မယ်စဲ့မြို့နယ်
မယ်စဲ့မြို့နယ်သည် ကရင်နီ (ကယား) ပြည်နယ်၏ အရှေ့တောင်ဘက်၊ သံလွင်မြစ်၏ အရှေ့ဘက်ခြမ်း ထိုင်းနယ်စပ်တွင် တည်ရှိ၏။ မယ်စဲ့မြို့နယ်၏ အရှေ့ဘက်နှင့်တောင်ဘက်တွင် ထိုင်းနှင့်နယ်စပ်ထိတွေ့နေပြီး နယ်စပ်မှတ်တိုင် BP ၁၁ မှ BP ၁၆ အထိ တွေ့ရ၏။ မြောက်ဘက်တွင် ရှားတောမြို့နယ်၊ အနောက်ဘက်၊ သံလွင်မြစ်အနောက်ဘက်ခြမ်းတွင် ဖားဆောင်းမြို့နယ်၊ ဘောလခဲမြို့နယ်များရှိ၏။
၁၉၆၂ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက် မယ်ဆည်နမ်ကို မြို့အဖြစ် သတ်မှတ်ခဲ့ပြီး မယ်ဆည်နမ် ကျေးရွာအုပ်စု၊ မယ်စဲ့ကျေးရွာအုပ်စု၊ ဟိုဂျစ်ကျေးရွာအုပ်စု၊ နန်းမန်းကျေးရွာအုပ်စု၊ ဒေါကဒွီးကျေးရွာအုပ်စု၊ သာယာကျေးရွာအုပ်စုနှင့် ဝမ်လွဲ့ကျေးရွာအုပ်စုများ ပါဝင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် မယ်စဲ့မြို့နယ်အဖြစ် ဖွဲ့စည်းခဲ့သည်။
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၇ ရက်နေ့တွင် မယ်စဲ့မြို့နယ်ကို မြို့ တမြို့၊ ရပ်ကွက် နှစ်ခု၊ ကျေးရွာအုပ်စု လေးခုနှင့် ကျေးရွာ ၁၂ တို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ အကျယ်အဝန်း ၃၉၀ ဒသမ ၉၁ စတုရန်းမိုင် (၁၀၁၂ ဒသမ ၄၄ စတုရန်းကီလို မီတာ) ရှိပြီး မယ်စဲ့မြို့နယ် လူဦးရေမှာ ၂၀၁၇ ခုနှစ်၊ မတ်လ စာရင်းအရ ၆,၈၃၅ ယောက်ရှိ၏။ နယ်မြေအကျယ်အဝန်းနှင့် နှိုင်းစာလျင် လူဦးရေနည်းပါးသည်။
မယ်စဲ့မြို့နယ်သည် တောင်ကုန်း တောင်တန်းများ ပေါများပြီး မြေပြန့်လွင်ပြင် နည်းပါးကာ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့် ၁,၂၀၄ ပေတွင် တည်ရှိသည်။ မြို့နယ်ဧရိယာ၏ သုံးပုံတပုံမှာ သစ်တောဖြင့် ဖုံးလွှမ်းလျက် ရှိသည်။ အမြင့်ဆုံးတောင်မှာ တောင်လှတောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက်အမြင့် ၁,၄၅၀ ပေ ရှိသည်။ မယ်စဲ့မြို့နယ်သည် မြစ်ချောင်းနည်းပါးပြီး ထင်ရှားသောချောင်းများမှာ မယ်ပိုင်ချောင်း၊ မယ်ဖချောင်း၊ မယ်စဲ့ချောင်း၊ မယ်တနွယ်ချောင်းတို့ ဖြစ်သည်။ မယ်စဲ့မြို့နယ်၏ တောင်များသည် မြင့်မားခြင်း မရှိသော်လည်း မြေပြင်အနေအထားသည် လှုပ်ရှား စစ်ကစားရန် ကောင်း၏။
ထိန်းချုပ်မှု
၁၉၄၉ ခုနှစ် ကရင်နီတော်လှန်ပုန်ကန်မှု စတင်ပြီးကတည်းက ကရင်နီတော်လှန်ရေး အင်အားစုများနှင့် မြန်မာစစ်တပ်ကြား မယ်စဲ့ဒေသအား ထိန်းချုပ်နိုင်ရန် အပြန်အလှန် ကြိုးပမ်းအားပြိုင်ခဲ့ကြ၏။ ၁၉၉၄ ခုနှစ် ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ) အပစ်ရပ်ပြီးနောက်မှစ၍ BP ၁၄ နှင့် မယ်စဲ့ဒေသသည် တည်ငြိမ်သွားခဲ့၏။ ၂၀၀၉ ခုနှစ်တွင် ကလလတကို နယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်းရန် ဖိအားပေးခဲ့ပြီးနောက် ကလလတ၏ အင်အားအချို့အား မယ်စဲ့အနီး ပန်တိန်းတွင် BGF ရင်း ၁၀၀၄ အဖြစ်လည်းကောင်း၊ ဘောလခဲ- ရွာသစ်၏ တဖက်ကမ်း၊ သံလွင်မြစ် အရှေ့ဘက်ကမ်းရှိ စွတ်ပိုင်တွင် BGF ၁၀၀၅ အဖြစ်လည်းကောင်း ပြောင်းလဲဖွဲ့စည်း အခြေပြုထားခဲ့၏။
မယ်စဲ့တိုက်ပွဲ
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ကရင်နီပြည်နယ်အတွင်း အခြားမြို့နယ်များတွင် တိုက်ပွဲများစွာ ဖြစ်ပွားခဲ့သော်လည်း မယ်စဲ့နှင့် ဖားဆောင်းမြို့နယ် နှစ်ခုတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လဆန်းအထိ တိုက်ပွဲမဖြစ်သလောက် နည်းပါးခဲ့၏။ သို့သော် ထိုအခြေအနေသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ပြောင်းလဲသွား၏။
နွေဦးတော်လှန်ရေး စကတည်းက ကရင်နီတော်လှန်ရေး အင်အားစုများနှင့် လျှို့ဝှက်စွာ ပူးပေါင်းပါဝင်နေခဲ့သည့် ကလလတ တပ်ဖွဲ့များက ကရင်နီတော်လှန်ရေး အင်အားစုများနှင့် အတိအလင်း ပူးပေါင်းခဲ့ပြီး မယ်စဲ့ဒေသရှိ ဟိုစဲမြို့သစ်ဝန်းကျင်မှ မယ်စဲ့မြို့မ ရဲစခန်း၊ ဗျူဟာကုန်းနှင့် ထိုင်း-မြန်မာနယ်ခြားအမှတ် BP ၁၄ တပ်စခန်း၊ BP ၁၅ မယ်တနွယ်စခန်း၊ BP ၁၆ တောင်လှစခန်း တို့ကို တိုက်ခိုက်သိမ်းယူခဲ့ပြီး BP ၁၃ အနီးမှ စစ်တပ်စခန်းကမူ စခန်းကိုစွန့်၍ လက်နက်ချသွားသည်။
၁၉၄၉ ခုနှစ် ကရင်နီတော်လှန်ပုန်ကန်မှု စတင်ပြီးကတည်းက ကရင်နီတော်လှန်ရေး အင်အားစုများနှင့် မြန်မာစစ်တပ်ကြား မယ်စဲ့ဒေသအား ထိန်းချုပ်နိုင်ရန် အပြန်အလှန် ကြိုးပမ်းအားပြိုင်ခဲ့ကြ၏။ ၁၉၉၄ ခုနှစ် ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ) အပစ်ရပ်ပြီးနောက်မှစ၍ BP ၁၄ နှင့် မယ်စဲ့ဒေသသည် တည်ငြိမ်သွားခဲ့၏။
စစ်ကောင်စီတပ်သည် ပန်တိန်းနှင့် စွတ်ပိုင်စခန်းများအား ဇွန်လကုန်ပိုင်းတွင် လေကြောင်းချီ၍ ပြန်လည် ထိန်းချုပ်ခဲ့သည်။ ကရင်နီအင်အားစုများကလည်း ထိုစခန်းများကို သိမ်းပြီးနောက် အသေထိုင်မနေဘဲ ဆုတ်ခွာပေးခဲ့သည်ကို တွေ့ရ၏။
စစ်ကောင်စီတပ်သည် အဆိုပါ BGF စခန်းများကို ပြန်လည် ထိန်းချုပ်ပြီးနောက် မယ်စဲ့ဒေသကို ပြန်လည် ထိုးစစ်ဆင်သည်။ ဘောလခဲရွာသစ်ဘက်မှ စစ်ကြောင်းများ စေလွှတ်သကဲ့သို့ အဓိက သံလွင်မြစ်ကူးတံတား ရှိသည့် ဖားဆောင်းမှ မြေပြင်တပ်များ စေလွှတ်ပြီး မယ်စဲ့ဒေသအား ပြန်လည် ထိုးစစ်ဆင်သည်။
ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကရင်နီအင်အားစုများက ဖြတ်တောက် တိုက်ခိုက်သဖြင့် စစ်တပ် ရှေ့မတိုးနိုင်ဘဲ ဖားဆောင်းနှင့် မယ်စဲ့မြို့သို့ ဝင်ရောက်မည့် လမ်းပိုင်းအချို့တွင် စစ်ကောင်စီက တပ်စွဲထားပြီး နှစ်ဖက်စစ်ရေး တင်းမာဆဲဖြစ်ကြောင်း ဖားဆောင်း PDF တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ လဆန်းပိုင်းကစ၍ လွိုင်ကော်မှတဆင့် ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းကြောင်းအတိုင်း အစီးရေ ၈၀ ထက်မနည်းသည့် ရိက္ခာ၊ ခဲယမ်း ယာဉ်တန်းများကို စစ်ကောင်စီက ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။ ဒီးမော့ဆိုနှင့် ဖရူဆိုကြားရှိ ရွာများတွင် စစ်ကောင်စီတပ်က ဝင်ရောက်ရှင်းလင်း နေရာယူပြီး ယာဉ်တန်းလုံခြုံရေးယူခဲ့၏။ အဆိုပါ ယာဉ်တန်းသည် စက်တင်ဘာ ၇ ရက်ခန့်တွင် ဖရူဆိုကို ရောက်သွား၏။
ထို့နောက် စက်တင်ဘာ ၈ ရက် နေ့မှစပြီး ဖရူဆို၊ ဘောလခဲ လမ်းပိုင်းတွင် အရပ်သားများ အသွားအလာ မပြုကြရန် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ၏ ကြေညာချက်ထွက်လာ၏။ ထိုယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်တော့မည့် အလားအလာကို မြင်တွေ့နေရ၏။
မယ်စဲ့သတ်ကွင်း
မယ်စဲ့မြို့နှင့် ပတ်ဝန်းကျင်စခန်းများကို သိမ်းပိုက်ခဲ့သည်မှာ သုံးလနီးပါး ရှိခဲ့ပြီဖြစ်၏။ ဇွန်လအတွင်း စစ်ကောင်စီတပ်သည် အရေးပါသည့်ဟု ယူဆသော ပန်တိန်းနှင့် စွတ်ပိုင်စခန်းများကို လေကြောင်းချီ၍လည်းကောင်း၊ လေကြောင်းမှ ထောက်ပို့၍လည်းကောင်း ပြန်လည် သိမ်းပိုက်ခဲ့သော်လည်း မယ်စဲ့ဒေသတခုလုံး သိမ်းပိုက်ရန် မြေပြင်မှ ချီတက်ထောက်ပို့သည်ကိုသာ အဓိက အသုံးပြုရ၏။
ထို့ကြောင့် ရွာသစ်၊ စွတ်ပိုင်တဝိုက်၊ ဖားဆောင်းနှင့် ပန်တိန်းကြားတို့တွင် စစ်ကောင်စီတပ် ချီတက်ရာ လမ်းကြောင်းတလျှောက်တွင် ကရင်နီတော်လှန်ရေး အင်အားစုများက ဖြတ်တောက်တိုက်ခိုက် ချေမှုန်းလျက်ရှိ၏။ ထို့ပြင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း ထောက်ပို့ လမ်းတလျှောက်တွင်လည်း ကရင်နီတော်လှန်ရေး အင်အားစုများက တိုက်ခိုက်လျက်ရှိ၏။
စက်တင်ဘာ ၈ ရက် နေ့မှစပြီး ဖရူဆို၊ ဘောလခဲ လမ်းပိုင်းတွင် အရပ်သားများ အသွားအလာ မပြုကြရန် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ၏ ကြေညာချက်ထွက်လာ၏။ ထိုယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်တော့မည့် အလားအလာကို မြင်တွေ့နေရ၏။
စစ်ကောင်စီတပ် ပြန်လည် သိမ်းယူသည်ဆိုသည့် ပန်တိန်းစခန်းနှင့် စွတ်ပိုင်စခန်းဆိုသည်မှာ ကလလတ တပ်များက ပုန်ကန်ပြီးသည်နှင့် စွန့်ခွာပေးလိုက်သော စခန်းများဖြစ်သည်။ အလားတူပင် မယ်စဲ့မြို့နှင့် သိမ်းပိုက်ခဲ့သော မယ်စဲ့အနီးမှ စခန်းများတွင်လည်း ကရင်နီအင်အားစုများ အခိုင်အမာအထိုင်ချပြီး တပ်စွဲထားခြင်း မရှိပေ။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း မယ်စဲ့သို့ သတင်းသွားယူသည့် Myanmar Now မီဒီယာ၏ ရိုက်ကူးတင်ပြချက်အရ မယ်စဲ့ရှိ အစိုးရရုံးဌာနများသည် အပျက်စီးပုံအတိုင်းရှိနေပြီး ရဲစခန်းတွင်းဆိုလျှင် အရိုးကျနေသည့် အလောင်းများပင် တွေ့ခဲ့ရ၏။ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုရန်ကြောင့် ကရင်နီတော်လှန်ရေး အင်အားစုများသည်လည်း တိုက်ခိုက်သိမ်းပိုက်ပြီးသည်နှင့် စစ်မြေပြင် ရှင်းလင်း၍ လက်နက်ခဲယမ်းများ သိမ်းဆည်းပြီး တိမ်းရှောင်နေပြီ ဖြစ်သည်။ နယ်မြေခံ အရပ်သားများသည် စစ်ဘေးဒုက္ခသည်များအဖြစ် ရောက်ရှိခဲ့ပြီး အချို့မှာ ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်သွားကြပြီ ဖြစ်၏။ သို့ဖြစ်ရာ မယ်စဲ့သည် လူသူကင်းမဲ့သည့် နေရာတခုအဖြစ် တည်ရှိနေ၏။
ကရင်နီအင်အားစုများက မယ်စဲ့မြို့နှင့် စခန်းများအား အခိုင်အမာ နေရာယူမထားသော်လည်း စစ်တပ်ကမူ အင်အား အလုံးအရင်းသုံး၍ မယ်စဲ့အား ပြန်ထိုးနေရ၏။ ထို့ကြောင့်လည်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘော်လခဲ၊ ဖားဆောင်း ကားလမ်းမကြီးတလျှောက်နှင့် ဖားဆောင်းနှင့် မယ်စဲ့ကြားတွင် စစ်ကောင်စီတပ်အား ကရင်နီအင်အားစုများက ကောင်းစွာ ဖြတ်တောက် တိုက်ခိုက်ချေမှုန်းနိုင်နေသည်ကို တွေ့ရ၏။
KNDF ၏ သတင်းထုတ်ပြန်ချက်အရ ဇွန်လအတွင်း လွိုင်ကော်မြို့နယ်တွင် တိုက်ပွဲ ခုနစ်ကြိမ်၊ ရှားတောမြို့နယ်တွင် တကြိမ်၊ ဖရူဆိုမြို့နယ်တွင် လေးကြိမ်နှင့် ဒီးမော့ဆိုမြို့နယ်တွင် ငါးကြိမ်ခန့်အထိ ထိတွေ့တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ပါသည်။
ထို့အတူ ဇွန်လ ၁၃ ရက်နေ့မှစ၍ ရက်သတ္တပတ်အတွင်း မယ်စဲ့မြို့နယ်အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်မှ စစ်ကောင်စီ၏ တပ်စခန်းများဖြစ်သော BP ၁၃ စခန်း၊ BP ၁၄ စခန်း၊ BP ၁၅ ရှိ မယ်တနွယ် တပ်စခန်း၊ BP ၁၆ ရှိ တောင်လှတပ်စခန်းတို့နှင့် မယ်စဲ့မြို့မရဲစခန်း၊ ဗျူဟာကုန်းတပ်စခန်းတို့အား ကရင်နီတော်လှန်ရေး တပ်ပေါင်းစုများ ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ စစ်ကောင်စီ၏ လက်နက်ကြီး/ငယ် များစွာနှင့် ခဲယမ်းမီးကျောက် အမြောက်အများတို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
ဇွန်လ ၂၄ ရက်နေ့မှ စ၍ စစ်ကောင်စီတပ်များသည် ဘောလခဲမြို့မှ စစ်ကြောင်း နှစ်ကြောင်းခွဲကာ ရွာသစ်မြို့သို့ ဦးတည်၍ အပြင်းအထန် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သောကြောင့် ရွာသစ်-ဘောလခဲ လမ်းတလျှောက်တွင် စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော် (KA)၊ ကလလတ၊ ဘောလခဲ PDF, KNDF တို့ကြား လေးရက်ကျော်ကြာ ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ရွာသစ်မြို့အတွင်းသို့ ဝင်ရောက်ကာ တပ်စွဲထားခဲ့ပါသည်။
ဇွန်လ တလတာအတွင်း ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါးအား ကရင်နီတပ်ပေါင်းစုများမှ သုတ်သင်နိုင်ခဲ့ပြီး တိုက်ပွဲများတွင် စစ်ကောင်စီမှ နေ့စဉ်နီးပါး လေကြောင်းပစ်ကူများနှင့် လက်နက်ကြီးပစ်ကူများအား အလွန်အကျွံ အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်သည်ကို တွေ့ရ၏။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ကရင်နီနယ်မြေအတွင်း တိုက်ပွဲပေါင်း ၃၃ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၈၄ ဦး သေဆုံး၊ သုံးဦး ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံ ရှစ်လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့၏။
ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၄၂ ကြိမ် ရှိခဲ့၏။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တိုက်ပွဲ အကြိမ် ၅၀ ဖြစ်ပွားခဲ့၏။ စစ်ကောင်စီတပ်မှ ၁၁၀ ဦး သေဆုံးပြီး ၄၀ ဒဏ်ရာရခဲ့သည်။ သုံ့ပန်း သုံးဦး ဖမ်းဆီးရမိပြီး လက်နက်ငယ် ၁၅ လက်၊ လက်နက်ကြီး ၁၅ လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့သည်။ လေကြောင်းတိုက် ခိုက်မှု ၄၅ ကြိမ်ရှိခဲ့၏။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ကရင်နီနယ်မြေအတွင်း တိုက်ပွဲပေါင်း ၃၃ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၈၄ ဦး သေဆုံး၊ သုံးဦး ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံ ရှစ်လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့၏။
ထို့အတူ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် လွိုင်ကော်မှ ထွက်ခွာလာသောယာဉ်တန်းအားလည်း ဖရူဆိုမှအထွက် မာခရော့ရှည်အနီးတွင် ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး အပါအဝင် သေဆုံးသူ ဆယ်ဂဏန်း အချို့ရှိပြီး လက်နက်မျိုးစုံ ၂၀ ခန့်နှင့် ခဲယမ်းအများအပြား ရရှိသည်ဟု သတင်းများ၊ သတင်းဓာတ်ပုံများ ထွက်ပေါ်ခဲ့၏။ သို့သော် ကရင်နီအင်အားစုများကမူ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။
ထို့ပြင် သြဂုတ်လ ၂ ရက်မှ စတင်ပြီး စစ်ကောင်စီ၏ တပ်မ ၅၅ သည် ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်ဘက်ကို စစ်ကြောင်း သုံးကြောင်းနှင့် စစ်ကြောင်းထိုးလာသည့်အတွက် ကရင်နီပြည်တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စက်တင်ဘာလ ၁၇ နေ့ထိ နေ့စဉ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရပါသည်။
ထိုစစ်ဆင်ရေးများကြောင့် စကစ တပ်မ ၅၅ လက်အောက်ခံတပ်များဖြစ်သည့် ခမရ ၁၂၂ နှင့် ခလရ ၃ မှ တပ်ရင်းမှူးနှင့် ဒုရင်းမှူး အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး လက်နက်ငယ်အစုံ ၁၅ လက်၊ လက်နက်ကြီး တလက်အပါအဝင် ဆက်စပ်ခဲယမ်းပစ္စည်း အများအပြား သိမ်းဆည်းရရှိခဲ့၏။ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း ဒရုန်းပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သကဲ့သို့ ရဲဘော် သုံးဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ရသည်ဟု သတင်းထုတ်ပြန်သည်ကို တွေ့ရ၏။
စက်တင်ဘာလ ၁၃ ရက်တွင် မယ်စဲ့တိုက်ပွဲ သုံးလရှိပြီ ဖြစ်သော်လည်း စစ်ကောင်စီတပ် ပြန်လည် သိမ်းပိုက်နိုင်သည်ကို မတွေ့ရှိရသေးပေ။ အကယ်၍ သိမ်းပိုက်ရရှိသည် ဆိုပါကလည်း လူမရှိသည့် မြို့ပျက်သာ ဖြစ်ပေလိမ့်မည်။ မယ်စဲ့သည် လိုင်ဇာကဲ့သို့ ဌာနချုပ်စခန်းမျိုး မဟုတ်ပေ။
သို့သော်လည်း မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်ဟု စစ်ကောင်စီက သတ်မှတ်ထားသော နယ်မြေတခုအား ၎င်းတို့ ပြန်ထိန်းချုပ်နိုင်ပြီဟု ကြွေးကြော်နိုင်သည်ကလွဲ၍ မယ်စဲ့ကို သိမ်းပြီးပါကလည်း စစ်တပ်အတွက် ရစရာမရှိသကဲ့သို့၊ ပြစရာလည်း ဘာမှ ရှိမည်မဟုတ်ပေ။ ထို့ပြင် အုပ်ချုပ်စရာ လူထုလည်း ရှိမည်မဟုတ်ပေ။
သို့သော်လည်း သုံးလအတွင်း မယ်စဲ့ကို ထိုးစစ်ဆင်ရန် ကြိုးစားနေသည့် စစ်ကောင်စီတပ်ကို နေရာပေါင်းစုံက ဖြတ်တောက် တိုက်ခိုက်သဖြင့် စစ်တပ်၏ အကျအဆုံး၊ လက်နက်ခဲယမ်း ဆုံးရှုံးမှု၊ ကြီးမားသော စစ်စရိတ်တို့သည့် စစ်တပ်အတွက် ကြီးမားသော အရေးနိမ့်မှုကို ပြသနေ၏။
သုံးလအတွင်း မယ်စဲ့ကို ထိုးစစ်ဆင်ရန် ကြိုးစားနေသည့် စစ်ကောင်စီတပ်ကို နေရာပေါင်းစုံက ဖြတ်တောက် တိုက်ခိုက်သဖြင့် စစ်တပ်၏ အကျအဆုံး၊ လက်နက်ခဲယမ်း ဆုံးရှုံးမှု၊ ကြီးမားသော စစ်စရိတ်တို့သည့် စစ်တပ်အတွက် ကြီးမားသော အရေးနိမ့်မှုကို ပြသနေ၏။
နေရာယူစစ် မတိုက်ဘဲ၊ နယ်မြေထိန်းချုပ်ရေးကို အဓိကမထားဘဲ ရန်သူချေမှုန်းရေးကိုသာ အဓိကထားသည့် လှုပ်ရှားစစ်ဆင်နွှဲနေသော ကရင်နီတော်လှန်ရေး အင်အားစုများအတွက် မယ်စဲ့သည် သတ်ကွင်းဖြစ်၏။ သတ်ကွင်းတွင်း ဝင်လာသည့် စစ်ကောင်စီတပ်ကို စိတ်ကြိုက် ချေမှုန်းနိုင်ခြင်းသည် ကရင်နီတော်လှန်ရေး အင်အားစုများ၏ မယ်စဲ့တိုက်ပွဲ အားသာချက်ဖြစ်၏။
မယ်စဲ့သတ်ကွင်းသည် ကျယ်ပြန့်ရှည်လျားသည်။ ကီလိုမီတာ ၅၀ နီးပါးဝေးသည့် မယ်စဲ့နှင့် ဖားဆောင်းကြားသည်သာ သတ်ကွင်း မဟုတ်ပေ။ ကီလိုမီတာ ၂၀၀ ခန့်ဝေးသော လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း ထောက်ပို့လမ်းမကြီးသည်လည်း ရှည်လျားသည့် သတ်ကွင်းကြီး ဖြစ်၏။
စစ်ကောင်စီတပ်သည် မယ်စဲ့အရောက် ချီတက်နိုင်လျှင်ပင် ထိုသတ်ကွင်းအတွင်းမှ ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ပေ။
ပြောက်ကျားစစ်ဗျူဟာတွင် ရန်သူချေမှုန်းရေးက အဓိကဖြစ်၏။ ရန်သူချေမှုန်းရာတွင် လှုပ်ရှားရန်သူ ချေမှုန်းရေးက အဓိကဖြစ်၏။ ချီတက်လှုပ်ရှားနေသော စစ်တပ်အား တိုက်ခိုက်ရသည်က ကတုတ်ကျင်းအတွင်း အခိုင်အမာ ခံစစ်ယူထားသည့် ရန်သူကို တိုက်ခိုက်ရသည်ထက် ပို၍ တိုက်ခိုက်ချေမှုန်းရန် လွယ်ကူသည် မဟုတ်ပါလော။ ထို့ပြင် ပြောက်ကျားစစ်တွင် နေရာရယူရေးကို အဓိက မထားသကဲ့သို့ နေရာယူ ခံစစ်ဆင်ခြင်းကို အားမပေးပေ။ အဓိက ရန်သူကို များများချေမှုန်းနိုင်ပါက ထိုနယ်မြေသည် လွတ်မြောက်လာမည်ဖြစ်၏။
သို့ဖြစ်ရာ အင်အားချိနဲ့ပြီး စစ်ကူ အလွယ်တကူ မလာနိုင်သည့် မယ်စဲ့စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကရင်နီအင်အားစုများသည် မယ်စဲ့တွင် အခိုင်အမာ အထိုင်ချခြင်း၊ နေရာယူ ခံစစ်ပြင်ခြင်းတို့ကို မပြုလုပ်ပေ။ မယ်စဲ့ ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင် ချီတက်လာသည့် စစ်ကောင်စီတပ်အား လမ်းတလျှောက် ချေမှုန်းသုတ်သင်ရေးကို အဓိကထား၍ ပြုလုပ်နေ၏။
စစ်ကောင်စီတပ်အဖို့ကမူ မယ်စဲ့ကို ပြန်လည် ထိုးစစ်မဆင်နိုင်ပါက မယ်စဲ့အား ထိန်းချုပ်နိုင်မှုကို စွန့်လွှတ်ရမည်။ မယ်စဲ့ကို ထိုးစစ်ဆင်ပါကလည်း လမ်းကြောင်းတလျှောက် ကရင်နီအင်အားစုများ တိုက်ခိုက်ချေမှုန်းခြင်းကို ခံရမည်။ မယ်စဲ့သည် စစ်ကောင်စီအတွက် ဆုပ်စူး၊ စားရူးဖြစ်နေစေသည့်၊ အထိနာစေသည့် သတ်ကွင်းတခုအဖြစ် အသွင်ပြောင်းသွားပြီ ဖြစ်၏။
(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)
မယ်စဲ့စခန်းကုန်း ပြန်ရရေး ပြည်ထောင်စုလမ်းမကြီး တလျှောက်စစ်တပ် ထိုးစစ်ဆင်
မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ
ဒါဇင်နဲ့ချီတဲ့ စစ်သားတွေ မယ်စဲ့မှာ လက်နက်ချ
မယ်စဲ့ကို ကရင်နီပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်ပြီ
ဒီးမော့ဆိုရှိ အသိမ်းခံစခန်း၂ ခု ပြန်ရရေး စစ်ကောင်စီတပ် ကြိုးပမ်းနေ