ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့ထဲက ကျောက်ခက်စီမံကိန်းမှာ လူကုန်ကူးခံခဲ့ရတဲ့ နိုင်ငံခြားသား ၂၆၁ ဦးကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းမှာ ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့ပါတယ်။
DKBA ခေါင်းဆောင်တွေဟာ ကျားဖြန့်အရေးကိုင်တွယ်မယ်ဆိုကာ လူကုန်ကူးခံ ရသူတွေကိုသာ လွဲပြောင်းပေးနေပြီး လူကုန်ကူးမှုကို ကျူးလွန်နေတဲ့ ငွေလိမ်ဂိုဏ်းတာဝန်ရှိသူ တွေကို ဖမ်းဆီးတာ၊ အရေးယူတာနဲ့ လွဲပြောင်းပေးတာမျိုး မတွေ့ရသေးပါဘူး။
DKBA ခေါင်းဆောင်တွေရဲ့ ပြောကြားချက်တွေအရ ဒီကျားဖြန့်လုပ်ငန်းဟာ လူကုန်ကူးပြီး ညှဥ်းပန်းနှိပ်စက်မှုတွေကို အဓိကထားလုပ်ကိုင်နေတဲ့ လုပ်ငန်းလို့ ထင်မြင်ယူဆနေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။
လုပ်ငန်းရှင်နဲ့ အလုပ်သမား သဘောတူရင် ဆက်လက်လုပ်ကိုင်ခွင့် ပေးမယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ ကျားဖြန့်နဲ့ ကာစီနိုလုပ်ငန်းတွေကို တူညီတယ်လို့ ယူဆတာလား၊ ကျားဖြန့်ဆိုတာ ဘယ်လိုလုပ်ငန်းတွေလဲဆိုတာကို သိရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy