• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည် သံတိုင်နောက် ရောက်နေချိန် စစ်တပ်ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲအတွက် တန်းစီနေ

by မောင်ကဝိ
11 October 2025
in ဆောင်းပါး
A A
ဒေါ်အောင်ဆန်းစုကြည် သံတိုင်နောက် ရောက်နေချိန် စစ်တပ်ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲအတွက် တန်းစီနေ
858
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်အုပ်စုဟာ အခုနှစ်ကုန် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန်မှာ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရဲ့ လူသိအများဆုံး ခေါင်းဆောင်တွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့အတူ သံတိုင်နောက်မှာ ရောက်နေပေမဲ့ စစ်တပ် လက်ဝေခံနဲ့ သစ္စာခံတွေဟာ မလွတ်လပ် မမျှတဘူးလို့ ပယ်ချခံရတဲ့ရွေးကောက်ပွဲဝင်ဖို့ တန်းစီနေတယ်။

အဆင့်မြင့် စစ်အရာရှိ တဒါဇင်ဟာ စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) လက်မှတ်နဲ့ စစ်အုပ်စုအမာခံဒေသ နေပြည်တော်နဲ့ ရန်ကုန်ကနေ ယှဉ်ပြိုင်ဖို့ စီစဉ်နေတယ်။

အဲဒီစာရင်းမှာ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းကနေ ယှဉ်ပြိုင်မယ့် စစ်အုပ်စု ဝန်ကြီးချုပ် ဦးညိုစောနဲ့ နေပြည်တော်က ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ရေတပ်အကြီးအကဲဟောင်း ဦးတင်အောင်စန်း၊ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း၊ USDP ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုဥက္ကဋ္ဌ လေတပ်အကြီးအကဲဟောင်း ဦးမြတ်ဟိန်း၊ USDP နေပြည်တော် တာဝန်ခံ ဦးလှဆွေ၊ USDP ကိုယ်စားလှယ်ဟောင်း ဦးမောင်မြင့်တို့ ပါဝင်တယ်။

အဲဒီစာရင်းမှာ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းကနေ ယှဉ်ပြိုင်မယ့် စစ်အုပ်စု ဝန်ကြီးချုပ် ဦးညိုစောနဲ့ နေပြည်တော်က ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ရေတပ်အကြီးအကဲဟောင်း ဦးတင်အောင်စန်း၊ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း၊ USDP ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုဥက္ကဋ္ဌ လေတပ်အကြီးအကဲဟောင်း ဦးမြတ်ဟိန်း၊ USDP နေပြည်တော် တာဝန်ခံ ဦးလှဆွေ၊ USDP ကိုယ်စားလှယ်ဟောင်း ဦးမောင်မြင့်တို့ ပါဝင်တယ်။

အားလုံးဟာ ပြည်သူ့လွှတ်တော်အတွက် ယှဉ်ပြိုင်မှာဖြစ်ပြီး တချိန်တည်းမှာပဲ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးဟာ အမျိုးသားလွှတ်တော်အတွက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

အငြိမ်းစား စစ်အရာရှိ အများအပြားလည်း USDP ကို ဝင်ကြတယ်။ မှတ်သားစရာကောင်းတဲ့ အမည်တခုကတော့ အငြိမ်းစား စစ်ရေးချုပ် ဦးမျိုးဇော်သိန်းဖြစ်ပြီး ပဲခူးတိုင်းက သူ့ဇာတိ ပေါက်ခေါင်းမြို့နယ်ကနေ ယှဉ်ပြိုင်မယ်လို့ USDP နေပြည်တော်တာဝန်ခံ ဦးလှဆွေက ပြောပါတယ်။

အရပ်သားပါတီတွေလည်း သူတို့ကိုယ်စားလှယ်လောင်းတွေနဲ့ ပြင်ဆင်နေတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ခေါင်းဆောင် ဒေါ်သက်သက်ခိုင်က ရန်ကုန်ကနေ ယှဉ်ပြိုင်မှာဖြစ်တယ်လို့ အဲဒီပါတီက ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်သက်သက်ခိုင်ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီး စစ်အုပ်စုမှာ ဝန်ကြီးတယောက်ဖြစ်ခဲ့တယ်။

နောက်ထပ် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ရန်ကုန်၊ လသာမြို့နယ်မှာ တသီးပုဂ္ဂလအနေနဲ့ ယှဉ်ပြိုင်မှာဖြစ်တယ်။ ရှမ်းနှင့်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (SNDP)၊ ပြည်သူ့ပါတီ (PP) နဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) အပါအဝင် တခြားပါတီတွေကလည်း ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်း တင်သွင်းထားတယ်။ သူတို့ရဲ့ ခေါင်းဆောင်အသီးသီးဖြစ်တဲ့ စိုင်းအိုက်ပေါင်း၊ ဦးကိုကိုကြီးနဲ့ ဒေါက်တာ အေးမောင်တို့လည်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်။

စစ်အုပ်စုရဲ့ရွေးကောက်ပွဲကော်မရှင် (UEC) က ကိုယ်စားလှယ်လောင်းစာရင်းတွေကို စိစစ်နေတုန်းဖြစ်တယ်။ UEC ရဲ့အဆိုအရ USDP အပါအဝင် ပါတီ ခြောက်ခုက တနိုင်ငံလုံးမှာ ယှဉ်ပြိုင်မှာဖြစ်ပြီး တခြား ၅၁ ပါတီက ပြည်နယ်နဲ့တိုင်းအဆင့်မှာ ယှဉ်ပြိုင်မယ်လို့ သိရတယ်။

စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် နိုင်ငံအစိတ်အပိုင်းများစွာမှာ ထိန်းချုပ်မှု မထူထောင်နိုင်ပေမဲ့ ရွေးကောက်ပွဲ ပထမဆင့်ကို တနိုင်ငံလုံး မြို့နယ် ၃၀၀ ကျော်အနက် မြို့နယ် ၁၀၂ ခုအတွင်း ဒီဇင်ဘာလ ၂၈ ရက်နေ့မှာပြုလုပ်မယ်လို့ ကြေညာထားတယ်။

စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် နိုင်ငံအစိတ်အပိုင်းများစွာမှာ ထိန်းချုပ်မှု မထူထောင်နိုင်ပေမဲ့ ရွေးကောက်ပွဲ ပထမဆင့်ကို တနိုင်ငံလုံး မြို့နယ် ၃၀၀ ကျော်အနက် မြို့နယ် ၁၀၂ ခုအတွင်း ဒီဇင်ဘာလ ၂၈ ရက်နေ့မှာပြုလုပ်မယ်လို့ ကြေညာထားတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
91
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
380
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
183

NLD က ၂၀၂၀ ခုနှစ်မှာ တောင်ပြိုကမ်းပြိုအနိုင်ရတာကို စစ်အုပ်စုက ပယ်ဖျက်ပြီး ခေါင်းဆောင်တွေကို ဖမ်းထားပြီးနောက် ဖျက်သိမ်းထားတဲ့အတွက် အရင်က နေရာအနည်းငယ်သာ အနိုင်ရဖူးတဲ့ပါတီတွေဟာ ဒီဇင်ဘာ-ဇန်နဝါရီ ရွေးကောက်ပွဲတွေမှာ အဓိကယှဉ်ပြိုင်သူတွေ ဖြစ်လာတယ်။

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးနဲ့ NLD အဖွဲ့ဝင် ၂,၅၀၀ နီးပါးဟာ သံတိုင်တွေနောက်မှာပဲ ဆက်လက်ရှိနေတယ်။

NLD ရွေးကောက်ပွဲဝင်ဖို့ နောက်ဆုံးအကြိမ် ပိတ်ပင်ခံရတဲ့ ၂၀၁၀ ပြည့်နှစ်မှာ USDP အနိုင်ရတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ နဲ့ စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်အာဏာမသိမ်းမီ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွေမှာ အနိုင်ရတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယုံကြည်နိုင်တဲ့ ရွေးကောက်ပွဲကျင်းပဖို့ ကတိပြုပေမဲ့ အဲဒီရွေးကောက်ပွဲကို စစ်တပ်ရဲ့ တင်းကျပ်တဲ့ထိန်းချုပ်မှုအောက်မှာ စစ်အုပ်စုက ရွေးချယ်တဲ့ လေ့လာသူတွေက စောင့်ကြည့်မှာဖြစ်တယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယုံကြည်နိုင်တဲ့ ရွေးကောက်ပွဲကျင်းပဖို့ ကတိပြုပေမဲ့ အဲဒီရွေးကောက်ပွဲကို စစ်တပ်ရဲ့ တင်းကျပ်တဲ့ထိန်းချုပ်မှုအောက်မှာ စစ်အုပ်စုက ရွေးချယ်တဲ့ လေ့လာသူတွေက စောင့်ကြည့်မှာဖြစ်တယ်။

အနောက်တိုင်းအစိုးရတွေ၊ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက အဲဒီရွေးကောက်ပွဲတွေဟာ မလွတ်လပ် မမျှတဘဲ စစ်အုပ်ချုပ်ရေး ခိုင်မာအောင်လုပ်တဲ့ ရွေးကောက်ပွဲတွေအဖြစ် ပယ်ချတယ်။

အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံက ဘယ်ရွေးကောက်ပွဲမဆို မလုပ်ခင် အကြမ်းဖက်မှု အရင်ရပ်ရမယ်လို့ပြောပြီး တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ရုရှားနဲ့ ဘယ်လာရုစ် အပါအဝင် စစ်အုပ်စုရဲ့မဟာမိတ်တွေက စစ်အုပ်စုရဲ့ အစီအစဉ်ကို ထောက်ခံကြတယ်။

ရွေးကောက်ပွဲတွေ တရားဝင်မှု တစုံတရာရချင်ရင် စစ်အုပ်စုဟာ အခုအသက် ၈၀ ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမယ်လို့ အာရက္ခတပ်တော် (AA) အကြီးအကဲ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဧရာဝတီနဲ့ မကြာသေးမီက တွေ့ဆုံမေးမြန်းခန်းမှာ ပြောတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Poll: Military Candidates Line Up as Suu Kyi Kept Behind Bars ကို ဘာသာပြန်သည်။)

ရွေးကောက်ပွဲဝင်မယ့် လူငယ်တွေ သမိုင်းကို နားလည်သင့်တယ် (ရုပ်/သံ)

ရွေးကောက်ပွဲနီးမှ လစာတိုးတာက မဲဆွယ်နည်းတခုပေါ့ (ရုပ်/သံ)

ငလျင်ဒဏ်ခံ မန္တလေးသည် စစ်အုပ်စု ရွေးကောက်ပွဲထိုးစစ် ဗဟိုချက်ဖြစ်နေ

စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲ တရားမဝင်ဘူးလို့ တိုင်းရင်းသားတွေပြော (ရုပ်/သံ)

စစ်အုပ်စု ရွေးကောက်ပွဲ ကစားကွက်နှင့် အတိုက်အခံများအတွက် ထောင်ချောက်

တရားဝင်မှုအတွက် ရွေးကောက်ပွဲကို မသမာတဲ့နည်းလမ်းနဲ့ အသုံးချတာပဲ (ရုပ်/သံ)

Your Thoughts …
Tags: NLDNUGUSDPစစ်ကော်မရှင်စစ်အာဏာသိမ်းမှုတိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲ
မောင်ကဝိ

မောင်ကဝိ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

Next Post
စစ်အုပ်စု ရွေးကောက်ပွဲဥပဒေက ဆန့်ကျင်မှုများကို အင်အားချိနဲ့စေ

စစ်အုပ်စု ရွေးကောက်ပွဲဥပဒေက ဆန့်ကျင်မှုများကို အင်အားချိနဲ့စေ

“သွေးစွန်းတဲ့ သီတင်းကျွတ်က ပေးသော အတွေးများ” (ရုပ်/သံ)

"သွေးစွန်းတဲ့ သီတင်းကျွတ်က ပေးသော အတွေးများ" (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved