• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဉာဏ်ရည်တု AI ၏ Godfather ရိုရွှာ ဘန်ဂျီယို

by ဧရာဝတီ
24 November 2025
in ဆောင်းပါး
A A
ဉာဏ်ရည်တု AI ၏ Godfather ရိုရွှာ ဘန်ဂျီယို

AI ၏ Godfather တဦးဖြစ်သူ ကွန်ပျူတာ သိပ္ပံပညာရှင် ပါမောက္ခ ရိုရွှာ ဘန်ဂျီယို / Maryse Boyce

275
VIEWS
Share on FacebookShare on Twitter

ထင်ရှားသော ကွန်ပျူတာ သိပ္ပံပညာရှင် ရိုရွှာ ဘန်ဂျီယိုသည် Google Scholar တွင် ကိုးကားမှု ၁ သန်းကျော်သည့် ပထမဆုံး သက်ရှိသုတေသီဖြစ်ပြီး ခေတ်သစ်ပညာရပ်ဆိုင်ရာနယ်ပယ်တွင် မကြားဖူးသည့် သမိုင်းမှတ်တိုင်ဖြစ်သည်။

ထိုအောင်မြင်မှုသည် ဉာဏ်ရည်တုနယ်ပယ်တွင် ပါမောက္ခ ဘန်ဂျီယို၏ မြင့်မားသော သြဇာကိုသာမက လွန်ခဲ့သော ဆယ်စုနှစ်အတွင်း Deep Learning သုတေသနတွင် ကြီးမားသော ကမ္ဘာ့တိုးတက်မှုကိုပါ ထင်ဟပ်နေသည်။ ဉာဏ်ရည်တု AI သည် သိပ္ပံပညာ၊ စက်မှုလုပ်ငန်းနှင့် နေ့စဉ်ဘဝကို ပြန်လည်ပုံဖော်နေစဉ် ပါမောက္ခ ဘန်ဂျီယို၏ အလုပ်သည် ယခု အသွင်ကူးပြောင်းမှုခေတ်တွင် ဗဟိုချက် ဖြစ်သည်။

ခေတ်သစ် AI ကို ပုံဖော်သည့် ရှေ့ဆောင်လမ်းပြ

ကနေဒါနိုင်ငံရှိ မွန်ထရီရယ် တက္ကသိုလ်မှ ပါမောက္ခ ဘန်ဂျီယိုသည် ဂျော့ဖရီ ဟင်တန်၊ ယန်း လီကန်တို့နှင့်အတူ “AI Godfather” သုံးဦးအနက် တဦးအဖြစ် ကျော်ကြားသည်။ ၎င်းတို့ သုံးဦးသည် လူသိနည်းသည့် သုတေသန နယ်ပယ်မှ အာရုံခံကွန်ရက်ကို ခေတ်သစ် Deep Learning ၏ အုတ်မြစ်အဖြစ် ပြောင်းလဲခဲ့သည်။

ကနေဒါနိုင်ငံရှိ မွန်ထရီရယ် တက္ကသိုလ်မှ ပါမောက္ခ ဘန်ဂျီယိုသည် ဂျော့ဖရီ ဟင်တန်၊ ယန်း လီကန်တို့နှင့်အတူ “AI Godfather” သုံးဦးအနက် တဦးအဖြစ် ကျော်ကြားသည်။ ၎င်းတို့ သုံးဦးသည် လူသိနည်းသည့် သုတေသန နယ်ပယ်မှ အာရုံခံကွန်ရက်ကို ခေတ်သစ် Deep Learning ၏ အုတ်မြစ်အဖြစ် ပြောင်းလဲခဲ့သည်။

ထိုနည်းပညာသည် ယနေ့ခေတ် အလိုအလျောက် ကွန်ပျူတာစနစ် (Chatbot)၊ ဘာသာပြန်စနစ်များ၊ ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်သည့် ကိရိယာများနှင့် အလိုအလျောက် မောင်းနှင်သည့် ယာဉ်များကို စွမ်းအားပေးသည့် နည်းပညာဖြစ်သည်။

ဉာဏ်ရည်တု AI ဆိုသည်မှာ အဘယ်နည်း။ ဘဝ ဥပမာများနှင့် ရိုးရှင်းစွာ ရှင်းပြ

၁၉၆၄ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ မွေးဖွားပြီး ကနေဒါနိုင်ငံ၊ မွန်ထရီရယ်တွင် ကြီးပြင်းခဲ့သည့် ဘန်ဂျီယိုသည် MIT AT&T Bell Labs တွင် ပါရဂူဘွဲ့လွန် သုတေသန မလုပ်ဆောင်မီ မက်ဂေးလ် တက္ကသိုလ်တွင် ပါရဂူဘွဲ့ပြီးစီးသည်။ ၁၉၉၀ ပြည့်နှစ်များ အစောပိုင်းက ပညာရှင်ဘဝကို စတင်သောအခါ အာရုံခံကွန်ရက်များသည် လွန်စွာ ခေတ်မစားလှပေ။

ရန်ပုံငွေ ရှားပါးပြီး အကန့်အသတ်ရှိသော ကွန်ပျူတာပညာ စွမ်းရည်ကြောင့် ထိုပညာရပ်နယ်ပယ်ကို အယုံအကြည်နည်းပြီး တိုးတက်မှု လွန်စွာ နှေးကွေးသည်။ ထိုသို့သော သံသယများရှိသော်လည်း ‌ဒေါက်တာ ဘန်ဂျီယိုသည် လူသားများကဲ့သို့ ကမ္ဘာကို နားလည်နိုင်သည့်စနစ် တည်ဆောက်ရေးတွင် နက်ရှိုင်းသော အလွှာများ ခွဲထားသည့် မော်ဒယ်များကို ဆက်လက်ယုံကြည်သည်။

သူ၏ သြဇာအကြီးမားဆုံး သိပ္ပံပညာရိုက်ခတ်မှုသည် သူ့ကျောင်းသားများ၏ အလုပ်မှ လာသည်။ ၂၀၁၄ ခုနှစ်တွင် ထိုစဉ်က ဒေါက်တာ ဘန်ဂျီယို၏ သုတေသနအဖွဲ့မှ ပါရဂူဘွဲ့ကျောင်းသား အီယမ် ဂွတ်ဖဲလိုးက Generative Adversarial Networks (GANs) ဟုခေါ်သည့် AI ဖြင့်ထုတ်ပေးသော ပုံရိပ်၊ ဗီဒီယို ပေါင်းစပ်တီထွင် ဖန်တီးသည့် မော်ဒယ်များတွင် ကမ္ဘာ့တော်လှန်ရေးဖြစ်စေသည့် နည်းပညာကို ဖန်တီးလိုက်သည်။

ဒေါက်တာ ဘန်ဂျီယိုသည် ထိုစာတမ်းကို ပူးတွဲရေးသားခဲ့ပြီး စက်၏လေ့လာမှု (Machine Learning) သမိုင်းတွင် အကိုးကားဆုံးလက်ရာများအနက် တခုဖြစ်လာသည်။ ကျယ်ပြန့်စွာ ဖတ်ရှုကြသည့် သူ၏ ၂၀၁၅ ခုနှစ် ကွန်ပျူတာအာရုံခံ လေ့လာသုံးသပ်မှု (Deep Learning review) သည် ခေတ်သစ် ကွန်ပျူတာအာရုံခံလေ့လာမှု သဘောတရားရေးနှင့် လက်တွေ့အုတ်မြစ်ကို ထပ်မံထူထောင်ပေးပြီး ကမ္ဘာတဝန်း သုတေသီများ၏ စံ ကိုးကားစရာ ဖြစ်လာသည်။

ထိုသမိုင်းဝင် စာတမ်းများအပြင် ဘန်ဂျီယိုသည် ChatGPT ကဲ့သို့ ဘာသာစကား မော်ဒယ်များကို အထောက်အကူပြုသည့် နည်းပညာများဖြစ်သော အချက်အလက်ကြမ်းများမှ အသုံးဝင်သော သွင်ပြင်များ ဖော်ထုတ်လေ့လာမှု (Representation Learning)၊ အချက်အလက်ကြမ်းမှ ဖြစ်နိုင်ခြေမော်ဒယ်များကို ဖော်ထုတ်ခြင်း (Probabilistic Models)၊ လူသား၏ ရွေးချယ်မှုကဲ့သို့ အာရုံစိုက်မှုယန္တရားများ (Attention Mechanisms) ကိုလည်း အကျိုးဆောင်ခဲ့သည်။

ယနေ့ခေတ် AI ထွန်းကားမှုကို မောင်းနှင်သည့် တီထွင်ဆန်းသစ်မှုများသည် ယနေ့တွင် ၎င်းတို့ ပင်မရေစီးဖြစ်မလာမီ နှစ်ပေါင်းများစွာက ဒေါက်တာ ဘန်ဂျီယို စူးစမ်းလေ့လာခဲ့သည့် အတွေးအခေါ်များကို ခြေရာခံသည်။

ယနေ့ခေတ် AI ထွန်းကားမှုကို မောင်းနှင်သည့် တီထွင်ဆန်းသစ်မှုများသည် ယနေ့တွင် ၎င်းတို့ ပင်မရေစီးဖြစ်မလာမီ နှစ်ပေါင်းများစွာက ဒေါက်တာ ဘန်ဂျီယို စူးစမ်းလေ့လာခဲ့သည့် အတွေးအခေါ်များကို ခြေရာခံသည်။

ပိုမိုကျယ်ပြန့်သော အပြောင်းအလဲကို ထင်ဟပ်သည့် မှတ်တမ်းတခု

ဒေါက်တာ ဘန်ဂျီယိုကို အကြိမ် ၁ သန်းကိုးကားမှုသည် သမိုင်းမှတ်တိုင် ပုဂ္ဂလိက ချီးကျူးဂုဏ်ပြုမှုသက်သက် မဟုတ်ပေ။ ထိုကိစ္စသည် ကမ္ဘာ့သုတေသနတဝန်းတွင် စက်၏လေ့လာမှု (Machine Learning) အကြီးအကျယ် တိုးတက်ခြင်းကို သင်္ကေတပြုသည်။

ပါမောက္ခ ရိုရွှာ ဘန်ဂျီယိုကို ၂၀၁၉ ခုနှစ်က ကနေဒါနိုင်ငံရှိ မွန်ထရီရယ် တက္ကသိုလ်မှ ရုံးခန်းအတွင်း တွေ့မြင်ရစဉ်/ John Mahoney/Montreal Gazette

AI နှင့်ပတ်သက်သည့် လုပ်ငန်းသည် ၂၁ ရာစုတွင် အကိုးကားဆုံး သိပ္ပံစာတမ်းများကို လွှမ်းမိုးနေသည်။ ဇီဝဗေဒ၊ ဆေးပညာ၊ ရူပဗေဒနှင့် ရာသီဥတုသိပ္ပံကဲ့သို့သော လွန်စွာကွဲပြားခြားနားသည့် နယ်ပယ်များသည် ဘန်ဂျီယို ကူညီဖော်ထုတ်ခဲ့သည့် အယူအဆများပေါ် တည်ဆောက်ထားသော ကိရိယာများကို ပိုမိုမှီခိုလာရသည်။

အလွန်ထူးခြားသည့် ကိုးကားမှုများရှိသော်လည်း ကိုးကားမှုကို ဗဟိုပြုသော အညွှန်းကိန်းများနှင့် ပတ်သက်သည့် စိတ်မသက်သာမှုကို ဖော်ပြနေသည်မှာ ကြာပြီဖြစ်သည်။ ထိုသို့သော ကိန်းဂဏန်းများသည် သိပ္ပံပညာ ဦးစားပေးများကို ပုံဖျက်ပြီး လူကြိုက်များမှုမဟုတ်ဘဲ နားလည်မှုကို လိုက်စားခြင်းသည် သုတေသန၏ မောင်းနှင်အား ဖြစ်ကြောင်း ပြောသည်။ Google Scholar ကို ကျယ်ပြန့်သော သုတေသန ကိရိယာအဖြစ် အသုံးပြုခြင်းကို ဝန်ခံသော်လည်း ဒေါက်တာ ဘန်ဂျီယိုသည် သူ့ကို ကိုးကား ရေတွက်မှုများအား အာရုံစိုက်မှုနည်းသည်။

ဇွဲရှိမှုကို အထိမ်းအမှတ်ပြုသည့် ခရီး

ကွန်ပျူတာ အာရုံခံလေ့လာမှု (Deep Learning) ၏ အောင်မြင်မှုသည် ချောမွေ့သည်မဟုတ်ပေ။ ၁၉၉၀ ပြည့်နှစ်များနှင့် ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းကာလ တလျှောက်လုံးတွင် ဘန်ဂျီယိုနှင့် ကွန်ပျူတာအာရုံကွန်ရက် သုတေသီများသည် သံသယ၊ ပညာရပ်ဆိုင်ရာ အတားအဆီးနှင့် ဘဏ္ဍာရေး အထောက်အပံ့ အခွင့်အလမ်း အကန့်အသတ်များကို ရင်ဆိုင်ရသည်။

ကွန်ပျူတာအာရုံခံကွန်ရက်များသည် မှီခိုအားထားနိုင်ခြင်းမရှိဘဲ ကွန်ပျူတာနည်းပညာအရ စွမ်းဆောင်ရည်ကင်းမဲ့ကာ သဘောတရားရေးအခြေခံ ကင်းမဲ့သည်ဟု မကြာခဏ မြင်ကြသည်။ ထိုပညာရပ်နယ်ပယ်သည် အာမခံချက်ရှိကြောင်း ဘန်ဂျီယိုက လုပ်ဖော်ကိုင်ဖက်များနှင့် ကျောင်းသားများကို မကြာခဏ ဖျောင်းဖျပြောဆိုရန် ကြိုးစားရသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.6k

သို့သော် သူသည် ဇွဲရှိသည်။ ကွန်ပျူတာစွမ်းရည် တိုးတက်လာပြီး သဘောတရား အနှစ်သာရ နက်ရှိုင်းလာသောအခါ အလွှာများ လေ့လာမှု ရပ်တန့်သွားခြင်း (Vanishing Gradients) နှင့် လေ့ကျင့်မှု ရပ်တန့်သွားခြင်း စသည့် ကွန်ပျူတာအာရုံကွန်ရက်များကို တချိန်က ရပ်တန့်သွားစေသည့် အကျပ်အတည်းများကို ကျော်လွှားနိုင်စေသည်။ ဘန်ဂျီယို၏ ရေရှည်ရည်မှန်းချက်ကို တချိန်က အဖျားအနားဟု မြင်ခဲ့ကြသော်လည်း အခြေခံအုတ်မြစ်ဖြစ်ကြောင်း သက်သေပြခဲ့သည်။

အင်စတီကျူးရှင်းများနှင့် ကျင့်ဝတ်တည်ဆောက်ရေး

ဒေါက်တာ ဘန်ဂျီယို၏ သြဇာသည် ပညာရပ်ဆိုင်ရာ ထုတ်ဝေမှုများထက် များစွာကျော်လွန်သည်။ သူသည် ယခုအခါ ကမ္ဘာ့ကြီးမားဆုံး AI သုတေသန အင်စတီကျုများအနက် တခုဖြစ်သော Mila ကို တည်ထောင်ခဲ့သည်။ ထိုအင်စတီကျုသည် ရာပေါင်းများစွာသော သုတေသီများကို မွေးထုတ်ပေးပြီး စက်မှုလုပ်ငန်း၊ အစိုးရနှင့် ပညာရှင်အသိုက်အဝန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားပေးသည်။

သူသည် ကနေဒါနိုင်ငံ၏ အမျိုးသား AI သေနင်္ဂဗျူဟာကို ကူညီပုံဖော်ပေးပြီး စက်အသိဉာဏ်တိုးတက်စေရေးကို အာရုံစိုက်သည့် အဓိကကျသော သိပ္ပံအစီအစဉ်များကို ပူးတွဲဦးဆောင်သည်။ မကြာသေးမီနှစ်များအတွင်း ဒေါက်တာ ဘန်ဂျီယိုသည် AI ကျင့်ဝတ်၊ ဘေးကင်းလုံခြုံမှုနှင့် စီမံအုပ်ချုပ်မှုအကြောင်း ကမ္ဘာ့ဆွေးနွေးမှုများတွင် ထင်ရှားသော ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာသည်။

သူသည် ကနေဒါနိုင်ငံ၏ အမျိုးသား AI သေနင်္ဂဗျူဟာကို ကူညီပုံဖော်ပေးပြီး စက်အသိဉာဏ်တိုးတက်စေရေးကို အာရုံစိုက်သည့် အဓိကကျသော သိပ္ပံအစီအစဉ်များကို ပူးတွဲဦးဆောင်သည်။ မကြာသေးမီနှစ်များအတွင်း ဒေါက်တာ ဘန်ဂျီယိုသည် AI ကျင့်ဝတ်၊ ဘေးကင်းလုံခြုံမှုနှင့် စီမံအုပ်ချုပ်မှုအကြောင်း ကမ္ဘာ့ဆွေးနွေးမှုများတွင် ထင်ရှားသော ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာသည်။

စည်းကမ်းထိန်းကြောင်းမှု ကင်းမဲ့သော အဆင့်မြင့် AI စနစ်များ၏ အန္တရာယ်ကို သူက သတိပေးပြီး ခိုင်မာသော အကာအကွယ်၊ ပွင့်လင်းမြင်သာမှုနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တိုက်တွန်းသည်။ ယနေ့ သူ၏လုပ်ငန်းသည် အနာဂတ် AI မော်ဒယ်များ ဘေးကင်းစွာ၊ ရိုးသားစွာနှင့် လူသားတန်ဖိုးများနှင့် ကိုက်ညီစွာ ပြုမူရေးကို အာရုံစိုက်သည်။

အမွေအနှစ်နှင့် ရှေ့ခရီး

ကိုးကားမှု ၁ သန်းကျော်၊ အုတ်မြစ်ဖြစ်သော သိပ္ပံပညာ အကျိုးဆောင်မှုများနှင့် တီထွင်ဆန်းသစ်မှု၊ တာဝန်ယူမှုကို တိုးတက်စေရေးအတွက် မြှုပ်နှံလုပ်ကိုင်သည့် ဘဝနှင့် ရိုရွှာ ဘန်ဂျီယိုသည် ခေတ်သစ်နည်းပညာတွင် သြဇာ အကြီးမားဆုံး ခေါင်းဆောင်များအနက် တဦးဖြစ်သည်။

သူသည် ယနေ့ခေတ် AI စနစ်ကို စွမ်းအားပေးသည့် အသိပညာ ဗိသုကာလက်ရာကို ကူညီတည်ဆောက်ပေးခဲ့ပြီး ယခုအခါတွင် ထိုစနစ်က လူ့အဖွဲ့အစည်းကို အကျိုးပြုသည့်နည်းလမ်း တိုးတက်စေရန် လုပ်ဆောင်နေသည်။

(The Times of India ပါ Who is Yoshua Bengio? ‘Godfather of AI’ becomes first researcher to hit one million Google Scholar citations ကို ဘာသာပြန်သည်။)

You may also like these stories:

Meta AI က ဦးနှောက်ရဲ့ အတွေးတွေကို ၈၀ ရာခိုင်နှုန်း မှန်အောင် ဖတ်ပေးနိုင်ပြီတဲ့

အမေရိကန် ဥပဒေ ကုမ္ပဏီ တခုမှာ နည်းပညာ နဲ့ AI ကျွမ်းကျင်သူတွေ ပါဝင်ဖွဲ့စည်း

Microsoft က AI မှာ ရင်းနှီးမြှုပ်နှံမှု ကြီးနေလို့ ဆိုပြီး ဝန်ထမ်း ၉၀၀၀ ခန့် လျှော့မယ်တဲ့

AI အတွက် သုံးစွဲသူ အချက်အလက်တွေ အသုံးပြုကြောင်း စွပ်စွဲချက် မိုက်ခရိုဆော့ဖ် ငြင်းဆို

AI နည်းပညာ ရှေ့ဆောင် Godfather ၂ ဦး ရူပဗေဒ နိုဘယ်ဆုရှင် ဖြစ်လာ

အုတ်အော်သောင်းတင်းဖြစ်လာတဲ့ AI ကမ္ဘာ

Your Thoughts …
Tags: AIITကွန်ပျူတာသိပ္ပံဉာဏ်ရည်တုနည်းပညာရိုရွှာ ဘန်ဂျီယိုသုတေသန
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

by ဧရာဝတီ
22 December 2024
9.6k

သူဟာ ChatGPT အပါအဝင် AI စနစ်တွေကို လေ့ကျင့်ပေးတဲ့ နေရာမှာ OpenAI ရဲ့ မူပိုင်ခွင့် ချိုးဖောက်မှုတွေကို ဖွင့်ချရင်း ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့်…

ဒရုန်းခေတ်ရောက်ပြီ

ဒရုန်းခေတ်ရောက်ပြီ

by ဧရာဝတီ
3 January 2024
7.8k

"ဒီနေ့ဟာ ဒရုန်းခေတ်လို့ ကျနော်တို့ပြောနိုင်တယ်" ဟု TNLA ပြောခွင့်ရသူက ပြောသည်။

အမေရိကန်တွင် အန္တရာယ်အကြီးဆုံးသူမှာ ထရမ့် မဟုတ်၊ အဲလက်စ် ကာ့ပ် ဖြစ်သည်

အမေရိကန်တွင် အန္တရာယ်အကြီးဆုံးသူမှာ ထရမ့် မဟုတ်၊ အဲလက်စ် ကာ့ပ် ဖြစ်သည်

by John Mac Ghlionn
26 May 2025
7.8k

နည်းပညာကို လစ်ဘရယ် စိုးရိမ်ပူပန်မှုတွေ ဒါမှမဟုတ် ကျင့်ဝတ်ဆိုင်ရာ စဉ်းစားသုံးသပ်မှုတွေက ထိန်းချုပ်သင့်တယ်ဆိုတဲ့ အယူအဆကို သူက သရော်ပါတယ်။

စစ်ကောင်စီ၏ “ငြိမ်းချမ်းရေး”ကို ထောက်ခံခြင်းက အိန္ဒိယ အမှား

စစ်ကောင်စီ၏ “ငြိမ်းချမ်းရေး”ကို ထောက်ခံခြင်းက အိန္ဒိယ အမှား

by Angshuman Choudhury
21 October 2023
6.9k

စစ်အာဏာသိမ်းပြီးနောက်တွင် NCA ကို ဆက်လက် ထောက်ခံခြင်းဖြင့် အိန္ဒိယသည် မြေပြင် ပကတိအခြေအနေများကို လေ့လာရန် ပျက်ကွက်နေသည်။

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၂)

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၂)

by ဉာဏ်သစ်
24 November 2024
6.6k

အချို့ သဘောထား ကွဲလွဲသူများ “ပျောက်ဆုံးသွားခြင်း” ၊ ထင်ရှားသည့် အရေးအရာ လှုပ်ရှားသူများနှင့် လူမျိုးစု ခေါင်းဆောင်များ အကြောင်းရင်းမပေါ်ဘဲ သေဆုံးခြင်းများကြောင့် ကကလှမ်းသည် နိုင်ငံတော်၏ ရန်သူ ဆိုသူ များကို သုတ်သင်နေသည်ဟု…

မြန်မာမှ ယူကရိန်းအထိ ဒရုန်းစစ်ရေး အပြောင်းအလဲဖြစ်နေ

မြန်မာမှ ယူကရိန်းအထိ ဒရုန်းစစ်ရေး အပြောင်းအလဲဖြစ်နေ

by Antonio Graceffo
19 September 2024
6.2k

ဒရုန်းများသည် မြန်မာပြည်တွင်းစစ်နှင့် အရှေ့အလယ်ပိုင်းတဝန်းမှ ပဋိပက္ခများတွင် အဓိကကျသည့် ပလက်ဖောင်းတခု ဖြစ်လာနေသည်။

Next Post
ပြည်သူကို ကျောခိုင်း ဆန့်ကျင်ဖို့ မလုပ်စေချင်ဘူး (ရုပ်/သံ)

ပြည်သူကို ကျောခိုင်း ဆန့်ကျင်ဖို့ မလုပ်စေချင်ဘူး (ရုပ်/သံ)

ကဗျာတပ်မှူးကြီးရဲ့ နောက်ဆုံးခရီး(ရုပ်/သံ)

ကဗျာတပ်မှူးကြီးရဲ့ နောက်ဆုံးခရီး(ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved