• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကျနော်တို့ခေတ်ရဲ့ အနုပညာသူရဲကောင်း

by နွေနေ
18 February 2025
in ဆောင်းပါး
A A
ကျနော်တို့ခေတ်ရဲ့ အနုပညာသူရဲကောင်း

၂၀၂၅ ခု ဖေဖေါ်ဝါရီ ၇ ရက် နံနက် ၈နာရီခန့်က နှလုံးရောဂါဖြင့် သံလျင်မြို့ နေအိမ်တွင် တေးရေး နိုင်မြန်မာ ကွယ်လွန်သည်။

6.8k
VIEWS
Share on FacebookShare on Twitter

တလအတွင်း ရေဝေးကို ဒုတိယအကြိမ် ရောက်ဖြစ်သည်။ မစည်ကားအပ်သောနေရာတွေထဲမှာ သင်္ချိုင်းတွေလည်း ပါပေမယ့် ရေဝေးကတော့ အမြဲလိုလို စည်ကားနေသလိုပါပဲ။ စိတ်ထဲက မနေ့တနေ့ကတည်းက နင့်နေသည်။ နိုင်မြန်မာ ဆုံးပြီဆိုသည့် မက်ဆေ့ချ် သတင်းစကားက ဖေ့စ်ဘွတ်ခ်ပေါ်တွင် ခဏချင်းကူးစက်ပျံ့နှံ့သွားသည်။

“သူရဲကောင်းတို့ရဲ့နှလုံးသား.. ခြင်္သေ့ဆိုတာ မြက်မစား..၊ ပါးရိုက်ရင် နားကိုက်တတ်တဲ့ အမှန်တရား”

“လက်သီး ဆုပ်မလား လက်ဝါးဖြန့်မလား..ကြိုက်တာကိုရွေးစမ်း ကိုယ့်လူ”

“လက်သီးကိုဆုပ် ဓါးကိုထုတ်၊ ကျွန်ုပ်ခြင်္သေ့ ရဲပြီဟေ့”

“ကမ္ဘာမကြေဘူး ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ တော်လှန်ရေး ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော.. ဪ.. သူရဲကောင်းတို့ရေ”

သူဆုံးပြီဆိုတော့ သူ့အသံတွေ နားထဲ ချက်ချင်းကြားယောင်လာသည်။ သူသည် ကျနော်တို့ ခေတ်..။ ကျနော်တို့ ဖြတ်သန်းခဲ့သော ခေတ်တခုလုံး သူလိုက်ပါလာခဲ့သည်။ စတီရီယိုခေတ်လယ်မှာ သူ့ရင်ဘတ်ထဲကအသံတွေကို စိုးလွင်လွင်၊ ကိုင်ဇာ၊လွှမ်းမိုး၊ မေခလာ တို့ရဲ့ သီချင်းတွေထဲကတဆင့် အားပါးရတရ ကြားခဲ့ရသည်။

လက်ဘက်ရည်ဆိုင် ဆောင်းဘောက်စ်အောက်မှာ နစ်မျောခဲ့ရသည်။ သူသည် ကျွန်တော်တို့ခေတ်ရဲ့ ဂီတ သူရဲကောင်း ။

သူ့အလောင်းကို သန်လျင်က နေအိမ်မှာ ခက်ခက်ခဲခဲသယ်ထုတ်ခဲ့ရသည်။ အိမ်ဆိုပေမယ့် မပြည့်စုံသော ကွန်ကရစ် ကြမ်းခင်း အိမ်ကလေး။ လူသွားလမ်းကျယ်ပင်မရှိတော့ အလောင်းကို ခဲရာခဲဆစ်သယ်ထုတ်လာရပုံကို ဗီဒီယိုဖိုင်တွေ မှာတေ့ရသည်။ “အဖေက အကောင်းကြီးပါ။ အသက်ရှူကျပ်တယ်လို့ပြောပြီး အိမ်သာထဲမှာ ဆုံးသွားတယ်။ ဘာရောဂါမှ မရှိဘူး” သားဖြစ်သူ နေမဝင် ကပြောသည်။

သားတွေက အဖေ့လိုပဲ စကားပြောပြတ်သည်။ သားတွေကို နိုင်မြန်မာပေးခဲ့သည့် နာမည်တွေကလည်း ကြည့်ဦး။ ဗျူဟာ၊ ရာဇဝင်၊ နေမဝင်..။ ကိုယ်တွေ ဘယ်လိုမှ မစဉ်းစားမိသော အမည်နာမတွေ။ ခုတော့ သားကြီး ဗျူဟာက အင်းစိန်ထောင်ထဲမှာ။ မီးပျက်လို့ မီးပျက်ကြောင်း ဖေ့စ်ဘွတ်ခ်ပေါ် မှာ မနှစ်က ဗီဒီယိုတင် ဝေဖန်မိလို့ ထောင်ဒဏ် နှစ် ၂၀ ကျခံနေရ။

၂၀၁၈ခုနှစ် သြဂုတ် ၈ ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် ၈ လေးလုံး လူထုအုံကြွမှုကြီး နှစ် ၃၀ ပြည့်ပွဲတွင် တေးရေးနိုင်မြန်မာကို တွေ့ရစဉ် (ထက်ဝေ/ ဧရာဝတီ)

၁၉၈၀ ပြည့်လွန်နှစ်များမှသည် ၂၀၀၀ ပြည်လွန်နှစ်များအထိ သူ သီချင်းတွေ အမြောက်အများ ရေးသွားခဲ့သည်။ အထင်ရှားဆုံး၊ အအောင်မြင်ဆုံး၊ အပေါက်မြောက်ဆုံးကတော့ ကိုင်ဇာသီချင်းတွေ ပေါက်နေသည့် ၁၉၈၀ ဝန်းကျင် နှစ်များ။ အဆိုတော်မဟုတ်ပါဘဲ သူ့အမည်က အဆိုတော်နာမည်လိုပဲ ပရိသတ်ကြားထဲ ပေါက်နေသည်။

နိုင်မြန်မာဟေ့ဆိုလျှင် နာမည်ကြီးအဆိုတော်လိုပဲ လူသိထင်ရှားသည်။ လွှမ်းမိုး၏ နာမည်ကျော်သီချင်းတွေက နိုင်မြန်မာလက်ရာတွေများသည်။ “ခုတော့ ပါးစပ်ရာဇဝင်လေးတခု ဖြစ်ခဲ့ပြီ” “မှန်ရာကို သစ္စာဆိုပါမည်၊ ဘုရားသခင်ထံ တိုင်တည်ဖူးပါသည်ရင်မှာတစ်ယောက်ထဲ ချစ်ခဲ့ဖူးပါသည်” ဆိုသည့် “ရင်တွင်းမေ” သီချင်း။ စိုးလွင်လွင် နာမည်ကြီး ခဲ့သည့် “ချစ်လူမိုက်” “ ဒုံးယိမ်းည”

ကျနော်တို့ ဒေသကောလိပ်နှစ်များက ကိုင်ဇာ၏ “တူနှစ်ကိုယ်တိုင်းပြည်” “ကိုယ်ရံတော် တပ်မှူးလေး” စသည့် ကိုယ်ပိုင်သံစဉ် စတိရီယိုခေတ်ဦး တိပ်ခွေသီချင်းတွေကို ခုထိ နားထဲ ကြားယောင်နေတုန်း ဖြစ်သည်။ သူ အလုပ်တွေ အများကြီး လုပ်သွားခဲ့သည်။ အလုပ်လုပ်ခဲ့သည်ဆိုခြင်းထက် ယုံကြည်ချက်၊ ခံယူချက်အပေါ် မယိုင်မလဲ သေသည်အထိ ဆုပ်ကိုင်သွားခဲ့ခြင်းက သူ့မှတ်တမ်းကောင်းဖြစ်သည်။ သူသည် ယုံကြည်ချက်အပေါ် ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်သည့် ဂီတသူရဲကောင်း..။

ဒီနေ့အထိ နေ့တိုင်း၊ ညတိုင်း ဘားတွေ၊ ကလပ်တွေ၊ စားသောက်ဆိုင်တွေ၊ ကေတီဗီတွေ၊ ဧည့်ခံပွဲတွေ၊ အခမ်းအနား ပါတီပွဲတွေမှာ သူ့သီချင်းတွေကို မသီဆိုသော နေ့ရက်ဟူ၍ မရှိ။ နေ့တိုင်း ညတိုင်း တစ်နေရာမဟုတ်၊ တနေရာရာ မြန်မာပြည်ထဲမှာ သူရေးသော သီချင်းတွေကို အဆိုတော် အဟောင်း/အသစ်တဦးဦးက စင်မြင့်ပေါ်မှာ သီဆိုနေတုန်း ပဲဖြစ်သည်။ ဂန္ထဝင်မြောက်သီချင်းတွေ ရေးစပ်ဖန်တီးခဲ့သော်လည်း သူ့ဘဝနောက်ဆုံးအချိန်၊ သူနေထိုင်သွားခဲ့ရာ နေအိမ်အခင်းအကျင်းက နွမ်းပါးလွန်းလှသည်။

သူချန်ထားခဲ့သမျှမှာ အကြီးမားဆုံးတခုက “ကမ္ဘာမကြေဘူး”.. ဖြစ်သည်။ ၈၈ လူထုအရေးတော်ပုံကာလအတွင်း ပေါက်ဖွားခဲ့သည့် တော်လှန်ရေးသီချင်း။ ဒီနေ့အထိ “ကမ္ဘာမကြေဘူး” လှိုင်းတွေက ရိုက်ခတ်နေတုန်းပဲဖြစ်သည်။

“ကမ္ဘာမကြေဘူး”သီချင်းကို ကိုယ်ပိုင်သံစဉ် မဟုတ်ဘူးဆိုကာ အမနာပ ဆိုချင်ကြပေမယ့် “ကိုယ်တော်မှိုင်း ရာဇဝင် တွေ လည်း ရိုင်းခဲ့ရပြီ အဖိုးရေ” “သခင်အောင်ဆန်း နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ” ဆိုသည့် တိုင်တည် စကားက မြန်မာဆန်ပေစွ၊ ခေတ်စနစ်နှင့် တိုက်ဆိုင်စွာ အများရင်ထဲရောက်သည်၊ ဒီကနေ့ခေတ် စကားနှင့် ဆိုလျှင် Heart ထိသည်ဆိုရမည်။

အဆိုတော် မွန်းအောင်က “ဒီကမ္ဘာမကြေဘူး သီချင်းက သူ့ရဲ့ နိုင်ငံရေးသမိုင်းပေါ့။ အမှန်အတိုင်းပြောရရင် ၈၈ တုန်း က ကျနော်တို့တွေမှာ ဆိုစရာသီချင်းမရှိဘူး။ အထူးသဖြင့် ချီတက် လမ်းလျှောက်ကြတဲ့ပွဲမှာဆိုရင် ဆိုစရာသီချင်း မရှိဘူး။ ဒါပေမယ့် ကမ္ဘာမကြေဘူးသီချင်းထွက်လာတော့ ဆိုစရာ သီချင်းထွက်လာခဲ့တာပေါ့။ ဦးနေဝင်း မဆလ အစိုးရပြုတ် ကျတဲ့အချိန်မှာ ထွက်လာတဲ့ သတင်းစာတွေ၊ သီချင်းတွေက ထူးခြားတယ်လို့ပြောရမှာပဲ။ နောက်ပြီး ၈၈၈၈ လှုပ်ရှားမှုနဲ့ ဆက်စပ်နေတယ်။ ၈ လေးလုံးအရေးအခင်းနဲ့ ဘယ်လိုမှ ခွဲထုတ်မရတဲ့သီချင်းကို သူရေးခဲ့တယ်” လို့ အတိတ်ကအရိပ်ကို ဖော်ထုတ်ခဲ့သည်။

၈ လေးလုံး လူထုအုံကြွမှုကြီး နှစ် ၃၀ ပြည့်ပွဲတွင် ဤသို့ စုပေါင်းကာ ကမ္ဘာမကြေဘူးသီချင်းကို သီဆိုခဲ့ကြသည် (ထက်ဝေ/ ဧရာဝတီ)

ဒါကြောင့်လည်း သီချင်းကို ကြားရသူတိုင်း ရင်နှင့် အမျှခံစားရ၏၊ သည့်အတွက်လည်း နိုင်မြန်မာကိုယ်တိုင် မျိုးဆက်သစ်တို့ ဆက်ပြီး မဆိုစေချင်တော့ပါဟု အင်တာဗျူးတခုတွင် ပြောသွားသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
551
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128

မြန်မာသံဂီတမှူးတစ်ဦးကတော့ “သူက နှစ်ဖက်လှ တေးရေးဆရာဗျ” ဟု သူဆုံးပြီး နောက်တနေ့ လက်ဖက်ရည်ဆိုင်မှာ ဆုံတုန်း ပြောသည်။ “သူ မြန်မာသံသီချင်းတွေကိုလည်း ကောင်းကောင်းရေးနိုင်တယ်”။ အဆိုတော် မာမာအေး၊ မိုးသက်တင်၊ ရာစု စသည့်အဆိုတော်များ သီဆိုနေကြသည့် “ဝါဆို”သီချင်းက သူ၏ ဂန္ထဝင်လက်ရာ တေးတပုဒ်ဖြစ် သည်။ ဒါရိုက်တာ မောင်ဝဏ္ဏရိုက်ကူးပြီး အကယ်ဒမီဆုတွေ အများကြီးရခဲ့သည့် ရင်ထဲက ဆောင်းရာသီ ရုပ်ရှင် ဇာတ်ဝင်တေး “အဖေ့ပုခက်လွှဲ” ကလည်း နိုင်မြန်မာ၏ ပြောင်မြောက်သော လက်ရာဖြစ်သည်။

သူရေးခဲ့သည့် သီချင်းတွေ အကြောင်းပြောလျှင် ပြောမဆုံးပေါင် ဖြစ်တော့မည်။ ဂျေညီညီ နာမည်ကြီးသော “ပလက်ဖောင်းရှိုး” မေခလာ၏ “ချာတိတ်လို့ မခေါ်နဲ့(၁၆ နှစ်မ)” သီချင်းတွေကလည်း သူ့လက်ရာတွေပဲဖြစ်သည်။

ကျနော်တို့ တလျှောက်လုံး နားထဲစွဲခဲ့သော သီချင်းတွေအားလုံးက သူ့လက်ရာဖြစ်သည်။ ခေတ်ပြိုင်တွေ ဖြစ်ခဲ့သော် လည်း ကွယ်လွန်ချိန်အထိ တကြိမ်မျှ မဆုံဖြစ်ခဲ့။ သူသည် တေးရေးဆရာသက်သက်သာမဟုတ်။ ရဲရဲတောက် ကဗျာဆရာလည်း ဖြစ်သည်။ ကဗျာကောင်းတွေအများကြီးလည်း သူချန်ထားခဲ့သည်။

“ကားလ်မတ်စ်” နဲ့ “ဗုဒ္ဓ” ဆိုရင်

ဗုဒ္ဓကို ငါရွေးတယ်။

“အရင်းကျမ်း” နဲ့ “ဝိသုဒ္ဓိမဂ်” ဆိုရင်

ဝိသုဒ္ဓိမဂ်ကိုသာ ငါရွေးတယ်။

“သေခြင်းတရား” နဲ့ “ကျွန်ခံရေး” ဆိုရင်

သေခြင်းတရားကိုသာ ငါရွေးတယ်။

“ငါ” နဲ့ “အမှန်တရား” ဆိုရင်

အမှန်တရားကိုသာ ငါရွေးတယ်။

“ပိုက်ဆံ” နဲ့ “ချစ်တဲ့သူမ” ဆိုရင်

အဲဒီပိုက်ဆံတွေ မရှိဆင်းရဲတဲ့သူတွေကိုသာ

ပေးဝေလိုက်ပါ

“သူမ” ကိုသာ ငါရွေးတယ်။

နိုင်မြန်မာ

(၂)

ရေဝေးမှာ လူတွေအများကြီးနှင့် တရုန်းရုန်းဖြစ်နေလိမ့်မည်ဟု ထင်ခဲ့သည်။ ကျနော်တို့ခေတ်မှာ ထင်ရှားသည့် တေးရေးဆရာတဦးဖြစ်သလို စတီရီယို တခေတ်လုံး ဖြတ်သန်းလာသူဖြစ်၍ သူ၏ ဈာပနကျင်းပရာ ရေဝေးမှာ အဆိုတော်တွေ၊ ဆယ်လီတွေ၊ ဂီတအနုပညာလောကသားတွေနှင့် (မစည်ကားအပ်သော်လည်း) စည်စည်ကားကား ဖြစ်နေလိမ့်မည်ထင်ခဲ့သည်။ ထင်သလို မဟုတ်ခဲ့ပါ။

သူ့ကို ချစ်သော၊ သူ့သီချင်းတွေကို နှစ်သက်ကြသော ပရိသတ်အများအပြားကိုတော့ တွေ့ရသည်။ သာမန်ဈာပနပွဲတပွဲ လောက်ပဲ ပရိသတ်မြင်ရသည်။ အထူးသဖြင့် သူ့သီချင်းတွေနှင့် နာမည်ကျော်ခဲ့သည့် ကိုင်ဇာကို မတွေ့ရ။

ဂျေမောင်မောင်၊ ဂျေညီညီ၊ ဂျက်မြသောင်း၊ လီယိုနာဒ် မောင်မောင်လွင် တာဝန်ကျေစွာ လိုက်ပါပို့ဆောင်သည်။ လူအုပ်ကြားထဲမှာ မုတ်ဆိတ်မွှေးဖြူဖြူ ရှည်ရှည်၊ လူပုံပါးပါး နှင့် တေးရေး ကိုနေဝင်းကို မြင်ရသည်။ သူက နိုင်မြန်မာ၏ နောက်ဆုံးခရီးကို “အလေးနီပြု”ကာနှုတ်ဆက်၏။

၂၀၂၅ ဖေဖေါ်ဝါရီ ၉ ရက် တေးရေးန်ိုင်မြန်မာ၏ ဈာပနအခမ်းအနား (CJ)

ဂီတလောကသားအချို့၊ တေးရေးအချို့ လာသော်လည်း လူသိထင်ရှားဂီတလောကသားတွေ မတွေ့ရ။ ဟိုစပ်စပ် ဒီစပ် ဆယ်လီမီဒီယာတွေလည်း သိပ်မတွေ့ရ။ အားလုံး နေပြည်တော် အကယ်ဒမီပွဲ ရောက်နေကြသည်ဟုဆိုသည်။

တန်ဖိုးရှိသော အနုပညာသမားတစ်ဦး၏ နောက်ဆုံးခရီးကို ကျေနပ်စွာ လိုက်ပါပို့ဆောင်ဖြစ်ခဲ့သည်။ သူသည် ခေတ်ကို တာဝန်ကျေခဲ့သူ။ ယုံကြည်ချက်၊ ခံယူချက်ကို သေသည်အထိ စွဲမြဲစွာ ဆုပ်ကိုင်သွားခဲ့သူ။ သူသည် ကျနော်တို့ခေတ်၏ အနုပညာ သူရဲကောင်း..။

သူ မသေမီ အင်တာဗျူးတခုမှာ ခုလိုပဲ သူ့ယုံကြည်ချက်၊ ခံယူချက်ကို ရဲရဲတောက်၊ ပြတ်ပြတ်သားသား ပြောသွားခဲ့ သည်။

“ဦးတို့ဟာ အေးအေးချမ်းချမ်း ရိုးရိုးသားသား လွတ်လွတ်လပ်လပ် ဒီတိုင်းပြည်မှာ နေချင်တယ်။ မဟုတ်ရင် မဟုတ်ဘူး။ မမှန်ရင် မမှန်ဘူး။ မတရားလုပ်ရင် လုပ်နေတယ်။ အဲဒီကောင်ဟာ ရှင်ဘုရင်ပဲဖြစ်ဖြစ် လက်ညှိုးငေါက်ငေါက် ထိုးပြီး ပြောလို့ရတဲ့ခေတ်မျိုးကို ဦးကလိုချင်တာ။ အဲတော့ ဘယ်သူမှ မဟုတ်တာလုပ်လို့ မရတဲ့ ခေတ် ဖြစ်မသွားဘူး လား။ အဲလိုခေတ်မျိုးဖြစ်ဖို့အတွက် လူထုက သွားချင်နေတာကို အတင်းပိတ်ပင်တားဆီးထားတဲ့စနစ်က အာဏာရှင် စနစ်ပဲ။ အဲတော့ အာဏာရှင်စနစ်မှာ ဘာလို့ အတင်းပိတ်ပင်တားဆီးလဲ၊ သူတို့ကိုယ်တိုင် သူတို့ရဲ့လိပ်ပြာမသန့်အောင် ကိုယ်ကျိုးစီးပွားရှာခဲ့တာတွေ၊ တစ်ဖက်သတ်အခွင့်အရေးယူခဲ့တာတွေ အကုန်လုံးကို သူတို့ တစ်သက်လုံး ရာသက်ပန် ကာကွယ်ထားချင်တယ်။ အဲတော့ လူထု မတရားအလုပ်ခံထားရတာတွေကိုလည်း ဒီအတိုင်း ပြီးသွားစေချင်တယ်။ ဘယ်ရမလဲ ညီလေးရ”

“ကိုဗစ်ကပ်ကာလကြီးဖြစ်နေတာတောင် အသက်နဲ့ ရင်းပြီးတော့ မဲပေးတယ်ဆိုတာ အဓိပ္ပါယ်မဲ့မဟုတ်ဘူး။ အခု အဲဒီရလဒ်ကိုပါ ဖျက်ဆီးလိုက်တယ်ဆိုတာ ဒါ စော်ကားတာပဲ”

“ဒီတိုင်းပြည်မှာ အကျင့်ပါနေတာ သေနတ်ရှိရင်၊ ယူနီဖောင်းဝတ်ထားရင် လူပါးဝလို့ရတယ်ဆိုတဲ့ စနစ်ကို ဆောရီးပဲ။ ဦးမှာ အသက်ဆယ်ချောင်းရှိလို့ ဆယ်ခါသတ်ရင်..ဆယ်ခါပြန်ရှင်လာတဲ့ခါ.. ပြန်ရှင်လာတိုင်း ဒီအကြောင်းပဲ ပြောမှာ။ ဒါကိုပဲ ဦးက တိုက်ခိုက်မှာ..။ အဲတော့ ဒါ အခုမှ ပြောတဲ့စကားလည်းမဟုတ်ဘူး။ တသက်လုံးပြောလာတာ။ ဦးမှာ မပြောရဲဘူးဆိုတာ မရှိဘူး”

နိုင်မြန်မာ ကွယ်လွန်ခဲ့ပေမယ့်လည်း သူ ဖန်တီးရေးသားခဲ့သည် သီချင်း၊ ကဗျာတွေ ခေတ်အဆက်ဆက်တိုင်အောင် လူထုကြား စိမ့်ဝင်ပျံ့နှံ့နေဦးမည် ဖြစ်သည်။

တော်လှန်ရေး အဆိုတော်ကြီး မွန်းအောင်က “ဆရာနိုင်မြန်မာက အခုနောက်ဆုံး ဆုံးသွားတဲ့အထိ ရန်သူနဲ့ စေ့စပ် သွားတယ်တို့ ရန်သူကို ဒူးထောက်သွားတယ်တို့ အပေးအယူလုပ်သွားတယ် ဆိုတာမျိုး မကြားဖူးဘူး။ သမိုင်း ကောင်း တယ် လို့ ပြောရမှာပဲ။ သူ့သမိုင်းက ပြောင်ပြောင်မြောက်မြောက်နဲ့ မြန်မာပြည်မှာမွေးပြီး ကြီးပြင်းခဲ့တဲ့ သီချင်း ရေးတဲ့ သူတယောက်အနေနဲ့ တိုက်ပွဲဝင်သွားတာပါပဲ” လို့ ဆိုသည်။

(နွေနေ)

Your Thoughts …
Tags: ကမ္ဘာမကြေဘူးနိုင်မြန်မာမွန်းအောင်
နွေနေ

နွေနေ

Similar Picks:

“ကမ္ဘာမကြေဘူး” ဆိုတဲ့ တေးရေး နိုင်မြန်မာနဲ့ …

တော်လှန်တေးရေးဆရာ နိုင်မြန်မာ၏ သူ့ဘဝ၊ သူ့သီချင်း၊ သူ့ကဗျာ (အပိုင်း ၂)

by ဖိုးစိုင်း
12 February 2025
6.8k

နိုင်မြန်မာသည် အသက်ဘေးမှ ပြန်လည် လွတ်မြောက်ခဲ့သော်လည်း သူ၏မိသားစုဝင်များက မြောက်ဥက္ကလာပ နေအိမ်တွင် သက်ပျောက်ဆွမ်း ကပ်ရန် စီစဉ်ချက်ပြုတ်နေကြချိန် ဖြစ်သည်။

တော်လှန်တေးရေးဆရာ နိုင်မြန်မာ၏ သူ့ဘဝ၊ သူ့သီချင်း၊ သူ့ကဗျာ (အပိုင်း ၁)

တော်လှန်တေးရေးဆရာ နိုင်မြန်မာ၏ သူ့ဘဝ၊ သူ့သီချင်း၊ သူ့ကဗျာ (အပိုင်း ၁)

by ဖိုးစိုင်း
10 February 2025
3.3k

“ကျနော်က လူထုနဲ့ ကင်းကွာမှာ မဟုတ်ဘူး၊ သေလည်း ကင်းကွာမှာ မဟုတ်ဘူး”

အာဏာရှင်တွေ မျက်မုန်းကျိုးတဲ့ တေးရေးဆရာ (ရုပ်/သံ)

အာဏာရှင်တွေ မျက်မုန်းကျိုးတဲ့ တေးရေးဆရာ (ရုပ်/သံ)

by ဧရာဝတီ
7 February 2025
1.5k

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ ဟစ်ကြွေးသီဆိုခဲ့ကြတဲ့ “ကမ္ဘာမကြေဘူး” တေးသီချင်းကို ရေးသားခဲ့တဲ့ တေးရေးဆရာ၊ ကဗျာဆရာနိုင်မြန်မာ ဟာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်ပိုင်းမှာဘဲကွယ်လွန်သွားခဲ့ပါတယ်။

“ကမ္ဘာမကြေဘူး” သီချင်း Cover သီဆိုတဲ့ “Raon” အဖွဲ့

“ကမ္ဘာမကြေဘူး” သီချင်းနဲ့ မြန်မာပြည်သူတွေကို ထောက်ခံအားပေးခဲ့တဲ့ ကိုရီးယားအဖွဲ့

by မစ်ကီ
11 March 2021
25.8k

အဲဒီအဖွဲ့ရဲ့ “ကမ္ဘာမကြေဘူး” ကိုရီးယားဗားရှင်း ဗီဒီယိုရဲ့ ညွှန်းစာမှာတော့ မြန်မာနိုင်ငံက ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ထောက်ခံ အားပေးကြောင်း ဖော်ပြထားပါတယ်။

၂၀၁၅ အဆိုတော်မွန်းအောင်ရဲ့ ရန်ကုန်စင်တင်ပွဲ

အချစ် ဘဝ ဒဿနနဲ့ ခွန်အားဖြစ်တဲ့ သီချင်းတွေပါမယ့် မွန်းအောင်ရဲ့ စီးရီးသစ်

by ဧရာဝတီ
5 December 2016
6.1k

အချစ် ဘဝဒဿနနဲ့ ခွန်အားဖြစ်တဲ့ သီချင်းတွေပါမယ့် အဆိုတော် မွန်းအောင်ရဲ့ "ငြိမ်းချမ်းရေးမိုးစက်များ" စီးရီးသစ် အကြောင်း

/ ယုမွန်ကျော် / ဧရာဝတီ

အဆိုတော် မွန်းအောင်ရဲ့ “ငြိမ်းချမ်းရေး မိုးစက်များ” တေးစီးရီး ထွက်ရှိမည်

by ယုမွန်ကျော်
6 December 2016
12.7k

စစ်ဆိုတာက ငါတို့နဲ့ မဆိုင်ဘူးလို့ တွေးလို့ရပေမယ့် လူတိုင်းနဲ့က သွယ်ဝိုက်ပြီးတော့ သက်ဆိုင် နေပါတယ်။ ကျနော်တို့ သီချင်းဆိုတဲ့သူက ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ဆိုမယ်။

Next Post
ထိုင်းနဲ့ တရုတ်ဖိအားကြားက မြဝတီ ကျားဖြန့်လုပ်ငန်း

ထိုင်းနဲ့ တရုတ်ဖိအားကြားက မြဝတီ ကျားဖြန့်လုပ်ငန်း

ကက်သလစ်ဘုန်းတော်ကြီး အသတ်ခံရမှု NUG ဝမ်းနည်းကြောင်း ဆို

ကက်သလစ်ဘုန်းတော်ကြီး အသတ်ခံရမှု NUG ဝမ်းနည်းကြောင်း ဆို

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved