• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရခိုင်စစ်မျက်နှာမှာ စစ်တပ် တန်ပြန်ထိုးစစ်များ တိုးမပေါက်

by အေးချမ်းဆု
13 August 2025
in ဆောင်းပါး
A A
ရခိုင်စစ်မျက်နှာမှာ စစ်တပ် တန်ပြန်ထိုးစစ်များ တိုးမပေါက်

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များ / ဧရာဝတီ

5.2k
VIEWS
Share on FacebookShare on Twitter

၂၀၂၅ ခုနှစ်တွင် စစ်တပ်က ပြန်လည် ထိုးစစ်ဆင်လာပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် မိုးဗြဲ၊ နောင်ချို၊ သပိတ်ကျင်း မြို့သုံးမြို့ကို စစ်တပ်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့၏။ စစ်တပ်က ထိုမြို့များသာမက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေများကိုလည်း ပြန်လည် ထိုးစစ်ဆင်နေသည်။ AA ရော စစ်တပ်ကပါ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ၂၀၂၅ ခုနှစ်၊ ဩဂုတ်လဆန်းတွင် တွေ့ရသည့် ရခိုင်စစ်မျက်နှာအခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်။

ရခိုင်စစ်မျက်နှာတွင် စစ်တပ်က ထိုးစစ်ဆင်နေသည်ကို ကျောက်ဖြူမြို့တွင် တွေ့ရသကဲ့သို့ စစ်တွေမြို့တွင်လည်း စစ်ရေးလှုပ်ရှားမှုများ တွေ့ရ၏။ ထို့ပြင် အမ်းတောင်ကြား၊ တောင်ကုတ်တောင်ကြားနှင့် ဂွ-ငသိုင်းချောင်း ကားလမ်းများမှ ထိုးဖောက်ဝင်ရောက်လာသည့် AA နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များကို ဟန့်တားသည့် ခံစစ်များအပြင် ပြန်လှန်ထိုးစစ်ဆင်မှုများကို တွေ့နေရ၏။

တရုတ်၏ အကူအညီရရှိမှုနှင့် တပ်သားသစ် အဓမ္မ စုဆောင်းမှုများကြောင့် အတန်ငယ် ခေါင်းထောင်လာနိုင်သည့် စစ်တပ်သည် AA သိမ်းပိုက်ထားသည့် မြို့နယ်များအား ရခိုင်ကမ်းရိုးတန်းတလျှောက် ပြန်လည် ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု လေသံလွှင့်လျက်ရှိသည်။

ထို့ပြင် တရုတ်၏ အကူအညီရရှိမှုနှင့် တပ်သားသစ် အဓမ္မ စုဆောင်းမှုများကြောင့် အတန်ငယ် ခေါင်းထောင်လာနိုင်သည့် စစ်တပ်သည် AA သိမ်းပိုက်ထားသည့် မြို့နယ်များအား ရခိုင်ကမ်းရိုးတန်းတလျှောက် ပြန်လည် ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု လေသံလွှင့်လျက်ရှိသည်။

AA သည် စစ်တပ်နှင့် ရင်ဆိုင်ထားသည့် စစ်မျက်နှာများစွာရှိသကဲ့သို့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်လည်း မကြေညာသည့် စစ်ပွဲတပွဲအတွက် ပြင်ဆင်ထားရသည်ကို တွေ့ရ၏။ ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းကို အခြေပြု၍ လူသူလက်နက် စုဆောင်းနေကြသည့်၊ စစ်တပ်နှင့် ပူးပေါင်းခဲ့ကြသည့်၊ စစ်တပ်လက်အောက်ခံ ပျူစောထီးများဖြစ်ကြသည့် မွတ်စလင်လက်နက်ကိုင်များ၏ နောက်ကျောမှ ဓားနှင့်ထိုးမည့် စစ်မျက်နှာကိုလည်း ဂရုပြုနေရသည်ကို တွေ့ရသည်။

ကျောက်ဖြူ စစ်မျက်နှာ

ကျောက်ဖြူမြို့၌ စစ်တပ်၏ ထိုးစစ်များကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ မတ်လခန့်မှစ၍ တဖြည်းဖြည်း အရှိန်မြင့်လာသည်ကို တွေ့ရ၏။ ကျောက်ဖြူမြို့ အနောက်ဘက်ရှိ သဘာဝဓာတ်ငွေ့ သိုလှောင် ပို့ဆောင်စက်ရုံ (OGT) မှ မလကျွန်းသို့ ဦးတည်၍လည်းကောင်း၊ ဒိုးတန်းတောင်ရှိ ရဲတပ်ရင်း ၃၂ မှ ပြိုင်စေ့ကေသို့ ဦးတည်၍လည်းကောင်း၊ သစ်တောင်ရေတပ်စခန်းမှ အနောက်တောင်ဘက် ကပ်သပြေရှိ ကလဘာရွာသို့ ဦးတည်၍လည်းကောင်း စစ်ကြောင်းများ ထိုးနေသည်ကို တွေ့ရသည်။

ကျောက်ဖြူတွင် အဆိုပါစစ်မျက်နှာသုံးခု၌ တိုက်ပွဲများ ဖြစ်ပွားနေသည်ကို ဖေဖော်ဝါရီလ၊ မတ်လမှ စတင်တွေ့ရပြီး တဖြည်းဖြည်း ပြင်းထန်လာသည်။

AA တပ်များက စစ်တပ်ထိုးစစ်ကို ချေဖျက်ပြီး တဖြည်းဖြည်း ရှေ့တိုးလာကာ စစ်တပ်က ခံစစ်ပြန်ယူပြီး စစ်အင်အားများ ဖြည့်တင်းနေ၍ ဇွန်လကုန်မှစပြီး ဇူလိုင်လ တလလုံး ကျောက်ဖြူစစ်မျက်နှာတွင် တိုက်ပွဲများ လျော့ကျနေသည်ကို တွေ့ရ၏။ သို့သော် ဇူလိုင်လ တလလုံး စစ်အင်အားဖြည့်တင်းပြီးနောက် ဩဂုတ်လ ၃ ရက်နေ့မှစ၍ ကျောက်ဖြူထိုးစစ်ပြန်လည် စတင်သည်ကို တွေ့ရသည်။

ကျောက်ဖြူမြို့ပြ မြေပုံ / ဧရာဝတီ

ကျောက်ဖြူတွင် စစ်တပ်က အင်အားအလုံးအရင်းသုံး၍ ထိုးစစ်ဆင်နေသော်လည်း ရှေ့သို့ မတိုးနိုင်ဘဲ နောက်သို့ တဖြည်းဖြည်းဆုတ်နေရသည်ကို တွေ့ရ၏။ AA ဘက်က အင်အားသုံးပြီး ဖွင့်၍ထိုးစစ်ဆင်ခြင်းကို မတွေ့ရသေးပေ။ တရုတ်တို့က ကျောက်ဖြူကို မတိုက်ရန် AA အား ဖိအားပေးနေ၍၊ ကျောက်ဖြူပတ်ဝန်းကျင်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မထိခိုက်ရန် ဂရုပြု ထိုးစစ်ဆင်နေ၍ AA သည် ထိုးစစ်မဆင်ဘဲ ခံစစ်ဆင်နေရသည်ဟု တွက်ဆကြသည်။

သို့သော် ယခုအခါ စစ်တပ်က စစ်အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်လာသည်နှင့်အမျှ ကျောက်ဖြူစစ်မျက်နှာတွင် AA ဘက်က တိုက်စစ်အား မြှင့်တင်လာဖွယ်ရှိ၏။ ယခုနှစ်အတွင်း ကျောက်ဖြူ၌ စစ်တပ်က စစ်အင်အား၊ ပစ်ကူအင်အား အလုံးအရင်းနှင့် အကြိမ်ကြိမ်ဖြည့်တင်းပြီး ထိုးစစ်ကို မြှင့်တင်နေသော်လည်း AA ၏ ခံစစ်ကြောင်းကို တိုးပေါက်နိုင်ကြောင်း မတွေ့ရသေးပေ။

သို့သော် ယခုအခါ စစ်တပ်က စစ်အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်လာသည်နှင့်အမျှ ကျောက်ဖြူစစ်မျက်နှာတွင် AA ဘက်က တိုက်စစ်အား မြှင့်တင်လာဖွယ်ရှိ၏။ ယခုနှစ်အတွင်း ကျောက်ဖြူ၌ စစ်တပ်က စစ်အင်အား၊ ပစ်ကူအင်အား အလုံးအရင်းနှင့် အကြိမ်ကြိမ်ဖြည့်တင်းပြီး ထိုးစစ်ကို မြှင့်တင်နေသော်လည်း AA ၏ ခံစစ်ကြောင်းကို တိုးပေါက်နိုင်ကြောင်း မတွေ့ရသေးပေ။

စစ်တွေ စစ်မျက်နှာ

စစ်တပ်သည် စစ်တွေ၌ ခံစစ်ပြင်ထားသည်မှာ ကြာမြင့်ပြီဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး စပြီးနောက် စစ်တပ်က ရခိုင်ပြည်နယ်၌ အစောဆုံး တံတားချိုးသည်မှာ စစ်တွေမြို့အဝင် မင်းချောင်းတံတား ဖြစ်သည်။ ပုဏ္ဏားကျွန်းဘက်မှ စစ်တွေသို့ ကားလမ်းဖြတ်တောက်ပြီး စစ်တွေ၌ ခံစစ်ပြင်ခဲ့၏။ ၂၀၂၃၊ ၂၀၂၄ ခုနှစ်အတွင်း ရခိုင်ပြည်နယ်ရှိ ကျန်သည့်မြို့များ တမြို့ပြီးတမြို့ လက်လွှတ်ရပြီးနောက် စစ်တပ်သည် စစ်တွေမြို့ပတ်လည်ရှိ ရွာများကို ဖျက်ဆီးပြီး စစ်တွေမြို့တွင်း၌ အခိုင်အမာ ခံစစ်ပြင်သည်ကို တွေ့ရသည်။

သို့သော် ၂၀၂၅ ခုနှစ်အတွင်း AA သည် မင်းဂံတဖက်ကမ်းအထိ တပ်များလှုပ်ရှားခြင်း၊ စစ်တွေမြို့ရှိ စစ်ကောင်စီစခန်းများအား လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းအချို့ရှိသော်လည်း စစ်တွေမြို့အား ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မရှိပေ။

AA သည် စစ်တွေမြို့အား ချဉ်းကပ်တိုက်ခိုက်ရန် ဥမင်လိုဏ်ခေါင်း တူးနေပုံရသည်ဟူသည့် မှန်းဆချက်တချို့ကို တွေ့ရသကဲ့သို့ စစ်တွေမြို့သို့ လက်နက်ကြီးနှင့် ပစ်ခတ်မှုအချို့ ပြုလုပ်ခြင်းသည် စစ်တပ်ထံမှ သိမ်းဆည်းရမိသည့် လက်နက်ကြီးများအား လေ့ကျင့်ခြင်းနှင့် ပစ်မှတ် သေချာအောင်လုပ်ခြင်း ဖြစ်နိုင်သည်ဟု မှန်းဆကြသည်ကို တွေ့ရသည်။

ယခုအခါ စစ်တွေမြို့ပေါ်တွင် စစ်တပ်က စစ်တွေ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းမှူးပါ အခြေပြုပြီး တပ်သားသစ်များ ဖြည့်တင်းထား၏။ ထို့ပြင် ရဲနှင့် ပျူစောထီးများ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား အသုံးပြု၍ ပူးတွဲအင်အားဖြည့်ထား၏။

၂၀၂၅ ခုနှစ် နှစ်လယ် မြန်မာပြည်ဒေသအချို့၌ စစ်တပ် ပြန်လှန်ထိုးစစ်ဆင်လာသည်နှင့်အတူ စစ်တွေမြို့မှ ပုဏ္ဏားကျွန်းဘက်သို့ ပြန်လည် ထိုးစစ်ဆင်မည်ဟု ဝါဒဖြန့်သည်ကို တွေ့ရသည်။ ပုံမှန်လည်း မကြာခဏဆိုသလို စစ်တွေမှ ပုဏ္ဏားကျွန်းသို့ လက်နက်ကြီးနှင့် ပစ်ခတ်နေသည်သာဖြစ်သည်။

စစ်တွေမြို့အထွက် တံတားကို စစ်တပ်က ကိုယ့်ဘာသာကိုယ် ချိုးထားသည်ဖြစ်ရာ ထိုးစစ်ဆင်ပါက ရေကြောင်းကိုသာ အသုံးပြု ချီတက်ထိုးစစ်ဆင်ရမည်ဖြစ်၏။ လက်ရှိ စစ်တွေအခြေအနေမှာ အချိန်မရွေး စစ်ပွဲဖြစ်နိုင်သည့် အခြေအနေဖြစ်သည်။ တဖက်နှင့်တဖက် အကဲစမ်းနေကြသည်။ ချိန်ဆနေကြသည်။ နှစ်ဖက်လုံးက ထိုးစစ်ဆင်သည်ထက် တဖက်ဖက်က ထိုးစစ်ဆင်သည်ကို ခံစစ်ဖြင့် အရင်ချေမှုန်းသည်က ပိုကောင်းသည်ဟု တွက်ဆနေပုံရ၏။

စစ်တွေမြို့အထွက် တံတားကို စစ်တပ်က ကိုယ့်ဘာသာကိုယ် ချိုးထားသည်ဖြစ်ရာ ထိုးစစ်ဆင်ပါက ရေကြောင်းကိုသာ အသုံးပြု ချီတက်ထိုးစစ်ဆင်ရမည်ဖြစ်၏။ လက်ရှိ စစ်တွေအခြေအနေမှာ အချိန်မရွေး စစ်ပွဲဖြစ်နိုင်သည့် အခြေအနေဖြစ်သည်။ တဖက်နှင့်တဖက် အကဲစမ်းနေကြသည်။ ချိန်ဆနေကြသည်။ နှစ်ဖက်လုံးက ထိုးစစ်ဆင်သည်ထက် တဖက်ဖက်က ထိုးစစ်ဆင်သည်ကို ခံစစ်ဖြင့် အရင်ချေမှုန်းသည်က ပိုကောင်းသည်ဟု တွက်ဆနေပုံရ၏။

အမ်းတောင်ကြား စစ်မျက်နှာ

အမ်းမြို့ကိုသိမ်းပြီး အမ်းတောင်ကြားလမ်းအတိုင်း ချီတက်လာသော AA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် စစ်တပ်၏စခန်း တခုပြီးတခု သိမ်းလာပြီးနောက် စစ်တပ်က မင်းဘူး-ပဒါန်းအနီး နတ်ရေကန်စခန်းတွင် အခိုင်အမာ ခံစစ်တည်ဆောက်ပြီး AA ကို ပြန်လှန်ထိုးစစ်ဆင်နေသည်ကို တွေ့ရ၏။ ပြန်လည် ဖွဲ့စည်းထားသည့် တပ်မ ၉၉ တခုလုံး အသုံးပြုနေသည်ဟု သိရသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
93
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
383
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
606

သို့သော်လည်း စစ်ကောင်စီ၏ ထိုးစစ်သည် တိုးမပေါက် နောက်သို့ ပြန်လန်ကျပြီး နတ်ရေကန်ခံစစ်တွင် ပြန်လည်အခြေပြုကာ စစ်အင်အား အကြိမ်ကြိမ် ထပ်မံဖြည့်တင်းပြီး ပြန်လည် ထိုးစစ်ဆင်နေသည်ကို တွေ့နေရ၏။ သို့သော် AA နှင့် ပူးပေါင်းတပ်များသည် စစ်တပ်၏ ထိုးစစ်ကို ကောင်းစွာ တုံ့ပြန်နိုင်သည်ကို တွေ့ရသည်။

တောင်ကုတ်တောင်ကြား စစ်မျက်နှာ

တောင်ကုတ်မြို့ကျပြီး တောင်ကုတ်တောင်ကြားအတိုင်း ချီတက်လာသည့် AA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းထိစပ်သည့် နယ်နိမိတ်နေရာရှိ မိုးထိတောင်စခန်းကို ဇန်နဝါရီလ ၂၆ ရက်၊ ပုဂံကွဲစခန်းကို ဖေဖော်ဝါရီလ ၁၆ နှင့် ၁၇ ရက်၊ နတ်တောင်ကာကင်းစခန်းကို ဖေဖော်ဝါရီလ ၂၄ ရက်၊ ညောင်ကျိုးဗျူဟာစခန်းကုန်းအား ဧပြီလ ၂ ရက်နေ့တို့တွင် အပြီးသတ်သိမ်းယူခဲ့သည်။

ညောင်ကျိုးကို သိမ်းပိုက်ပြီးနောက် AA ၏ ထိုးစစ် ရပ်တန့်ပြီး ခံစစ်ဆင်‌နေသည်ကို တွေ့ရ၏။ ညောင်ကျိုးဗျူဟာစခန်း ကျပြီး‌နောက် စစ်ကောင်စီဘက်က ညောင်ကျိုးစခန်းကို ပြန်လည်ရရှိရန်အတွက် ညောင်ခြေထောက်တွင်ရှိသည့် အမှတ် (၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၆) မှတဆင့် ပြန်လည် ထိုးစစ်ဆင်‌နေပြီး နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ပြည်၊ ပန်းတောင်းမြို့တို့မှ အင်အားအများအပြား ပို့ဆောင်နေသည်ဟု သိရသည်။

၂၀၂၅ ခုနှစ် မေလကုန်ပိုင်းတွင် ညောင်ကျိုးတောင်ဘက် ကပစ ၅ ရှိရာ မသုံရွာ တဝိုက်တွင် စစ်ကောင်စီနှင့် AA ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး ကပစ ၁၆ အတွင်းမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည့်သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နောက်ဆက်တွဲသတင်းများ မကြားသိရပါ။

စစ်ကောင်စီအတွက်မူ ညောင်ကျိုး၊ ပန်းတောင်းစစ်မျက်နှာသည် AA နှင့် ပူးပေါင်းတပ်များ အလုံးအရင်းနှင့် ထိုးစစ်ဆင်သည်ကို ကြုံတွေ့နေရပြီး ပြန်လှန်ထိုးစစ်ဆင်သော်လည်း လန်ကျနေသည့် စစ်မျက်နှာဖြစ်၏။ စစ်ကောင်စီတပ်မှ စစ်ပြေး များလာသည်ကို တွေ့ရသည်။

စစ်ကောင်စီအတွက်မူ ညောင်ကျိုး၊ ပန်းတောင်းစစ်မျက်နှာသည် AA နှင့် ပူးပေါင်းတပ်များ အလုံးအရင်းနှင့် ထိုးစစ်ဆင်သည်ကို ကြုံတွေ့နေရပြီး ပြန်လှန်ထိုးစစ်ဆင်သော်လည်း လန်ကျနေသည့် စစ်မျက်နှာဖြစ်၏။ စစ်ကောင်စီတပ်မှ စစ်ပြေး များလာသည်ကို တွေ့ရသည်။

ဧရာဝတီ စစ်မျက်နှာ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းမှစ၍ AA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ဧရာဝတီ စစ်မျက်နှာသို့ ထိုးဖောက်စစ်ဆင်သည်ကို တွေ့ရသည်။

သာပေါင်းမြို့နယ်‌၊ ရေကြည်-ငသိုင်းချောင်းမြို့နယ်၊ အင်္ဂပူ-လေးမျက်နှာ မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားသည်ကို တွေ့ရ၏။

သာပေါင်းမြို့နယ်တွင် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း တိုက်ပွဲများဖြစ်ပွားပြီး နောက်ပိုင်းတွင် တိုက်ပွဲများ ရပ်တန့်နေသည်။ ရေကြည်-ငသိုင်းချောင်း မြို့နယ်အတွင်း မြောက်စမ်းအ‌ခြေစိုက် အမှတ် (၃၄၄) အမြောက်တပ်ရင်း (အမတ ၃၄၄) ကို ဗဟိုပြု၍ ‌ဖေဖော်ဝါရီလမှစပြီး ဩဂုတ်လဆန်း အချိန်အထိ စစ်တပ်နှင့် AA, ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေသည်ကို တွေ့ရသည်။

အင်္ဂပူ-လေးမျက်နှာ မြို့နယ်အတွင်း ပုသိမ်-မုံရွာ ကားလမ်းပိုင်းတွင် ၂၀၂၅ ခုနှစ်၊ မတ်လမှစ၍ ဩဂုတ်လအထိ တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသည်ကို တွေ့ရသည်။ စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း‌၊ လေကြောင်းမှ တိုက်ခိုက်ခြင်းများကို တွေ့နေရ၏။

စစ်တပ်သည် ပုသိမ်-မုံရွာ ကားလမ်းမြောက်ဘက် ကွင်းကောက်၊ မဲဇလီတို့တွင် ခံစစ်ပြင်ထားသကဲ့သို့ ၎င်းစစ်မျက်နှာ၏ အရှေ့ဘက်ရှိ ဧရာဝတီမြစ်၊ ငဝန်မြစ်တွင်း၌ ရေတပ်သင်္ဘောများ ချထားပြီး ပစ်ကူပေးရန်နှင့် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းကြား ဖြတ်တောက်ရန် ပြင်ဆင်နေသည်ကို တွေ့ရသည်။

တဖက်ကလည်း ရေကြည်၊ ကျုံ‌ပျော်မှတဆင့် မြောက်စမ်းနှင့် ပုသိမ်- မုံရွာ ကားလမ်းတလျှောက် စစ်အင်အားဖြည့်တင်းပြီး ပြန်လည် ထိုးစစ်ဆင်နေသည်ကို တွေ့ရ၏။

ဩဂုတ်လဆန်း နောက်ဆုံးသတင်းများအရ AA က လေးမျက်နှာမြို့နယ်တွင်းရှိ ပန်းတောကြီး၊ စက်စက်ယိုနှင့် ရွာအချို့၊ ပုသိမ်-မုံရွာ ကားလမ်းမ တစိတ်တပိုင်းတို့ကို ထိန်းချုပ်ထားနိုင်ပြီး စစ်တပ်က ပြန်လည် ထိုးစစ်ဆင်သော်လည်း တိုးမပေါက်ဟုသိရသည်။

ဩဂုတ်လဆန်း နောက်ဆုံးသတင်းများအရ AA က လေးမျက်နှာမြို့နယ်တွင်းရှိ ပန်းတောကြီး၊ စက်စက်ယိုနှင့် ရွာအချို့၊ ပုသိမ်-မုံရွာ ကားလမ်းမ တစိတ်တပိုင်းတို့ကို ထိန်းချုပ်ထားနိုင်ပြီး စစ်တပ်က ပြန်လည် ထိုးစစ်ဆင်သော်လည်း တိုးမပေါက်ဟုသိရသည်။

ဘူးသီးတောင်၊ မောင်တော စစ်မျက်နှာ

၂၀၂၄ ခုနှစ် မောင်တောကျပြီးနောက် စစ်တပ်နှင့် ပူးပေါင်းခဲ့ကြသည့် စစ်တပ်လက်အောက်ခံ မွတ်စလင်ပျူစောထီးအဖွဲ့များဖြစ်ကြသည့် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA)၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO)၊ အာရကန် ရိုဟင်ဂျာတပ် (ARA) စသည့် မွတ်စလင် လက်နက်ကိုင်အဖွဲ့အစည်းများသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် ဒုက္ခသည်စခန်းများသို့ ဆုတ်ခွာပြီး လူသူလက်နက်စုဆောင်းကာ ဘူးသီးတောင်၊ မောင်တောဒေသ မယူတောင်တန်းကို အခြေပြု၍ AA အား တိုက်ခိုက်ရန် ကြံစည်ကို တွေ့ရသည်။

လက်တွေ့တွင်လည်း ၂၀၂၅ ခုနှစ်အတွင်း မွတ်စလင် လက်နက်ကိုင်အဖွဲ့အစည်းများသည် နယ်စပ်တလျှောက်မှ စိမ့်ဝင်ခြင်း၊ ဒေသခံအရပ်သားများကို တိုက်ခိုက်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရ၏။

သို့ဖြစ်ရာ AA သည် မောင်တောတိုက်ပွဲပြီးကတည်းက ထိုဖြစ်လာနိုင်ခြေကို တွက်ဆပြီး မောင်တော၊ ဘူးသီးတောင်ဒေသ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်တွင် လုံလောက်သည့် စစ်အင်အားကို ချထားပြီး နယ်မြေလုံခြုံရေးနှင့် ရှင်းလင်းရေးအား မပြတ်လုပ်ကိုင်နေရသည်ကို တွေ့ရသည်။ တိုက်ပွဲငယ်များ ဖြစ်ပွားနေသည်ကို တွေ့ရသည်။ ထိုစစ်မျက်နှာတွင် တိုက်ပွဲကြီးများ မတွေ့ရသော်လည်း AA သည် လုံလောက်သည့် စစ်အင်အားကို ချထား၏။ AA အတွက် အလေးထား အာရုံစိုက်ရသည့်၊ ပေါ့ဆမရသည့် စစ်မျက်နှာတခုဖြစ်သည်။

အခြားစစ်မျက်နှာများ

ရခိုင်သည် ကီလိုမီတာ ၅၀၀ ကျော် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းရှိရာ စစ်တပ်အနေဖြင့် ရေတပ်ကမ်းထိုးရေယာဉ်များ အသုံးပြု၍ မောင်တောမှ ဂွအထိ ပင်လယ်ကမ်းရိုးတန်းတလျှောက် ထိုးစစ်ဆင်နိုင်သည်။ လက်ရှိတွင်လည်း သံတွဲ၊ ရမ်းဗြဲကျွန်း ကျောက်နီမော်၊ ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မောင်တောတို့ကို ထိုးစစ်ဆင်မည်ဟု ခြိမ်းခြောက်နေသည်ကို တွေ့ရသည်။

စစ်တပ်သည် လက်တွေ့ စစ်ဆင်မည်ထက် စိတ်ဓာတ်စစ်ဆင်ရေးကို ယခုတလော ပိုလုပ်နေကြောင်း တွေ့ရ၏။ ကျောက်ဖြူတွင် တိုးမပေါက်သည့်အချိန်၌ ရမ်းဗြဲကျွန်းအနောက်ဘက်ရှိ ကျောက်နီမော်ဘက်မှ ကမ်းတက် ထိုးစစ်ဆင်မည်ဟုလည်းကောင်း၊ သံတွဲအား ထိုးစစ်ဆင်မည်ဟုလည်းကောင်း ခြိမ်းခြောက်ဝါဒဖြန့်နေသည်ကို တွေ့ရသည်။ ဩဂုတ်လ ၂ ရက် ညနေက သံတွဲရှိ ဂျိတ္တောအား ရေတပ်မှ လက်နက်ကြီးနှင့် အယောင်ပြပစ်ခတ် အာရုံစိုက်မှု ရယူပြီး ဩဂုတ်လ ၃ ရက်နေ့တွင် ကျောက်ဖြူထိုးစစ် ပြန်လည်စတင်သည်ကို တွေ့ရသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ အစောပိုင်းက တောင်ကုတ်ကို သိမ်းပိုက်ခဲ့သည့် AA တပ်ဖွဲ့ဝင်များ / AA

စစ်တပ်သည် လောလောဆယ်တွင် ပင်လယ်ကမ်းရိုးတန်း ကမ်းတက်စစ်ဆင်ရေးကို ဝါဒဖြန့်စစ်ဆင်ရေး ပြုလုပ်နေသကဲ့သို့ တချိန်တွင် တကယ်တမ်း ပြုလုပ်လာနိုင်သည်။ သို့သော် AA အနေဖြင့် ကမ်းတက်လာနိုင်သည့် နေရာများကို ‌‌မှန်းဆသုံးသပ်၍ သတ်ကွင်းပြင် ချေမှုန်းနိုင်သည့် အခွင့်အရေးရှိ၏။

ယခင် ပင်လယ်မှ ရေကြောင်းနှင့် လေကြောင်းပစ်ကူ ပေးသော်လည်း ပင်လယ်ကမ်းရိုးတန်းတလျှောက်ရှိ စစ်တပ်၏ အခိုင်အမာစခန်းများကိုပင် ချေမှုန်းခဲ့သည်ဖြစ်ရာ ယခု ကမ်းတက်ထိုးစစ်ဆင်မည့်ဆိုသည့်တပ်များ အခြေမကျမီ၊ အခိုင်အမာခြေကုပ်မယူနိုင်မီ ချေမှုန်းနိုင်သည့် အခွင့်အရေးက ပိုကောင်းသည်ဟု ဆိုနိုင်သည်။

ကမ်းတက်ထိုးစစ်ဆင်မည့် စစ်တပ်အဖို့ ဆုတ်လမ်းမရှိရာ တပ်သားသစ်များပြားသည့် စစ်တပ်အတွက် အမှားမခံပေ။ AA အနေဖြင့် ကောင်းစွာပြင်ဆင်ခြင်း၊ သတင်းထောက်လှမ်းခြင်းတို့ဖြင့် လက်ဦးမှု ရယူချေမှုန်းနိုင်မည်။ အလွယ်တကူ ချေမှုန်းရန် အခွင့်အလမ်းသာမည်။ စစ်တပ်အတွက် ကမ်းတက်စစ်ဆင်ရေးသည် အပြောလွယ်၍ ဝါဒဖြန့်ရန် ကောင်းသော်လည်း လက်တွေ့တွင် ခက်ခဲ၏။ တတပ်လုံး ပြုတ်သွားနိုင်၏။

ကမ်းတက်ထိုးစစ်ဆင်မည့် စစ်တပ်အဖို့ ဆုတ်လမ်းမရှိရာ တပ်သားသစ်များပြားသည့် စစ်တပ်အတွက် အမှားမခံပေ။ AA အနေဖြင့် ကောင်းစွာပြင်ဆင်ခြင်း၊ သတင်းထောက်လှမ်းခြင်းတို့ဖြင့် လက်ဦးမှု ရယူချေမှုန်းနိုင်မည်။ အလွယ်တကူ ချေမှုန်းရန် အခွင့်အလမ်းသာမည်။ စစ်တပ်အတွက် ကမ်းတက်စစ်ဆင်ရေးသည် အပြောလွယ်၍ ဝါဒဖြန့်ရန် ကောင်းသော်လည်း လက်တွေ့တွင် ခက်ခဲ၏။ တတပ်လုံး ပြုတ်သွားနိုင်၏။

AA ၏ တိုက်စွမ်းရည်

လက်ရှိတွင် စစ်တပ်သည် ကျောက်ဖြူတွင် စစ်မျက်နှာ သုံးခုဖွင့်၍ AA အား ထိုးစစ်ဆင်နေသကဲ့သို့ အမ်းတောင်ကြား၊ တောင်ကုတ်တောင်ကြားနှင့် ဂွတောင်ကြား စစ်မျက်နှာသုံးခုတွင် စစ်အင်အား အများအပြားသုံး၍ ထိုးစစ်ဆင်နေသည်ကို တွေ့ရ၏။

ထို့ပြင် AA သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်ရှိ မြို့များအားလည်း လေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊ ကြည်းတပ်နှင့် ရေတပ်မှ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေ၏။ ဘူးသီးတောင်၊ မောင်တောဒေသတွင် စစ်တပ်လက်ဝေခံ မွတ်စလင်ပျူစောထီးအဖွဲ့များအား ရင်ဆိုင်တိုက်ခိုက်နေရ၏။ ရခိုင်ကမ်းရိုးတန်းတလျှောက်ရှိ မြို့များအား ရေကြောင်းအသုံးပြု၍ ကမ်းတက်ထိုးစစ်ဆင်မည်ဟု ခြိမ်းခြောက်နေသည်ကို တွေ့ရသည်။

ယခု စစ်တပ်က ပြန်လည် ထိုးစစ်ဆင်‌နေသည့်အထဲတွင် AA သည် နှိုင်းယှဉ်ချက်အရ ပို၍များပြားသည့် စစ်မျက်နှာများ၊ ပို၍ရှည်လျားသည့် စစ်မျက်နှာများတွင် ပို၍များပြားသည့် ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်နေရ၏။

စစ်တပ်က တပ်မတခုလုံး အသုံးပြုပြီး ထိုးစစ်ဆင်နေသည်ကို AA အား ထိုးစစ်ဆင်ရာတွင်သာ တွေ့ရ၏။ သို့သော် AA သည် ရန်သူ့ထိုးစစ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ထားနိုင်သည်ကို တွေ့ရသည်။ သိမ်းပိုက်ထားသည့် စခန်းများ၊ မြို့များ လက်လွှတ်ဆုံးရှုံးရမှု လုံးဝမရှိသေးပေ။

သို့ဖြစ်ရာ စစ်တပ်၏ လေကြောင်းပစ်ကူကြောင့်၊ လက်နက်ကြီးပစ်ကူကြောင့်၊ ခေတ်မီဒရုန်းတိုက်ခိုက်မှုကြောင့် စသည့် မည်သည့်အကြောင်းပြချက်ကမှ AA အား အနိုင်ယူနိုင်ခြင်း မရှိပေ။ စစ်မြေပြင်များတွင် စစ်တပ်၏ ဒရုန်းများကိုပင် ပစ်ချသည်ကို တွေ့နေရသည်။

ဤအချက်သည် AA စနစ်ကျ လေ့ကျင့် စည်းရုံးစုဖွဲ့ထားနိုင်မှု၊ အမိန့်နာခံမှု အားကောင်းမှု၊ အခြေပြုစခန်းချရာ နေရာတိုင်းတွင် ကတုတ်ကျင်း၊ ဘန်ကာ၊ လိုဏ်ခေါင်းတူးရာတွင် မခိုမကပ်ဘဲ အပင်ပန်းခံနိုင်မှု၊ တိုက်ရည်ခိုက်ရည်ကောင်းမှု၊ စွန့်လွှတ်စွန့်စားမှု၊ ရဲစွမ်းသတ္တိရှိမှုတို့အပြင် ပြီးခဲ့သည့်ကာလများအတွင်း AA ၏ တိုက်စွမ်းရည်ကို ကိုယ်တွေ့ကြုံခဲ့ရသည့် စစ်တပ်၏ တုန်လှုပ်ခြောက်ခြားနေမှုများကြောင့်လည်း ဖြစ်သည်ဟု ဆိုရပါမည်။

(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

ရခိုင်ရိုးမကိုကျော်လာတဲ့ AA ရဲ့တိုက်ပွဲတွေ (ရုပ်/သံ)

ရခိုင်မှာ အပစ် မရပ်ဘူးလို့ AA တရားဝင်ထုတ်ပြော(ရုပ်/သံ)

ရခိုင်-ဘင်္ဂလားဒေရှ့်နယ်စပ်ကို AA ထိန်းချုပ်လိုက်ပြီ (ရုပ်/သံ)

ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

ရခိုင်-မွတ်ဆလင်အရေး AA ကိုင်တွယ်နိုင်မလား

ရခိုင်ကို ကုန်သွင်းခွင့်ပြုခဲ့တဲ့ စစ်အရာရှိတွေ သေဒဏ်နဲ့ တသက်တကျွန်း ချမှတ်ခံရ (ရုပ်/သံ)

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAASliderစစ်အာဏာသိမ်းမှုတရုတ်တော်လှန်ရေးအင်အားစုပျူစောထီးရခိုင်ပြည်နယ်ရိုဟင်ဂျာလေကြောင်းတိုက်ခိုက်မှုအတင်းအကျပ်စစ်သားစုဆောင်းမှုအာရက္ခတပ်တော်
အေးချမ်းဆု

အေးချမ်းဆု

အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကလေးတွေပညာရေးက WFP ရဲ့ ရိက္ခာနဲ့ ဆက်စပ်နေတယ်

ကလေးတွေပညာရေးက WFP ရဲ့ ရိက္ခာနဲ့ ဆက်စပ်နေတယ်

မြန်မာတွင် မြေရှားသတ္တုတူးဖော်မှု မြင့်မားလာကြောင်း ဂြိုဟ်တုပုံများပြသနေ

မြန်မာတွင် မြေရှားသတ္တုတူးဖော်မှု မြင့်မားလာကြောင်း ဂြိုဟ်တုပုံများပြသနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved