ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ နောက်ဆုံးကျန်နေတဲ့ အမှတ် (၅) နယ်ခြားစောင့်တပ် (နခခ ၅) ကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၈ ရက်နေ့မှာ သိမ်းပိုက်ပြီးတဲ့နောက် ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကိုလည်း ထိန်းချုပ်လိုက်ပါတယ်။
နခခ ၅ ကို AA က သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီတပ်၊ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊ ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA)နဲ့ အာရကန် ရိုဟင်ဂျာတပ်မတော် (ARA) တပ်တွေက ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံကြားက နတ်မြစ်အတွင်း ထွက်ပြေးဖို့ လုပ်ဆောင်နေတယ်လို့ AA က ထုတ်ပြန်ပါတယ်။
ဒါကြောင့် AA ရဲ့ နတ်မြစ်ကြောင်း ရေပိုင်နက်အတွင်း ရေကြောင်းခရီးသွားလာခွင့်ကို ရက်အကန့်အသတ်မရှိပိတ်လိုက်ပြီး တဘက်မှာလည်း ဘင်္ဂလားဒေရှ့်နဲ့ နယ်စပ်ကုန်သွယ်ရေးကိုပါ ထိန်းချုပ်လိုက်ပြီလို့ စစ်ရေးသုတေသီတွေက ထောက်ပြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













