မြန်မာမှ မိုင်းမောသတ္တုတွင်း ပြန်လည် လည်ပတ်မည်ကို ဈေးကွက်က စောင့်မျှော်နေသောကြောင့် သံဖြူ (ခဲမဖြူ) သည် လန်ဒန် သတ္တုဈေးကွက် (LME) အခြေခံသတ္တုများထက် ဈေးနှုန်း ဆက်လက်မြင့်မားနေသည်။
ကမ္ဘာ့အကြီးမားဆုံးများအနက် တခုဖြစ်သည့် ထိုသတ္တုမိုင်းကို သယံဇာတ အခြေအနေ ပြန်လည်သုံးသပ်ရန် ပိတ်ထားသည်မှာ နှစ်နှစ်ကြာပြီဖြစ်သည်။ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဝပြည်နယ်က သတ္တုတူးဖော်ခွင့် ခွင့်ပြုချက်သစ် လျှောက်ထားရန် ဖိတ်ခေါ်ထားသည်မှာ ခြောက်လကြာပြီဖြစ်သည်။
သို့သော် ယနေ့အချိန်အထိ မည်သည့်လှုပ်ရှားမှုမှ အရှိန်ရလာသည်ကို မတွေ့ရသေးပေ။ လက်တွေ့တွင် မြန်မာမှ သံဖြူသတ္တုရိုင်း အိမ်နီးချင်း တရုတ်သို့ စီးဆင်းမှုသည် လုံးဝနီးပါး ရပ်တန့်သွားသည်။
မိုင်းမောနှင့်ပတ်သက်သည့် ရှည်ကြာသော မရေရာမှုသည် ဝယ်လိုမှုကို ပြန်လည် ဖြစ်ပေါ်စေပြီး လန်ဒန် သတ္တုဈေးကွက်တွင် သုံးလစာ သံဖြူဈေးနှုန်းသည် ဧပြီလတွင် တတန်လျှင် ဒေါ်လာ ၃၀,၀၀၀ အောက်တွင် ရှိရာမှ သြဂုတ်လကုန်တွင် တတန်လျှင် ဒေါ်လာ ၃၅,၀၀၀ သို့ တက်လာသည်။
ဈေးကစားသူများသည် သံဖြူဖြန့်ချိရောင်းချမှု အခြေအနေ၏ အားနည်းချက်အပိုင်းကို ထပ်မံလောင်းကြေးထပ် နေကြသည်။
မိုင်းမောကို စောင့်နေ
မိုင်းမောမှ ထုတ်လုပ်ဖြန့်ချိမှု ဆက်လက် ပြတ်တောက်နေခြင်းကို တရုတ်က မြန်မာမှ သံဖြူဝယ်ယူတင်သွင်းမှု ကျဆင်းခြင်းက ဖော်ပြသည်။
တရုတ်မှ သတ္တုအရည်ကြိုလုပ်ငန်းများသို့ ကုန်ကြမ်းစီးဆင်းမှုသည် ဇူလိုင်လတွင် ၉၃၃ တန်အထိ ကျဆင်းသွားပြီး မိုင်းမောမှလုပ်ငန်းများ ပြန်လည် မစတင်သေးကြောင်းသာမက မြန်မာနိုင်ငံတွင်းမှ အခြား သတ္တုတွင်းငယ်များတွင်လည်း ပြတ်တောက်မှု တစုံတရာ ရင်ဆိုင်နေရကြောင်းလည်း ပြသနေသည်။ ထိုသို့ ပြတ်တောက်ရခြင်းမှာ မတ်လက မြန်မာတွင် လှုပ်ခဲ့သည့် ငလျင်ကြောင့် ဖြစ်နိုင်သည်။
တရုတ်မှ သတ္တုအရည်ကြိုလုပ်ငန်းများသို့ ကုန်ကြမ်းစီးဆင်းမှုသည် ဇူလိုင်လတွင် ၉၃၃ တန်အထိ ကျဆင်းသွားပြီး မိုင်းမောမှလုပ်ငန်းများ ပြန်လည် မစတင်သေးကြောင်းသာမက မြန်မာနိုင်ငံတွင်းမှ အခြား သတ္တုတွင်းငယ်များတွင်လည်း ပြတ်တောက်မှု တစုံတရာ ရင်ဆိုင်နေရကြောင်းလည်း ပြသနေသည်။ ထိုသို့ ပြတ်တောက်ရခြင်းမှာ မတ်လက မြန်မာတွင် လှုပ်ခဲ့သည့် ငလျင်ကြောင့် ဖြစ်နိုင်သည်။
ယခုနှစ်အတွင်း လက်ရှိအချိန်အထိ မြန်မာမှတင်သွင်းမှုသည် ယခင်နှစ်ကထက် ၇၇ ရာခိုင်နှုန်း ကျဆင်းပြီး ၁၄,၂၀၀ တန်သာ ရှိတော့သည်။ နှိုင်းယှဉ်ချက်အားဖြင့်ဆိုပါက မိုင်းမောမှ သံဖြူထုတ်လုပ်နေဆဲဖြစ်သည့် ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်တွင် လစဉ်ပျှမ်းမျှ တင်သွင်းမှုသည် ၁၅,၀၀၀ တန်ရှိသည်။
ဝပြည်နယ်မှ နောက်ဆုံးခိုင်မာသည့်သတင်းသည် ဇူလိုင်လတွင် ရောက်လာသည်။ ထိုစဉ်က နိုင်ငံတကာ သံဖြူအသင်းက မိုင်းမောတွင် သတ္တုတူးဖော်ရေး ခွင့်ပြုချက်သစ်များ ပထမအကြိမ် ထုတ်ပေးကြောင်း သိရသည်။
အမှန်တကယ် သံဖြူထုတ်လုပ်ရေး ပြန်လည်စတင်ရန်နှင့် ပြည်ပတင်ပို့သည့် စီးဆင်းမှု နာလန်ထရန် အချိန်ယူရမည်ဟု ထိုအသင်းက သတိပေးသည်။
ထိုအချက်မှန်ကန်ကြောင်းလည်း သက်သေပြနေသည်။

ရှားပါးမှုမရှိ
တရုတ်သံဖြူအရည်ကြိုလုပ်ငန်းများသည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် မိုင်းမောကို မဆိုင်းငံ့မီက ၎င်းတို့အတွက် အဓိကရင်းမြစ်မှ ဆုံးရှုံးမှုများကို ပြန်လည်ဖြည့်တင်းရာတွင် အောင်မြင်မှု အချို့ရသည်။
ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံသည် ယခုနှစ်အတွင်း သံဖြူတင်ပို့မှု အများဆုံးနိုင်ငံအဖြစ် ထွက်ပေါ်လာပြီး သြစတြေးလျနှင့် နိုက်ဂျီးရီးယားမှ တင်သွင်းမှုလည်း သိသိသာသာ တိုးလာသည်။
သို့သော် ဇူလိုင်လအထိ စုစုပေါင်း သတ္တုရိုင်းတင်သွင်းမှု တန်ချိန် ၇၃,၀၀၀ သည် ယခင်နှစ် အလားတူ ကာလကထက် ၃၂ ရာခိုင်နှုန်း ကျဆင်းနေဆဲဖြစ်သည်။
တရုတ်သတ္တုအရည်ကြိုလုပ်ငန်းများ ရရှိသည့် ပမာဏနည်းသွားပြီး လွန်ခဲ့သောလက နိုင်ငံအစိတ်အပိုင်း အများအပြားတွင် စွမ်းရည်အသုံးပြုမှုသည် ၇၀ ရာခိုင်နှုန်းအောက်သာ ရှိကြောင်း ဒေသသတင်းအချက်အလက် ပေးပို့သည့် Shanghai Metal Market ၏ အဆိုအရ သိရသည်။
တရုတ်သတ္တုအရည်ကြိုလုပ်ငန်းများ ရရှိသည့် ပမာဏနည်းသွားပြီး လွန်ခဲ့သောလက နိုင်ငံအစိတ်အပိုင်း အများအပြားတွင် စွမ်းရည်အသုံးပြုမှုသည် ၇၀ ရာခိုင်နှုန်းအောက်သာ ရှိကြောင်း ဒေသသတင်းအချက်အလက် ပေးပို့သည့် Shanghai Metal Market ၏ အဆိုအရ သိရသည်။
လုပ်ငန်းအများအပြားသည် စုဆောင်းထားသည့် သတ္တုရိုင်း ရက်ပေါင်း ၃၀ စာ အောက်တွင်သာ ရှိကြပြီး ကုန်ကြမ်းရရှိမှု တိုးတက်လာမည်ဆိုသည့် မျှော်လင့်ချက်ဖြင့် ပြုပြင်ထိန်းသိမ်းရေးအတွက် အချိန်ယူလာကြသည်။
ကမ္ဘာ့အကြီးမားဆုံး သံဖြူသန့်စင်လုပ်ငန်း Yunnan Tin က ၎င်း၏ Gejiu အရည်ကြိုလုပ်ငန်း၏ စွမ်းရည်ကို နှစ်စဉ်ပြုပြင်ထိန်းသိမ်းရေး ၄၅ ရက် သတ်မှတ်ထားသည်။
သို့သော် မိုင်းမောမှ ဆုံးရှုံးမှုသည် ကုန်စည်ဖြန့်ချိရေးကွင်းဆက်၏ သန့်စင်ပြီး သတ္တုကဏ္ဍတွင် သိသာသော ကျပ်တည်းမှု မဖြစ်စေသေးပေ။ ကမ္ဘာ့သံဖြူလက်ကျန်သည် လွန်ခဲ့သော သုံးလအတွင်း တန်ချိန် ၁၁,၀၀၀ အထက်တွင် တည်ငြိမ်နေပြီး ၂၀၂၁ ခုနှစ်က သံဖြူလက်ကျန် တန် ၁,၀၀၀ အထိ လျော့ကျသည့် အမှန်တကယ် ရှားပါမှုအထက် များစွာ ပိုမိုရှိနေသည်။
အင်ဒိုနီးရှားနိုင်ငံမှ တင်ပို့မှုသည် လွန်ခဲ့သောနှစ်က ခွင့်ပြုချက် အတားအဆီးဖြစ်မှုမှ ပြန်လည် နာလန်ထလာသည်။ ဇူလိုင်လအထိ ပြည်ပသို့ တင်ပို့မှုသည် တန်ချိန် ၃၀,၀၀၀ ရှိပြီး ၂၀၂၄ ခုနှစ် အလားတူကာလကထက် ၆၄ ရာခိုင်နှုန်း မြင့်မားသည်။
လျှပ်စီးပတ်လမ်း ဘုတ်ပြားများကို ချိတ်ဆက်ရာတွင် သံဖြူကို အသုံးပြုသည့် အီလက်ထရွန်းနစ်ကဏ္ဍမှ ဝယ်လိုအားသည် အမေရိကန် ပြည်ထောင်စုနှင့် တရုတ်အကြား ကုန်သွယ်ရေး တင်းမာမှုမြင့်မားခြင်းကြောင့် ထိခိုက်နေသည်။

အကြီးအကျယ် ဝယ်လက်များပြန်လာ
သံဖြူဝယ်ယူသည့်လုပ်ငန်းများကို မတားဆီးနိုင်ပေ။ ရန်ပုံငွေလုပ်ငန်းများသည် တန်ချိန် ၂၂,၅၇၅ တန်ရှိ LME စာချုပ် ၄,၅၁၅ ခုတွင် ဈေးနှုန်း ပိုမိုမြင့်မားမည်ဟု လောင်းကြေးမြှင့်တင်ကြပြီး ဈေးမြင့်ချိန်တွင် ပြန်လည် ရောင်းချကာ ဈေးနိမ့်ချိန်တွင် ပြန်လည် ဝယ်ယူမည့်အရေအတွက်သည် ၆၁၀ အထိ လျော့ကျလာသည်။
ကွန်ဂိုမှ ဘိုင်စီသံဖြူမိုင်းကို M23 သူပုန်ဖွဲ့က ခေတ္တသိမ်းပိုက်လိုက်သည့် သတင်းကြောင့် သံဖြူတတန်လျှင် သုံးနှစ်အတွင်း အမြင့်ဆုံး ဒေါ်လာ ၃,၈၉၅ တန်အထိ ဈေးနှုန်းများ မြင့်တက်သည့် မတ်လက နောက်ပိုင်းတွင် ဈေးမြင့်ချိန်တွင် ထုတ်ရောင်းပြီး ဈေးနိမ့်ချိန်တွင် ပြန်ဝယ်သည့် အနေအထားသို့ ရောက်နေသည်။
ကွန်ဂိုမှ ဘိုင်စီသံဖြူမိုင်းကို M23 သူပုန်ဖွဲ့က ခေတ္တသိမ်းပိုက်လိုက်သည့် သတင်းကြောင့် သံဖြူတတန်လျှင် သုံးနှစ်အတွင်း အမြင့်ဆုံး ဒေါ်လာ ၃,၈၉၅ တန်အထိ ဈေးနှုန်းများ မြင့်တက်သည့် မတ်လက နောက်ပိုင်းတွင် ဈေးမြင့်ချိန်တွင် ထုတ်ရောင်းပြီး ဈေးနိမ့်ချိန်တွင် ပြန်ဝယ်သည့် အနေအထားသို့ ရောက်နေသည်။
ကွန်ဂိုနှင့် ရဝမ်ဒါအကြား အမေရိကန် ကြားဝင်စေ့စပ်သည့် ငြိမ်းချမ်းရေးစာချုပ် အစိတ်အပိုင်းအဖြစ် M23 သည် ဆုတ်ခွာပြီး ဘိုင်စီသည် ပုံမှန်လုပ်ငန်းလည်ပတ်မှု အမြန်လုပ်နိုင်သည်။
သို့သော် မိုင်းမောမှ ထုတ်လုပ်မှု ပျက်ကွက်ခြင်းသည် ဆက်လက် သိသာနေသည်။ မပိတ်ပင်ခင် ထုတ်လုပ်မှုအဆင့်များသို့ မကြာမီ ပြန်ရောက်မည် မဟုတ်ကြောင်း ရန်ပုံငွေအဖွဲ့များက လောင်းကြေးထပ်နေသည်။

ဝပြည်နယ်မှ သတင်းစီးဆင်းမှု လုံးဝ မရှိသလောက်နီးပါးဖြစ်သောကြောင့် ထိုကိစ္စသည် မှန်ကန်သော ယူဆချက် ဟုတ်၊ မဟုတ်ကို မသိရပေ။
တရုတ်နယ်စပ်မှဖြတ်ကျော်ပြီး ကုန်ကြမ်းစီးဆင်းမှုသည် သမိုင်းစံနှုန်းများသို့ နီးကပ်လာသည့် လက္ခဏာများ ပြသလာသောအခါ နှင့် ပြသလာလျှင် ထိုအဖြေကို ရှင်းလင်းစွာ သိရမည်ဖြစ်သည်။
(Reuters ပါ Andy Home ၏ Tin market still beholden to the fortunes of Myanmar mine ကို ဘာသာပြန်သည်။)
You may also like these stories:
အောက်သံလွင်ခြမ်းကို UWSA ထိန်းချုပ်လာတဲ့အခါ
UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ
တရုတ်၏ အကျပ်ကိုင်မှုနှင့် UWSA ၏ မလွှဲမရှောင်သာ ဆုံးဖြတ်ချက် နောက်ကွယ်
တရုတ်အကျိုးစီးပွား ဘောင်ကျဉ်းမှုနှင့် မြန်မာပြည်မြောက်ပိုင်း လုံခြုံရေး အခင်းအကျင်း
ဝ အကြောင်းကို ကောင်းစွာနားလည်စေမည့် စာအုပ်














