၂၀၂၄ ခုနှစ် နှစ်ဆန်းတွင် လောက်ကိုင်အပါအဝင် ရှမ်းမြောက်မှ တရုတ်ကျားဖြန့် (ခေါ်) တရုတ်ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းပြီးနောက် မြောက်ပိုင်းမှ ရွှေ့ပြောင်းလာသော ကျားဖြန့်ဂိုဏ်းများသည် တန့်ယန်း၊ ခိုမုန်းစသည့် ဒေသများမှသည် မြဝတီ၊ ဘုရားသုံးဆူဒေသအထိ ရောက်လာ၏။ မူလ မြဝတီဒေသရှိ ရွှေကုက္ကိုလ်၊ KK Park တို့တွင် ရှိသည့် တရုတ်ကျားဖြန့်ဂိုဏ်းများလည်းရှိရာ ထိုင်း-မြန်မာနယ်စပ်တွင် ကျားဖြန့်ဂိုဏ်းများ အားကောင်းလာ၏။
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းက တရုတ် ရုပ်ရှင်မင်းသားဆိုသူတယောက် မြဝတီ ရွှေကုက္ကိုတွင် လူကုန်ကူးခံရသည်ဟု သတင်းထွက်ပေါ်လာပြီးနောက် မြဝတီ ကျားဖြန့်ပြဿနာသည် တဖြည်းဖြည်း ရှေ့တန်းရောက်လာသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တရုတ်အစိုးရက အာဆီယံ ငါးနိုင်ငံနှင့် ပူးပေါင်း၍ “ဇင်ယော်” စီမံကိန်း စတင်ပြီဟု ကြေညာခဲ့၏။ မြဝတီရှိ တရုတ်ကျားဖြန့်ပြဿနာကို တရုတ်အစိုးရက တွန်းတွန်းတိုက်တိုက် လုပ်လာပြီး တရုတ်အစိုးရ လုံခြုံရေးဌာန ဒု ဝန်ကြီးတဦး မဲဆောက်သို့ လာရောက်ကာ ရွှေကုက္ကိုသို့ လာကြည့်ပြီးနောက် ဇာတ်ရှိန်က မြင့်လာသည်။
မြဝတီအခြေစိုက် တရုတ်ကျားဖြန့် နှိမ်နင်းရေးအတွက် တရုတ်၊ ထိုင်း၊ မြန်မာ အစိုးရများ ပူးပေါင်းဆောင်ရွက်ကြသည်ဟု ဆိုကြ၏။
ထိုင်းအစိုးရ
မြဝတီ တရုတ်ကျားဖြန့်သည် ထိုင်းနယ်စပ်တွင်ရှိနေရာ ထိုင်းလည်း တနွယ်ငင် တစင်ပါ ဖြစ်နေ၏။ ၂၀၂၄ ခုနှစ်က တရုတ်ခရီးသွား ၆ ဒသမ ၂ သန်း ဝင်ရောက်ထားသည့် ထိုင်းအစိုးရသည် မြဝတီ တရုတ်ကျားဖြန့်ဂိုဏ်းတို့၏ လူကုန်ကူးသည့် ပြဿနာကြောင့် တရုတ်ခရီးသွားဦးရေ ကျဆင်းမည်ကို စိုးရိမ်သည်။
ထို့ပြင် တရုတ်နှင့် အမေရိကန်ကဲ့သို့သော နိုင်ငံကြီးများကြား ပျော့ပျောင်းစွာ ဆက်ဆံလေ့ရှိသည့် ထိုင်းတို့၏ မူဝါဒအတိုင်း စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်တို့နှင့် စီးပွားရေးလုပ်ငန်းကြီးများ ပြုလုပ်ရန်လည်း ရည်ရွယ်လာသည်ဖြစ်ရာ မြဝတီ ကျားဖြန့်ပြဿနာကို တရုတ်တို့နှင့် ပူးပေါင်းကိုင်တွယ်လာသည်ကို တွေ့ရ၏။
ထို့ပြင် တရုတ်နှင့် အမေရိကန်ကဲ့သို့သော နိုင်ငံကြီးများကြား ပျော့ပျောင်းစွာ ဆက်ဆံလေ့ရှိသည့် ထိုင်းတို့၏ မူဝါဒအတိုင်း စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်တို့နှင့် စီးပွားရေးလုပ်ငန်းကြီးများ ပြုလုပ်ရန်လည်း ရည်ရွယ်လာသည်ဖြစ်ရာ မြဝတီ ကျားဖြန့်ပြဿနာကို တရုတ်တို့နှင့် ပူးပေါင်းကိုင်တွယ်လာသည်ကို တွေ့ရ၏။
တဖက်တွင် ကျားဖြန့်ပြဿနာနှင့် ပတ်သက်ပြီး မြန်မာစစ်ကောင်စီက ထိုင်းမှ လျှပ်စစ်မီးပေးထားသည်ဟု မသိသားဆိုးဝါး အပြစ်တင်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မြန်မာဘက်သို့ မီးပေးနေသည့် နှစ်စဉ် ဘတ်သန်း ၈၀၀ ရရှိနေသော မြဝတီအပါအဝင် နေရာ ငါးနေရာအား ထိုင်းဘက်က မီးဖြတ်တောက်ခဲ့၏။ တဆက်တည်း လောင်စာဆီ တင်သွင်းခွင့်ကိုလည်း ပိတ်ဆို့ခဲ့၏။
မြဝတီဘက်ခြမ်းကို မီးဖြတ်ပြီး နောက်တရက် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ်သည် တရုတ်ခရီးစဉ် စတင်ခဲ့၏။ ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင် အပါအဝင် တရုတ်အစိုးရ ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး နားလည်မှုစာချွန်လွှာ ၁၄ ခု ရေးထိုးခဲ့သည်ကို တွေ့ရ၏။ ထို့ပြင် ထိုင်းနှင့် တရုတ်တို့သည် ထိုင်း-တရုတ် အမြန်ရထားစီမံကိန်း အပြီးသတ်ရေးကို အတည်ပြုခဲ့ပြီး တရုတ်-လာအို အမြန်ရထားဖြင့် ချိတ်ဆက်ရန် သဘောတူခဲ့ကြသည်ကို တွေ့ရ၏။

ထိုင်းတို့သည် တရုတ်တို့နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ မြဝတီ ကျားဖြန့်နှိမ်နင်းရေးတွင် ပို၍ တက်ကြွစွာ နှိမ်နင်းလာမည်ဟု ခန့်မှန်းကြ၏။ လက်တွေ့တွင်လည်း ထိုင်းဝန်ကြီးချုပ်၏ တရုတ်ခရီးစဉ်အပြီး ထိုင်းနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးနှစ်ဦးဖြစ်သော ရဲမင်းကြီး အက်ကာရတ် အင်တာစပ်ဘ်နှင့် တာ့ခ်ပြည်နယ်ရဲချုပ် ရဲမင်းကြီး စမ်ရစ် အမ်ကာမော်လ်တို့ ရာထူးမှ ယာယီရပ်နားခံရကြောင်း ထိုင်းသတင်းများက ဖော်ပြ၏။
ထိုင်းကာကွယ်ရေးဝန်ကြီး မစ္စတာ ဖွန်သမ် ဝက်ချယာချိုင်းကလည်း တရားမဝင်လုပ်ငန်းများနှင့် ပတ်သက်နေသော အစိုးရအရာရှိများအား နယ်စပ်ဒေသများမှ ဖယ်ရှားသွားမည်ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ရာဇဝတ်ဂိုဏ်းများကို ပိုမိုထိရောက်စွာ နှိမ်နင်းနိုင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ထုတ်ဖော်ပြောကြားထားသည်။ မြဝတီ တရုတ်ကျားဖြန့်ဂိုဏ်းများနှင့် ပတ်သက်နေသော ထိုင်းအစိုးရ အရာရှိများကို အရေးယူရန် ထိုင်းအစိုးရ စတင်လုပ်ဆောင်သည်ကို တွေ့ရ၏။
တချိန်တည်းတွင် ထိုင်းတရားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အစီရင်ခံစာအရ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) မှ စုံစမ်းစစ်ဆေးသူများသည် လူကုန်ကူးမှုဆိုင်ရာ သက်သေအထောက်အထားများကအရ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ထဲရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို တည်ထောင်လုပ်ကိုင်နေသော ကရင် နယ်ခြားစောင့်တပ် (BGF) တပ်မှူးများဖြစ်ကြသည့် ဗိုလ်မှူးကြီး စောချစ်သူ၊ ဒု ဗိုလ်မှူးကြီး စောမုတ်သုံနှင့် ဗိုလ်မှူး စောတင်ဝင်းတို့အား ဖမ်းဝရမ်းထုတ်နိုင်ရန် ပြင်ဆင်နေကြောင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ထိုင်းသတင်းများအရ သိရ၏။
သို့သော်လည်း ထိုင်းအစိုးရရှေ့နေများကမူ ဖမ်းဝရမ်းထုတ်ရန် သက်သေအထောက်အထား လိုအပ်နေသေးသည်ဟု ဆို၏။ ထိုသို့ ဝရမ်းမထုတ်ခြင်းနှင့် ပတ်သက်၍ စောချစ်သူ ဖော်ကောင်လုပ်ပါက မြန်မာစစ်တပ်ကသာမက ထိုင်းတာဝန်ရှိသူအချို့ပါ ပါနေမည်စိုး၍လောဟူသည့် မေးခွန်းများလည်း ထွက်ပေါ်နေ၏။
သို့သော်လည်း ထိုင်းအစိုးရရှေ့နေများကမူ ဖမ်းဝရမ်းထုတ်ရန် သက်သေအထောက်အထား လိုအပ်နေသေးသည်ဟု ဆို၏။ ထိုသို့ ဝရမ်းမထုတ်ခြင်းနှင့် ပတ်သက်၍ စောချစ်သူ ဖော်ကောင်လုပ်ပါက မြန်မာစစ်တပ်ကသာမက ထိုင်းတာဝန်ရှိသူအချို့ပါ ပါနေမည်စိုး၍လောဟူသည့် မေးခွန်းများလည်း ထွက်ပေါ်နေ၏။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့၌ ထိုင်း-မြန်မာနယ်စပ်ရှိ တရုတ်ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းရန်အတွက် ထိုင်းအစိုးရက မြန်မာဘက်သို့ မိုဘိုင်းဖုန်းအသစ်၊ ဘက်ထရီ အမျိုးအစား အားလုံး၊ အင်ဗာတာ၊ မီးစက်၊ ဆိုလာပြား၊ မိုဘိုင်းကိရိယာများ၊ ကေဘယ်ကြိုး၊ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲ၊ လိမ်လည်သူများနှင့် သက်ဆိုင်သော ကုန်ပစ္စည်းများ၊ အင်ဂျင်ဝိုင်၊ စက်သုံးဆီ စသည့် ထုတ်ကုန် ၁၁ မျိုးကို တင်သွင်းခွင့် ပိတ်ပင်လိုက်ပြီး တရုတ်ကျားဖြန့်လုပ်ငန်း နှိမ်နင်းရန် ရှေ့တလှမ်းတိုးလိုက်သည်ဟု သိရ၏။

စစ်ကောင်စီနှင့် BGF
တကယ်တမ်းတွင် မြဝတီဒေသရှိ ရွှေကုက္ကိုလ်၊ KK Park စသည့် ကျားဖြန့်လုပ်ငန်း အများစုမှာ မြန်မာစစ်တပ် လက်အောက်ရှိ နယ်ခြားစောင့်တပ် (BGF) က ဦးစီးလုပ်ကိုင်နေသော လုပ်ငန်းများဖြစ်၏။ ထို့ပြင် စစ်ကောင်စီနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး / ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အဖွဲ့များ၏ ထိန်းချုပ်နယ်မြေတွင်လည်း တရုတ်ကျားဖြန့်လုပ်ငန်းအချို့ ရှိ၏။
KK Park တွင် KNU ခေါင်းဆောင်အချို့ ပတ်သက်မှုရှိသည်ဆိုသည့် စွပ်စွဲချက်များရှိပြီး ထိုကိစ္စနှင့်ပတ်သက်၍ KNU အတွင်း ပြင်ထန်သည့် သဘောထားကွဲမှုများ ရှိ၏။
အဓိက တာဝန်ရှိသည်မှာ စစ်တပ်ဖြစ်၏။ BGF ၏ အဓိကခေါင်းဆောင်ဖြစ်သည့် စောချစ်သူအား ကိုးကန့် ကျားဖြန့်ခေါင်းဆောင်များကဲ့သို့ပင် ၂၀၂၃ ခုနှစ်၊ ဇန်ဝါရီလတွင် စစ်ကောင်စီခေါင်းဆောင် ကိုယ်တိုင် သီရိပျံချီဘွဲ့ ချီးမြှင့်ထား၏။ ၂၀၂၄ ခုနှစ်တွင် ကိုးကန့်အဖွဲ့များအား ဖမ်းဆီးကာ တရုတ်လက် အပ်ပြီးနောက်မှ စောချစ်သူတို့ နေပြည်တော်သို့ မလာရောက်တော့ခြင်း ဖြစ်သည်။
ရွှေကုက္ကိုမှ ရသည့်ဝင်ငွေကို မြန်မာစစ်တပ်အား ခွဲပေးရသည်ဟူသည့် သတင်းများလည်း ကျယ်ပြန့်စွာ ထွက်ရှိ၏။ စောချစ်သူ ကိုယ်တိုင်လည်း နှစ်စဉ် နေပြည်တော်သို့ ပုံမှန်လာလေ့ရှိပြီး စစ်ခေါင်းဆောင်နှစ်ဦးနှင့် သီးခြားစီ တွေ့ဆုံခြင်း၊ နေပြည်တော်ရှိ Boss KTV တွင် ပျော်ပါးခြင်းများ ပုံမှန်ပြုလုပ်လေ့ရှိပြီး စစ်ခေါင်းဆောင်နှင့် စောချစ်သူတို့ အဆိုပါ KTV သို့ ရောက်ရှိနေပါက လုံခြုံရေးတင်းကျပ်လေ့ရှိသည်ဟု နေပြည်တော် သတင်းအရင်းအမြစ်များက ဆိုပါသည်။
လက်ရှိတွင် BGF နှင့် DKBA ခေါင်းဆောင်များက လူကုန်ကူးခံရသူများကို ပြန်အပ်မည်ဟုဆိုနေပြီး လူကုန်ကူးမှုပြဿနာအဖြစ် ဖြေရှင်းရန် ကြိုးစားနေသည်ကို တွေ့ရ၏။ သို့သော်လည်း လူကုန်ကူးသည့်ပြဿနာမှာ အဆွယ်အပွားပြဿနာဖြစ်ပြီး အဓိကပြဿနာမှာ လူမှုကွန်ရက်မှ ငွေကြေးလိမ်လည်ခြင်း ဖြစ်သည်။ မြဝတီဒေသသို့ ရောက်နေသည့် တရုတ်အများစုမှာ မိမိသဘောနှင့် လာကြသူများဖြစ်ပြီး လူကုန်ကူးခံရသူ ဆိုသူများမှာ အနည်းစုသာဖြစ်၏။
ယခုအခါ ရွှေကုက္ကိုအတွင်း တရုတ်ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များ လူမှုကွန်ရက်နှင့် TikTok တွင် ကျယ်ပြန့်စွာ ပျံ့နှံ့နေသည်ကို တွေ့ရ၏။ တရုတ်ထောက်လှမ်းရေး၊ သတင်းပေးများက ဝင်ရောက် သတင်းရယူထားပုံရ၏။
ထို့ပြင် BGF စောချစ်သူက တရုတ်ကျားဖြန့်လုပ်သူများကို သူတို့ခေါ်လာခြင်း မဟုတ်ကြောင်း ပြောနေ၏။ သူဆိုလိုချင်သည်မှာ ထိုင်းဘက်က ဝင်လာသည်ဟု ဆိုချင်ပုံရ၏။ သို့သော် ရွှေကုက္ကိုအခြေစိုက် “ယထိုက်ကုမ္ပဏီ” တည်ထောင်သူ၊ တရုတ်အစိုးရက ဝရမ်းထုတ်ထားသူ၊ ယခု ထိုင်းတွင် ဖမ်းမိထားသူ၊ ကျားဖြန့်လုပ်ငန်း၏ ခေါင်းကိုင်ဖခင်ဆိုသူ တရုတ်လူမျိုး ရှီကျိကျန်းကို ခေါ်လာသူမှာ စောချစ်သူဖြစ်သည်ဆိုသည်ကိုတော့ ငြင်း၍မရပေ။

DKBA က ကျောက်ခက်ရှိ လူကုန်ကူးခံရသူ ၂၀၀ ကျော်အား ထိုင်းဆီ ပြန်အပ်သကဲ့သို့ စောချစ်သူကလည်း တရုတ်လူမျိုး ၁ သောင်းကို တရုတ်ပြည်သို့ ပြန်ပို့မည်ဟုဆိုသည်။ တရုတ်နှင့်ထိုင်း ဖိအားအောက်တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ BGF ခေါင်းဆောင်များ အစည်းအဝေးပြုလုပ်၍ ကျားဖြန့်နှိမ်နင်းရေး အထူးအဖွဲ့ လေးဖွဲ့ ဆိုသည်ကို ဖွဲ့စည်းခဲ့၏။ ဖေဖော်ဝါရီလ ၁၄ ရက်မှစ၍ ဖမ်းဆီးမှုများ စတင်ပြီး ထိုင်းအစိုးရနှင့် ချိတ်ဆက်ကာ တရက် အယောက် ၅၀၀ နှုန်း ပြန်ပို့သွားမည်ဟု ဆို၏။
စစ်ကောင်စီသည် အစောပိုင်းက မြဝတီကို လျှပ်စစ်မီးပေးနေသည်မှာ ထိုင်းအစိုးရဖြစ်သည်ဟု လွှဲချခဲ့ပြီးသည့်နောက် မြဝတီ တရုတ်ကျားဖြန့်ကိစ္စအား တစုံတရာ တာဝန်ယူမှုရှိသည်ကို မတွေ့ရပေ။ ယခု ထိုင်းဘက်က ဖြတ်တောက်မှု စတင်ပြုလုပ်မှ ကော့ကရိတ်လမ်းကြောင်းသို့ လောင်စာဆီ ပိတ်ဆို့သည်ဟု သိရ၏။
ထို့နောက် မြဝတီ ကျားဖြန့်ပြဿနာ ဇာတ်ရှိန်တက်နေစဉ် စစ်ကောင်စီသည် တန့်ယန်းတဝိုက်ရှိ တရုတ်ကျားဖြန့် လုပ်ငန်းလုပ်နေသူ အချို့ကို ဖမ်းဆီးအပ်နှံကြောင်း တွေ့ရ၏။ သို့သော် မြဝတီ ရွှေကုက္ကို ကျားဖြန့်ကိစ္စ၊ စောချစ်သူက လူအပ်နှံမည့်ကိစ္စတို့အား တခွန်းတပါဒမှ မဟပေ။
စစ်ကောင်စီအတွက် ခက်ခဲနေသည့်ပြဿနာမှာ စောချစ်သူ၏ BGF တပ်ဖွဲ့သည် စစ်တပ်လက်အောက်ခံ ဖြစ်သော်လည်း စစ်တပ်က ကိုင်တွယ်နိုင်စွမ်း မရှိပေ။
စစ်ကောင်စီအတွက် ခက်ခဲနေသည့်ပြဿနာမှာ စောချစ်သူ၏ BGF တပ်ဖွဲ့သည် စစ်တပ်လက်အောက်ခံ ဖြစ်သော်လည်း စစ်တပ်က ကိုင်တွယ်နိုင်စွမ်း မရှိပေ။
လက်ရှိ မြဝတီမြို့အနီး သင်္ဃန်းညီနောင်ဗျူဟာနှင့် တပ်ရင်း သုံးရင်း၊ မြဝတီအနီး လက်ခတ်တောင်၊ စွယ်တော်ကုန်းနှင့် ဒေါနတောင်ကြောတို့အား KNU နှင့် PDF တပ်များက သိမ်းပိုက်ထိန်းချုပ်ထားပြီး မြဝတီမြို့နှင့် ၎င်းမြို့ရှိ စစ်တပ်နှင့်အုပ်ချုပ်ရေးယန္တရားများသည်ပင် စောချစ်သူ၏ BGF အကာအကွယ် စောင့်ရှောက်မှုဖြင့် နေနေရခြင်းဖြစ်၏။ စစ်ကောင်စီ၏ လက်တွေ့ အကျပ်အတည်းတခုမှာ BGF မရှိပါက မြဝတီတွင်ရှိသည့် စစ်တပ်နှင့်အုပ်ချုပ်ရေးယန္တရားများ ရပ်တည်နိုင်ခြင်း မရှိဘဲ လက်လွှတ်ရမည် ဖြစ်၏။
ထိုအခြေအနေမျိုးတွင် စစ်တပ်အနေဖြင့် စောချစ်သူ၏ BGF အား ထိန်းချုပ်နိုင်ခြင်း မရှိပေ။ ထို့ပြင် မြေပြင်ကလည်း တပ်အင်အား ဖြည့်တင်းနိုင်ခြင်း မရှိပေ။ မြဝတီသို့ ရဟတ်ယာဉ်ဖြင့် စစ်ကူပေးပို့နိုင်သည် ဆိုသော်လည်း KNU နှင့် PDF တို့က ပိတ်ဆို့ဖြတ်တောက်ထားသည်။
ထို့ပြင် မြဝတီနှင့် ရွှေကုက္ကိုအပါအဝင် ကျားဖြန့်ဂိုဏ်းများကို အကာကွယ်ပေးထားသည့် စောချစ်သူ၏ BGF စုစုပေါင်း အင်အား အနည်းဆုံး ၈ ထောင်ခန့်ကို (လက်ရှိ မြဝတီနှင့် ရွှေကုက္ကိုတွင် အင်အား ၂ ထောင်မှ ၃ ထောင်ခန့်) ရင်ဆိုင်နိုင်သည့် အင်အား မရှိပေ။ စောချစ်သူ၏ BGF နှင့် ပဋိပက္ခဖြစ်သည်နှင့် မြဝတီအား လက်လွှတ်ရမည်ဖြစ်၏။
ဤသို့သော အခြေအနေအောက်တွင် စစ်တပ်အတွက် တရုတ်နှင့် ထိုင်းကို မြဝတီဒေသအား ထိန်းချုပ်နိုင်ခြင်း မရှိဟု ဝန်ခံရန်သာ ရှိသည်။ ထို့ပြင် စောချစ်သူ၏ BGF များ ဖော်ကောင်လုပ်ပါက တရုတ်ကျားဖြန့်လုပ်ငန်းမှ စစ်တပ်က ဝေစုခွဲမှုများ ပေါ်ကုန်မည်ကိုလည်း စိုးရိမ်နေပုံရ၏။

စောချစ်သူတို့ကို အရေးယူနိုင်ခြင်း မရှိပါက ကျားဖြန့်ပြဿနာကို ဖော်ထုတ်နိုင်မည် မဟုတ်သကဲ့သို့ စောချစ်သူ၏ BGF တို့အား အကာအကွယ် ပေးထားသည့် မြန်မာစစ်တပ် ရှိနေသေးပါကလည်း တရုတ်တို့ ပြောသကဲ့သို့ အမြစ်ပြတ် ရှင်းထုတ်နိုင်မည် မဟုတ်ပေ။
တရုတ်ကလည်း မြဝတီဒေသရှိ တရုတ်ကျားဖြန့်ဂိုဏ်းများနှင့် ထိုလုပ်ငန်းတွင် လုပ်ကိုင်သူ ၁ သိန်းခန့်အား နှိမ်နင်းလိုသော်လည်း မြန်မာစစ်ကောင်စီနှင့် ပတ်သက်၍ သဘောထားမှာ မပြတ်သားချေ။ ဤသို့သော အခြေအနေတွင် တရုတ်တို့ ကြုံးဝါးနေသကဲ့သို့ မြဝတီနယ်စပ်ရှိ ကျားဖြန့်ဂိုဏ်းများအား အမြစ်ပြတ် ချေမှုန်းနိုင်မည်လော၊ ဖိအားပေး၍ လူအတော်များများ အပ်ခိုင်းခြင်းဖြင့် ကျေနပ်သွားမည်လော ဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်၏။
ဤသို့ မြဝတီ ကျားဖြန့်ပြဿနာ ဇာတ်ရှိန်တက်နေစဉ် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်သည် ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များအား သက်ဆိုင်ရာနယ်မြေအလိုက် တရုတ်ကျားဖြန့်များကို အရေးယူရန် ပြောသည်မှအပ လက်တွေ့ မည်သည့် လုပ်ဆောင်မှုမှ မရှိပေ။
ထိုင်းအစိုးရက တရုတ်ကျားဖြန့်နှင့် ပတ်သက်သည့် ရဲအရာရှိကြီးနှစ်ဦးကို စတင်ကိုင်တွယ်နေချိန်တွင် စစ်ကောင်စီသည် မြဝတီရှိ စစ်ဘက် အရပ်ဘက် တာဝန်ရှိသူများကို ကိုင်တွယ်ခြင်းမရှိဘဲ နှုတ်ဆိတ်နေသည်ကို မြင်ရ၏။
လောက်ကိုင်ဖြစ်စဉ်တွင် စစ်ကောင်စီ၏ စစ်ဘက် အရပ်ဘက် အုပ်ချုပ်ရေးအရာရှိကြီးများ တပုံတပင် ပါဝင်သည်ကို လက်ပူးလက်ကြပ် မိထားသော တရုတ်တို့အနေဖြင့် ယခု မြဝတီ တရုတ်ကျားဖြန့်ကိစ္စတွင် စစ်ကောင်စီ၏ စစ်ဘက် အရပ်ဘက် အရာရှိများ မပါဝင်ဟု ယူဆနိုင်ဖွယ် မရှိပေ။
လောက်ကိုင်ဖြစ်စဉ်တွင် စစ်ကောင်စီ၏ စစ်ဘက် အရပ်ဘက် အုပ်ချုပ်ရေးအရာရှိကြီးများ တပုံတပင် ပါဝင်သည်ကို လက်ပူးလက်ကြပ် မိထားသော တရုတ်တို့အနေဖြင့် ယခု မြဝတီ တရုတ်ကျားဖြန့်ကိစ္စတွင် စစ်ကောင်စီ၏ စစ်ဘက် အရပ်ဘက် အရာရှိများ မပါဝင်ဟု ယူဆနိုင်ဖွယ် မရှိပေ။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် တရုတ်လုံခြုံရေးဌာန ဒုဝန်ကြီး နေပြည်တော်သို့ ရောက်ရှိလာပြီး စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးနှင့် တွေ့ဆုံ၍ ကျားဖြန့်နှင့် လူကုန်ကူးခံရသည့်ကိစ္စများ ဆွေးနွေးခဲ့ပြီးနောက်မှ ကရင်ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ် မဲဆောက်မှတဆင့် မြဝတီသွားသည့်သတင်း၊ ရွှေကုက္ကို ကျားဖြန့်မှလူများ လွှဲပြောင်းပေးရေးအတွက် စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီး မဲဆောက်သွားမည့်သတင်းများ ထွက်ပေါ်လာသည်။
ထို့အတူ စောချစ်သူ၏ BGF များ ဖမ်းဆီးထားသည့် နိုင်ငံခြားသားများအား ထိုင်းအစိုးရသို့ စစ်ကောင်စီမှတဆင့် အစိုးရချင်း လွှဲပြောင်းသည့်ပုံစံ ဖော်လာသည်ကို တွေ့ရ၏။ မူလက စောချစ်သူ၏ BGF မှ ထိုင်းစစ်တပ်သို့ တိုက်ရိုက်အပ်မည့် အစီအစဉ်မှ စစ်ကောင်စီမှ ထိုင်းအစိုးရသို့ လွှဲမည့်ပုံစံ ပြန်ဖြစ်လာခြင်းပင်သည် တရုတ်၏ဖိအားကြောင့် ဖြစ်ပုံရ၏။
လားရှိုးကျပြီးနောက် မြန်မာစစ်တပ်ကို အသက်ဆက်ပေး၊ အကာအကွယ်ပေးနေခဲ့သည့် တရုတ်အစိုးရအနေဖြင့် မြဝတီ ကျားဖြန့်ကိစ္စအား တက်ကြွစွာ လှုံ့ဆော်နေစဉ် ကျားဖြန့်နှင့်ပတ်သက်၍ အသံတချက်မှမထွက်၊ မည်သည့် လုပ်ဆောင်မှလည်း မတွေ့ရသည့်အပြင် တက်ကြွစွာ တုံ့ပြန်မှု မရှိသည့် စစ်ကောင်စီကို မည်သို့ သဘောထားမည်နည်း။
မြဝတီ ကျားဖြန့်ဂိုဏ်းအား ချုပ်ကိုင်ထားသည့် စောချစ်သူ၏ BGF နောက်ကွယ်ရှိ ရှယ်ယာရှင် တပိုင်းဖြစ်သည့်အပြင် စောချစ်သူကိုလည်း ချုပ်ကိုင်နိုင်ခြင်း မရှိသည့် စစ်ကောင်စီအား မည်သို့ သဘောထားမည်နည်း။
စောချစ်သူ၏ BGF အား နှိမ်နင်းအရေးယူလိုက်ပါက မြဝတီဒေသ ထိန်းချုပ်မှုကို စွန့်လွှတ်ရမည့် စစ်တပ်အခြေအနေကို မည်သို့ သဘောထားမည်နည်း။
စစ်ကောင်စီ ကျောထောက်နောက်ခံ ပြုထားသည့် စောချစ်သူ၏ BGF ကို အရေးမယူဘဲ မြဝတီ တရုတ်ကျားဖြန့်ပြဿနာကို မည်သို့ ဖြေရှင်းမည်နည်း။
အဆိုပါ မေးခွန်းများက စောင့်ကြိုနေပြီ ဖြစ်၏။ တရုတ်တို့၏ ရှေ့ခြေလှမ်းများက ပို၍ စိတ်ဝင်စားဖွယ် ကောင်းလိမ့်မည်။
(သက်ထားမောင်သည် မြန်မာ့နိုင်ငံရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
ကျားဖြန့်တိုက်ဖျက်ရေး BGF အပူတပြင်း လုပ်ဆောင်
ကျားဖြန့်ကို ကျနော်တို့ မသိဘူး (ရုပ်/သံ)
တရုတ်မင်းသား လူကုန်ကူးခံရမှု မြဝတီ၌ ကျားဖြန့်များ ဆက်ရှိနေသည်ကို ပြ
ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ
ကျားဖြန့်၊ အကျင့်ပျက် စစ်ကောင်စီနဲ့ တရုတ် ဖိအား












