Jon Bon Jovi ဟာ တချိန်တခါက ရော့ခ်ဂီတကို သိမ်းပိုက်နိုင်ခဲ့တဲ့ အဆိုတော်တယောက်အဖြစ် ဂီတလောကမှာ ကျော်ကြားသူ ဖြစ်ပါတယ်။
“Ally McBeal” လို့ အမည်ရတဲ့ ရုပ်သံရှိုးတွေ ပြုလုပ်ပြီး ရုပ်ရှင်လောကမှာလည်း နေရာတခု ရခဲ့သူပါ။ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး အမျိုးသားအဖြစ် အကြိမ်ကြိမ်လည်း အရွေးခံရဖူးတဲ့အပြင် ပရိသတ်တွေလည်း အရမ်းချစ်ကြတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
“Soul Kitchen” လို့ အမည်ရတဲ့ ပရဟိတအဖွဲ့တဖွဲ့ရဲ့ စီမံခန့်ခွဲမှုတွေနဲ့ Bon Jovi ဦးဆောင်တဲ့ JBJ လို့ခေါ်တဲ့ ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး မရှိ ဆင်းရဲသားတွေအတွက် စားသောက်ဆိုင်တွေ ဖွင့်ပြီး လှူဒါန်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
အိမ်ရာမဲ့တွေအတွက် အဓိကထားတဲ့ အဲဒီစားသောက်ဆိုင်ဟာ ငွေကြေး တတ်နိုင်သူတွေရော၊ အိမ်ရာမဲ့တွေပါ လာရောက် စားသောက်လို့ ရပြီး ပိုက်ဆံရှိသူတွေအနေနဲ့ စေတနာရှိသလောက် လှူဒါန်းထားတဲ့ ငွေတွေကို အခြေပြုပြီး ဆက်လက် ရပ်တည်နေတာ ဖြစ်ပါတယ်။
အခုဆိုရင် Bon Jovi ဟာ စားသောက်ဆိုင် ၂ ဆိုင်ကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပြီး ပထမ စားသောက်ဆိုင်ကို ၂၀၁၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး ဖွင့်လှစ်တဲ့ စားသောက်ဆိုင်ဟာ Bon Jovi မွေးဖွား ကြီးပြင်းခဲ့တဲ့ နယူးဂျာစီပြည်နယ်ထဲမှာ ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ဒုတိယဆိုင်ကို Toms River မြို့နယ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
“ကျနော့်ဆိုင်ရဲ့ ရည်ရွယ်ချက်က ဆာလောင်နေသူနဲ့ အိမ်ရာမဲ့တွေအားလုံး ဘယ်လိုလူဖြစ်ဖြစ် ပိုက်ဆံ မရှိရင် အလကား လာစားလို့ရတယ်။ မီနူးထဲမှာ ဈေးနှုန်း ရေးထားတာမျိုး မရှိဘူး။ ထိုင်စားလိုက်ရုံပဲ။ ပိုက်ဆံမရှိလို့ ဘာမှ မဖြစ်ဘူး။ နောက်နေ့တွေအတွက် ချက်ပြုတ်ဖို့ စိုက်ပျိုးထားတဲ့ခြံ ရှိတယ်။ အဲဒီမှာ နည်းနည်းဝင်ကူသွားရုံပဲ”လို့ Bon Jovi က ပြောပါတယ်။
ဝင်ရောက် စားသောက်မယ့်သူတွေအနေနဲ့ ကြိုက်တဲ့နေရာ ဝင်ထိုင်စားသွားလို့ ရပြီး စားပြီးသား ပန်းကန်တွေကို ဆေးကူတာမျိုး စတဲ့ အလုပ်တွေကို လုပ်ကူလို့ ရတယ်လို့ သိရပါတယ်။
မီနူးထဲမှာ အမေရိကန်ရိုးရာ စားစရာတွေ ပါဝင်ပြီး မီနူးဟာ ၁၀ ရက်ကို တခါ အပြောင်းအလဲ ရှိပါတယ်။ အဓိက ဝန်ဆောင်မှုပေးတာကတော့ အနီရောင် အသားတွေနဲ့ ငါးတွေ ဖြစ်ပြီး သက်သတ်လွတ်သမားတွေ အတွက်လည်း စီစဉ်ထားပေးတဲ့ အပြင် အချိုပွဲလည်း ကျွေးပါသေးတယ်။
စားသောက်ဆိုင်လုပ်ငန်း ပုံမှန် လည်ပတ်ဖို့အတွက်တော့ စေတနာရှိသူတွေရဲ့ အလှူငွေတွေနဲ့ လည်ပတ်ပြီး ကိုယ်ပိုင် စိုက်ပျိုး မွေမြူရေးခြံတွေ ရှိတယ်လို့ သိရပါတယ်။
Ref. Brightside
You may also like these stories:
အလှူအတန်းတွေ ပြုလုပ်ရာမှာ လျှို့ဝှက်သိုသိပ်စွာ လှူဒါန်းကြတဲ့ ကမ္ဘာကျော်များ
အိမ်ရာမဲ့တွေအတွက် ရွေ့လျား စားသောက်ဆိုင် ဖွင့်လှစ်ခဲ့တဲ့ Jaden Smith
Domino’s က မောင်းသူမဲ့ကားတွေနဲ့ ပီဇာ လိုက်ပို့ပေးမည်
တရုတ်ခရီးသွားတွေ ပိုမိုလာရောက်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတဲ့ အီသီယိုးပီးယားနိုင်ငံ