ပြည်ထောင်စုနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းထဲက မြို့ သုံးမြို့ကို လေကြောင်းဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၁ ဦးထက်မနည်း သေဆုံးပြီး၊ ၂၀ ကျော် ပြင်းထန် ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေက ဧရာဝတီကို ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲက မုံရွာ၊ ဆားလင်းကြီးနဲ့ ချောင်းဦး မြို့နယ်ထဲက ရွာ ၈ ရွာထပ်မနည်းကို လေကြောင်းဗုံးကြဲခဲ့တာဖြစ်ပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသူတွေ များပြားတာကြောင့် သေဆုံးသူဦးရေဟာ ထပ်တိုးလာနိုင်တယ်လို့ ဆိုပါတယ်။
ချောင်းဦးမြို့နယ်က စစ်ရှောင်တွေရှိနေတဲ့ နေရာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်လို့သေဆုံးသူ ၃ ဦးရှိနေပြီး၊ ကလေးငယ် ၂ ဦးပါဝင်တယ်လို့ သိရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy














