• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အထွေထွေ ဖိအားအောက် MNDAA ရောက်နေသလား

by ဧရာဝတီ
6 December 2024
in ဆောင်းပါး
A A
အထွေထွေ ဖိအားအောက် MNDAA ရောက်နေသလား

ယနေ့မှစ၍ ရောက်ရာနေရာမှ မိမိတို့တပ်များသည် ချက်ချင်းအပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီတပ်ကို အစပြု တိုက်ခိုက်မည်မဟုတ်ဟု MNDAA က ဒီဇင်ဘာ ၃ရက်တွင် ဒုတိယအကြိမ်စာထုတ်သည်(ဧရာဝတီ)

7.3k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်မြောက်ပိုင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့ကို သိမ်းထားသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)မှ ဒီဇင်ဘာ ၃ရက်က “ယနေ့မှစ၍ ရောက်ရာနေရာမှ မိမိတို့တပ်များသည် ချက်ချင်းအပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီတပ်ကို အစပြုတိုက်ခိုက်မည်မဟုတ်” ဟု ထုတ်ပြန်လာသည်။

“ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် လိုလားကြောင်း” ခေါင်းတပ်ထားသည့် ကိုးကန့်တို့၏ စာ၌ အချက် ၅ ချက် ပါပြီး စစ်ဘေးဒုက္ခဒဏ်ကို ပြင်းထန်စွာခံစားနေရသော အပြစ်မဲ့ပြည်သူလူထု၏ အကျိုးကို ငဲ့ညှာ ထောက် ထားရန်၊ တရုတ်- မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းရန် ဖော်ပြထားသည်။

ဤစာမှာ MNDAA အဖို့ လားရှိုးသိမ်းပြီးနောက် ဒုတိယအကြိမ် ထုတ်သည့် စာဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာ ၄ရက်က လည်း အပစ်ရပ်၍ စစ်မြေပြင်ထပ်မချဲ့တောပါ၊ ပဋိပက္ခများဖြေရှင်းဖို့ တရုတ်ကြားဝင်ပေးပါ၊ တရုတ်သို့မဟုတ် မြန်မာ အား ဆန်ကျင့်သော နိုင်ငံခြားအသိုင်းအဝိုင်းများနှင့် မဟာမိတ်ဖွဲ့များနှင့် ပူးပေါင်းဆက်ဆံခြင်း မလုပ်တော့ပါ၊ အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း လုံးဝပြုလုပ်မည် မဟုတ်ပါ ဆိုသည့် ကြေညာ ချက်ကို ထုတ်ပြန်ခဲ့သေးသည်။

လက်ရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၏ အခြေအနေက ၎င်းတို့ ခေါင်းဆောင် ဖုန်တာရွင်မှာ ယူနန်၌ ဆေးကုသမှု အကြောင်းပြ၍ ထိန်းသိမ်းခံထားရပြီး၊ စစ်ရေးအခြေအနေမှာလည်း စစ်ကောင်စီက လားရှိုးအပါအဝင် ကိုးကန့်ဒေသကို နေ့စဉ်ရက်ဆက် ဗုံးကြဲနေပြီး၊ လားရှိုးကို တိုက်ရန် စစ်ပြင်နေသလို စီးပွားရေးဘက် တွင်လည်း တရုတ်က နယ်စပ်ဂိတ်များ ပိတ်၍ စားနပ်ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီ စသည့် ကုန်ပစ္စည်းများတင်သွင်းခွင့် တားမြစ်ကာ ဖိအားပေးနေချိန် ယခုလို တရုတ်၏ ကြားဝင်စေ့စပ်မှုအတိုင်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက် ပါမည် ဟု ဒုတိယအကြိမ် ထပ်မံထုတ်ပြန်လာခြင်းဖြစ်သည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်အပြီး တွေ့ရသည့် ကိုးကန့်တပ်ဖွဲ့ဝင်များ / MNDAA

ထိုသို့သော တရုတ်ဖိအားကို MNDAA ကိုးကန့်အဖွဲ့သာမက ၎င်းတို့၏ မြောက်ပိုင်း ညီနောင်မဟာမိတ် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)သည်လည်း ခံနေရရာ ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်ကပင် အလားတူ ကြေညာချက်မျိုး ထုတ်ပြန်ခဲ့သေးသည်။

ကိုးကန့် MNDAA အနေဖြင့် စစ်တပ်ကို စတိုက်မည် မဟုတ်သော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ဆွဲကိုင်ထားမည် ဟု ဆိုနေချိန် စစ်ကောင်စီက လားရှိုး ပြန်ရရေး အနီးပတ်လည်ရှိ မိုင်းရယ်၊ နမ့်လန်၊ တန့်ယန်း မြို့များတွင် စက်တင်ဘာမှ နိုဝင်ဘာလအထိ တောက်လျှောက် အင်အားဖြည့်တင်းနေသဖြင့် နှစ်ကုန်တွင် ထိုးစစ်စမည်ဟု ခန့်မှန်းမှုများ ရှိနေသည်။

မိုင်းရယ်သို့ စစ်ရှောင်နေသည့် လားရှိုးမြို့ခံအမျိုးသားတဦးက “မိုင်းရယ်၊ တန့်ယန်း၊ မန်ကတ်ဘက်တွေမှာ အင်အားတွေ ထပ်ထပ်ရောက်လာတယ်။ အင်အားတွေက တနေရာရာမှာဆို အနည်းဆုံး ထောင်ချီရှိနေတယ်လို့ ကြားနေရတယ်။ စကစ က သူတို့ရဲ့ အုပ်ချုပ်မှုယန္တရားတွေတောင် လားရှိုးမှာ ပြန်စနိုင်ဖို့ ဝန်ထမ်းတွေကို လေ့ကျင်ပေးနေတယ်။ ဘယ်သူတွေ ပြန်ဝင်ရမယ် စသဖြင့်ပေါ့ တပ်နဲ့နီးစပ်တဲ့အသိတွေက ပြောတယ်” ဟု ပြောသည်။

လားရှိုးအသိမ်းခံရပြီးနောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို မိုင်းရယ်တွင် ပြန်လည်ဖွဲ့စည်းကာ MNDAA စိုးမိုး ထားသော မိုင်းရယ်မြို့နယ်အတွင်းမှ ဟိုယဘက်သို့ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခြင်း၊ ဒရုန်းများဖြင့် ကင်းထောက်ခြင်းများ တောက်လျှောက်ပြုလုပ်နေသလို MNDAA ဘက်ကလည်း မိုင်းရယ်မှ လားရှိုးအား အဓိကဝင်ပေါက် ဖြစ်သည့် ဟိုယကို အင်အားထပ်မံဖြည့်တင်းမှုများ ပြုလုပ်ထားကြောင်း ၎င်းကဆိုသည်။

မိုင်းရယ်မြို့နှင့် ၅ မိုင်ခန့် အကွာ မိုင်းရယ်- လားရှိုး လမ်းမကြီးပေါ်မှ ဟိုယကျေးရွာရှိ MNDAA စစ်ဆေးရေးဂိတ်ရှိရာသို့ စစ်တပ်က ကိုက် ၅၀ ခန့်ထိ ချဉ်းကပ်လာခြင်းကြောင့် နှစ်ဖက်ရင်ဆိုင်ထားသည့် အနေအထား ရောက်ရှိနေကြောင်းလည်း MNDAA နှင့် နီးစပ်သည့် ဧရာဝတီ စစ်ရေးသတင်းရင်းမြစ်တဦးကလည်းပြောသည်။

၎င်းက “ဟိုယမှာ စကစနဲ့ ကိုးကန့်ဘက်က တော်တော်လေးကို နီးတာ လှမ်းတောင်မြင်နေရတယ်။ အခု အခြေနေကတော့ တိုက်ပွဲပြီးနောက်မှာ အတင်းမာဆုံး ဖြစ်နေတယ်။ နှစ်ဖက်လုံးက အင်အားကိုယ်စီဖြည့်၊ အသင့်အနေထား ပြင်ဆင်ထား တယ်။ အချိန်မရွေး စကစရဲ့ ထိုးစစ်က စလာနိုင်တော့မယ့် အခြေနေမှာ ကိုးကန့်ဘက်လည်း အသေချာကို ပြင်ဆင်ထား တယ်” ဟု ပြောသည်။

စစ်ကောင်စီမှ လားရှိုးသို့ ဝင်ရောက်ရန် လူနှင့် ရိက္ခာဖြည့်တင်းသည့် လမ်းကြောင်းများ (ဧရာဝတီ)

ဟိုယကျေးရွာသည် မိုင်းရယ်- လားရှိုးနှင့် တန့်ယန်း- လားရှိုး လမ်းပိုင်းလမ်းဆုံတွင် တည်ရှိ၍ MNDAA ဘက်မှ လားရှိုးအား ကာကွယ်ရန် ရှေ့တန်းကာကင်းစခန်းများ ချထားခြင်းဖြစ်ပြီး စစ်ရေးအရလည်း အရေးပါသည့်ဒေသတခု ဖြစ်သည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
89
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
378
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
182

စစ်ကောင်စီက လားရှိုးကို ပြန်ထိုးစစ်ဆင်ရန် ပြင်ဆင်နေမှုနှင့် ပတ်သက်၍ CDM ဗိုလ်ကြီး ဇင်ယော်ကလည်း “မိုင်းရယ်နဲ့ တန့်ယန်းဘက်မှာ လူအင်အား၊ ရိက္ခာ၊ ခဲယမ်းတွေ ပုံနေတယ်။ ပြီးရင် မန်ကတ်ဘက်မှာရှိတဲ့ တတက ၈ ကိုလည်း တပ်သားသစ်တွေ တောက်လျှောက်ပို့ထားတယ်။ အနည်းဆုံး ၈၀၀ လောက်ရှိတယ်။ ပြီးရင် နမ့်လန်ဘက်မှာလည်း အင်အားဖြည့် ထားတဲ့ အနေအထားရှိပါတယ်” ဟု ထပ်မံအတည်ပြု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက တန့်ယန်းမြို့နယ်၊ အမှတ် ၈ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းရှိရာ မန်ကတ်နှင့် မန်ပတ်တပ်စခန်းတို့ကို ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထိုးစစ်ဆင်ခဲ့သော် လည်း စစ်ကောင်စီ ထိန်းချုပ်ထားသည့် တန့်ယန်းမြို့အား “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ စစ်တပ်နှင့် ညှိနှိုင်းကာ ဝင်ရောက်နေရာယူခဲ့သောကြောင့် ထိုးစစ်များ ရပ်တန့်ခဲ့ရသည်။

လက်ရှိ တန့်ယန်းမှာ UWSA ၏ ထိန်းချုပ်မှုအောက် ရှိနေသော်လည်း စစ်ကောင်စီက တန့်ယန်း၌ အင်အားများ တောက် လျှောက်ပြင်ထားသဖြင့် လားရှိုးကို ပြန်ထိုးစစ်ဆင်ရာတွင် UWSA ဘက်မှ လမ်းကြောင်းများ ဖွင့်ပေးမည့် သဘောတူညီမှု တခုခုရထားသည့် အနေအထားဟု ဒေသခံများက မှန်းဆသော်လည်း ဧရာဝတီအနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။

ယခုရက်ပိုင်း လားရှိုးသို့ ဝင်နိုင်သော နမ့်လန်-ပန်ညူ-လားရှိုးလမ်းပိုင်းနှင့် တန့်ယန်း- မန်ပန်- နမ့်ပေါင်- လားရှိုး လမ်းပိုင်း တို့ကို စစ်ကောင်စီက နမ်လန်နှင့် တန့်ယန်းမြို့အထွက်မှနေ၍ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း တောင်ကြီး-လားရှိုး- မူဆယ် ခရီးသည်ပို့ဆောင်နေသည့် ကားဆရာတဦးထံမှ ဧရာဝတီက သိရသည်။

နိုဝင်ဘာလဆန်းမှစ၍ လားရှိုးမြို့သို့ တကိုယ်စာ အသုံးအဆောင် ပစ္စည်းမှလွဲကာ စားသောက်ကုန်စည်များ၊ စက်သုံးဆီ အပိုတင်ဆောင်မှုများအားလုံးကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ပိတ်ပင်ဖမ်းဆီးမှုများ စခဲ့သဖြင့် လားရှိုး မြို့ပေါ်တွင် ကုန်စည်ဝင်ရောက်မှု ထိုးကျသွားပြီး လူအဝင်အထွက်လည်း လျော့နည်းသွားကြောင်း ၎င်းက ဆိုသည်။

အောက်တိုဘာ ၄ ရက်တွင် လားရှိုးမြို့တွင်း ရပ်ကွက် ၅ အား စစ်ကောင်စီက ၄ ကြိမ် ဗုံးကြဲခဲ့ / လားရှို့မြို့ ပြန်လည်ထူထောင်ရေး

လက်ရှိ လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီတပ်၏ မြေပြင်ဝေဟင် တန်ပြန်ထိုးစစ်ဆင်လာနိုင်၍ မြို့ခံများအား ကတုတ်ကျင်း တူးထားကြရန်လည်း MNDAA အုပ်ချုပ်ရေးအရာရှိများက လိုက်လံအသိပေးထားသည်။

ရှမ်းမြောက်စစ်ရေး အခြေအနေကို လေ့လာစောင့်ကြည့်နေသည့် လားရှိုးမြို့ခံတဦးကလည်း စစ်ကောင်စီ၏ စစ်ရေးပြင်ဆင် မှုအပေါ် “သူတို့က ဒီဘက်တွေကို အင်အားပြပြီးတော့ အဓိက အခြေစိုက်နေတာက ခိုလမ်မှာပေါ့၊ ပြီးခဲ့တဲ့ရက် ကျနော် တောင်ကြီးကနေ မိုင်ပွန်ဘက်ကနေ ပြန်လာတော့ သွားလို့မရဘူး။ ည ၂ နာရီလောက်ကတည်းက လမ်းပိတ်ထားတယ်။ တင့်ကားတွေသွားတာ ၈ စီးလောက်ရှိတယ်၊ ခိုလမ်မှာ တင့်ကားတွေ၊ အမြောက်တပ်တွေ ပြင်ထားတယ်။ ပြီးရင် နမ့်လန်၊ မိုင်းရယ်၊ တန့်ယန်းဘက်ကနေ ၃ကြောင်း ဝင်မယ်။ အပေါ်ကနေ လေကြောင်းပစ်ကူပေးပြီး ကြည်းတပ်ကို တင့်ကားတွေနဲ့ ဗျူဟာတွေ ခင်းပြီး ပြန်ဝင်မယ်” ဟု ပြောသည်။

MNDAA ဘက်ကလည်း လားရှိုးသို့ ဝင်နိုင်သည့် လမ်းကြောင်းများ၌ အဆင့်ဆင့် ခုခံစစ်အခိုင်အမာ ပြင်ဆင်ထား သလို လက်နက်ခဲယမ်း၊ ရိက္ခာများ ပိုမိုဖြည့်တင်းနေပြီး လားရှိုးအား လက်လွှတ်မည့်အနေအထား မတွေ့ရကြောင်း MNDAA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

၎င်းက “လားရှိုးဝန်းကျင် မြေပြင်မှာရှိနေကြတဲ့ ကိုးကန့်တပ်တွေက လားရှိုးကနေ ပြန်ဆုတ်ပေးနိုင်တဲ့ အခြေအနေ လုံး၀ မရှိဘူး။ ဒီရက်ထဲမှာကိုပဲ လူအင်အားတွေ၊ စစ်ရိက္ခာတွေ ပြန်ပို့ထားတယ်။ မြို့သိမ်းတိုက်ပွဲအတွင်းမှာ ကိုးကန့်ရော၊ PDF တွေရော အကျအဆုံးအများကြီးနဲ့ ပေးဆပ်ထားတော့ လွယ်လွယ်နဲ့တော့ ပြန်မပေးနိုင်ပါဘူး“ ဟု ပြောသည်။

စစ်ကောင်စီက လားရှိုးကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေချိန် တရုတ်ဖိအား အပါအဝင် ဘက်ပေါင်းစုံ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည့် MNDAA အနေဖြင့် ၎င်းတို့ သိမ်းပိုက်ထားသော မြို့များကို မစွန့်ရလွှတ်ဘဲ ထွက်ပေါက်ဘယ်လို ရှာမလဲဆိုသည်က စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။ ။

ဧရာဝတီသတင်းထောက် စောလွင်နှင့် မိုင်းခြိူဝ်းဇာရ် ပူးပေါင်းရေးသားသည်။

You may also like these stories:

စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း TNLA ပြော

တရုတ်ဖိအားကြား လားရှိုးကို MNDAA အင်အားဖြည့်

MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင်ကို ထိန်းသိမ်းထားမှု တရုတ်ငြင်း

Your Thoughts …
Tags: MNDAASliderစစ်ကောင်စီတရုတ်လားရှိုး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
တရုတ်နယ်စပ် ဖြတ်လေးဖြတ်ကြောင့် ငတ်နေကြသတဲ့လား (ရုပ်/သံ)

တရုတ်နယ်စပ် ဖြတ်လေးဖြတ်ကြောင့် ငတ်နေကြသတဲ့လား (ရုပ်/သံ)

ပြည်သူ့လုံခြုံရေး သင်တန်းပေးထားတဲ့ သက်ကြီးပိုင်းတွေကို စတင်အသုံးပြု (ရုပ်/သံ)

ပြည်သူ့လုံခြုံရေး သင်တန်းပေးထားတဲ့ သက်ကြီးပိုင်းတွေကို စတင်အသုံးပြု (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved