• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Automobile

Domino’s က မောင်းသူမဲ့ကားတွေနဲ့ ပီဇာ လိုက်ပို့ပေးမည်

by Nigma
18 June 2019
in Automobile
A A
Domino's မောင်းသူမဲ့ကား

Domino's မောင်းသူမဲ့ကား

3.6k
VIEWS
Share on FacebookShare on Twitter

အမေရိကန်အခြေစိုက် ပီဇာစားသောက်ဆိုင် လုပ်ငန်းကြီးတခုဖြစ်တဲ့ Domino’s က မောင်းသူမဲ့ ကားတွေနဲ့ ပီဇာ ပို့ဆောင်ပေးတော့မှာ ဖြစ်ပါတယ်။ ကနဦးစမ်းသပ်မှုကို တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့မှာ ယခုနှစ်နှောင်းပိုင်းအတွင်း စတင်ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဇွန်လ ၁၇ ရက်နေ့က ကြေညာလိုက်ပါတယ်။ ဟူစတန်မြို့တွင်း အွန်လိုင်းက မှာယူပါက မောင်းသူမဲ့ကားကုမ္ပဏီတခုဖြစ်တဲ့ Nuro ရဲ့ အထူးထုတ်စက်ရုပ်ကားတွေကို အသုံးပြုပြီး ပီဇာလာပို့ပေးမှာပါ။

Nuro ကုမ္ပဏီကို Google မောင်းသူမဲ့ကား ပရောဂျက်ကို ဦးဆောင်ခဲ့တဲ့ အင်ဂျင်နီယာ နှစ်ယောက်က တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ Nuro ဟာ အရီဇိုးနားပြည်နယ်၊ စကော့စ်ဒေးလ်မြို့ခံတွေကိုလည်း R1 စက်ရုပ်ကားတွေနဲ့ စားသောက်ကုန်ပို့ဆောင်မှုတွေ လုပ်ပေးလျက်ရှိပါတယ်။ အကယ်လို့ ဟူစတန်မြို့မှာ Domino’s ရဲ့ ရှေ့ပြေးစမ်းသပ်မှု အောင်မြင်ခဲ့မယ်ဆိုရင် Nuro အနေနဲ့ တခြားဈေးကွက်တွေအထိ ချဲ့ထွင် လုပ်ဆောင်သွားဖို့ ရှိပါတယ်။

Nuro ဟာ ဂျပန်နည်းပညာ ကုမ္ပဏီတခုဖြစ်တဲ့ SoftBank ကနေ ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှုပ်နှံငွေ ရရှိပြီးနောက်မှာ လုပ်ငန်းတွေကို ပိုမို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိပါတယ်။ ၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Nuro ဟာ အများနည်းတူ ခရီးသည်ပို့ဆောင်မှုမျိုး မလုပ်ဘဲ အစားအသောက် ပို့ဆောင်မှုကိုပဲ အာရုံစိုက် လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက အများသုံး လမ်းမတွေမှာ အပြည့်အဝ မောင်းသူမဲ့ကားတွေကို စမ်းသပ်ခွင့်ရထားတဲ့ ကုမ္ပဏီ အနည်းအကျဉ်းပဲရှိပြီး၊ ဒီထဲမှာ Nuro လည်း ပါဝင်ပါတယ်။ Nuro ရဲ့ R1 ကားတွေဟာ ဆလွန်းကားလေးတစီးရဲ့ တဝက်လောက်သာ အကျယ်ရှိပြီး၊ အရှည်က ကားအများစုထက် ပိုတိုပါတယ်။ အထဲမှာ ဒရိုင်ဘာနဲ့ လူလိုက်ပါဖို့ နေရာ လုံးဝ မရှိပါဘူး။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
229
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
134

လောလောဆယ် R1 ကား ၆ စီးကို ထုတ်လုပ်ထားပြီး ဖြစ်ကာ၊ SoftBank က ရတဲ့ ငွေနဲ့ အစီးရေ တိုးချဲ့ထုတ်လုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။ လက်ရှိ စမ်းသပ်နေတဲ့ ကားတွေကိုလည်း အစီးရေ ၅၀ အထိ တိုးသွားမှာပါ။ ဒီကားတွေမှာတော့ စတီယာရင်နောက်မှာ အရန် လူသား ယာဉ်မောင်းလိုက်ပါပြီး၊ ကယ်လီဖိုးနီးယား၊ အရီဇိုးနား၊ တက္ကဆက် ပြည်နယ်အတွင်းက အများသုံးလမ်းမကြီးတွေမှာ စမ်းသပ်သွားဖို့ ရှိပါတယ်။

R1 ကားတွေဟာ လူသားယာဉ်မောင်းအတွက် နေရာတောင် မရှိပေမယ့် ဒီကားတွေကို Nuro က ဒီတိုင်းလွှတ်ထားတာတော့ မဟုတ်ပါဘူး။ ယာဉ်မောင်းပါတဲ့ ကားတွေနဲ့ နောက်ကနေ လိုက်လံစောင့်ကြည့်နေပြီး၊ ပစ္စည်းပို့ဆောင်မှုကိုလည်း အဝေးထိန်းနည်းပညာနဲ့ တစီးချင်းစီ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ Domino’s ဟာ Nuro အပြင် Ford နဲ့လည်း မောင်းသူမဲ့ကားသုံး ပီဇာပို့ဆောင်မှုကို ၂၀၁၇ မှာ စမ်းသပ်ခဲ့ပါသေးတယ်။

ပစ္စည်းပို့ဆောင်မှု၊ အထူးသဖြင့် အစားအသောက် ပို့ဆောင်မှုပိုင်းကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေတဲ့ နည်းပညာကုမ္ပဏီတွေဟာ စက်ရုပ်ကားအပြင် အခြားနည်းလမ်းတွေကိုလည်း ရှာဖွေနေကြပါတယ်။

Uber ကလည်း လာမယ့်နွေရာသီအတွင်း ဆန်ဒီရေဂိုမှာ ဒရုန်းတွေနဲ့ ဟမ်ဘာဂါတွေ ပို့ပေးဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် အလိုအလျောက်လုပ်ဆောင်နိုင်တဲ့နည်းပညာရဲ့ အကျိုးဆက်ကို ပစ္စည်းပို့ဆောင်ရေးဝန်ထမ်းတွေ အရင်ဆုံး ခံရနိုင်ဖွယ် ရှိပါတယ်။

Ref: The Verge

You may also like these stories:

ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber မိတ်ဆက်

မောင်းသူမဲ့ကား နည်းပညာအတွက် Uber မှာ ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံလိုက်တဲ့ Toyota

Kroger စူပါမားကတ်ရဲ့ မောင်းသူမဲ့ယာဉ်သုံး ပစ္စည်းပို့ဆောင်မှုကို စတင်စမ်းသပ်

မိုးပျံတက္ကစီ ဈေးကွက်အတွင်း ဝင်ရောက်လာပြီဖြစ်တဲ့ Rolls-Royce

Your Thoughts …
Tags: Domino'sပီဇာမောင်းသူမဲ့ကား
Nigma

Nigma

Contributor

Similar Picks:

မောင်းသူမဲ့ ကားတစီးကို ဖန်တီးနေတဲ့ Huawei 

မောင်းသူမဲ့ ကားတစီးကို Huawei ဖန်တီးနေ

by Nigma
13 June 2019
23.5k

Huawei နည်းပညာသုံး မောင်းသူမဲ့ကားကိုတော့ ၂၀၂၁ ခုနှစ်၊ ဒါမှမဟုတ် ၂၀၂၂ ခုနှစ်အတွင်းမှာ အစောဆုံး ထုတ်လုပ်ရောင်းချနိုင်ဖို့ ခန့်မှန်းထားပါတယ်။

Gyroscope နဲ့ Accelerometer ဆန်ဆာပါဝင်တဲ့ Device တိုင်းမှာ ယခုနည်းပညာကို အသုံးချနိုင်မှာဖြစ်ပါတယ်

မောင်းသူမဲ့ကားတွေကို ဖုန်းဂိမ်းပုံစံ ထိန်းချုပ်နိုင်မယ့် နည်းပညာအား Ford မူပိုင်ခွင့်တင်

by Nigma
8 October 2018
13.4k

မကြာသေးမီကတင် Ford ဟာ အလိုအလျောက်မောင်းနှင်းနိုင်တဲ့ ကားတစီးကို Touchscreen ပါတဲ့ Device တခုကနေ Driving Mode နှစ်မျိုးနဲ့ ထိန်းချုပ်နိုင်တဲ့ နည်းပညာတမျိုးကို U.S မှာ မူပိုင်ခွင့်ရရှိသွားခဲ့ပါတယ်။

တိုယိုတာမှ တီထွင်ထားတဲ့ မောင်းသူမဲ့ကား

တိုကျို အိုလံပစ် မီးရှူးတိုင် သယ်ဆောင်ပွဲတွင် တိုယိုတာ မောင်းသူမဲ့ ကားတစီး လိုက်ပါမည်

by Nigma
27 August 2019
8.2k

e-Palette ကားတွေဟာ Level 4 အဆင့်ရှိ မောင်းသူမဲ့ကားတွေ ဖြစ်တာကြောင့် သတ်မှတ်ဧရိယာအတွင်း ယာဉ်မောင်း မလိုဘဲ အလိုအလျောက်မောင်းနှင်နိုင်ပါတယ်။

၂၀၂၄ မှာ BMW နဲ့ Mercedes ကားတွေ အလိုအလျောက် မောင်းနှင်နိုင်ပါ

၂၀၂၄ မှာ Mercedes နဲ့ BMW ကားတွေကို အလိုအလျောက် မောင်းနှင်နိုင်မည်

by Nigma
5 July 2019
13k

Mercedes တို့ ထုတ်မှာက Level 4 ဆိုတော့ ယာဉ်မောင်းကတော့ စတီယာရင်နောက်မှာ ရှိနေရဦးမှာပါ။ အလိုအလျောက် ပါကင်ထိုးစနစ် အပါအဝင် ယာဉ်မောင်းအကူ စနစ်မျိုးစုံ ပါဝင်မှာ ဖြစ်ပါတယ်။

Uber မှ စမ်းသပ်နေတဲ့ မောင်းသူမဲ့ကား

လူတဦး သေဆုံးခဲ့တဲ့ ယာဉ်တိုက်မှုကြောင့် မောင်းသူမဲ့ကား စမ်းသပ်မှုကို Uber ဖျက်သိမ်း

by Nigma
26 May 2018
5.7k

“မောင်းသူမဲ့ ယာဉ်နည်းပညာကို ကျမတို့ အားထည့် လုပ်ဆောင်နေပါတယ်။ မကြာခင် အချိန်အတွင်း အများပြည်သူသုံး လမ်းမကြီးတွေပေါ် မှာ ပြန်စမ်းသပ်ခွင့်ရဖို့ မျှော်လင့်ထားပါတယ်”

“Walmart” မောင်းသူမဲ့ကား

ဈေးအသွားအပြန်ကို မောင်းသူမဲ့ ကားတွေနဲ့ အကြိုအပို့ လုပ်ပေးမယ့် “Walmart”

by Nigma
29 July 2018
10.5k

“Walmart နဲ့ Waymo” တို့ရဲ့ ယခုလက်တွဲမှု အစီအစဉ်ဟာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းရဲ့ အနာဂတ်ကို လှစ်ဟပြလိုက်တာ လို့လည်း ခေါ်ဆိုနိုင်ပါတယ်။

Next Post
AA ၏ တိုက်ခိုက်မှုကြောင့် နှောင့်နှေးခဲ့ရသော ကုလားတန်တံတား စီမံကိန်း ပြန်လည်စတင်မည် (ရုပ်/သံ)

AA ၏ တိုက်ခိုက်မှုကြောင့် နှောင့်နှေးခဲ့ရသော ကုလားတန်တံတား စီမံကိန်း ပြန်လည်စတင်မည် (ရုပ်/သံ)

အမျိုးသမီးအမတ် ရာခိုင်နှုန်းနည်းနေခြင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ အတည်ပြုနိုင်ရေး စိုးရိမ်စရာဖြစ်သည် / Reuters

အမျိုးသမီးများ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေပေါ်ထွက်လာတော့မလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved