• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လူ့အခွင့်အရေး စိုးရိမ်မှုများကြောင့် ဥရောပ ဆည်လုပ်ငန်း ပညာရှင်များ မြန်မာမှ ထွက်ခွာ

by ဧရာဝတီ
1 May 2023
in သတင်း
A A
အထက်ရဲရွာ ရေလှောင်တမံစီမံကိန်း

အထက်ရဲရွာ ရေလှောင်တမံစီမံကိန်း

11.7k
VIEWS
Share on FacebookShare on Twitter

ဆွီဒင်-ဖင်လန် အင်ဂျင်နီယာ ဝန်ဆောင်မှုလုပ်ငန်း AFRY သည် မြန်မာစစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖေါက်မှုများကို စိုးရိမ်သောကြောင့်ဟု ဆိုကာ မြန်မာမှ ဆည်လုပ်ငန်းများမှ ပြန်လည်ရုတ်သိမ်းသွားသည်။

မြန်မာတွင် လုပ်ကိုင်နေသော လုပ်ငန်းများသည် စစ်ကောင်စီ၏ လူ့အခွင့်အရေးမှတ်တမ်းများကို လေ့လာသင့်ကြောင်း လွန်ခဲ့သောလက ကုလသမဂ္ဂ၏ အကြံပြုချက်အား ထိုလုပ်ငန်းက ကိုးကားဖေါ်ပြသည်။

AFRY သည် မြန်မာတွင်လုပ်ကိုင်နေသည်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာပြီဖြစ်ပြီး မပြီးပြတ်သေးသော စီမံချက် ၃ ခုအပါအဝင် ရေအားလျှပ်စစ်စီမံကိန်း ၁၃ ခုတွင် လုပ်ကိုင်ခဲ့သည်။

နော်ဒစ်နိုင်ငံများမှ ထိုလုပ်ငန်းသည် အထက်ရဲရွာနှင့် အလယ်ပေါင်းလောင်းစီမံကိန်းများအတွက် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၄.၇ သန်း ဝန်ဆောင်ခ ရရှိကြောင်း Justice For Myanmar (JFM) က Distributed Denial of Secrets သတင်းအချက်အလက် သတိပေးသည့် အင်တာနက် စာမျက်နှာမှ အခွန်စာရင်းတင်သွင်းမှုများကို ကိုးကားဖေါ်ပြသည်။

နမ္မတူမြစ်ပေါ်ရှိ ၂၈၀ မဂ္ဂါဝပ် အထက်ရဲရွာ ဆည်စီမံကိန်းကို ယခင်စစ်အုပ်စုခေတ် ၂၀၀၈ ခုနှစ်က စီစဉ်ခဲ့ပြီး ထိုဆည်၏ လူမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ၊ ပွင့်လင်းမြင်သာမှု ကင်းမဲ့ခြင်း၊ ဘိုးဘွားပိုင်မြေများကို ခြိမ်းခြောက်ခြင်းနှင့် ပဋ့ိပက္ခကြီးထွားစေခြင်းတို့ကြောင့် ဒေသခံများက ဆန့်ကျင်ကြသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
491
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
172
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
49

၂၀၂၀ ခုနှစ်တွင် ရှမ်းလူ့အခွင့်အရေးဖေါင်ဒေးရှင်းက ထိုစီမံကိန်းအနီး တရားမဲ့သတ်ဖြတ်မှုများနှင့် ညှင်းပမ်းနှိပ်စက်မှုများအပါအဝင် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖေါက်မှုများကို မှတ်တမ်းတင်ခဲ့သည်။

ထိုအဖွဲ့က စီမံကိန်းမှ နိုင်ငံခြားကုမ္ပဏီများ ရုတ်သိမ်းရန်တောင်းဆိုပြီး ထိုသို့မလုပ်ပါက ရက်စက်ကြမ်းကြုတ်မှုများတွင် ကြံရာပါဖြစ်မည်ဟု သတိပေးသည်။

ထိုစီမံကိန်းကြောင့် ဒေသခံ ၄၀၀၀၀ ရေလွှမ်းမိုးသည့် အန္တရာယ် ရင်ဆိုင်ရနိုင်ကြောင်း ဒီဇင်ဘာလတွင် လူမှုအဖွဲ့အစည်းတခုဖြစ်သည့် နမ္မတူမြစ်စောင့်ရှောက်သူများအဖွဲ့က သတိပေးခဲ့သည်။

နေပြည်တော်အနီးရှီ ၁၅၂ မဂ္ဂါဝပ် အလယ်ပေါင်းလောင်းမြစ်ဆည်စီမံကိန်းသည်လည်း ဒေသခံအများအပြား နေရပ်စွန့်ခွာစေမည့် စီမံကိန်းတခုဖြစ်သည်။

မြန်မာတွင် ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ပြီးသည်အထိ လုပ်ငန်းများ ရပ်ဆိုင်းထားရန် JFM က AFRY နှင့် အခြားသက်ဆိုင်ရာ ကုမ္ပဏီများကို တောင်းဆိုပြီး စစ်ကောင်စီနှင့်ပတ်သက်သည့် ၎င်းတို့လုပ်ငန်းများကို ရှင်းလင်း တင်ပြရန်လည်း တောင်းဆိုထားသည်။

AFRY သည် မြန်မာမှ ရေအားလျှပ်စစ်စီမံကိန်း ၁၃ ခုအတွက် အင်ဂျင်နီယာအတိုင်ပင်ခံအဖြစ် လုပ်ကိုင်နေပြီး နန်ချို၊ သူဋ္ဌေး၊ အထက်ရဲရွာ၊ ကွန်နှင့် အထက်ကျိုင်းတောင်း စီမံကိန်းများအတွက် အင်ဂျင်နီယာပိုင်းဆိုင်ရာ ဝန်ဆောင်မှုများပေးနေသည်။

ဒီးဒုတ်၊ ရွှေလီ၊ ထမံသီ၊ အလယ်ရဲရွာ၊ အထက်နှင့် အလယ်ပေါင်းလောင်း စီမံကိန်းများအတွက် ဖြစ်နိုင်ခြေလေ့လာမှုများ၊ အသေးစိတ် ဒီဇိုင်းများနှင့် ဆောက်လုပ်ရေးဝန်ဆောင်မှုများကို ပြုလုပ်ပေးသည်။

ထိုလုပ်ငန်းသည် ဓာတ်အားပေးဝေသည့် လိုင်းများနှင့် အပူချိန်သုံး စီမံကိန်းများအတွက် စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ ဘူမိလေ့လာမှုများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးကြပ်မှုနှင့် အတိုင်ပင်ခံဝန်ဆောင်မှုများကိုလည်း ပေးသည်။

“သဘောတူစာချုပ်များကို ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီက ချုပ်ဆိုထားခြင်းဖြစ်ပြီး ထိုနောက်ပိုင်းတွင် AFRY အနေဖြင့် မည်သည့် သဘောတူစာချုပ်ကိုမျှ ချုပ်ဆိုခြင်း မရှိပေ။ မိမိတို့သည် မြန်မာတွင် ဆက်လက်လုပ်ကိုင်ခြင်း၊ နိုင်ငံတကာအရေးယူပိတ်ဆို့မှုများ၊ စစ်ကောင်စီနှင့်ပတ်သက်သည့် လုပ်ငန်းအပ်နှံသူများ၊ မိမိတို့ဝန်ထမ်းများ၏ လုံခြုံရေးနှင့် ဆက်လက်လုပ်ကိုင်နေသော လုပ်ငန်းများ၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုသက်ရောက်မှုများကို အကဲဖြတ်လေ့လာခဲ့သည်” ဟု AFRY က ကြေညာချက်တစောင်တွင် ဖေါ်ပြသည်။

၎င်းတို့သည် မည်သည့် လူ့အခွင့်အရေးချိုးဖေါက်မှုကိုမျှ အကျိုးမပြုခဲ့ဘဲ ရေအားလျှပ်စစ်မှ ပိုမိုသန့်ရှင်းသော စွမ်းအင်ထုတ်ပေးရန် အင်ဂျင်နီယာပညာရပ် ကျွမ်းကျင်မှုဖြင့် သဘာဝပတ်ဝန်းကျင်လုံခြုံရေး အစီအမံများကို အခိုင်အမာ လုပ်ဆောင်ခဲ့သည်ဟုလည်း ထိုလုပ်ငန်းကပြောသည်။

” မည်သို့ဆိုစေကာမူ မြန်မာမှ အပြုသဘောမဆောင်သည့် ဖြစ်ရပ်များကြောင့် AFRY ၏ လုပ်ငန်းတာဝန်များသည် ယခုနှစ်ကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အခြေအနေကို ဆက်လက် အနီးကပ်စောင့်ကြည့်လေ့လာမည်ဖြစ်သည်” ဟုလည်း ထိုလုပ်ငန်းကပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ European Dam Specialists Withdraw From Myanmar Amid Rights Concerns ကို ဘာသာပြန်ဆိုသည်။)

You may also like these stories :

မြန်မာအတွက် လူသားချင်းစာနာမှု အကူအညီ ထိထိရောက်ရောက် ဘယ်လိုပေးမလဲ

အပူချိန်လွန်ကဲမှုကြောင့် အညာစစ်ဘေးရှောင်များ ကျန်းမာရေး စိုးရိမ်ရ

လျှပ်စစ်မီးနှင့် ရေပြတ်လပ်မှုဒဏ် ပြည်သူများ ဆိုးရွားစွာခံနေရ

မြန်မာနိုင်ငံအပေါ် အမှောင်တိုက် ကျရောက်နေပြီ

စစ်ကောင်စီ လျှပ်စစ်မီး မပေးနိုင်တော့

Your Thoughts …
Tags: AFRYJFMဆည်လုပ်ငန်း ပညာရှင်များဆွီဒင်-ဖင်လန် အင်ဂျင်နီယာ ဝန်ဆောင်မှုလုပ်ငန်းမြန်မာစစ်ကောင်စီလူ့အခွင့်အရေး ချိုးဖေါက်မှုများ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.2k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

စစ်ရာဇဝတ်မှုများနှင့် မကင်းသူ မြန်မာခရိုနီများ စင်ကာပူ လက်ခံထား

စစ်ရာဇဝတ်မှုများနှင့် မကင်းသူ မြန်မာခရိုနီများ စင်ကာပူ လက်ခံထား

by ဧရာဝတီ
8 September 2023
13.1k

စင်ကာပူ၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြရန် လူ့အခွင့်အရေးအဖွဲ့ Justice For Myanmar (JFM) က စစ်ရာဇဝတ်မှုများနှင့် ဆက်စပ်နေသည့် လုပ်ငန်းရှင် ကိုးဦးကို ဖော်ပြသည့် “Dirty Over 30” စာရင်းကို ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီနှင့် အရှေ့ဥရောပကြား လက်နက်ပွဲစား ဦးအောင်လှိုင်ဦး

စစ်ကောင်စီနှင့် အရှေ့ဥရောပကြား လက်နက်ပွဲစား ဦးအောင်လှိုင်ဦး

by အောင်ဇော်
17 July 2024
6.7k

ဦးအောင်လှိုင်ဦးကို အမြတ်အစွန်း အများအပြားပေးပြီး ထုံစံအားဖြင့် ယူကရိန်းမှ လက်နက်ရောင်းချမှုများအတွက် ကော်မရှင်ခ ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိရသည်။

BGF ခေါင်းဆောင် စောချစ်သူနှင့် မိသားစုကို ဒဏ်ခတ်ရန် JFM တောင်းဆို

BGF ခေါင်းဆောင် စောချစ်သူနှင့် မိသားစုကို ဒဏ်ခတ်ရန် JFM တောင်းဆို

by ဧရာဝတီ
22 May 2024
6.1k

အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ကဲ့သို့ နိုင်ငံဖြတ်ကျော် စီးပွားရေးကွန်ရက် တည်ထောင်ထားသည့် အာဏာသိမ်း စစ်တပ်၏ မိတ်ဖက်ဖြစ်သော ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနှင့် မိသားစု အပါအဝင် အဓိကလူပုဂ္ဂိုလ်များအား ပိတ်ဆို့ဒဏ်ခတ်မှုများ ချမှတ်ရန် Justice...

အီရန်က မြန်မာစစ်ကောင်စီကို လက်နက် ထပ်ရောင်းမှာ စိုးရိမ်ရ

အီရန်က မြန်မာစစ်ကောင်စီကို လက်နက် ထပ်ရောင်းမှာ စိုးရိမ်ရ

by ဧရာဝတီ
27 June 2024
2.8k

အီရန်သည် ဆီးရီးယားနှင့် ယီမင်မှ ပြည်တွင်းစစ်များတွင် ပါဝင်သည့် အုပ်စုများနှင့် ယူကရိန်းကျူးကျော်မှုနောက်ပိုင်း ရုရှားသို့ လက်နက်များရောင်းချသည်ဟု စွပ်စွဲခံရသည်။

ဦးတေဇသမီးကို အရေးယူရန် အီတလီကို JFM တောင်းဆို

ဦးတေဇသမီးကို အရေးယူရန် အီတလီကို JFM တောင်းဆို

by ဧရာဝတီ
11 March 2024
2.3k

ထူးအုပ်စုတွင် သူ၏ပါဝင်ပတ်သက်မှုကြောင့် ရေချယ်တေဇကို အမေရိကန် ပြည်ထောင်စုက လွန်ခဲ့သောနှစ် ဇန်နဝါရီလတွင် ပိတ်ဆို့အရေးယူထားသည်။

Next Post
လူကိုယ်တိုင် သတင်းစကား ပေးပို့နိုင်ခဲ့သောကြောင့် သူ၏ ခရီးစဉ်အောင်မြင်သည်ဟု ဘန်ကီမွန်း ယူဆပုံရ

မင်းအောင်လှိုင်နှင့် တွေ့ဆုံမှု ဘန်ကီမွန်း ကျေနပ်ပုံရ

၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရေနက်ဆိပ်ကမ်းတွင် ရေနံတင်သင်္ဘောတစီး ဆိုက်ကပ်ထားစဉ်

တရုတ်သို့ ရေနံတင်ပို့ရန် ရုရှားက မြန်မာပိုက်လိုင်း အသုံးပြု

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved