍ မြန်မာစစ်တပ်၏ နှစ်စဉ် အသုံးစရိတ်များ မှာ တိုးလာသည်ကို တွေ့ရသည်။ အထူးသဖြင့် စစ်တပ်တခုလုံး၏ အသုံးစရိတ်များထဲတွင် သိသိသာသာတိုး၍ သုံးလာ သည်က လေတပ် ၏ အသုံးစရိတ်ဖြစ်သည်။ လေယာဉ်အသစ်များ ထပ်မံဝယ်ယူခဲ့သလို ယခုဆိုလျှင် လေကြောင်း တိုက်ခိုက်မှုကို အဓိက အားထားလာရ ခြင်းတို့ကြောင့်လည်း အသုံးစရိတ်များ တိုးလာခြင်း ဖြစ်သည်။

စစ်ကောင်စီသည် လက်ရှိဘဏ္ဍာနှစ်တွင် ကာကွယ်ရေးအသုံးစရိတ် ကျပ်ဘီလျံ နှစ်သောင်းနီးပါး သုံးဖို့ လျာထားပြီး ဤပမာဏသည် ယမန်နှစ် ကာကွယ်ရေး အသုံးစရိတ်ထက် ကျပ်ဘီလျံ ၂၀၀၀နီးပါး ပိုမိုပြီး ဆယ်စုနှစ်တခုအတွင်း အများဆုံး စံချိန်တင် ကာကွယ်ရေးအသုံးစရိတ်ဖြစ်ကြောင်း BBC သတင်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူခဲ့သည့်၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် တိုက်ပွဲဖြစ်ပွားမှု အနည်းဆုံးနှစ်မှာ၂၀၂၀ ပြည့်နှစ်ဟုဆိုရမည်၊ ဧရာဝတီက ရထားသည့် စစ်တပ်၏ လွှတ်တော်သို့ တင်ပြခြင်းမရှိသော သီးသန့် ကာကွယ်ရေးအသုံးစရိတ် စာရင်းအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွက် လေတပ်အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ သန်း ၃၇၆ သန်းကျော် (ကျပ်ငွေ သန်းပေါင်း ၅ သိန်း ၇ သောင်း ၄ ထောင် ကျော်) သုံးထားသည်ကိုတွေ့ရသည်။ထိုကုန်ကျစရိတ်တွင် ဝန်ထမ်းလစာနှင့် လေယာဉ်ဆီအသုံးစရိတ် ပါ သေးပေ။

ထိုကာလသည် မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွား ခြင်းနှင့်၂၀၂၀ ရွေးကောက်ပွဲ ကျင်းပသည့် ကာလဖြစ် သည်။ ထိုကာလအတွင်း မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း တွင် ရက္ခိုင်စစ်တပ် (AA) နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားမှုအချို့ ရှိခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် လက်ထက်တွင် မြန်မာနိုင်ငံ၌ တိုက်ပွဲဖြစ်ပွားမှု အနည်းဆုံး ကာလဟု ဆိုရမည်။

လေတပ် ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၏ သား အိုင်ဗန်ထက်နှင့် ဇနီး လင်းလက်သီရိတို့၏ ဓာတ်ပုံကို ဖေ့ဘွတ်ပရိုဖိုင်းတွင် မြင်ရစဉ်

တိုက်ပွဲ ဖြစ်ပွားမှု အနည်းဆုံးအချိန် လေတပ်၏ တနှစ် အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ သန်း ၃၇၆ သန်း ကျော်ရှိနေရာ တိုက်ပွဲဖြစ်ပွားမှုများသည့်၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိကာလများတွင် လေတပ်၏ တနှစ် အသုံးစရိတ်မှာ အမေရိကန်ဒေါ် လာ ၁ ဘီလီယံခန့် ရှိနိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
46
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
38
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
59

သို့သော် လေတပ်အတွက် နှစ်စဉ်သုံးစွဲနေသည့် ကုန်ကျစရိတ် ထက်ဝက်ခန့်မှာ စစ်ဗိုလ်ချုပ်ကြီးများနှင့် လေတပ်အရာရှိ များ အိတ်ကပ်ထဲသို့ ရောက်သွားကြသည်ဟု ဆိုရမည်။

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့တွင် သာမန်မိသားစုမှ မွေးဖွားလာခဲ့သည့် Sky Aviator ကုမ္ပဏီ ပိုင်ရှင် ဦးကျော်မင်းဦး သည် လေတပ်နှင့် ပတ်သက် သော ပစ္စည်းတင်သွင်းခွင့်ရပြီးနောက် ၁၀ နှစ်တာကာလအတွင်း ကြီးပွားချမ်းသာ လာခဲ့ သည်။ Limited မာစီဒီးကားကိုပင် ဝယ်စီးနိုင်သူ ဖြစ်လာခဲ့သည်။

ထို့အတူ တံတားဦးလေတပ်ဆွယ်တွင် တပ်ဆွယ်မှူး တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ် ကျော်မိုးသက်သည် အနုပညာရှင် အချို့အား သိန်းထောင်ချီ စပွန်ဆာပေးနိုင်ခဲ့ပြီး ဗိုလ်မှူးချုပ် ကျော်မိုးသက် စပွန်ဆာပေးထားသော အနုပညာရှင်များထဲတွင် ယုန်လေး နှင့် J Fire တို့မှာ လူသိများသည့် အနုပညာရှင်များဖြစ်သည်။ ထို့ပြင် ဗိုလ်မှူးချုပ် ကျော်မိုးသက်သည် မန္တလေးတွင် သိန်းထောင်ချီတန်သော မြေကွက်များစွာ ပိုင်ဆိုင်သူ ဖြစ်လာခဲ့သည်။

သူတို့ထက်ပို၍ ကြီးပွားချမ်းသာသူများမှာ စစ်ခေါင်းဆောင် လေတပ်ဦးစီးချုပ်နှင့် သူတို့၏ မိသားစုဝင်ဆွေမျိုးများ ဖြစ် သည်။ သူတို့၏ မိသားစုဝင်များသည် နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံ၏ ထိပ်တန်း ခရိုနီသူဌေးများ ဖြစ်လာခဲ့သည်။ အထူးသဖြင့် နဝတ၊ နအဖ လက်ထက်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်တွင် လေတပ်နှင့်ပတ်သက်၍ ကြီး ပွားချမ်းသာလာသူများ ပေါ်ထွက်လာခဲ့သည်။

မြန်မာ တပ်မတော် (လေ) သည် ဗြိတိသျှတော်ဝင်တပ်မတော်ကို အခြေခံ၍ ဖွဲ့စည်းထားသော လေတပ် ဖြစ်သည်။ လက်ရှိ မြန်မာစစ်တပ်၏ ကြည်း၊ ရေ၊ လေ တပ်များထဲတွင် လေတပ်မှာ ဒီမိုကရေစီစနစ်ဖြင့် အခြေတည်ခဲ့သော တပ် ဖြစ်သည်။

ထို့ကြောင့် လေတပ်အတွက် ပစ္စည်းဝယ်ယူရာတွင်သော်လည်းကောင်း ပစ္စည်းအသုံးပြုရာတွင်လည်းကောင်း အကျင့်ပျက် ခြစားမှုများ မရှိစေရန် ဝယ်ယူရေး၊ အင်ဂျင်နီယာနှင့် အုပ်ချုပ်ရေး စသည် ဌာနသုံးခုဖြင့် အပြန်အလှန် ထိန်းညှိထားခဲ့သည်။ သို့သော်လည်း ၁၉၈၈ ခုနှစ် နောက်ပိုင်းမှစ၍ အကျင့်ပျက် ခြစားမှုများ တဖြည်းဖြည်း များလာခဲ့သည်။ အာဏာရှိ စစ်ခေါင်း ဆောင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပေါင်း၍ လုပ်စားလာကြသည်။

နဝတ အစိုးရလက်ထက်တွင် တပ်မတော်လေအတွက် လိုအပ်သော ပစ္စည်းများ ဝယ်ယူခြင်း လေယာဉ်အသစ်များ နှင့် အပိုပစ္စည်းများ ဝယ်ယူခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအား အိတ်ဖွင့်တင်ဒါစနစ် မကျင့်သုံးတော့ဘဲ စစ်ဗိုလ် ချုပ်များနှင့် ရင်းနှီးသူများအား လက်သိပ်ထိုး လုပ်ပိုင်ခွင့်ပေးခဲ့ကြသည်။ နဝတ အစိုးရ လက်ထက်တွင် လေတပ်အတွက် လေယာဉ်ဝယ်ယူရာတွင် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ခယ်မဖြစ်သူ ဒေါ်ရိုစီဟု လူသိများသူမှာ အဓိက အကျိုးဆောင် ဖြစ်ခဲ့သည်။

၂၀၁၈ စင်ကာပူလေကြောင်းပြပွဲတွင် မြင်ရသော လေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၏ တူနှင့် တူမဖြစ်သူ လင်းထက်နှင့် မွန်ရည်

ထိုကဲ့သို့ အကျိုးဆောင်ပေးသူများအား လုပ်ပိုင်ခွင့်ရသည့် လုပ်ငန်းရှင်များမှ အကျိုးဆောင်နှင့် စစ်ဗိုလ်ချုပ်များအတွက် ကော်မရှင် ခွဲပေးကြသည်။ သို့သော် လက်ရှိ စစ်ခေါင်းဆောင် လက်ထက်တွင်မူ စစ်ဗိုလ်ချုပ် သားသမီးများက ကိုယ်တိုင် ကုမ္ပဏီထောင်၍ လုပ်ကိုင်လာသည်ကို တွေ့ရသည်။

လေတပ်ဦးစီးချုပ် တာဝန်ယူခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း မောင်မောင်ကျော်၏ သားဖြစ်သူ အိုင်ဗန်ထက် (Alliance Engineering Service)၊ တူနှင့် တူမဖြစ်သူ ဦးလင်းထက်နှင့် ဒေါ်မွန်ရည်တို့သည် လေတပ်အတွက် ပစ္စည်းဝယ်ယူ တင်သွင်းခွင့်နှင့် ပြု လုပ် ထိန်းသိမ်းခြင်း လုပ်ငန်းများဖြင့် ကြီးပွားချမ်းသာလာသူများ ဖြစ်သည်။

တပ်မတော် လေတွင် ပစ္စည်းအသစ် ဝယ်ယူသည့်အခါ အမြတ်တင် ရောင်းချခြင်းနှင့် ပုံမှန်လုပ်နေကျ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ကုန်ကျစရိတ် ပိုမိုတင်ပြခြင်းတို့ဖြင့် စစ်ဗိုလ်ချုပ်များနှင့် သူတို့၏ မိတ်ဆွေများမှာ အချိန်တိုအတွင်း ကြီး ပွားချမ်းသာ သွားခဲ့သည်။

တပ်မတော် (လေ) တွင် လေယာဉ်များ ပုံမှန် ပြင်ဆင် ထိန်းသိမ်းသည့်လုပ်ငန်း အပိုပစ္စည်း ဝယ်ယူသည့် လုပ်ပိုင်ခွင့်နှင့် လေယာဉ်အသစ် ဝယ်ယူသည့်ကိစ္စများတွင် လေတပ်ဗိုလ်ချုပ်များက သူတို့နှင့် ရင်းနှီးသူများနှင့် သူတို့ ဆွေမျိုးသားခြင်း များအား လုပ်ပိုင်ခွင့်ပေးလာကြသည်။

မြန်မာလေတပ်အတွက် ပစ္စည်းများ ဝယ်ယူသည့်အခါ ဝယ်ယူခွင့်ရသည့် ကုမ္ပဏီအနေဖြင့် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် လေတပ်ဦးစီးချုပ်တို့အား ကော်မရှင် ပေးကြရသည်။ လေတပ်ဦးစီးချုပ်အတွက် အနည်းဆုံး ၅ ရာခိုင်နှုန်း ကော်မရှင် ပေးရသည်ဟု ဆိုသည်။

တပ်မတော်အတွက် ပစ္စည်းဝယ်ယူရေးလုပ်ငန်းများအား ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) (တာဝန်ဌာနခွဲ-၂) ဌာနမှအဓိက ဝယ်ယူပေးရပြီး အဆိုပါ ဌာနသည့် လေတပ်ဦးစီးချုပ်အတွက် အဓိက ပိုက်ဆံရှာပေးသောဌာန ဖြစ်သည်။ အဆိုပါ ဌာန တွင်ရှိသော G-1 G-2 နှင့် G-3 (စစ်ဦးစီး ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း) တို့သည် အရေးပါသော ရာထူးများဖြစ် သည်။

တပ်မတော်လေအတွက် လေယာဉ် ရဟတ်ယာဉ်နှင့် လိုအပ်သောပစ္စည်းများ ဝယ်ယူပေးသူများထဲတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်တွင် ဦးတေဇ (ထူးကုမ္ပဏီ) နှင့် ဒေါက်တာ နိုင်ထွဋ်အောင် (Gate Way International) တို့သည်။ ဦးတေဇသည် လေတပ်ဦးစီးချုပ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနှင့် ရင်းနှီးခင်မင်သူ ဖြစ်သည်။ ဗိုလ်ချုပ်ကြီး မြတ် ဟိန်း၏ သားသည် ဦးတေဇ ကုမ္ပဏီတွင် အလုပ် လုပ်ခဲ့သူ ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီးနောက် တပ်မတော်လေအတွက် အဓိက ပစ္စည်းဝယ်ယူ ရေး လုပ်ငန်းများအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သားသမီးများ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၏ သားသမီးများနှင့် ဦးကျော်မင်းဦးတို့က အဓိက လုပ်ပိုင်ခွင့်ရရှိလာခဲ့သည်။ ဦးကျော်မင်းဦးသည် ထူးကုမ္ပဏီတွင် အလုပ် လုပ်ခဲ့သည့် ဝန်ထမ်းတဦးဖြစ်ပြီး ဦးကျော်မင်းဦး၏ ညီဖြစ်သူမှာ တပ်မတော်လေတွင် Mi-17 အုပ်မှူး တာဝန်ထမ်းဆောင် ခဲ့သူ ဖြစ်သည်။

ဆင်းရဲသော မိသားစုမှ မွေးဖွားလာခဲ့သော ဦးကျော်မင်းဦးမှာ တပ်မတော် (လေ) နှင့် ပတ်သက်သော လုပ်ငန်းများ လုပ် ပိုင်ခွင့်ရလာပြီးနောက် မြန်မာပြည်၏ ခရိုနီလက်သစ်တဦး ဖြစ်လာခဲ့သည်။ တပ်မတော်လေအတွက် ပစ္စည်းများ ဝယ်ယူ ခွင့်ရထားသော မဟာစစ်သူကြီးကုမ္ပဏီမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမီး ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်သည်။

တပ်မတော်လေအတွက် အသုံးပြုသော ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များမှာ ပျံသန်းသည့် နာရီအလိုက် သက်တမ်းအလိုက် ပြုပြင်ထိန်းသိမ်းရေး လုပ်ကြရသည်။ အဆိုပါ လုပ်ငန်းသည်လည်း အကျိုး အမြတ်များစွာ ရသောလုပ်ငန်း ဖြစ်သည်။

MiG-29 တိုက်လေယာဉ်တစီးအတွက် နှစ်စဉ် ပုံမှန်ပြုပြင်ထိန်းသိမ်းသည့် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၄ သန်း ၆ သိန်းကျော် ကုန်ကျခဲ့သည်။ ထို့ပြင် Yak-130 ဗုံးကြဲလေယာဉ်အတွက် နှစ်စဉ်ပြုပြင်ထိန်းသိမ်းစရိတ်မှာ အမေရိကန်ဒေါ်လာ ၂ သန်း ၁ သိန်းကျော် ကုန်ကျစရိတ် ရှိခဲ့သည်။

လေတပ်ကို အမှီပြု ချမ်းသာလာသည့် ခရိုနီလက်သစ် ဦးကျော်မင်းဦး

အဆိုပါ ကုန်ကျစရိတ်များမှာ အမှန်တကယ် ကုန်ကျငွေ၏ တဝက်ကျော် ဈေးပိုကြီးနေကြောင်း လေတပ်အသိုင်းအဝိုင်း အရာရှိအချို့က ဆိုသည်။

ထို့ပြင် လေတပ်က သုံးသည့် ရဟတ်ယာဉ်များနှင့် တိုက်လေယာဉ်များ စက်ပိုင်းဆိုင်ရာ ပြင်ဆင်မှုအတွက် ကုန်ကျစရိတ် များတွင် Mi-35 ရဟတ်ယာဉ်တစီးအတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၃ သန်း ၄ သ်ိန်းကျော်ထိ တောင်းခံထား သည်ကိုလည်း ဘတ်ဂျက်စာရင်း၌ တွေ့ရသည်။

မြန်မာစစ်တပ်အနေဖြင့် ၂၀၁၉-၂၀၂၀ ဘတ်ဂျက်နှစ်တွင် Mi-35P အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စီးအား ဘီလာရုစ်နိုင်ငံမှ ဝယ်ယူခဲ့သည်။ အဆိုပါ ရဟတ်ယာဉ် နှစ်စီး ဝယ်ယူရန်အတွက် ၂၀၁၉-၂၀၂၀ ဘတ်ဂျက်တွင် အမေရိကန်ဒေါ်လာ၂ သန်း ၄ သိန်း (၂၄၃၈၀၀၀) သုံးစွဲခဲ့သည်။

သို့သော် ထို ရဟတ်ယာဉ် နှစ်စီးထဲမှ ၁ စီးမှာ ၂၀၂၁ ခုနှစ်တွင် ပျက်ကျသွားခဲ့ကြောင်း လေတပ်အရာရှိအချို့က ဆိုသည်။ အဘယ်ကြောင့်ဆိုသော ဝယ်ယူသည့်အချိန်ကတည်းက အရည် အသွေး မကောင်းသည့် ရဟတ်ယာဉ်များဖြစ်သည့် အတွက် တနှစ်ခန့်အကြာတွင် ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီးနောက် တပ်မတော်လေအတွက် လေယာဉ်အသစ်များ ဝယ်ယူခြင်း အဆင့်မြှင့်တင်ခြင်းများ ပိုမိုလုပ်ဆောင်လာခဲ့သည်။ ထိုအတွက် ကုန်ကျစရိတ်များ ပိုမို များပြားလာခဲ့သည်။ အာဏာသိမ်းပြီး နောက်ပိုင်းတွင် စစ်ဆင်ရေးများ၌ လေတပ်အား ပိုမိုအသုံးပြုလာခဲ့သည်။

လက်ရှိ စစ်ဆင်ရေး အနေအထားအရဆိုလျှင် တပ်မတော်လေ၏ တနှစ်အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့် ရှိလာနိုင်သည်ဟု ခန့်မှန်းထားကြသည်။ ထိုကဲ့သို့ ပိုမိုသုံးစွဲလာသည်နှင့်အမျှ လက်ရှိ စစ်ဗိုလ်ချုပ်များနှင့် သူတို့ မိတ်ဆွေ ခရိုနီများသည်လည်း ပိုမိုချမ်းသာလာကြမည် ဖြစ်သည်။ ။

You may also like these stories:

မြန်မာ့လေတပ်ကို အမှီပြု၍ ကြီးပွားလာသူ (သို့မဟုတ်) ဦးကျော်မင်းဦး

ဂျော်နသန်ကျော်သောင်း (သို့မဟုတ်) စစ်တပ်ကို လျှို့ဝှက်လက်နက်တပ်သူ

လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၁)

အရပ်သားများကို ပို၍ပစ်မှတ်ထားလာသည့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ

ဗိုလ်ပီတာကို ရှက်ပါ

ပဇီကြီး လေကြောင်းတိုက်ခိုက်မှုတွင် အမျိုးသမီးနှင့် ကလေး အများဆုံး သေဆုံး

Your Thoughts …
Tags: ခရိုနီစစ်ကောင်စီလေတပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အထက်ရဲရွာ ရေလှောင်တမံစီမံကိန်း

လူ့အခွင့်အရေး စိုးရိမ်မှုများကြောင့် ဥရောပ ဆည်လုပ်ငန်း ပညာရှင်များ မြန်မာမှ ထွက်ခွာ

လူကိုယ်တိုင် သတင်းစကား ပေးပို့နိုင်ခဲ့သောကြောင့် သူ၏ ခရီးစဉ်အောင်မြင်သည်ဟု ဘန်ကီမွန်း ယူဆပုံရ

မင်းအောင်လှိုင်နှင့် တွေ့ဆုံမှု ဘန်ကီမွန်း ကျေနပ်ပုံရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved