• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၏သား ရန်ဖြစ်သည့် စားသောက်ဆိုင်မှ ပိုင်ရှင်နှင့် ဝန်ထမ်းများ အဖမ်းခံရ

by ဧရာဝတီ
9 June 2021
in သတင်း
A A
ဆိုင်ရှင်နှင့် ဝန်ထမ်းများပါ အဖမ်းခံထားရသည့် နေပြည်တော်မှ Excellent စားသောက်ဆိုင်  / ဧရာဝတီ

ဆိုင်ရှင်နှင့် ဝန်ထမ်းများပါ အဖမ်းခံထားရသည့် နေပြည်တော်မှ Excellent စားသောက်ဆိုင် / ဧရာဝတီ

137.4k
VIEWS
Share on FacebookShare on Twitter

ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၏ သားဖြစ်သူ စည်သူထွဋ်နှင့် ၎င်း၏ သူငယ်ချင်းများ ခိုက်ရန် ဖြစ်ပွား ခဲ့သည့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ဧရာဝတီလမ်းရှိ Excellent စားသောက်ဆိုင်မှ ပိုင်ရှင်ဖြစ်သူ ဦးမျိုးဝေလင်းနှင့် ဆိုင်ဝန်ထမ်း ၁၆ ဦး အဖမ်းခံထားရပြီး ယနေ့ အချိန်ထိ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးကြောင်း သိရသည်။

ဇွန်လ ၇ ရက်နေ့ ည ၉ နာရီခွဲတွင် အထက်ပါဆိုင်ရှိ Music Band ပိတ်သိမ်းသွားပြီးနောက် ဦးစည်သူထွဋ်သည် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးတို့နှင့် တဝိုင်းတည်းထိုင်၍ စားသောက်နေစဉ် ဘေးဝိုင်းရှိ လူငယ် ၃ ဦးပါသည့် ဝိုင်းက ဦးစည်သူ ထွဋ်တို့ ဝိုင်းမှ အမျိုးသမီးများကို စနောက်ခဲ့သည့်ကိစ္စမှ ပြဿနာ စတင်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ဝိုင်းရှိ အမျိုးသမီးများ စနောက်ခံရသည်ကို စိတ်ဆိုးပြီး ဦးစည်သူထွဋ်က အခြားဝိုင်းမှ အမျိုးသား ၃ ဦးကို ဖန်ခွက်၊ ပုလင်းတို့ဖြင့် ကောက်ပေါက်ရာ အမျိုးသား ၂ ဦးမှာ ဆိုင်ပြင်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကျန် ၁ ဦးမှာ ဆိုင်၏ Kitchen ထဲသို့ ဝင်ပြေးသဖြင့် လိုက်လံ ထိုးကြိတ်ခဲ့ကြောင်း ယင်းဖြစ်စဉ်ကို သိရှိသူတဦးက ပြောပြသည်။

“အဲဒီအချိန်မှာ ဝန်ထမ်းတွေကို ဖျန်ဖြေပေးတယ်။ မလုပ်ပါနဲ့ပေါ့။ ဝင်ဖျန်ဖြေတဲ့ ကလေးတွေကိုပါ မင်းတို့က ဘာလဲဆိုပြီး ဝန်ထမ်းတွေကို သူတို့ဘက်က စထိုးတယ်။ ဝန်ထမ်းတွေကလည်း ကိုယ့်လူအထိုးခံရတော့ အဲဒီအချိန်မှာ သူကဘယ်အ ဆင့်လဲ ဘာကောင်လဲဆိုတာ မသိကြတော့ သူတို့ကလည်း ပြန်လုပ်ကြတာပေါ့”ဟု ၎င်းက ပြောပြသည်။

ထိုအချိန်တွင် ဦးစည်သူထွဋ်တို့ထဲမှတဦးက ဖုန်းဆက်ခေါ်လိုက်သဖြင့် ရဲတပ်ရင်းမှ ရဲများနှင့် ရဲကားအစီး ၂၀ ခန့်ဖြင့် ဆိုင် သို့ ရောက်ရှိလာကြောင်း၊ ဦးစည်သူထွဋ်တို့ အစပိုင်း ဆိုင်ထိုင်နေစဉ်ကတည်းက အရပ်ဝတ်ဖြင့် ရဲတချို့ ဆိုင်ထဲတွင် ရှိနေ ပြီး ဖြစ်ကြောင်း သိရသည်။

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
57
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
17
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
45

ရဲများဖြင့် ဆိုင်ကို ဝိုင်းပြီးနောက် ဆိုင်ဝန်ထမ်းများ အားလုံးကို ငုတ်တုပ်ထိုင်ခဲ့ပြီး အပေါ်သို့ မော့ကြည့်ခွင့်ပင် မပေးကြောင်း၊ ထို့နောက် ဆိုင်ထဲရှိ စတိုခန်း အပါအဝင် အခန်းအားလုံးကို သေနတ်ဒင်များဖြင့် ရိုက်ဖွင့်ပြီး ဖျက်စီးခဲ့ကြောင်း၊ ဆိုင်ရှိ လူ အားလုံး၏ ဖုန်းများလည်း အသိမ်းခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့ညပိုင်းက ဆိုင်ရှိ လူအားလုံး အဖမ်းခံရပြီး ယောက်ျားလေးအားလုံးမှာ လက်ပြန်ကြိုးတုပ်၊ လက်ထိပ်ခတ်ခံခဲ့ရပြီး အချုပ်ကား ၂ စီးဖြင့် နေပြည်တော် အမှတ် ၁ ရဲစခန်းသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။

ခိုက်ရန် ဖြစ်ပွားသည့်အချိန်တွင် ဆိုင်မန်နေဂျာ၏ အမျိုးသမီးနှင့် ဆိုင်အဖျော်ဆရာ၏ အမျိုးသမီးတို့မှာ အပြင်လူ ဖြစ်သော် လည်း ဆိုင်ထဲတွင် ရှိနေသဖြင့် ၎င်းအမျိုးသမီး ၂ ဦးနှင့် ၎င်းတို့၏ လသားအရွယ် ကလေးငယ် ၂ ဦး ပါမကျန် ရဲစခန်းသို့ ပါ သွားခဲ့ကြောင်း သိရသည်။

“အဲဒီနေ့ ညကတော့ ဆိုင်မှာ ရှိတဲ့ ယောက်ျားလေးတွေကို လက်ပြန်ကြိုးတုတ်၊ လက်ထိပ်ခတ်ပြီး ခေါ်သွားတာ။ အဖမ်းခံ ရတာက တဆိုင်လုံးပဲ။ အခု အချုပ်ထဲမှာ ကျန်ခဲ့တာက ၁၆ ယောက်ရှိတယ်။ ပြန်လွတ်လာတာက အားလုံးပေါင်း ၃၂ ယောက် ရှိတယ်”ဟု ယင်းဆိုင်နှင့် နီးစပ်သူတဦးက ပြောသည်။

အမှတ် ၁ ရဲစခန်းသို့ ရောက်ရှိသည့်အခါ ရဲစခန်းအပြင်ဘက်တွင် ထိုင်ခိုင်းပြီး စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ပြီးနောက် မနက် ၃ နာရီ ထိုးခါးနီးတွင် ဆိုင်ဝန်ထမ်းများ အပါအဝင် အမျိုးသမီး ၁၇ ဦးကို ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့သည်။

“မိန်းကလေးက အားလုံးပေါင်း ၁၈ ယောက် ဖမ်းသွားတာ။ တယောက်ကိုတော့ မလွှတ်ဘူး။ မလွတ်သေးတဲ့ ကောင်မလေး က ဆိုင်မှာ Casher ပါ။ သူက ထိုးကြိတ်နေကြတဲ့အချိန်မှာ လုပ်ကြပါဦး ဒီမှာ ဝိုင်းရိုက်နေကြပြီ။ ဝင်ကူကြပါဦးလို့ ဝင်အော် လိုက်မိတဲ့ ကောင်မလေးပါ။ အဲဒီကောင်မလေးကိုတော့ အဲဒီညကတည်းက အခုချိန်အထိ တွေ့ ခွင့်မရဘူး”ဟု ယင်းဖြစ် စဉ်ကို သိရှိသူတဦးက ပြောသည်။

ဆိုင်ရှင်ဖြစ်သူ အပါအဝင် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၁၆ ဦး အနက် ဆိုင်ရှင် ဦးမျိုးဝေလင်းမှာ ယမန်နေ့ ဇွန်လ ၈ ရက်နေ့က ဆိုင်သို့ ပြန်လည် ရောက်ရှိလာသော်လည်း နောက်ပိုင်းတွင် ရဲစခန်းက ပြန်လည်ခေါ်ဆောင်သွားခဲ့ပြီး နောက် ပြန်မလွှတ်တော့ကြောင်း သိရသည်။

ရန်ပွဲစတင်ရာတွင် ပါဝင်ခဲ့သူ အခြားဝိုင်းမှ အမျိုးသား ၃ ဦးအနက် ၂ ဦးမှာ ယင်းနေ့ညပိုင်း ကတည်းက လွတ်မြောက်ခဲ့ပြီး ကျန်သူတဦးမှာလည်း ခံဝန်ဖြင့် နောက်တရက်တွင် ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

“အဲဒီနေ့ကလည်း အားလုံး ဖြစ်ပြီးတော့ ဆိုင်ရှင် ဦးမျိုးလည်း ရောက်သွားရော ဘယ်လို ဖြစ်တာလဲ မေးတော့။ ခင်ဗျားက ဘယ်သူတုန်း၊ ဘာတုန်းပေါ့။ ငါက ဆိုင်ရှင်လို့ ပြောတော့ သူ(စည်သူထွဋ်)ကလည်း ဝန်ကြီးသားလို့ ပြောမှ အဲဒီအခါကျမှ ပြည်ထဲရေးဝန်ကြီးရဲ့ သားမှန်း သိကြတာ။ သူ့မှာ ဘော်ဒီကတ်တွေရော စရဖက အရပ်ဝတ်နဲ့ လူတွေ ပါလာတာရော အဲဒီ အခါကျမှသိတာ”ဟု နီးစပ်သူတဦးက ပြောသည်။

၎င်းကဆက်၍“ဆိုင်မှာလည်း မိန်းကလေး ဝန်ထမ်းအခန်းတွေဆိုလည်း အပေါက်တွေချည်းပဲ။ အခန်းတိုင်းကို သေနတ် တွေနဲ့ ရိုက်ဖွင့်သွားတာ။ စတိုခန်းဆိုလည်း အမြဲသော့ခတ်ထားတာ။ အဲဒီသော့ခတ်ထားတဲ့ အခန်းကိုလည်း လူဖွတ်ထား တယ်ဆိုပြီးတော့ အကုန်ဖျက်သွားတယ်။ ရှေ့တည့်တည့်က တခါးရော၊ Garden ဘက်က တံခါးရော အကုန်လုံး ရိုက်ခွဲ တယ်နဲ့ တူပါတယ်။ မှန်တွေက မကွဲတော့ လက်ရမ်းတွေထိပြီး အကုန်ပြုတ်ထွက်ကုန်တယ်”ဟု ပြောသည်။

ဆိုင်ရှင်နှင့် ဝန်ထမ်းများအတွက် ရှေ့နေငှားရမ်းထားသော်လည်း ရှေ့နေဖြစ်သူနှင့်ပင် တွေ့ ခွင့်မရသေးကြောင်း၊ မည်သည့် ပုဒ်မတပ် အရေးယူမည်ကိုလည်း မသိရှိသေးကြောင်း နီးစပ်သူများက ပြောသည်။

ယင်းဆိုင်အနီးရှိ သာယာကုန်းရပ်ကွက်တွင် နေထိုင်သူတဦးက“အဲဒီနေ့ကညက တော်တော်ကြမ်းသွားတယ်။ အဲဒီမှာ ရှိတဲ့ နယ်ထိန်းတွေ၊ မြို့နယ်ရဲတွေဆို တညလုံး မအိပ်ရဘူးလို့ သိရတယ်။ လူကြီးသားလို့တော့ ရပ်ကွက်ထဲမှာ ပြောနေကြတယ်။ အရင် စစ်တပ်ခေတ်လို ပြန်ဖြစ်နေတာ။ ဘာကောင် ညာကောင် ဆိုတာ အခုခေတ်မှာ စကားပြောလာပြီ”ဟု ပြောသည်။

ယခု ရန်ပွဲတွင် ဦးဆောင်ခဲ့သူ စည်သူထွဋ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၏ သားသမီး ၃ ဦး အနက် အငယ်ဆုံးသား ဖြစ် ပြီး ဆောက်လုပ်ရေးနှင့် ခရီးသွားလုပ်ငန်းများ လုပ်ကိုင်ကြောင်း သိရသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ၂၀၀၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် အတွင်းရေးမှူး ၃ ဗိုလ်ချုပ်ကြီး တင်ဦး၏ ရဟတ်ယာဉ် ပျက်ကျမှုတွင် ပါဝင်ခဲ့သည့် ဗိုလ်မှူးချုပ် လွန်းမောင်၏ သားဖြစ်ပြီး စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အားကိုးရသည့် လူယုံတဦး ဖြစ်သည်။

NLD အစိုးရလက်ထက်တွင် ပြည်ထဲရေး ဝန်ကြီးဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေသည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အလွန်နီးစပ်လာသည့်အခါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ လူယုံဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် တာဝန်မှ အနားပေးပြီး ပြည်ထဲရေး ဝန်ကြီးအဖြစ် အ စားထိုးခဲ့သည်။

စစ်တပ်က နိုင်ငံတော် အာဏာကို ရယူပြီးသည့်အခါတွင်လည်း ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်မှာ ပြည်ထဲရေး ဝန်ကြီး အဖြစ် ဆက်လက် တာဝန်ယူခဲ့ပြီး နောက်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီ အဖွဲ့ဝင်ပါ ဖြစ်လာခဲ့သည်။

You may also like these stories:

ကယားရှိ PDF များကို စုစည်းထားသည့် KNDF က စစ်ကောင်စီကို တိုက်မည်

မြဝတီတွင် အာဏာသိမ်းတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်

ကချင် PDF အဖွဲ့အနေဖြင့် KIO/KIA လက်အောက်၌သာ လှုပ်ရှားရမည်ဟုဆို

Your Thoughts …
Tags: စစ်ကောင်စီဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နေပြည်တော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
“အောင်ဆန်း”ရုပ်ရှင် စတင် ရိုက်ကူးခြင်း အခမ်းအနား  / ဧရာဝတီ

“ဗိုလ်ချုပ်ရုပ်ရှင်ကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တဲ့နေရာမှာ အသုံးချမှာ စိုးရိမ်တယ်”

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီနှင့် ညီမ အပါအဝင် ၁၀ ဦး ယနေ့ နေ့လယ်တွင်  ရန်ကုန် အနောက် ပိုင်းခရိုင် တရားရုံးအတွင်း တွေ့ရစဉ်  / narinjara.info

AA စစ်ဦးစီးချုပ်၏ ညီနှင့်ညီမ အပါအဝင် တရားစွဲခံထားရသူ ၁၀ ဦး ပြန်လွတ်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved