ရခိုင်ပြည်နယ် တခုလုံးနီးပါးကို သိမ်းပိုက်ထားပြီးဖြစ်တဲ့ အာရက္ခတပ်တော် (AA) ဟာရခိုင်ရိုးမတောင်တန်းကို ဖြတ်ကျော်ပြီး ပဲခူးတိုင်း ၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်း အစပ်နေရာတွေမှာ တိုက်ပွဲတွေ စတင်နေပြီလို့ ထုတ်ပြန်ပါတယ်။
AA ရဲ့တိုက်ပွဲတွေက မကွေးတိုင်းထဲကို ဝင်ရောက်နိုင်တဲ့ အမ်းတောင်ကြားလမ်းနဲ့ပဲခူးတိုင်းကို ဝင်ရောက်နိုင်တဲ့ တောင်ကုတ်တောင်ကြားလမ်းတွေမှာ ဖြစ်ပွားနေပြီး ဧရာဝတီတိုင်းကတော့ ရိုးမကိုကျော်ပြီး ကျေးရွာအချို့ကို သိမ်းပိုက်ထားတဲ့ အခြေအနေဖြစ်ပါတယ်။
ပဲခူးတိုင်းနဲ့ မကွေးတိုင်းထဲကို AA ရဲ့ထိုးစစ်တွေသိသိသာသာ မရောက်သေးပေမယ့်ဂွမြို့နဲ့ အစပ်က ဧရာဝတီတိုင်း ထဲမှာတော့ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ဧရာဝတီတိုင်းက တိုက်ပွဲတွေမှာ AAအပြင် ဧရာဝတီတိုင်းဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အခြားတော်လှန်ရေးပူးပေါင်းတပ်တွေလည်း ပူးပေါင်းပါဝင်နေတာပါ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













