• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဉာဏ်ကြီးရှင် ကော်ဖီ အာဆီယံ စီးပွားရေးဆု ရ

by ငြိမ်းငြိမ်း
7 November 2019
in စီးပွားရေး
A A
ASEAN Business Award (ABA) အာဆီယံစီးပွားရေးဆု ချီးမြှင့်ပွဲတွင် ရေရှည် လူမှုအကျိုးပြု စီးပွားရေးကဏ္ဍအတွက် ဆုကို ဦးငွေထွန်း လက်ခံ ရယူစဉ် / Ngwe Tun

ASEAN Business Award (ABA) အာဆီယံစီးပွားရေးဆု ချီးမြှင့်ပွဲတွင် ရေရှည် လူမှုအကျိုးပြု စီးပွားရေးကဏ္ဍအတွက် ဆုကို ဦးငွေထွန်း လက်ခံ ရယူစဉ် / Ngwe Tun

10.7k
VIEWS
Share on FacebookShare on Twitter

၂၀၁၉ ခုနှစ်အတွက် အာဆီယံ စီးပွားရေးထူးချွန်ဆု (ABA) တခုကို ဉာဏ်ကြီးရှင်ကော်ဖီ တည်ထောင်ထုတ်လုပ်သူ ဦးငွေထွန်း၏ အောင်နေလင်းထွန်းကုမ္ပဏီ ကရရှိခဲ့သည်။

အထူးအဆင့် ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီ (Genius Shan Highlands Coffee) နှင့် Blue Pond Specialty Coffee အပါအဝင် မြန်မာ့ အရည်အသွေးမြင့် ကော်ဖီကို ကြိတ်ခွဲသန့်စင် ထုတ်ပိုး ထုတ်လုပ်သည့် အောင်နေလင်းထွန်း ကုမ္ပဏီလိမိတက်သည် ASEAN Business Award (ABA) အာဆီယံစီးပွားရေးဆု ချီးမြှင့်ပွဲတွင် ရေရှည် လူမှုအကျိုးပြု စီးပွားရေးကဏ္ဍအတွက် နှစ်နှစ်ဆက်တိုက် ရရှိခြင်းဖြစ်သည်။ ထိုဆုကို နိုဝင်ဘာ ၂ရက်က ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။

ထိုဆုကြောင့် ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီ ကုန်အမှတ်တံဆိပ်ကို မြန်မာနိုင်ငံ ပြင်ပတွင် ပိုမို အသိအမှတ်ပြုမှု ရှိလာမည်ဟု ဦးငွေထွန်းက ဧရာဝတီသတင်းဌာနသို့ အင်္ဂါနေ့တွင် ပြောသည်။

ABA ကို ASEAN-BAC (အာဆီယံ စီးပွားရေးအကြံပေးကောင်စီ) က ၂၀၀၇ ခုနှစ်က စတင်ခဲ့ပြီး၊ တီထွင်ဆန်းသစ်မှုရှိသည့် လူမှုအကျိုးပြုစီးပွားလုပ်ငန်းများ၊ ချို့ငဲ့သူများကို ကူညီပေးသည့် ထူးခြားသော ရေရှည်အကျိုးပြုလုပ်ငန်းများကို ရွေးချယ်ကာ နှစ်စဉ်နှစ်တိုင်း အသိအမှတ်ပြု ပေးအပ်ခြင်း ဖြစ်သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
6.8k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

ဆုချီးမြှင့်သည့် ကဏ္ဍများတွင် အရည်အသွေးမြင့် အသေးစား-အလတ်စားလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းကြီးများ၏ လူမှုအကျိုးပြု တာဝန်သိမှု၊ အလုပ်အကိုင်၊ စီးပွားရေးတိုးတက်မှုနှင့် တီထွင်ဆန်းသစ်မှု၊ မိသားစု စီးပွားရေးလုပ်ငန်းများ၊ လူငယ်စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များ၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု၊ အစိမ်းရောင် စီးပွားရေးလုပ်ငန်းနှင့် အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် စသည့်ကဏ္ဍတို့ ပါဝင်သည်။

Earth Tamura Electronic Myanmar Co. Ltd မှ ဒေါ်ခိုင်ဇော်သည်လည်း အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်ကဏ္ဍတွင် ဂုဏ်ပြုခြင်းခံရပြီး OnDoctor Co. Ltd မှ ဒေါက်တာ ထက်ဇန်လင်းသည် လုပ်ငန်းသစ်နှင့် ဆန်းသစ်တီထွင် စီးပွားရေးလုပ်ငန်းရှင်ဆုကို ရရှိခဲ့သည်။

Earth Tamura Electronic Myanmar Co. Ltd မှ ဒေါ်ခိုင်ဇော်သည်လည်း အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်ကဏ္ဍတွင် ဂုဏ်ပြုခြင်းခံရပြီး OnDoctor Co. Ltd မှ ဒေါက်တာ ထက်ဇန်လင်းသည် လုပ်ငန်းသစ်နှင့် ဆန်းသစ်တီထွင် စီးပွားရေးလုပ်ငန်းရှင်ဆုကို ရရှိခဲ့သည်/ Ngwe Tun

နည်းပညာလုပ်ငန်းရှင်တဦးဖြစ်သည့် ဦးငွေထွန်းက ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့် ကော်ဖီကို ၂၀၁၂ ခုနှစ်က စတင်ကာ ရှမ်းပြည်တောင်ပိုင်း ရွာငံတွင် စတင်ကာ ကော်ဖီစေ့လှော်ခြင်း ကြိတ်ခွဲသန့်စင်ခြင်းများဖြင့် စခဲ့သည်။

ကော်ဖီဈေးကွက်အတွင်းသို့ ၂၀၁၄ ခုနှစ်တွင် စတင်ဝင်ရောက်ပြီး ထိုစဉ်က ထုတ်ကုန် သုံးခုသာ ရှိခဲ့သည်။ ၎င်း၏ကုမဏီက ကော်ဖီ စိုက်ပျိုးခြင်း၊ အရည်အသွေးမြင့်ကော်ဖီများကို တောင်သူများထံမှ ဝယ်ယူခြင်း အပါအဝင် လုပ်ငန်းများ ချဲ့ထွင်ကာ လက်ရှိအချိန်တွင် ရှမ်းပြည်တောင်ပိုင်းနှင့် ကယားပြည်နယ်မှ ကော်ဖီစိုက်ပျိုးသူ ၂၅၀၀၀ ကျော်နှင့် ပူးပေါင်း လုပ်ဆောင်နေသည်။ ယခုနှစ်တွင် ကော်ဖီတန်ချိန် ၃၀၀ အထိထုတ်လုပ်ရန် ရည်မှန်းထားသည်ဟုလည်း သိရသည်။ ထို့အပြင် မကွေးတိုင်းနှင့် ချင်းပြည်နယ်များမှလည်း ကော်ဖီ ရယူရန် စီစဉ်နေသည်။

ဉာဏ်ကြီးရှင် ကော်ဖီသည် ၂၀၁၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဌာနနှင့် ဥရောပသမဂ္ဂတို့မှ သြဂဲနစ်အသိအမှတ်ပြုလက်မှတ် ရရှိထားသည်။

ယခုအချိန်တွင် ဉာဏ်ကြီးရှင်ကော်ဖီ၏ ထုတ်ကုန်အမျိုးအစား ၁၈ ခုအထိ ရှိလာပြီဟု ဦးငွေထွန်းက ဆိုသည်။ ထုတ်ကုန်များ၏ ၈၅ ရာခိုင်နှုန်းကို ပြည်တွင်းတွင် ရောင်းချနေပြီး ဈေးကွက်ဝေစု ၃၅ ရာခိုင်နှုန်း ရရှိထားကာ ပြည်ပဈေးကွက်တွင် အာရှနိုင်ငံများ၊ ဥရောပနှင့် မြောက်အမရိကတိုက်တို့သို့ တင်ပို့နေသည်ဟု ကုမ္ပဏီက ဆိုသည်။

“ကျနော်တို့လုပ်ချင်နေတာက ဒီ မဲခေါင်မြစ်ဝှမ်းမှာ ရှိတဲ့ ကော်ဖီ ထုတ်လုပ်တဲ့ နိုင်ငံတွေမှာ specialty ကော်ဖီကို ထုတ်ချင်တာ။ ဒီ ဆုက ဘာကောင်းလာလဲဆိုရင် တခြားနိုင်ငံတွေမှာ ကော်ဖီ ရောင်းဖို့တင် မဟုတ်ဘူး ကျန်တဲ့နိုင်ငံတွေအားလုံးကို ပြိုင်နိုင်တဲ့အနေအထား ရှိလာစေတယ်။ ကျနော်တို့ အတွေ့အကြုံတွေနဲ့ ကျနော်တို့ရဲ့ အောင်မြင်မှုတွေကို မဲခေါင်မြစ်ဝှမ်း နိုင်ငံတွေထိ တိုးတက်လုပ်သွားဖို့ ရည်ရွယ်ထားတယ်။ အစီစဉ်တွေ စပြီးလုပ်နေတယ်။ ခု ကမ္ဘောဒီယားကနေ စနေပီ။ ကော်ဖီထုတ်နည်း ၂ နည်းရှိတဲ့အထဲ ကော်ဖီကို အများကြီး ထုတ်ဖို့ထက် ကော်ဖီကို အထူးကော်ဖီရဲ့ အနံ့အရသာ ပြည့်စုံတဲ့ ကော်ဖီမျိုးကို ထုတ်ဖို့ပဲ ရည်ရွယ်တယ်” ဟု သူက ဆိုသည်။

မြန်မာပြည်၏ တောင်တန်း တောင်ကုန်းပေါများသည့် အားသာချက်ကြောင့် မြန်မာကော်ဖီ ထုတ်လုပ်သူများသည် နိုင်ငံတကာဈေးကွက်ဝင် အဆင့်မြင့်ကော်ဖီသီးများ စိုက်ပျိုးထုတ်လုပ်နိုင်သည်ဟု ဆိုသည်။

“တောင်မြင့်တွေက ကော်ဖီစိုက်ပျိုးရေးကို အထောက်အကူပြုတယ်။ ဒီထက် အရည်အသွေး ပိုကောင်းတဲ့ကော်ဖီကို တိုးတက် ထုတ်လုပ်နိုင်ဖို့ ကျနော်တို့ ကြိုးစားနေတယ်” ဟု ဦးငွေထွန်းက ပြောသည်။

ထိုကုမ္ပဏီက အရည်အသွေးကောင်း ကော်ဖီသီးများအတွက် ကော်ဖီစိုက်တောင်သူများအား ဈေးပိုမိုပေးပြီး အဆင့်မြင့်ကော်ဖီများထုတ်လုပ်သည့် နည်းပညာများကိုလည်း ပညာပေးနေသည်ဟု သိရသည်။ ၎င်းတို့လုပ်ငန်း အမြတ်ငွေ၏ ၁၀ ရာခိုင်နှုန်းကို ကော်ဖီစိုက်ပျိုးရာ ဒေသများ၏ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့့အတွက် ပြန်လည် အသုံးပြုကြောင်းလည်း သိရသည်။

ယခုနှစ် ဇူလိုင်လမှ စတင်ကာ ကော်ဖီဆိုင်လုပ်ငန်း လုပ်ချင်သူများအတွက် ဉာဏ်ကြီးရှင် မိုဘိုင်းကော်ဖီဆိုင်ခွဲ လုပ်ငန်း လုပ်ကိုင်ခွင့်များကို စတင်ချပေးပြီး ၅ လအတွင်း မြန်မာနိုင်ငံတဝှမ်းတွင် ဆိုင်ခွဲ ၁၀ ဆိုင်အထိ လည်ပတ်နေပြီ ဖြစ်သည်။

လာမည့်နှစ်တွင် မိုဘိုင်းကော်ဖီဆိုင်ခွဲ ၁၀၀ အထိ ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားသည်ဟု လည်း ဦးငွေထွန်းက ပြောသည်။

လက်ရှိ တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် ကျင်းပနေသော တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲတွင်လည်း မြန်မာထုတ်ကုန်ပြခန်း၌ အခြား လက်ဖက်ကုမ္ပဏီ သုံးခုနှင့်အတူ ပါဝင်ပြသနေသည်။ နိုဝင်ဘာလ ၅ ရက်က စတင်သည့် ထိုသွင်းကုန်ပြပွဲသည် နိုဝင်ဘာ ၁၀ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်။

“ကျနော်တို့ရဲ့ ထုတ်ကုန်အစုံကို ပြပွဲက မြန်မာပြခန်းမှာ ကျနော်တို့ပြသထားတယ်” ဟုလည်း ဦးငွေထွန်းက ပြောသည်။

( Nyein Nyein ၏ Myanmar Coffee Specialist Wins ASEAN Business Award ကို ဘာသာပြန်သည်။)

လယ်သမားတွေရဲ့ ဘ၀ တိုးတက်လာအောင် ကျနော်ရဲ့ Business model က ကူညီပံ့ပိုးပေးတာ

မြန်မာက ကိုရီးယားစက်ရုံတွေ ဘင်္ဂလားဒေ့ရှ်သို့ ပြောင်းရွှေ့မည်မှာ မဟုတ် 

ဧရာဝတီတိုင်းတွင် ပေါ်ဆန်းရင်စပါးဈေး ၅ နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိ 

Your Thoughts …
Tags: ဉာဏ်ကြီးရှင်ကော်ဖီအာဆီယံစီးပွားရေးဆုအောင်နေလင်းထွန်း ကုမ္ပဏီလိမိတက်ဦးငွေထွန်း
ငြိမ်းငြိမ်း

ငြိမ်းငြိမ်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
သီလဝါ စက်မှုဇုန်ရှိ Wilmar Myanmar ကုမ္ပဦ၏ တန် ၄၆၀ ထွက် စားသုံးဆီ ထုတ်ပိုး စက်ရုံနှင့် တန် ၅၃၀ကျ ဂျုံစက်ရုံ / အောင်ကျော်ထက် / ဧရာဝတီ

မြန်မာသို့ အာရှနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဝင်ရောက်ရန် ရှိနေ

VIP ဝရမ်းပြေး

VIP ဝရမ်းပြေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved