• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

လျစ်လျူရှုခံနေရတဲ့ မုန်တိုင်းသင့် ချင်းဒေသက ပြည်သူများ

by ဧရာဝတီ
24 May 2023
in ဆောင်းပါး
A A
မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ချင်းပြည်နယ် မင်းတပ်၊ မတူပီမြို့နယ်တို့မှ နေအိမ်များ / CJ

မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ချင်းပြည်နယ် မင်းတပ်၊ မတူပီမြို့နယ်တို့မှ နေအိမ်များ / CJ

3.4k
VIEWS
Share on FacebookShare on Twitter

မိုခါမုန်တိုင်း ဝင်ခဲ့တာ တပတ်ကျော်ပြီဖြစ်ပေမယ့် ဒုတိယထိခိုက်မှု အများဆုံးဖြစ်တဲ့ ချင်းပြည်နယ်မှာတော့ ဒေသခံ တွေဟာ ကူညီကယ်ဆယ်မှုတွေ မရရှိဘဲ ကိုယ်ထူကိုယ်ထ ရုန်းကန်နေကြရတယ်လို့ ဒေသတွင်းအဖွဲ့အစည်း တွေက ပြောပါတယ်။

သဘာဝ အတားအဆီးတွေကြောင့် လူထိခိုက်သေဆုံးမှု မရှိသလောက်ဖြစ်ပေမယ့် ပျက်စီးမှုမှာတော့ မေ ၂၂ ရက် မနက်ပိုင်းအထိ အတည်ပြုထားတဲ့စာရင်းတွေအရ ချင်းတပြည်နယ်လုံးမှာ အဆောက်အအုံ၂၅၀၀ လောက် ထိခိုက် ခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ပျက်စီးမှု အများဆုံးကတော့ မတူပီနဲ့ မင်းတပ်မြို့နယ်တွေမှာဖြစ်ပြီး စစ်ဘေးရှောင်စခန်းတွေနဲ့ ရာနဲ့ချီတဲ့ စပါးကျီတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အိမ်ဆောက် ပစ္စည်းအမိုးအကာတွေ၊ အခြေခံ လူ့အသုံးဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

မင်းတပ်မြို့နယ်အတွင်းမှာလည်း အိမ်နဲ့ အဆောက်အအုံ ၆၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ပြီး အထူသဖြင့် ဆက်သွယ်ရေး ဖြတ်တောက်ခံထားရတဲ့ ပလက်ဝမြို့နယ်အစပ်နဲ့ မတူပီနယ်စပ်ဒေသတွေမှာ မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံစားခဲ့ရ တဲ့အပြင် ဒေသခံတွေ ရိက္ခာစုဆောင်း သိုလှောင်ထားတဲ့ စပါးကျီ ၁၁၂ လုံးလည်း ပျက်စီးခဲ့ရတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရှိသူ ကိုယောမန်က ဆိုပါတယ်။

အလားတူ မတူပီမြို့နယ်မှာလည်း စစ်ရှောင်စခန်း သုံးခု ပျက်စီးသွားသလို ကူညီကယ်ဆယ်ရေးဆိုတာ ဘယ်သူမှ လာရောက်ခြင်း မရှိဘူးလို့ သိရပါတယ်။

ဒီလို အိမ်ခြေထောင်နဲ့ချီ ထိခိုက်ပျက်စီးခဲ့တဲ့ ချင်းပြည်နယ်မှာ ကူညီကယ်ဆယ်မှုတွေနဲ့ ပြန်လည်ထူထောင်ရေး လုပ် ဖို့ လိုအပ်နေပေမယ့် စစ်ကောင်စီကတော့ မုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ အိမ် ၁၂၉ လုံးနဲ့ ဘုန်းကြီး ကျောင်း၊ စာသင် ကျောင်း၊ ဆေးရုံဆေးခန်းတချို့နဲ့ဌာနဆိုင်ရာ အဆောက်အဦးအချို့သာ ထိခိုက်ပျက်စီးခဲ့ဆိုပြီး မေလ ၁၈ ရက် ထုတ် သတင်းစာမှာ ဖော်ပြခဲ့သလို ပြန်လည်ထူထောင်ရေးလို့ဆိုကာ ဒု ဗိုလ်ချုပ်ကြီး မင်းနိုင်နဲ့ ဗိုလ်မှူးချုပ် ၃ဦးကို ဟာခါး၊ မတူပီ၊ ပလက်ဝ၊ တီးတိန်မြို့နယ်တွေမှာ ပြန်လည်ထူထောင်ရေး လုပ်ဖို့ဆိုကာ တာဝန်ပေးခဲ့ ပါတယ်။

မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ချင်းပြည်နယ် မင်းတပ်၊ မတူပီမြို့နယ်တို့မှ နေအိမ်များ (ဓာတ်ပုံ- CJ)

ကူညီကယ်ဆယ်ရေးနဲ့ ပတ်သက်လို့လည်း မေလ ၁၈ ရက်မှာ မတူပီမြို့နယ်နဲ့ လိုင်လင်းပီမြို့က လေဘေးဒဏ်ခံ အိမ် ထောင်စု ၁၇၀ ကို ကူညီထောက်ပံ့ရေး ပစ္စည်းတွေ ပေးအပ်ခဲ့ပြီး မေလ ၁၉ ရက်မှာတော့ ဟားခါးမြို့က အစိုးရရုံးမှာ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဦးဆောင်ပြီး ချင်းဒေသ ပြန်လည်ထူထောင်ရေးအတွက် အစည်းအဝေး လုပ်ခဲ့တယ်လို့ လည်း စစ်ကောင်စီ ဝါဒဖြန့် သတင်းစာက ဖော်ပြထားပါတယ်။

စစ်တပ်အရာရှိကြီးတွေရဲ့ ပြန်လည်ထူထောင်ရေးဆိုပေမယ့် လက်တွေ့ ကူညီထောက်ပံ့မှုဟာ အင်မတန်နည်းပါးပြီး မကူညီသလောက် ဖြစ်နေတာ တွေ့ရပါတယ်။

ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA-Myanmar) ကတော့ မိုခါမုန်တိုင်း ဒဏ်ကြောင့် ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှာ လူဦးရေတသိန်းခွဲခန့် ထိခိုက်ခံစားခဲ့ကြ ရတယ်လို့ ခန့်မှန်းသုံးသပ်ထားပြီး အမိုးအကာ၊ သောက်ရေသန့်တွေ၊ စားနပ်ရိက္ခာအကူအညီ၊ လောင်စာဆီနဲ့ အခြေခံ ကျန်းမာရေးဝန်ဆောင်မှုတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ပြောဆိုထားပါတယ်။

ချင်းပြည်နယ်တခုထဲမှာပင် လူဦးရေ ငါးရာခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသလို၊ လူဦးရေငါးသောင်းခန့်မှာ အခြားသော ထိခိုက် ဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့လည်း မေလ ၁၈ ရက်အထိ ရရှိထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး UNOCHA က ဆိုထားပါတယ်။

ဒီလို ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ မုန်တိုင်းဒဏ် ဒုတိယအပြင်းထန်ဆုံးခံစားခဲ့ရတဲ့ ချင်းပြည်နယ်ထဲက ထိခိုက်ပျက်စီးမှုတွေနဲ့ အရေးပေါ် လိုအပ်ချက်တွေကို သတင်းထုတ်ပြန်နေပေမယ့် လက်တွေ့မြေပြင်မှာတော့ မည်သည့် နိုင်ငံတကာအဖွဲ့အစည်းကမှ လာရောက်ကူညီပေးတာတွေ မရှိသေးဘူးလို့လည်း ဒေသခံအဖွဲ့အစည်း တွေက ပြောပါတယ်။

ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ရဲ့ ပြောခွင့်ရှိသူ ဆလိုင်းအိုက်ဇက်ခင်က “အခု NUG ဘက်က ရလာတဲ့ အကူအညီတချို့နဲ့ သက်ဆိုင်ရာမြို့နယ်အလိုက် အုပ်ချုပ်ရေး အဖွဲ့တွေက ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်နေတာရှိပါတယ်၊ ဒါပေမယ့် ဒါတွေဟာ မပြောပလောက်ပါဘူး။ ချင်းပြည်နယ်အနေနဲ့ ၂ နှစ်လုံးလုံး ခုခံတော်လှန်စစ် ဆင်နွှဲနေတဲ့အခါကျတော့ လူ ၅ သိန်းလောက် ရှိတဲ့ပြည်နယ်မှာ ၂၀ ရာခိုင်နှုန်းလောက်က စစ်ဘေးရှောင်ဒုက္ခသည် IDP အနေနဲ့ ရှိနေတဲ့အခါကျတော့ ဒါကိုကြည့်ပြီးတော့ ချင်းကို လည်း ကူညီပေးဖို့လိုတယ်” လို့ ပြောပါတယ်။

တဖက်မှာလည်း ချင်းပြည်နယ်အပါအဝင် မုန်တိုင်းဒဏ်ခံ အနောက်မြောက်ဘက်ဒေသတွေမှာ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသလို ဆက်သွယ်ရေး ပြတ်တောက်တာတွေ၊ ဝင်ရောက် သွားလာခွင့် ကန့်သတ်ချက်တွေ၊ လမ်းပိတ်ဆို့မှု စတာတွေကြောင့် လူသားချင်း စာနာမှု အကူအညီ လိုအပ်ချက်တွေကို ရှင်းရှင်းလင်းလင်း ကူညီနိုင်အောင် ကြိုးပမ်းနေ သူအတွက် စိန်ခေါ်မှုတွေ ရှိနေတယ်လို့လည်း UNOCHA က ဆိုထားပါတယ်။

လက်တွေ့မှာလည်း ချင်းပြည်နယ်မှာ အထိနာပြီး နယ်မြေထိန်းချုပ်စိုးမိုး တဖြည်းဖြည်းလျော့ကျလာနေတဲ့ စစ်ကောင်စီ ဟာ မုန်တိုင်း မဝင်ရောက်ခင်ကတည်းက ပလက်ဝမြို့နယ်ကလွဲလို့ တပြည်နယ်လုံးကို စစ်အုပ်ချုပ်ရေးကြေညာကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာဖြစ်သလို ကုန်ပစ္စည်း သယ်ယူခွင့်တွေ ပိတ်ဆို့ကန့်သတ်တာ၊ ဆက်သွယ်ရေး လိုင်းတွေ ဖြတ်တောက်တာ၊ သတင်းအချက်အလက် အမှောင်ချထားတာနဲ့ ခရီးသွားလာခွင့် ကန့်သတ်တာတွေ ပြုလုပ်ထားပါတယ်။

မုန်တိုင်းတိုက်ပြီးနောက် မေလ ၁၅ ရက်နဲ့ ၁၇ ရက်တို့မှာ မင်းတပ်မြို့နယ်ထဲက ကျေးရွာအချို့ကို လေကြောင်းက ဗုံးကြဲခဲ့သလို နယ်မြေထိစပ်နေတဲ့ ကျောက်ထုမြို့က တပ်ထဲမှာလည်း တပ်အင်အား ၃၀၀ ခန့် စုစည်းနေတဲ့အတွက် တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်တဲ့ အနေအထားရှိတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရှိသူ ကိုယောမန်က ပြောပါတယ်။

မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ချင်းပြည်နယ် မင်းတပ်၊ မတူပီမြို့နယ်တို့မှ နေအိမ်များ (ဓာတ်ပုံ- CJ)

ဒီလို စစ်ရေးတင်းမာမှုတွေ၊ ဆက်သွယ်ရေး ဖြတ်ခံထားရမှုတွေဟာ လေဘေးသင့် ပြည်သူတွေအပေါ် ကူညီရေး ထိခိုက်နေသလို တဖက်မှာလည်း စစ်ကောင်စီဟာ လေဘေးအကြောင်းပြကာ ချင်းကာကွယ်ရေးအဖွဲ့တွေ စိုးမိုးထား တဲ့ နယ်မြေတွေထဲ ဝင်လာပြီး ပြန်လည်နေရာယူလာမှာကို ဒေသကာကွယ်ရေးတပ်တွေက သတိကြီးကြီး ထားနေတာ ကို တွေ့ရပါတယ်။

ကိုယောမန်က “ပြည်သူတွေကို ကူညီကယ်ဆယ်ရေးအတွက် ကျနော်တို့နဲ့ ညှိနှိုင်းလို့ရပါတယ်၊ ကျနော်တို့ခွင့်ပြုချက် မရှိဘဲတော့ ထိန်းချုပ်နယ်မြေတွေထဲ ဝင်ရောက်ခွင့်ပေးမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်တဲ့ မတူပီမြို့နယ်ရဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ မတူပီ-CDF ပြောခွင့်ရှိသူကလည်း စစ်ကောင်စီနဲ့ ပတ်သက်တဲ့အဖွဲ့တွေအပြင် မည်သည့်အဖွဲ့အစည်းမဆို ခွင့်ပြုချက်မရှိဘဲ နယ်မြေတွေထဲ သွားလာခွင့် ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

တကယ်လို့ စစ်ကောင်စီဘက်က ကူညီကယ်ဆယ်ရေးအကြောင်းပြ ဝင်လာမှုအပေါ် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်လာမယ်ဆိုပါက အကြမ်းဖက်မှုအဖြစ် ဝေဖန်မှုတွေရှိလာနိုင်တဲ့အပြင် အသာတကြည် လမ်းဖွင့်ပေးပါက လည်း နယ်မြေ စိုးမိုးမှုပြန်လည်ရယူသွားနိုင်ပြီး စစ်ကောင်စီအပေါ် ထောက်ခံတဲ့သဘောလည်း သက်ရောက်သွား နိုင်တယ်လို့ ဆလိုင်းအိုက်ဇက်ခင်က ထောက်ပြပြောဆိုပါတယ်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
4
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
89

ဒီအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း ဒေသတွင်းအခြေအနေများအပေါ် နားလည်ဖို့ လိုအပ်ပြီး အထိ ရောက်ဆုံး နည်းလမ်းဖြစ်တဲ့NUG အစိုးရနဲ့သော်လည်းကောင်း၊ ဒေသခံပြည်သူအုပ်ချုပ်ရေးအဖွဲ့တွေနဲ့သော်လည်း ကောင်း ချိတ်ဆက်ကာ ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ ကူညီပေးဖို့လိုအပ်နေတယ်လို့လည်း ဒေသတွင်း အဖွဲ့အစည်း တွေ တိုက်တွန်းပြောဆိုကြပါတယ်။

မင်းတပ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ကိုယောမန်က “စစ်ကောင်စီကို သွားပေးရင် မြို့ပေါ်က နီးစပ်ရာကိုပဲပြီး ဟန်ပြ လောက်ပဲ ဖြစ်လိမ့်မယ်။ ကျေးရွာတွေဘက်ကို ဆင်းမှာ မဟုတ်ဘူး၊ ကိုဗစ်တုန်းကလည်း ထောက်ပံ့ရေးကို မြို့ပေါ် လောက်ပဲပေးပြီး ပစ္စည်းတွေကို သိမ်းထားတာ၊ သူတို့နဲ့မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေဘက်ကလည်း ပို့ပေးလို့ ရနေတာပဲ၊ စစ်ကောင်စီထိန်းချုပ်နိုင်မှု မရှိတဲ့ လမ်းကြောင်းတွေ အများကြီးပဲ” လို့ ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဖွံ့ဖြိုးမှုနိမ့်ကျနေသေးတဲ့ ချင်းပြည်နယ်ဒေသခံတွေဟာ မိုခါမုန်တိုင်းမလာခင်က တည်းက စစ်ဘေးဒဏ်ကြောင့် လူတသိန်းခန့် နေအိမ်ဖျက်ဆီးခံရတာတွေ၊ စစ်ဘေးရှောင်စခန်းတွေမှာ တိမ်းရှောင် နေကြရတာဖြစ်လို့ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်တွေ ပိုမိုများပြားလာလျက်ရှိနေပေမယ့် ဒီကနေ့အထိ ထိရောက်တဲ့ ကူညီထောက်ပံ့မှုတွေကို မခံစားရသေးဘဲ ကိုယ်ထူကိုယ်ထ ရုန်းကန်ရင်ဆိုင်နေကြရဆဲ ဖြစ်ပါတယ်။ ။

ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ရဲ့ ပြောခွင့်ရှိသူ ဆလိုင်းအိုက်ဇက်ခင်က “လောလော ဆယ်ကတော့ ချင်းဘက်ကို အကူအညီတွေ ထိထိရောက်ရောက် မရှိသေးဘူး။ အဓိကတော့ ရခိုင်မှာပိုပြီးတော့ ထိခိုက်တဲ့အတွက်ကြောင့်မို့လို့ ရခိုင်ဘက်ကို ဦးစားပေး ရောက်နေတယ်လို့တော့ နားလည်ထားပါတယ်။ ဒါပေမယ့် ချင်းပြည်နယ်ကိုလည်း မေ့ထားလို့၊ ချန်ထားလို့ မရပါဘူး” လို့ သတိပေးပြောကြားလိုက်ပါတယ်။

You may also like these stories:

ဆိုင်ကလုန်းမိုခါကြောင့် ရခိုင်ပြည်နယ်မှ ကျွဲနွား အများအပြား သေဆုံး

မုန်တိုင်းကြောင့် မကွေးတိုင်းတွင် နှမ်းခင်းများ ပျက်စီး

ရခိုင်ဒေသသို့ နိုင်ငံတကာ အကူအညီ စစ်ကောင်စီ ခွင့်မပြု

မုန်တိုင်းဒဏ်ခံရသူများ စားနပ်ရိက္ခာလိုအပ်၊ ကုလက သွားခွင့်ရရန် ညှိနှိုင်းနေဆဲ

Your Thoughts …
Tags: ကူညီကယ်ဆယ်ရေးချင်းပြည်နယ်စစ်ကောင်စီမုန်တိုင်းဒဏ်သင့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
Google Map မှ မြင်တွေ့ရသည့် မြင်းခြံထောင်

မြင်းခြံထောင်မှ ခေါ်ထုတ်သွားသည့် နိုင်/ကျဉ်းများ၏ အသက်အန္တရာယ် စိုးရိမ်နေရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဆိုင်ကလုန်းမိုခါဒဏ် ခံထားရစဉ် / ဧရာဝတီ

မြန်မာတွင် မုန်တိုင်း ကယ်ဆယ်ရေးအတွက် ကုလသမဂ္ဂက ဒေါ်လာ ၃၃၃ သန်း တောင်းထား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved