• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင်ကို ထိန်းသိမ်းထားမှု တရုတ်ငြင်း

by ဧရာဝတီ
19 November 2024
in သတင်း
A A
MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင်ကို ထိန်းသိမ်းထားမှု တရုတ်ငြင်း

MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင် /IRW

7.3k
VIEWS
Share on FacebookShare on Twitter

တရုတ်ပိုးလမ်းမစီမံကိန်း(BRI) လမ်းကြောင်းပေါ်ရှိ လားရှိုးမြို့မှ ပြန်ဆုတ်ဖို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA) ခေါင်းဆောင် ဦးဖုန်တာရွှင်ကို တရုတ်က ထိန်းသိမ်းဖိအားပေးနေသည်ဆိုသောသတင်းများအပေါ် ၎င်းသည် ယူနန်ပြည်နယ်တွင် ဆေးကုသမှုခံနေခြင်းသာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းစာရှင်းပွဲ တွင် တုံ့ပြန်ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ Lin Jian က MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင်သည် တရုတ်နိုင်ငံတွင် ဆေးကုသခွင့်ရရန် တောင်းဆိုကာ ဆေးကုသမှုခံယူပြီးနောက် ယခုအခါ သက်သာ လာပြီဖြစ်ကြောင်း၊ ယူနန်ပြည်နယ်တွင် နေထိုင်နေစဉ်အတွင်း မြန်မာနိုင်ငံရှိ ၎င်း၏ တပ်မှူးများနှင့်လည်း အဆက်အသွယ် ရှိသည်ဟု သတင်းကြားသိရကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

တရုတ်၏ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနှင့် ပြီးခဲ့သည်လက တရုတ်နိုင်ငံဘက်ခြမ်းတွင် တွေ့ဆုံ ဆွေးနွေးမှု အပြီး ဦးဖုန်တာရွှင်အား မြန်မာနိုင်ငံဘက်သို့ ပြန်ခွင့်မပေးတော့ဘဲ ယူနန်ပြည်နယ်ထဲရှိ ဟိုတယ်တခုတွင် အကျပ်ကိုင် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထိုသို့ ပြောဆိုသော်လည်း မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားအဖွဲ့များ ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ( FPNCC) သတင်းရင်းမြစ်က တရုတ်ဘက်က ဦးဖုန်တာရွှင်အား လားရှိုးမြို့မှ တပ်များပြန်ဆုတ်ခွာရေး အပြင်းအထန်ဖိအားပေးခဲ့ပြီး ပြေလည်မှု မရမချင်း ထိန်းသိမ်းခံရနိုင်ကြောင်းဆိုသည်။

၎င်းက “ အကျယ်ချုပ်တွေ၊ အကျဉ်းချုပ်တွေ မပြောလိုဘူး၊ သေချာတာကတော့ ဖမ်းထားလိုက်ပြီ၊ အသေးစိတ်တော့ ပြောလို့မရဘူး။ ကျနော်တို့လည်း စိန်ခေါ်မှု အကျပ်အတည်းရင်ဆိုင်နေရတယ်၊ တရုတ်ရဲ့လုပ်ရပ်ဟာ ဒေသနဲ့ရေရှည် အတွက် မှားယွင်းတဲ့ရပ်တည်ချက်တခုပဲလို့ မြင်ပါတယ်၊ မြန်မာ့အရေးက UWSA နဲ့ MNDAA တို့နဲ့မပြီးဘူးဗျ၊ သူတို့ရဲ့ လုပ်ရပ်က မအောင်မြင်နိုင်ပါဘူး” ဟု ပြောသည်။

MNDAA သည် ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်ပြီးနောက် ရှမ်းမြောက်ဒေသရှိ BRI စီမံကိန်း အစိတ်အပိုင်းဖြစ်သော တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းများ ဖြတ်သန်းရာ ချင်းရွှေဟော်၊ ကွမ်းလုံစသည့်မြို့များအပါအဝင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးတခုလုံးနီးပါးအား သိမ်းပိုက်ထိန်းချုပ်ခဲ့သည့်အပြင် စစ်တပ်အတွက်အရေးပါသည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)ရှိရာ လားရှိုးမြို့ကိုလည်း အောက်တိုဘာ ၃ ရက်က သိမ်းပိုက်ခဲ့သည်။

BRI စီမံကိန်းသည် တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖြန့်ကြက်ရန် ရည်ရွယ်ထားသော ရေရှည်မဟာဗျူဟာစီမံကိန်းတခု ဖြစ်ကာ ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း တွင် မဟာဗျူဟာ ကျသည့်နေရာ၌ တည်ရှိနေသလို တရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ် စီးပွားရေးစင်္ကြံနှင့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစင်္ကြံ အစိတ်အပိုင်းများတွင် ပါဝင်လျက်ရှိသည်။

လားရှိုးသည် တရုတ်နိုင်ငံ လင်ချမ်းမြို့နှင့် ခရီးသွားလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် ညီအမ ချစ်ကြည်ရေး မြို့ထူထောင်မှုဆိုင်ရာ သဘောတူညီချက်အား နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးထားသည့် မြို့လည်း ဖြစ်သည်။

တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက ဝ တပ်ဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံစဉ်ကလည်း MNDAA က လားရှိုးမြို့အား သိမ်းပိုက်လိုက်သည့်အတွက် တရုတ်-မြန်မာဆက်ဆံရေး၊ နယ်စပ်ကုန်သွယ်ရေးနှင့် တရုတ်-မြန်မာ ပိုးလမ်းမစီမံကိန်း (BRI) များအား ထိခိုက်စေခဲ့ကြောင်း ပြောဆိုခဲ့သည့်အပြင် ဖုန်မိသားစုအား ချေမှုန်းနိုင်ကြောင်းလည်း ခြိမ်းခြောက် ပြောဆိုခဲ့သည်။

လားရှိုးကို သိမ်းယူခဲ့သည့် MNDAA တပ်များ

ထို့ပြင် တရုတ်-မြန်မာနယ်စပ်တလျှောက် MNDAA ထိန်းချုပ်နယ်မြေအတွင်းသို့ လျှပ်စစ်မီး၊ ရေ၊ အင်တာနက်၊ ထောက်ပံ့ရေးပစ္စည်းများ(လောင်စာဆီ၊ ဆေးဝါး၊ ဆန်၊ လူသုံးကုန်ပစ္စည်း)နှင့် လူဝင်လူထွက်များအား တရုတ်က ပိတ်ဆို့ကန့်သတ်ထားသည်။

ရှမ်းပြည်မြောက်ပိုင်းဒေသတွင်း သတင်းရင်းမြစ်တဦးက ရှမ်းမြောက်ဒေသရှိ တရုတ်၏ ပိုးလမ်းမစီမံကိန်းအစိတ်အပိုင်း အဓိကနေရာများ သိမ်းပိုက်ထိန်းချုပ်ထားသည့် MNDAAအား လားရှိုးမြို့မှ ဆုတ်ခွာရေး ဖိအားပေးရုံဖြင့် နယ်စပ်ကုန်သွယ် ရေးနှင့် စီမံကိန်းလမ်းကြောင်းများ ပွင့်မည်မဟုတ်ကြောင်း သုံးသပ်ပြောကြားသည်။

၎င်းက “လားရှိုးက ဖယ်ပေးလိုက်ရုံနဲ့မပြီးဘူး။ နယ်စပ်ကုန်သွယ်ရေးလမ်း၊ ပိုးလမ်းမစီမံကိန်းတလျှောက် လမ်းပွင့်ဖို့ အတွက်ဆို လမ်းမကြီးတလျှောက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAOs) တွေအကုန်လုံးက ဖယ်ပေးရမယ့် ပုံစံမျိုး ဖြစ်နေတယ်။ အဲဒီတော့ တိုက်ထားတာ ဘာထူးတော့မှာတုန်း၊ ပြည်သူတွေနစ်နာထားတာ၊ တော်လှန်းရေးလူငယ် တွေ သေကြေထားတာ ဘာအကျိုးရှိတော့မှာတုန်း၊ အခု ဖြတ် ၅ ဖြတ်က တရုတ်ကတင် ဖြတ်ထားတာမဟုတ်ဘူး။ စစ်တပ်ကလည်း ဒီဘက်ကနေ ဖြတ်ထားတာ” ဟု ပြောသည်။

တရုတ်အနေဖြင့် အပြင်းအထန်ဖိအားပေးနေသော်လည်း လားရှိုးမြို့ပေါ်မှ MNDAA တပ်များ ပြန်လည်ဆုတ်ခွာခြင်း မရှိသေးသည့်အတွက် စစ်တပ်က မကြာခဏဆိုသလို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။

ဆက်စပ်ဖတ်ရှုရန်

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
52
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
62

တရုတ်လုံခြုံရေးကုမ္ပဏီက မြန်မာ့အနာဟောင်းကို ဆွနေသည်

တရုတ်စွက်ဖက်လည်း မြန်မာစစ်တပ် စစ်နိုင်အောင် မတိုက်နိုင်

စစ်ရှုံး မြန်မာစစ်ခေါင်းဆောင် တရုတ်သို့ ပထမဆုံးအကြိမ် သွား

Your Thoughts …
Tags: BRIMNDAAတရုတ်ပိုးလမ်းမစီမံကိန်းဖုန်တာရွှင်လားရှိုး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
ဆန္ဒပြ အလုပ်သမားများကို စစ်တပ်နှင့်ပေါင်း၍ တရုတ်စက်ရုံ ခြိမ်းခြောက်

ဆန္ဒပြ အလုပ်သမားများကို စစ်တပ်နှင့်ပေါင်း၍ တရုတ်စက်ရုံ ခြိမ်းခြောက်

တရုတ်က စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုလိုက်တာ (ရုပ်/သံ)

တရုတ်က စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုလိုက်တာ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved