ယခုအပတ် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေးများသည် မြန်မာတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်း ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရန် ထူထောင်ထားသည့် အစီအစဉ်ကို လိုက်နာစေရေး မြန်မာစစ်ကောင်စီကို တိုက်တွန်းရန် ပူးပေါင်းအားထုတ်မှုများ အကဲဖြတ်ရေးအတွက် အခွင့်အလမ်းဖြစ်သည်ဟု မြင်ကြသည်။
သို့သော် ထိုင်းနိုင်ငံက အကြမ်းဖက်မှုဖြစ်နေသည့် မြန်မာမှ စစ်ခေါင်းဆောင်များနှင့် တဖက်သတ် ဆက်သွယ်မှုအတိုင်းအတာကို ထုတ်ဖော်ပြသလိုက်ခြင်းသည် ဒေသတွင်း ထူးခြားသော သွေးကွဲမှုကို ဖော်ပြနေသည်ဟု သုတေသီများက ပြောသည်။ ပူးတွဲကြေညာချက်ထုတ်ရန် နှောင့်နှေးခြင်းကလည်း ထိုသွေးကွဲမှုကို ထပ်မံဖော်ပြလိုက်သည်။ ထိုပူးတွဲကြေညာချက်ကို ယခုအပတ်အတွင်း ပထမဆုံးအကြိမ် ဆွေးနွေးပွဲများ စတင်ပြီး နှစ်ရက်အကြာ ဇူလိုင်လ ၁၃ ရက်နေ့ကမှ ထုတ်ပြန်နိုင်သည်။
ထိုင်းနိုင်ငံက အကြမ်းဖက်မှုဖြစ်နေသည့် မြန်မာမှ စစ်ခေါင်းဆောင်များနှင့် တဖက်သတ် ဆက်သွယ်မှုအတိုင်းအတာကို ထုတ်ဖော်ပြသလိုက်ခြင်းသည် ဒေသတွင်း ထူးခြားသော သွေးကွဲမှုကို ဖော်ပြနေသည်ဟု သုတေသီများက ပြောသည်။
သူသည် အကျဉ်းစံ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင်လ ၉ ရက်နေ့က ထောင်တွင်းသို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုအပြီး ဖြစ်လာသည့် ပြည်တွင်းအကျပ်အတည်း အဆုံးသတ်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းကို အားပေးကြောင်း သူ့ကိုပြောသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်က ဇူလိုင်လ ၁၂ ရက်နေ့တွင် ပြောသည်။
ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် အာဏာလွှဲပြောင်းမှုကို စောင့်နေစဉ် အိမ်စောင့်အစိုးရ နိုင်ငံခြားရေးဝန်ကြီးက သူ၏ခရီးစဉ်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မှန်ကန်သည့် ဦးတည်ရာသို့ ခြေလှမ်းတခုဖြစ်ကြောင်း ပြောသည်။
လေ့လာသူများက ထိုအချက်ကို လုံးဝ သဘောမတူဘဲ ဘန်ကောက်က တဖက်သတ် နည်းလမ်းသည် အာဆီယံ၏ အဖွဲ့အစည်းအဖြစ် စုပေါင်းဆုံးဖြတ်သည့် စုစည်းညီညွတ်မှုမူကို ထိခိုက်စေကြောင်း ပြောသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ဒီမိုကရေစီသို့ ပြန်သွားရန် အာဆီယံ၏ အစီအစဉ်တွင် အာဏာသိမ်းပြီး နှစ်လအကြာ၌ မြန်မာစစ်ခေါင်းဆောင်က အဖွဲ့နှင့်သဘောတူထားသည် ဘုံသဘောတူညီချက် ၅ ချက် ပါဝင်သည်။ သူသည် ထိုငြိမ်းချမ်းရေး အစီအစဉ် အကောင်အထည်ဖော်ရန် ငြင်းဆန်နေသောကြောင့် အာဆီယံက မြန်မာစစ်ကောင်စီ အရာရှိများကို အဆင့်မြင့်အစည်းအဝေးများသို့ တက်ရောက်ခွင့်မပေးပေ။
ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံသည့် ဝန်ကြီး ပရာမွတ်ဝီနိုင်၏ လုပ်ရပ်သည် အာဆီယံ၏ မြန်မာဆိုင်ရာ စုပေါင်းသေနင်္ဂဗျူဟာကို ထိခိုက်စေရန် အတင့်ရဲသည့် အားထုတ်မှုဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်ကိုယ်စားလှယ်များအဖွဲ့မှ ချားလ် စန်တီယာဂိုက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံသည့် ဝန်ကြီး ပရာမွတ်ဝီနိုင်၏ လုပ်ရပ်သည် အာဆီယံ၏ မြန်မာဆိုင်ရာ စုပေါင်းသေနင်္ဂဗျူဟာကို ထိခိုက်စေရန် အတင့်ရဲသည့် အားထုတ်မှုဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်ကိုယ်စားလှယ်များအဖွဲ့မှ ချားလ် စန်တီယာဂိုက ပြောသည်။
ထို့ပြင် ၂၀၂၃ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် အင်ဒိုနီးရှားကိုလည်း ထိုင်းနိုင်ငံ၏ လုပ်ရပ်များက ထိခိုက်စေသည်ဟု စန်တီယာဂိုနှင့် အခြားသူများက ပြောသည်။ ဥက္ကဋ္ဌအနေဖြင့် အင်ဒိုနီးရှားနိုင်ငံသည် ဆွေးနွေးဖြေရှင်းမှု ဖြစ်စေရန် မျှော်လင့်ချက်ဖြင့် မြန်မာပြည်တွင်း ပဋိပက္ခတွင် ပတ်သက်နေသည့် အုပ်စုအသီးသီးနှင့် ထိတွေ့ဆက်ဆံမှု အကြိမ် ၁၁၀ ပြုလုပ်ခဲ့သည်။
ထိုသို့ မြန်မာနှင့် တဖက်သတ် ဆက်ဆံသည့်အပြင် ဝန်ကြီး ပရာမွတ်ဝီနိုင်သည် အလွတ်သဘော Track 1.5 အစည်းအဝေးများ ခေါ်ယူရာတွင်လည်း အဓိကအခန်းမှ ပါဝင်ခဲ့သည်။
ထိုဆွေးနွေးပွဲများတွင် မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်နှင့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ဗီယက်နမ်၊ ဂျပန်နှင့် ဘင်္ဂလားဒေ့ရှ်တို့မှ ကိုယ်စားလှယ်များ ပါဝင်ကြသည်။
ထိုင်းနိုင်ငံ၏လုပ်ရပ်သည် အာဆီယံနှင့်အပြိုင် သံတမန်ရေးလမ်းကြောင်း ဖြစ်စေပြီး အာဆီယံအဖွဲ့ဝင်များ အားလုံးကို တိုင်ပင်ခြင်း မရှိကြောင်း စင်ကာပူအခြေစိုက် သုတေသီ အာရွန် ကွန်နယ်လီက ပြောသည်။
“မြန်မာစစ်ကောင်စီဟာ အာဆီယံနဲ့ သံတမန်ရေးအရ ကိုင်တွယ်ဖြေရှင်းမယ့်ကိစ္စကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာမှာ စတင်လိုက်တဲ့ ဒွန် ဦးဆောင်တဲ့ လုပ်ငန်းစဉ်အဖြစ် ပြောင်းလဲဖို့ ကြိုးပမ်းနေတယ်။ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်မဖော်လို့ မြန်မာစစ်ကောင်စီဟာ အာဆီယံ အဆင့်မြင့် အစည်းအဝေးတွေကို သူတို့ တက်ခွင့်မရဘူး” ဟု သေနင်္ဂဗျူဟာလေ့လာရေး နိုင်ငံတကာ အင်စတီကျု (IISS) မှ အရှေ့တောင်အာရှ နိုင်ငံရေးနှင့် နိုင်ငံခြားရေးမူဝါဒ သုတေသီ ကွန်နယ်လီက ပြောသည်။
မြန်မာစစ်ကောင်စီဟာ အာဆီယံနဲ့ သံတမန်ရေးအရ ကိုင်တွယ်ဖြေရှင်းမယ့်ကိစ္စကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာမှာ စတင်လိုက်တဲ့ ဒွန် ဦးဆောင်တဲ့ လုပ်ငန်းစဉ်အဖြစ် ပြောင်းလဲဖို့ ကြိုးပမ်းနေတယ်။
မည်သည့် နိုင်ငံထက်မဆို အာဆီယံဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားသည် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မြန်မာပဋိပက္ခမှ ဘက်အားလုံးနှင့် ထိတွေ့ဆက်ဆံရန် အကောင်းဆုံး လုပ်ပုံလုပ်နည်းများ ရှိသည်မှာ ရှင်းလင်းကြောင်း သြစတြေးလျ အမျိုးသားတက္ကသိုလ်မှ အရှေ့တောင်အာရှ သုတေသီ ဟန်တာ မာစတန်က ပြောသည်။
ထိုင်းနိုင်ငံလုပ်ရပ်များသည် အဓိကကျသည့် လုပ်ရပ်များ မဟုတ်ဘဲ ယခုအပတ် အစည်းအဝေးများတွင် ပြောကြားသည့် စကားများအပါအဝင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၏ အားထုတ်မှုများသည် အာဆီယံ၏ သံတမန်ရေးအားထုတ်မှုများ ပြန်လည် အရှိန်အဟုန် ရလာစေရေးအတွက် အရေးကြီးကြောင်း မာစတန်က ပြောသည်။
အင်ဒိုနီးရှားသည် မြန်မာတွင် အားလုံးပါဝင်သည့် ဆွေးနွေးပွဲများကို အားပေးရန် ဆက်လက် အားထုတ်ရေး အမေရိကန် ပြည်ထောင်စု ကဲ့သို့သော အာဆီယံ ဆွေးနွေးဘက်များ၏ ထောက်ခံမှု ရရှိသည်ဟုလည်း ၎င်းကပြောသည်။
“ဆွေးနွေးရာမှာ ဘက်အားလုံးနဲ့ ထိတွေ့မယ်ဆိုတဲ့ သူ့ကတိကို လူသိရှင်ကြားလိုက်နာတယ်။ အဲဒီလို လုပ်တာဟာ အာဆီယံက စစ်ကောင်စီ မလိုလာပေးမယ့် ပါဝင်ပတ်သက်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမယ်ဆိုတာကို စစ်ကောင်စီကို ပြသလိုက်တာဖြစ်တယ်”
“လွန်ခဲ့တဲ့ နှစ်ပတ်အတွင်းမှာ အင်ဒိုနီးရှားဟာ NUG ရဲ့ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ အချိတ်အဆက်ရှိတဲ့ အမျိုးမျိုးသော တိုင်းရင်းသားအုပ်စုတွေ၊ လူငယ်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ခဲ့တယ်” ဟု မာစတန်က ပြောသည်။ “ဆွေးနွေးရာမှာ ဘက်အားလုံးနဲ့ ထိတွေ့မယ်ဆိုတဲ့ သူ့ကတိကို လူသိရှင်ကြားလိုက်နာတယ်။ အဲဒီလို လုပ်တာဟာ အာဆီယံက စစ်ကောင်စီ မလိုလာပေးမယ့် ပါဝင်ပတ်သက်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမယ်ဆိုတာကို စစ်ကောင်စီကို ပြသလိုက်တာဖြစ်တယ်” ဟုလည်း ပြောသည်။
ပူးတွဲကြေညာချက် နှောင့်နှေး
ပူးတွဲကြေညာချက်ထုတ်ပြန်ရန် နှောင့်နှေးခြင်းမှာ မြန်မာနှင့်ပတ်သက်သည့် အပိုင်းတွင် ဖော်ပြမည့်အချက်များအပေါ် သဘောထားကွဲနေသောကြောင့် ဖြစ်သည်ဟု ယုံကြည်ရသည်။
ဇူလိုင်လ ၁၄ ရက်နေ့ နံနက်က အာဆီယံဝက်ဘ်ဆိုက်တွင် ထိုင်းနိုင်ငံ၏ လုပ်ဆောင်မှုများကို ဖော်ပြထားသည်။ ဘန်ကောက်၏လုပ်ရပ်သည် အပြုသဘောဆောင်သော ဖြစ်ပေါ်တိုးတက်မှုဖြစ်သည်ဟု အာဆီယံနိုင်ငံ အများအပြားက မြင်ကြကြောင်း ရေးသားထားသည်။
“အာဆီယံ ညီညွတ်ရေးကို မိမိတို့ ထပ်မံအတည်ပြုပြီး မည်သည့်အားထုတ်မှုမဆိုသည် ဘုံသဘောတူညီချက် ၅ ချက်ကို အထောက်အကူပြုသင့်ပြီး အာဆီယံဥက္ကဋ္ဌနှင့် ညှိနှိုင်းသင့်သည်ကို မိမိတို့ ထပ်လောင်းပြောကြားသည်” ဟုလည်း ဖော်ပြထားသည်။
မြန်မာစစ်ကောင်စီကို အပြင်းအထန်ဝေဖန်သည့် မလေးရှားက အကြမ်းဖက်မှုအပါအဝင် မြန်မာစစ်ကောင်စီ၏ လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချရန် အာဆီယံကို တိုက်တွန်းသည်။
“အာဆီယံဝန်ကြီးအဆင့် ဆွေးနွေးပွဲ ပူးတွဲကြေညာချက်မှာ ထည့်သွင်းရမယ့် ဒီကိစ္စနဲ့ ပတ်သက်တဲ့ ကြေညာချက်ကို ပိုမို ပြင်းထန်အောင် ဖိအားပေးခဲ့သည်” ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီ အဗ္ဗဒူ ကဒါက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
ဘုံသဘောတူညီချက် ၅ ချက်နှင့် ပတ်သက်ပြီး နိုင်ငံများအကြား သဘောထားကွဲသည့်သဘော ဖော်ပြနေကြောင်း အင်ဒိုနီးရှား သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာနမှ နိုင်ငံတကာဆက်ဆံရေး ဌာနမှူး လီနာ အလက်ဇန္ဒားက ပြောသည်။
“တချို့ အာဆီယံနိုင်ငံတွေက စစ်ကောင်စီနဲ့ ပုံမှန်ဆက်ဆံရေးကို တင်ကြတယ်။ စစ်ကောင်စီက တရားခံရင်းဖြစ်နေလို့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူက အဲဒါကို ဆန့်ကျင်တယ်။ ဘုံသဘောတူညီချက် ၅ ချက် ဘာလို့ ချမှတ်ထားတာလဲ” ဟု ၎င်းကပြောသည်။
“တချို့ အာဆီယံနိုင်ငံတွေက စစ်ကောင်စီနဲ့ ပုံမှန်ဆက်ဆံရေးကို တင်ကြတယ်။ စစ်ကောင်စီက တရားခံရင်းဖြစ်နေလို့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူက အဲဒါကို ဆန့်ကျင်တယ်။ ဘုံသဘောတူညီချက် ၅ ချက် ဘာလို့ ချမှတ်ထားတာလဲ”
အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ် နှစ်ကုန်တွင် အာဆီယံဥက္ကဋ္ဌရာထူးကို လာအိုသို့ လွှဲပြောင်းပေးရမည်ဖြစ်ပြီး ဆွေးနွေးပွဲများဖြစ်စေရန် ကြားဝင်သည့် နောက်ကွယ်မှ အားထုတ်မှု အပြင်းအထန် လုပ်သော်လည်း အကျိုးရလဒ် မရှိသောကြောင့် ဝေဖန်ခံနေရသည်။ သို့သော် မာစတန်ကဲ့သို့သော သုတေသီများက ထိုအမြင်နှင့် ဆန့်ကျင်သည့် အမြင်မျိုးရှိပြီး ယခင်က လက်လှမ်းမမီသည့် အဖွဲ့များနှင့် ထိတွေ့ဆက်ဆံမှု၊ မြန်မာဆိုင်ရာ အထူးသံတမန်ရုံးကို ဂျကာတာတွင် ဖွင့်ထားခြင်းတို့ကို ထောက်ပြသည်။
အချို့သုတေသီများက မြန်မာဆိုင်ရာ အထူးသံတမန်၏ ရာထူးသက်တမ်းကို တနှစ်ထက် ပိုမိုတိုးချဲ့ခြင်း အပါအဝင် အခြားနည်းလမ်းများရှာရန် အာဆီယံကို တောင်းဆိုကြသည်။
(South China Morning Post ပါ Resty Woro Yuniar ၏ Thailand’s Myanmar talks open up diplomatic track ‘parallel’ to Asean’s, deepen regional divide ကို ဘာသာပြန်သည်။)
You may also like these stories:
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောဆိုချက်အပေါ် နိုင်ငံရေးနယ်ပယ်မှ တုံ့ပြန်မှုများ
မြန်မာစစ်ကောင်စီကို လူရာသွင်းသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး အပြင်းအထန် ဝေဖန်ခံရ
မြန်မာအကြမ်းဖက်မှုများကို အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ ရှုတ်ချ
မြန်မာ့ငြိမ်းချမ်းရေး နောက်ဆုံးအားထုတ်မှုအပေါ် အာဆီယံ သဘောထား ကွဲနေ
Track 1.5 နှင့် မြန်မာ့နိုင်ငံရေးအလှုပ်