• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာသို့ အာရှနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဝင်ရောက်ရန် ရှိနေ

by မျိုးပပစန်း
7 November 2019
in သတင်း
A A
သီလဝါ စက်မှုဇုန်ရှိ Wilmar Myanmar ကုမ္ပဦ၏ တန် ၄၆၀ ထွက် စားသုံးဆီ ထုတ်ပိုး စက်ရုံနှင့် တန် ၅၃၀ကျ ဂျုံစက်ရုံ / အောင်ကျော်ထက် / ဧရာဝတီ

သီလဝါ စက်မှုဇုန်ရှိ Wilmar Myanmar ကုမ္ပဦ၏ တန် ၄၆၀ ထွက် စားသုံးဆီ ထုတ်ပိုး စက်ရုံနှင့် တန် ၅၃၀ကျ ဂျုံစက်ရုံ / အောင်ကျော်ထက် / ဧရာဝတီ

10.6k
VIEWS
Share on FacebookShare on Twitter

တောင်ကိုရီးယား၊ ထိုင်း၊ မလေးရှား စသည့် အာရှနိုင်ငံများမှ ရင်းနှီးမြုပ်နှံမှုများ ယခုနှစ်အတွင်း တိုးမြှင့် ဝင်ရောက်ရန် ရှိနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)၊ ရန်ကုန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ယနေ့ သတင်းစာရှင်းပွဲတွင် ပြောသည်။

ယနေ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာရှိ ကိုရီးယား စက်ရုံ ၁၀၀ ဘင်္ဂလားဒေ့ရှ်သို့ ပြောင်းရွေ့မည် ဆိုသော ဘင်္ဂလားဒေ့ရှ် သတင်းများတွင် ဖော်ပြနေမှုမှာ မဟုတ်ကြောင်း မီဒီယာများကို ရှင်းလင်းခြင်းဖြစ်ပြီး၊ တောင်ကိုရီးယား အပါအဝင် အာရှနိုင် ငံများမှ ရင်းနှီးမြုပ်နှံမှုများ ယခုနှစ် တိုးမြှင့်ဝင်ရောက်ရန်ရှိကြောင်း ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“ကိုရီးယား ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အဆိုပြုထားတဲ့ လုပ်ငန်းတွေ ရှိသလို လာစုံစမ်းတဲ့ လုပ်ငန်းတွေကလည်း တိုးတက်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ရွှေ့ပြောင်းသွားတာမျိုး လုံး၀ မရှိပါဘူး။ မလေးရှား စီးပွားရေး လုပ်ငန်းရှင် တွေကလည်း နိုဝင်ဘာလ ၅ ရက်က လုပ်ငန်း ၃ ခု ရင်းနှီးမြှုပ်နှံဖို့ လာဆွေးနွေးထားတယ်”ဟု ၎င်းက ပြောသည်။

ဆက်လက်ပြီး ဦးသန့်စင်လွင်က “ကျနော်တို့ ကိုရီးယားက ဟိုတယ် လုပ်ငန်းကို ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှာ လုပ်ဖို့ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ သန်း တန်ဖိုးရှိတဲ့ ဟိုတယ်လုပ်ငန်းတခု MIC တင်ဖို့ ရှိတယ်။ မလေးရှားကဆိုရင် မြစ် ကြောင်းကနေ ပြေးဆွဲမယ့် လုပ်ငန်း တခု၊ မြန်မာနိုင်ငံအလယ်ပိုင်းမှာ စက်မှု မြို့တော်တခု နဲ့ လူနေအိမ်ရာတွေ တည် ဆောက်တဲ့ လုပ်ငန်းတွေ လာဆွေးနွေး ထားတယ်။ ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုများကလည်း တိုးလာတယ်”ဟု ရှင်းပြသည်။

အာရှနိုင်ငံများမှ လုပ်ငန်းရှင်များသည် ဟိုတယ်လုပ်ငန်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ၊ စက်မှု ကုန်ထုတ်လုပ် မှု လုပ်ငန်းများ၊ မော်တော်ကား လုပ်ငန်းများ၊ စက်မှုဇုန် လုပ်ငန်းများ နှင့် အခြား ဝန်ဆောင်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ ရန် စိတ်ဝင်စားကြောင်း သိရသည်။

ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က “ဆွေးနွေးတာတွေကတော့ တရက်ကို ပြည်တွင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင် ၂၀ ယောက်လောက် ရှိတယ်။သူတို့အနေနဲ့ ပြန်လာ လုပ်ခြင်း၊ မလုပ်ခြင်းကတော့ သူတို့ရဲ့ သဘောထားဖြစ်တယ်။ လုပ်လာ အောင်လို့ ဆွဲဆောင်တာတော့ ကျနော်တို့က လုပ်ရမယ်”ဟု ဆိုသည်။

တချို့သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှာ အချိန်အတိုင်းအတာ တခု စောင့်ဆိုင်း လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်လာအောင် အင်တိုက်အားတိုက်နှင့် ဆောင်ရွက် နေကြောင်း DICA မှ သိရသည်။

ယင်းအပြင် မြန်မာနိုင်ငံသည် ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (RCEP) ကို ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ညိုနှိုင်းဆွေးနွေးမှုများ အပြီးသတ်ရန် ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ စာချုပ်သည် အာဆီယံနိုင်ငံများနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ သြစတေးလျနှင့် နယူးဇီလန်နိုင်ငံများသို့ မြန်မာ့ပို့ကုန်များကို အကောက်ခွန် ကင်းလွတ် သက်သာခွင့်ဖြင့် တိုးမြှင့်တင်ပို့နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည့်အပြင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခန်းကဏ္ဍလည်း ပါဝင်သဖြင့် မြန်မာနိုင်ငံအတွင်းသို့ စာချုပ်ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများလည်း ပိုမို တိုးတက် ဝင်ရောက်နိုင်မည ်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည်။

RelatedPosts

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
1
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
9
စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
23

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး က “အခုချိန်မှာ မြန်မာနိုင်ငံက ချစ်သူ ဝိုင်းဝိုင်းလည်နေတယ်။ စင်ကာပူတို့ ထိုင်းတို့ ဟောင်ကောင်တို့က စီးပွားရေး လုပ်ငန်းရှင်တွေ လာဆွေးနွေးတာ ရှိတယ်။ အဓိကတော့ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ၊ ဝန်ဆောင်မှုတွေ၊ ကုန်ထုတ်လုပ်မှုတွေ များတယ်။ အစိုးရ အနေနဲ့ကတော့ သူတို့ လုပ်သာ ကိုင်သာရှိအောင် လျှပ်စစ်မီး ရရှိအောင်၊ မြေရရှိအောင်၊ အလုပ်သမား စွမ်းရည်တွေ တိုးတက်အောင် ပြင်ဆင်ထားသင့်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယင်းအပြင် မြန်မာနိုင်ငံအနေနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန်အတွက် စီးပွားရေး လုပ်ကိုင်ရ လွယ်ကူမှု အညွှန်းကိန်း (Ease of Doing Business) တွင် အညွှန်းကိန်း အနေဖြင့် ယခုထက် အဆင့်တက်ရန် လုပ်ဆောင်သင့် သည့် အပြင် အလုပ်ရှင်နှင့် အလုပ်သမား အဆင်ပြေ လွယ်ကူစွာ လုပ်ဆောင်နိုင်ရန် အတွက် ပြည်တွင်း၌ ဖြစ်ပွား နေသော အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ပြဿနာများကိုလည်း ပြေလည်အောင်ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု သည် မြန်မာနိုင်ငံသို့ ၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နံှမှု ဒေါ်လာ ၈၃ ဒသမ ၇၃၆ ဘီလီယံ ဝင်ရောက်ထားပြီး အများဆုံး ဝင်ရောက်ထားသည့် နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ကြောင်း DICA စာရင်းများ အရ သိရသည်။

You may also like these stories:

ဂျပန်နှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရန် ပြပွဲ ကျင်းပမည်

နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု လျာထားချက် ယခုဘဏ္ဍာနှစ်တွင် မပြည့်မီနိုင်ဟုဆို

ရန်ကုန်စတော့အိတ်ချိန်း နိုင်ငံခြားသား ရှယ်ယာ ဝယ်ယူခွင့်၊ ပြည်တွင်းနေ နိုင်ငံခြားသားဖြင့် စတင်မည်

Your Thoughts …
Tags: MICရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်အာရှ
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

လူသတ်ကောင် မြန်မာစစ်တပ် ကျဆုံးမှာကို တရုတ် မလိုလား

လူသတ်ကောင် မြန်မာစစ်တပ် ကျဆုံးမှာကို တရုတ် မလိုလား

by ဧရာဝတီ
21 December 2023
18.5k

နိုဝင်ဘာလရောက်သောအခါ တရုတ်သည် ထိုပဋိပက္ခတွင် ဘက်ပြောင်းလိုက်ပြီး စစ်ကောင်စီအတွက် ရက်များသည် ရေတွက်၍ ရနိုင်တော့မည်ဆိုသည့် ခန့်မှန်းချက်များ ဖြစ်လာသည်။

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

by ဧရာဝတီ
4 May 2024
12.5k

လူကြီးပိုင်းတွေကို လိမ်တာများတယ်။ လူကြီးပိုင်းတွေက အသက်ကြီးလာတော့ ရင်းနှီးမြှုပ်နှံမှုကို ပိုစိတ်ဝင်စားတယ်။ အသက်ကြီးသွားတော့ အလုပ်တွေဘာတွေမရှိတော့ဘူးလေ။ ရင်းနှီးမြှုပ်နှံမှုကရတဲ့ အမြတ်နဲ့ ထိုင်စားဖို့ပဲ ရှိကြတော့ အဲဒီလိုမျိုး မြူဆွယ်တာပေါ့။

အာဏာသိမ်းပြီး ၃ နှစ်ကြာသောအခါ အချိန်သည် စစ်တပ်ဘက်တွင် မရှိတော့

အာဏာသိမ်းပြီး ၃ နှစ်ကြာသောအခါ အချိန်သည် စစ်တပ်ဘက်တွင် မရှိတော့

by Zachary Abuza
18 January 2024
11.5k

စီးပွားရေးသည် ဆက်လက်ကျဆင်းနေပြီး စစ်မြေပြင်ဆုံးရှုံးမှု မြင့်မားလာသောကြောင့် စစ်ကောင်စီသည် ဓားစာခံရှာနေသည်။

Next Post
VIP ဝရမ်းပြေး

VIP ဝရမ်းပြေး

မင်းသား Robert Pattinson နဲ့ မင်းသမီး Kristen Stewar

Robert Pattinson နဲ့ လမ်းမခွဲခင် လက်ထပ်ဖို့အထိ စဉ်းစားခဲ့ဖူးတဲ့ မင်းသမီး Kristen Stewart

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved