• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တပြေးတည်း ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေ

by ယုဇန
28 June 2023
in ဆောင်းပါး
A A
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကယားပြည်နယ်၊ မိုးဗြဲမှ ပျက်စီးနေသော အိမ်များ / PKPF

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကယားပြည်နယ်၊ မိုးဗြဲမှ ပျက်စီးနေသော အိမ်များ / PKPF

6.2k
VIEWS
Share on FacebookShare on Twitter

တိတ်ဆိတ်မှုကို ညအချိန်ပေါက်ကွဲသံများက ဖြိုခွဲလိုက်သောအခါ ဒေါ်အေးမာ၏ အငယ်ဆုံးသမီးသည် အကြောက်တရားဖြင့် စတင်တုန်လှုပ်လာသည်။ ထိုအမြောက်ဆံများကို စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနှင့် ရေဦးမြို့နယ်များ၏ နယ်စပ် လက်ယက်ကုန်းကျေးရွာမှ ၂ ကီလိုမီတာခန့်ဝေးသည့် ဒီပဲယင်းမြို့ရှိ စစ်အခြေစိုက်စခန်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။

ဒေါ်အေးမာသည် ကလေး သုံးဦးကို ချော့မော့နှစ်သိမ့်ရန် အလျင်အမြန်သွားပြီး သူ့ရင်တွင်း တုန်လှုပ်သည့် ခံစားချက်ကို မြိုသိပ်ထားလိုက်သည်။ အမြောက်သံများသည် လွန်ခဲ့သောနှစ်က စတင်ပြီး ကျေးလက်ဘဝတွင် ကြုံနေကျ ဖြစ်လာသော်လည်း ယခုအချိန်အထိ ကျင့်သားမရသေးပေ။

လက်ယက်ကုန်းနှင့် ပတ်ဝန်းကျင်ကျေးရွာများသည် အဖမ်းဆီးခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့်သည့် ဇွန်လ ၁၉ ရက်ညတွင် ပေါက်ကွဲသံ ၅ ခုကြောင့် တုန်ခါသွားသည်။

“စစ်တပ်က လက်နက်ကြီးတွေနဲ့ မကြာခဏပစ်နေလို့ ညဘက်မှာ ကျမတို့ ကောင်းကောင်း မအိပ်ရဘူး” ဟု ဒေါ်အေးမာက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

လွန်ခဲ့သော စက်တင်ဘာလက လက်ယက်ကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှု တခုတွင် စစ်ကောင်စီတပ်များသည် ကလေး ၇ ဦး အပါအဝင် လူ ၁၃ ဦးကို သတ်ဖြတ်ခဲ့သည်။ ထိုအချိန်မှ စတင်ပြီး ဒီပဲယင်းနှင့် ရေဦးမြို့များတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် ဒေသခံ ခုခံတော်လှန်ရေး အင်အားစုများနှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပတ်ဝန်းကျင် ကျေးရွာများကို မကြာခဏ အမြောက်များဖြင့် ပစ်ခတ်နေသည်။

“အမြောက်ဆံ အိမ်ပေါ်ကိုကျရင် ဘာဖြစ်မလဲဆိုတာကို အမြဲတမ်းစိုးရိမ်နေရတယ်” ဟု ဒေါ်အေးမာက ပြောသည်။

ထိုမြို့နယ် နှစ်ခုမှ စစ်စခန်းများသည် လွန်ခဲ့သောလအတွင်း ကျေးရွာများကို တရက်ခြားစီ အမြောက်များနှင့် ပစ်ခတ်နေကြောင်း ဒီပဲယင်း ဒေသခံများက ပြောသည်။

“ဒီနှစ်အတွင်း ရွာတွေကို ဝင်စီးတော့ စစ်တပ်တွေ အကြီးအကျယ် သေတယ်။ ဒါကြောင့် သူတို့ မြေပြင်စစ်ဆင်ရေးတွေ မလုပ်ရဲတော့ဘူး။ အဲဒီအစား အရပ်သားတွေကိုရော PDF တွေကိုပါ သူတို့ စခန်းတွေကနေ လက်နက်ကြီးနဲ့ ပစ်နေတယ်” ဟု ဒီပဲယင်းမြို့နယ်မှ ခုခံတော်လှန်ရေးသမား တဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

“ဒီနှစ်အတွင်း ရွာတွေကို ဝင်စီးတော့ စစ်ကောင်စီခြေလျင်တပ်တွေ အကြီးအကျယ် ထိခိုက်သေဆုံးတယ်။ ဒါကြောင့် သူတို့ မြေပြင်စစ်ဆင်ရေးတွေ မလုပ်ရဲတော့ဘူး။ အဲဒီအစား အရပ်သားတွေကိုရော PDF တွေကိုပါ သူတို့ စခန်းတွေကနေ လက်နက်ကြီးနဲ့ ပစ်နေတယ်”

စစ်ကောင်စီ အမြောက်များသည် ဒီပဲယင်းနှင့် ရေဦးပတ်ဝန်းကျင် ကျေးရွာ ၅၀ ခန့်မှ ဒေသခံ ထောင်ပေါင်းများစွာကို ပစ်မှတ်ထားကြောင်း ဒေါ်အေးမာက အတည်ပြုသည်။

ခုခံတော်လှန်ရေး အမာခံဒေသများနှင့် တိုင်းရင်းသားပိုင်နက်များတွင် နေထိုင်သော ပြည်သူများသည် လေကြောင်း တိုက်ခိုက်မှုများ၊ မီးရှို့တိုက်ခိုက်မှုများ၊ ခြေလျင်တပ်ဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်မှုများနှင့် အမြောက်များဖြင့် ပစ်ခတ်ခြင်းများကို အရပ်သား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရထံမှ စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ကတည်းက စတင်ခံစားနေရသည်။

ကယား၊ ကရင်နှင့် မွန်ပြည်နယ်များ၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းများမှ ဒေသခံပြည်သူများသည် စစ်ကောင်စီတပ်များ၏ အမြောက်များဖြင့် ပစ်ခတ်မှုကို အပြင်ထန်ဆုံး ခံစားရသည်။

မွန်ပြည်နယ်၊ သိမ်ဇရပ်တွင် ဇွန်လ ၁၆ ရက်နေ့က စစ်ကောင်စီ အမြောက်ပစ် တိုက်ခိုက်မှုကြောင့် သေဆုံးသူတဦး / KNU

စစ်ကောင်စီတပ်သည် ယခုနှစ်အတွင်း ပြည်သူ ၇၅၃ ဦးကို သတ်ဖြတ်ထားပြီး စစ်ကိုင်းတိုင်းသည် သတ်ဖြတ်မှု အများဆုံး ခံရကာ ၄၃၃ ဦးအသတ်ခံရကြောင်း အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ကယားပြည်နယ်တွင် မေလအထိ စစ်ကောင်စီတပ်က အမြောက်ဖြင့် ပစ်ခတ်ခြင်းနှင့် အခြား တိုက်ခိုက်မှုများကြောင့် အရပ်သား ၃၀၀ ကျော်သေဆုံးကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့တပ်မတော်၏ စာရင်းများအရ သိရသည်။

ရှမ်းပြည်တောင်ပိုင်းနှင့် ကယားပြည်နယ် နယ်စပ်မှ မိုးဗြဲတွင် လွန်ခဲ့သောနှစ်က စစ်ကောင်စီမှ စတင်တိုက်ခိုက်ပြီးနောက် လူ ၄၃ ဦးသေဆုံးပြီး ၄၄ ဦး ဒဏ်ရာရသည်ဟု မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ စာရင်းများအရ သိရသည်။

ရှမ်းပြည်တောင်ပိုင်းနှင့် ကယားပြည်နယ် နယ်စပ်မှ မိုးဗြဲတွင် လွန်ခဲ့သောနှစ်က စစ်ကောင်စီမှ စတင်တိုက်ခိုက်ပြီးနောက် လူ ၄၃ ဦးသေဆုံးပြီး ၄၄ ဦး ဒဏ်ရာရသည်ဟု မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ စာရင်းများအရ သိရသည်။

ထိုတိုက်ခိုက်မှုများကြောင့် ပြည်နယ်အတွင်း နေအိမ်၊ ဘုရားကျောင်းများနှင့် ဘုရားများ အပါအဝင် အဆောက်အအုံ ၆၈၀ လည်း ပျက်စီးသွားသည်။ အရပ်သား အများစုသည် ထွက်ပြေးနေရသော်လည်း စစ်ကောင်စီတပ်သည် ကယားပြည်နယ်မှ ဒုက္ခသည်များကို ပစ်မှတ်ထားနေကြောင်း မိုးဗြဲ PDF က ပြောသည်။

ဇွန်လ ပထမပတ်တွင် စစ်ကောင်စီတပ်က မိုးဗြဲကို အမြောက်ဖြင့် ပစ်သောကြောင့် အရပ်သား နှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရသည်။

စစ်ကောင်စီ၏ အမြောက်ဖြင့် ပစ်ခတ်မှုများသည် ၎င်းတို့၏ စစ်ဘေးရှောင်စခန်းအထိ လိုက်လာကြောင်း ၂၀၂၁ ခုနှစ်က ပြင်းထန်သော တိုက်ပွဲများအကြား မိုးဗြဲမှ နေအိမ်ကို စွန့်ခွာ ထွက်ပြေးလာသော မော်နီကာက ပြောသည်။ အသက် ၃၈ နှစ်ရှိပြီဖြစ်သော မောနီကာ၏ သမီး နှစ်ဦးသည် စက်တင်ဘာလ နှောင်းပိုင်းက မိုးဗြဲမှ မွေတော် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေစဉ် အမြောက်ဆံထိမှန် သေဆုံးခဲ့သည်။

ဖေဖော်ဝါရီလက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုအပြီး ထိခိုက်ဒဏ်ရသွားသည့် ကလေးတဦး၏ ဖိနပ်တရံ / KNDF

အမြောက် ပစ်ခတ်သံကြားရတိုင်း သူ၏ကလေးများကို သေဆုံးခြင်းအတွက် စိတ်ဝေဒနာကို ပြန်လည် ခံစားနေရသည်။

မိုးဗြဲနှင့် ပတ်ဝန်းကျင် ဒုက္ခသည်စခန်းများသို အမှတ် ၄၂၂ ခြေလျင်တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်။

“ဘယ်ကို ပြေးပြေး မလွတ်တော့ဘူး။ သူတို့က စစ်ဘေးရှောင်စခန်းကိုတွေကို နေ့ရောညပါ ပစ်ခတ်နေတယ်” ဟု မော်နီကာက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
32
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
727
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
208

“ပြည်တွင်း နေရပ်စွန့်ခွာနေရသူတွေ စစ်ကောင်စီလက်နက်ကြောင့် သတ်ဖြတ်ခံရ၊ ဒဏ်ရာရတဲ့ သတင်းတွေ အမြဲတမ်း ကြားနေရတယ်။ ဒါကြောင့် ကြောက်လန့်ပြီး မလုံမခြုံနဲ့ နေနေရတယ်” ဟုလည်း သူကပြောသည်။

စစ်ကောင်စီတပ်များသည် လက်နက်ကြီးများကို မှီခိုနေရပြီး ပြည်သူများကို ရမ်းသမ်းပစ်ခတ်နေသည်ဟု ချင်းပြည်နယ်၊ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူ ဆလိုင်းယောမန်က ပြောသည်။

အမှတ် ၂၇၄ ခြေလျင်တပ်ရင်းသည် မင်းတပ်မှ အရပ်သားများကိုသာမက မြို့မှ ဆေးရုံနှင့် ဆေးခန်းများကိုလည်း ပစ်မှတ်ထား ပစ်ခတ်နေသည်ဟု ၎င်းကပြောသည်။

“ညဘက်ဆိုရင် စစ်ကောင်စီတပ်က မူးယစ်သောက်စားပြီး အရပ်သား ကျေးရွာတွေကို စတင်ပစ်ခတ်တော့တာပဲ” ဟု ဆလိုင်းယောမန်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

“ညဘက်ဆိုရင် စစ်ကောင်စီတပ်က မူးယစ်သောက်စားပြီး အရပ်သား ကျေးရွာတွေကို စတင်ပစ်ခတ်တော့တာပဲ” ဟု ဆလိုင်းယောမန်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

မင်းတပ်သည် ခုခံတော်လှန်ရေး အမာခံဒေသ မကွေးတိုင်းနှင့် နယ်စပ်မှ ချင်းပြည်နယ်သို့ ဝင်ပေါက်ဖြစ်သည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) နှင့် မကွေးမှ PDF တို့သည် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ အကြီးအကျယ် ဖြစ်ပွားနေသည်။

ဇွန်လ ၁၇ ရက်နေ့တွင် စစ်ကောင်စီက အမြောက်ဖြင့် ပစ်ခတ်မှုကြောင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး နေအိမ်များ ပျက်စီးမှု / KNU

“မြန်မာစစ်တပ်က မကွေးတိုင်း ကျောက်ထုကနေ မင်းတပ်းကို ခဲယမ်းပို့မယ်လို့ ကျနော်တို့ ကြားတယ်။ ဒါကြောင့် စစ်ကောင်စီက တိုက်ခိုက်မှုအရှိန် မြှင့်တင်နိုင်တယ်” ဟု ဆလိုင်းယောမန်က ပြောသည်။

စစ်ကောင်စီက နေ့စဉ် ဗုံးကြဲတိုက်ခိုက်သည်ကို ရင်ဆိုင်နေပြီး ထိုအခြေအနေမှ ရုန်းထွက်ရန် မျှော်လင့်ချက် ကင်းမဲ့နေကြောင်း ဒေသခံများက ပြောသည်။

“ကျမတို့ ငြိမ်းငြိမ်းချမ်းချမ်း နေချင်တယ်။ အိမ်ကို အရမ်းပြန်ချင်တယ်” ဟု မော်နီကာက ဧရာဝတီသို့ ပြောသည်။

တိုင်းပြည်ကို အရူးများ အုပ်ချုပ်နေသမျှ ပြည်သူများသည် ကြောက်လန့်မှုများ၊ ဒုက္ခများနှင့် နေရမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းတွင် နေထိုင်သူ ဒေါ်အေးမာက ပြောသည်။

“ကျမတို့အခု မြေပြင်တပ်တွေ၊ စစ်လေယာဉ်တွေနဲ့ အမြောက်နဲ့ပစ်ခတ်တာတွေကို နေ့တိုင်းကြောက်နေရတယ်” ဟု သူကပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ယုဇန၏ ‘No Escape’: Inside Myanmar Military’s Deadly War on Civilians ကို ဘာသာပြန်သည်။)

ဝက်လက် ဒေသခံများကို စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်

ကန့်ဘလူဒေသခံများ စစ်ရှောင်ရင်း မြွေကိုက်ခံရမှုဖြစ်စဉ် များလာ

ဆားတောင်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်၊ နှစ်ဖက် ထိခိုက်သေဆုံးမှုများရှိ

စခန်း တိုက်ခိုက်ခံရလျှင် ဒေသခံလူထုကို စစ်ကောင်စီ လက်တုံ့ပြန်နေ

သရက်ချောင်းမြို့နယ်၌ ဒေသခံများကို လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ် သုံးနေ

Your Thoughts …
Tags: NLDNUGPDFခုခံတော်လှန်ရေး အင်အားစုစစ်ကိုင်းတိုင်းစစ်ကောင်စီစစ်ဘေးရှောင်စခန်းဒီပဲယင်းမင်းတပ်လက်ယက်ကုန်းကျေးရွာလေကြောင်းတိုက်ခိုက်မှုအမျိုးသားညီညွတ်ရေးအစိုးရအမြောက်ပစ်ခတ်မှု
ယုဇန

ယုဇန

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
...

လူကုန်ကူးမှု၊ ဒုစရိုက်ဂိုဏ်းများနှင့် ဝ ဒေသ

၂၀၂၃ မတ်လအတွင်းက မကွေးတိုင်း ထီးလင်းမြို့မှ ဂန့်ဂေါမြို့သို့ တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေး အင်အားစုများက ၇ ကြိမ်ထက်မနည်း ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

စစ်ကြောင်းထိုးမှုကြောင့် ကျောက်ထု-ထီးလင်းလမ်းပိုင်း သွားလာခြင်းမပြုရန် သတိပေး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved