လူဝင်မှုကြီးကြပ်ရေးမူဝါဒများနှင့် ပတ်သက်သည့် ဆွေးနွေးငြင်းခုန်မှုများ တကမ္ဘာလုံးတွင် ပြင်းထန်နေသော်လည်း မက္ကာအိုမှ မြန်မာလူမှုအသိုက်အဝန်းသည် ငြိမ်းချမ်းစွာ ပေါင်းစည်းပြီး အာရှနှင့် တကမ္ဘာလုံးတွင် ယဉ်ကျေးမှုအကျိုးဆောင်မှု ပြုလုပ်သည့် အကောင်းဆုံးဥပမာများအနက် တခုဖြစ်သည်။
ထိုလူမှုအသိုက်အဝန်း၏ အခြေအမြစ်သည် မြန်မာတွင် ၁၉၆၂ ခုနှစ်က စစ်အာဏာသိမ်းမှုမှ စတင်သည်။ ထိုစစ်အာဏာသိမ်းမှုအပြီးတွင် တရုတ်နွယ်ဖွား မိသားစု အများအပြားသည် မြန်မာတွင် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများ ရင်ဆိုင်ရသောကြောင့် မက္ကာအိုသို့ စတင်ရွှေ့ပြောင်းကြသည်။
ယခုအခါ ထိုမြို့တွင် အကြီးမားဆုံး အရှေ့တောင်အာရှမှ ရွှေ့ပြောင်းအခြေချအုပ်စုများအနက် တခုဖြစ်သော မြန်မာများသည် ၎င်းတို့၏ အစဉ်အလာများကို မက္ကာအိုလူ့အဖွဲ့အစည်း တွင် ထူထောင်ကြပြီး အထူးသဖြင့် မှတ်သားစရာကောင်းသည်မှာ ၎င်းတို့၏ အစားအစာ အစဉ်အလာဖြစ်သည်။
“ကျနော့် အသက် ၁၂ နှစ်လောက်မှာ အဖေနဲ့ သူ့မိသားစုက မြန်မာမှာ တရုတ်တွေကို ခွဲခြားဆက်ဆံလို့ မက္ကာအိုကို ပြောင်းလာတယ်” ဟု အစ်ဟောင်ဝေက ပြောသည်။ သူသည် သူ့ဖခင် အစ်ဝန်ဝါနှင့်အတူ Nga Heong မြန်မာစားသောက်ဆိုင်ကို စီမံသူဖြစ်သည်။
“သူတို့က ပထမတုန်းက ဟောင်ကောင်ကို သွားချင်ကြပေမဲ့ သူတို့ရဲ့ မြန်မာမှတ်ပုံတင်ကြောင့် ကန့်သတ်ချက်တွေ ရင်ဆိုင်ရတယ်။ ဒါကြောင့် Rotunda de Carlos da Maia ရပ်ကွက်မှာ ကြီးမားတဲ့ မြန်မာအသိုက်အဝန်းရှိလို့ မက္ကာအိုကို ရွေးချယ်လိုက်ကြတယ်”
“သူတို့က ပထမတုန်းက ဟောင်ကောင်ကို သွားချင်ကြပေမဲ့ သူတို့ရဲ့ မြန်မာမှတ်ပုံတင်ကြောင့် ကန့်သတ်ချက်တွေ ရင်ဆိုင်ရတယ်။ ဒါကြောင့် Rotunda de Carlos da Maia ရပ်ကွက်မှာ ကြီးမားတဲ့ မြန်မာအသိုက်အဝန်းရှိလို့ မက္ကာအိုကို ရွေးချယ်လိုက်ကြတယ်” ဟု ၎င်းကပြောသည်။
ထိုသို့ ရောက်လာပြီးနောက် အစ် မိသားစုသည် ဒေသခံစက်ရုံများတွင် အလုပ်အကိုင်ရရှိပြီး ၎င်းတို့၏ အစားအစာ ရင်းမြစ်များဘက်သို့ လှည့်ကြသည်။

“ကျနော့်အဖိုးက ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခေါက်ဆွဲဆိုင်ပေါ့။ သူက ကနဦးမှာ ခေါက်ဆွဲနဲ့ ဆန်ပြုတ် အပါအဝင် အစားအစာအမျိုးမျိုး ရောင်းဖို့ကြိုးစားပေမဲ့ လူကြိုက်မများလှဘူး။ Rotunda de Carlos da Maia မှာ မြန်မာ အများအပြားရှိတာကို သူသဘောပေါက်လို့ ဒေသခံလူမှုအသိုက်အဝန်းတွေကို ရောင်းချဖို့ အစားအစာကို သူ စလုပ်တယ်” ဟု အစ်ဟောင်ဝေက ရှင်းပြသည်
အစ်ဟောင်ဝေ၏ အဆိုအရ မက္ကာအိုမှ မြန်မာအစားအစာများသည် မတူညီသောနိုင်ငံများ၏ သြဇာကို ပေါင်းစပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ လူကြိုက်များသော အစားအစာအချို့တွင် အိန္ဒိယနံပြားနှင့်တူသော မြန်မာနံပြား၊ ထိုင်းအစားအစာနှင့်တူသော ချဉ်စပ်သုပ်များ ပါဝင်သည်။ လူကြိုက် အများဆုံး အစားအစာမျာအနက်တခုမှာ အုန်းနို့ခေါက်ဆွဲဖြစ်ပြီး မွှေးပျံ့သော အုန်းနို့နှင့် ကြက်သားပါဝင်ကာ တရုတ်မူရင်းခေါက်ဆွဲစွပ်ပြုတ် ပုံစံမျိုးဖြစ်သည်။
“အသုံးပြုတဲ့ ခေါက်ဆွဲတွေက တရုတ်တွေစားတဲ့ ခေါက်ဆွဲနဲ့ အထူးသဖြင့် ဖူကျို ခေါက်ဆွဲကြော်နဲ့ အလားတူတယ်။ အပေါ်ကနေ ထည့်သွင်းပေးတဲ့ အီကြာကွေးကလည်း တရုတ်မူလဗီဇပဲ။ နောက်ပြီးတော့ ခေါက်ဆွဲအကြွပ်ကြော်ကို အပေါ်ကထည့်ပြီး ဟင်းရည်ထဲမှာ စိမ်စားကြတယ်” ဟု ၎င်းကပြောသည်။
အခြားလူကြိုက်များသည့် အစားအစာတခုမှာ မုန့်ဟင်းခါးဖြစ်ပြီး မြန်မာ၏မူပိုင်အဖြစ် မသတ်မှတ်သေးသည့် အမျိုးသားအစားအစာဖြစ်သော မုန့်ဖတ်နှင့် မုန့်ဟင်းရည်ဖြစ်သည်။ ထိုအစားစာသည် တရုတ်ရိုးရာ ငါးစွပ်ပြုတ်ခေါက်ဆွဲနှင့် ကွဲပြားစေရန် နနွင်းမှုန့်ကို အသုံးပြုပြီး ဂျင်း၊ စပါးလင်နှင့် ငှက်ပျောအူတို့သည် ထူးခြားသောအရသာကို ရစေသည်။
“နနွင်းမှုန့်က အုန်းနို့ ခေါက်ဆွဲလို အစားအစာတွေကို အဝါရောင်ဖြစ်အောင် လုပ်ပေတယ်” ဟု အစ်ဟောင်ဝေက ပြောသည်။
“ဟင်းခတ်အမွှေးအကြိုင်ကို မကြာခဏအသုံးပြုလို့ အိန္ဒိယ သြဇာသက်ရောက်မှု ပါဝင်တယ်။ ဒါပေမဲ့ ကျနော်တို့မှာ စံလို့ သတ်မှတ်ထားတဲ့ အိန္ဒိယ အစားအသောက်တွေက မဆလာ မပါဘူး။ စားဖိုမှူးတိုင်းက သူတို့ကြိုက်တဲ့ ဟင်းခတ်အမွှေးအကြိုင်ရှိတယ်။ အထူးသဖြင့် လမ်းဘေးအစားအသောက်တွေမှာပေါ့”
“ဟင်းခတ်အမွှေးအကြိုင်ကို မကြာခဏအသုံးပြုလို့ အိန္ဒိယ သြဇာသက်ရောက်မှု ပါဝင်တယ်။ ဒါပေမဲ့ ကျနော်တို့မှာ စံလို့သတ်မှတ်ထားတဲ့ အိန္ဒိယ အစားအသောက်တွေက မဆလာ မပါဘူး။ စားဖိုမှူးတိုင်းက သူတို့ကြိုက်တဲ့ ဟင်းခတ်အမွှေးအကြိုင်ရှိတယ်။ အထူးသဖြင့် လမ်းဘေးအစားအသောက်တွေမှာပေါ့။” ဟု ၎င်းက ပြောသည်။
Nga Heong က ရောင်းချသည့် အစားအသောက်စာရင်းသည် ရိုးရာအစားအစာနှင့် ခေတ်နှင့်အညီ ပြောင်းလဲထားသည့် အစားအစာများ ပါဝင်ပြီး အုန်းနို့ခေါက်ဆွဲနှင့် မုန့်ဟင်းခါးလည်း ပါဝင်သည်။

“အဲဒီချက်နည်းပြုတ်နည်းတွေဟာ ရိုးရာအစဉ်အလာလို့ သတ်မှတ်ကြပေမဲ့ မြန်မာနိုင်ငံမှာ လူမျိုးကွဲပြားစုံလင်မှုကြောင့် အတိအကျပြောဖို့ ခက်ခဲတယ်။ မြန်မာအစားအစာဟာ ကန်တုန်အရသာအတွက် ပြင်းထန်လို့ ကျနော့် စားသောက်ဆိုင်က အငံနဲ့အစပ်ကို ဒေသခံတွေ အရသာအကြိုက်နဲ့ ချိန်ညှိတယ်။ မြန်မာရဲ့ ပူအိုက်တဲ့ရာသီဥတုက အရသာပြင်းပြင်း ကြိုက်ပေမဲ့ အဲဒါကို မက္ကာအိုမှာ လျှော့ထားရတယ်” ဟု အစ်ဟောင်ဝေက ပြောသည်။
မြန်မာရွှေ့ပြောင်းအခြေချ အသိုက်အဝန်းနှင့် ၎င်းတို့၏ အစားအစာများသည် ရိုးရာအစဉ်အလာနှင့် ခေတ်မီခြင်းအကြား ချိန်ခွင်လျှာညီနေသည့် အာရှမြို့ကြီးများသို့ ပျံ့နှံ့နေသည်။
ရန်ကုန်တွင် မွေးဖွားသည့် နယ်လ်ဆင်ထူးသည် စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ယူရန် ၂၀၁၈ ခုနှစ်တွင် ဟောင်ကောင်သို့ ပြောင်းရွှေ့လာသော်လည်း သူ၏ ပထမဆုံး စားသောက်ဆိုင် Club Rangoon ကို ဖွင့်လှစ်ဖြစ်သည်။ ထိုအချိန်မှစတင်ပြီး Club Rangoon သည် ရှင်သန်နိုးကြားသော မြန်မာလူမှု အသိုက်အဝန်းရှိရာ စင်ကာပူသို့ ရွှေ့ပြောင်းပြီး သူသည် ဟောင်ကောင်တွင် Venner ဟုခေါ်သည့် နော့ဒစ် စီမံကိန်းတခုကိုလည်း လုပ်ကိုင်နေသည်။
“မြန်မာအစားအစာက အရမ်းကို လက္ခဏာစုံလို့ အနှစ်ချုပ်ပြောဖို့ခက်တယ်။ ယေဘုယျပြောရရင် မြန်မာအစားအစာက ထိုင်း၊ အိန္ဒိယနဲ့ တရုတ်လို အိမ်နီးချင်းတွေရဲ့ သြဇာရှိတယ်။ အစပ်၊ အပြင်း၊ အချိုကနေ အခါးအထိ အရသာစုံတာ မြန်မာအစားအစာပဲ။ မြန်မာဟာ ကြီးမားတဲ့နိုင်ငံဖြစ်ပြီး အစိတ်အပိုင်းအားလုံးမှာ ထူးခြားတဲ့ အစားအစာနဲ့ အရသာရှိတယ်”
“မြန်မာအစားအစာက အရမ်းကို လက္ခဏာစုံလို့ အနှစ်ချုပ်ပြောဖို့ခက်တယ်။ ယေဘုယျပြောရရင် မြန်မာအစားအစာက ထိုင်း၊ အိန္ဒိယနဲ့ တရုတ်လို အိမ်နီးချင်းတွေရဲ့ သြဇာသက်ရောက်ခံရတယ်။ အစပ်၊ အပြင်း၊ အချိုကနေ အခါးအထိ အရသာစုံတာ မြန်မာအစားအစာပဲ။ မြန်မာဟာ ကြီးမားတဲ့နိုင်ငံဖြစ်ပြီး အစိတ်အပိုင်းအားလုံးမှာ ထူးခြားတဲ့ အစားအစာနဲ့ အရသာရှိတယ်” ဟု နယ်လ်ဆင်ထူးက ပြောသည်။
အစ်ဟောင်ဝေကဲ့သို့ပင် နယ်လ်ဆင်ထူးသည်လည်း သူ့စားသောက်ဆိုင်များ အခြေစိုက်သည့် မြို့ကြီးများနှင့် အစားအစာကို ကိုက်ညီအောင် ပြောင်းလဲပြီး ထူးခြားသော မြန်မာ့ရိုးရာအရသာကို ထိန်းသိမ်းရန် ကြိုးစားရသည်။
“စင်ကာပူမှာ လူတွေက အစပ်ကြိုက်ပေမဲ့ ဟောင်ကောင်မှာတော့ စားသုံးသူတွေက အရသာပျော့ပျော့နဲ့ စားနေကျပစ္စည်းတွေကို ပိုကြိုက်ကြတယ်။ ဒါက ချိန်ညှိရတာပဲ။ ရိုးရာအစဉ်အလာကို လေးစားပြီး အစားအစာကို လူတိုင်းလက်ခံနိုင်အောင် လုပ်ရတယ်” ဟု နယ်လ်ဆင်ထူးက ရှင်းပြသည်။

နယ်လ်ဆင်ထူးက သူ့စားသောက်ဆိုင်များကို ယဉ်ကျေးမှုသံတမန်များအဖြစ် မြင်သည်။ “တစုံတယောက် မုန့်ဟင်းခါး ဒါမှမဟုတ် လက်ဖက်သုပ်ကို ပထမဆုံးအကြိမ် စားကြည့်တဲ့အခါတိုင်း ကျနော်တို့အကြောင်းကို မျှဝေဖို့ အခွင့်အလမ်းတခုပဲ။ အစားအစာဟာ အတားအဆီးတွေကို ချိုးဖျက်ပြီး စူးစမ်းလိုမှု ဖြစ်စေတယ်။ ခေါက်ဆွဲတပွဲအတွက် နောက်ခံအမျိုးမျိုးက စားသုံးသူတွေ ရောက်လာတာ တွေ့ရတယ်” ဟု ၎င်းကပြောသည်။
သူသည် မည်သည့်နေရာသို့သွားသည်ဖြစ်စေ မြန်မာ့ဂုဏ်ကို ယူဆောင်ပြီး အာရှတဝန်းမှ မြန်မာရွှေ့ပြောင်းအခြေချ လူမှုအသိုက်အဝန်းများတွင် တွေ့ရသည့် မိသာစုပုံစံ ဧည့်ဝတ်ကျေမှုစိတ်ဓာတ်ကို သယ်ဆောင်ရန် ရည်ရွယ်သည်။
“ကျနော်တို့ ဘယ်မှာရောက်နေနေ မြန်မာတွေဆုံတဲ့အခါ မိသားစုစိတ်ဓာတ် ချက်ချင်းဖြစ်လာတယ်။ ပြည်ပက မိသားစုကို တွေ့ရသလိုပဲ။ မြန်မာပြည်သူတွေ တယောက်နဲ့တယောက် ဆွေမျိုးတွေကို ဆက်ဆံကြတယ်။ ကူညီဖို့ အားပေးစကားပြောဖို့ အသင့်ပဲ” ဟု နယ်လ်ဆင်ထူးက ပြောသည်။
(South China Morning Post ပါ Ben Young ၏ How Myanmar migrants brought their diverse flavours to Macau ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာ့ဟင်းလျာကို သဘာဝဆန်စေတဲ့ အောန် စားသောက်ဆိုင်
မြန်မာ့စားသောက်ဆိုင်လုပ်ငန်းကိုရှေ့တန်းရောက်စေချင်သည့် သူ
တော်လှန်ရေး ရန်ပုံငွေအတွက် “သူပုန် လက်ဖက်ခြောက်”
ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၏သား ရန်ဖြစ်သည့် စားသောက်ဆိုင်မှ ပိုင်ရှင်နှင့် ဝန်ထမ်းများ အဖမ်းခံရ
မရှိ ဆင်းရဲသားတွေအတွက် အခမဲ့ စားသောက်ဆိုင် ၂ ဆိုင် ဖွင့်လှစ်ထားတဲ့ Jon Bon Jovi
အာရှတိုက်ရဲ့ အကောင်းဆုံး စားသောက်ဆိုင်များ














